iMyanmarHouse.com - Best Property Website for Myanmar
×

စပိန္ႏုိင္ငံသူလုိ႔ ယူဆရတဲ့ မိခင္တစ္ဦးဟာ သမီးႏွစ္ေယာက္ ေသာင္းက်န္းေနတဲ့ အခန္းထဲကို ႐ုတ္တရက္ဝင္လာၿပီးေနာက္ သမီးေတြကို ဖိနပ္နဲ႔႐ုိက္ႏွက္ကာ ဆုံးမခဲ့တဲ့ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ လူမႈကြန္ယက္မွာ Live လႊင့္ေနစဥ္မွာ ျဖစ္ပြားခဲ့တာမုိ႔ သမီးႏွစ္ေယာက္ကေတာ့ ေတာ္ေတာ္ေလး ရွက္ၾကမွာ ေသခ်ာပါတယ္။

ဒါေပမယ့္ ဆယ္ေက်ာ္သက္အရြယ္သာရွိေသးတဲ့ သမီးႏွစ္ေယာက္ဟာ မဖြယ္မရာ အမ်ိဳးသားေတြစိတ္ကို လႈပ္ရွားေစမယ့္ တင္ပါးလႈပ္အကကုိ တကယ့္ ပ႐ုိေတြလုိ ကျပအသုံးေတာ္ခံေနတာ ျဖစ္ၿပီး၊ ဒီလုိအျပဳအမူမ်ိဳးကို မိဘေတာ္ေတာ္မ်ားမ်ားက လက္ခံၾကမယ္လုိ႔ေတာ့ မထင္ပါဘူး။

ဒါေၾကာင့္လည္း အဆုိပါမိခင္ဟာ လက္ထဲမွာ အဝတ္ျခင္းကုိ ကိုင္ထားလွ်က္ၾကားက တံခါးကုိတြန္းဖြင့္ဝင္လာၿပီး သမီးႏွစ္ေယာက္စလုံးကို ဖိနပ္နဲ႔ ႐ုိက္ႏွက္ခဲ့တာကို ေတြ႔ရပါတယ္။ သူမဟာ ပါးစပ္ကေနအသံထြက္ဆဲဆုိျခင္းမရွိဘဲ ဖိနပ္နဲ႔ ႏွစ္ဦးစလုံးကို မိမိရရ႐ုိက္ခဲ့တာ ျဖစ္ပါတယ္။

အဆုိပါဗြီဒီယုိဟာ UNILAD မီဒီယာဝက္ဘ္မွာ စတင္လႊင့္ခဲ့တာလုိ႔ ယူဆရေပမယ့္၊ ယင္းဗြီဒီယုိကုိ Record ျပန္ယူၿပီး လူမႈကြန္ယက္အသုံးျပဳသူတစ္ေယာက္က ျပန္လည္ျဖန္႔ေဝခဲ့ရာမွာ ၾကည့္႐ႈသူ (၅.၅)သန္းခန္႔အထိ ရွိသြားခဲ့ပါတယ္။ Mickey Damron အမည္ရ လူမႈကြန္ယက္အသုံးျပဳသူက ” သူ႕သမီးေတြကို ညစ္ညမ္းတဲ့အမူအယာေတြ ျပဳလုပ္ရင္ ဘယ္လုိအက်ိဳးဆက္ေတြ ရလာမလဲဆုိတာကို မိခင္ျဖစ္သူက လက္ေတြ႕သင္ျပသြားတာပါ “လုိ႔ မွတ္ခ်က္ေရးခဲ့ပါတယ္။

Danijela Nie အမည္ရအမ်ိဳးသမီးက ” သူမ လုပ္ရပ္မွန္ကန္ပါတယ္ … ကၽြန္မသာဆုိရင္ ကၽြန္မသမီးေတြ ဒီလုိလုပ္ေနတာေတြ႕ရင္ ေဆာ္ပေလာ္တီးမိမွာပဲ “လုိ႔ ေရးသားခဲ့သလုိ၊ Nick Ciarleglio ကေတာ့ ” လူငယ္ေတြအေနနဲ႔ မိဘေတြက ဒီလုိျပဳမူတာမ်ိဳးဟာ မိဘဝတၱရားေၾကာင့္သာ ျဖစ္ၿပီး … ဒါဟာ ကေလးသူငယ္ ညႇဥ္းပန္းမႈနဲ႔ မဆုိင္ပါဘူး “လုိ႔ ေရးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
စပိန်နိုင်ငံသူလို့ ယူဆရတဲ့ မိခင်တစ်ဦးဟာ သမီးနှစ်ယောက် သောင်းကျန်းနေတဲ့ အခန်းထဲကို ရုတ်တရက်ဝင်လာပြီးနောက် သမီးတွေကို ဖိနပ်နဲ့ရိုက်နှက်ကာ ဆုံးမခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လူမှုကွန်ယက်မှာ Live လွှင့်နေစဉ်မှာ ဖြစ်ပွားခဲ့တာမို့ သမီးနှစ်ယောက်ကတော့ တော်တော်လေး ရှက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ သမီးနှစ်ယောက်ဟာ မဖွယ်မရာ အမျိုးသားတွေစိတ်ကို လှုပ်ရှားစေမယ့် တင်ပါးလှုပ်အကကို တကယ့် ပရိုတွေလို ကပြအသုံးတော်ခံနေတာ ဖြစ်ပြီး၊ ဒီလိုအပြုအမူမျိုးကို မိဘတော်တော်များများက လက်ခံကြမယ်လို့တော့ မထင်ပါဘူး။

ဒါကြောင့်လည်း အဆိုပါမိခင်ဟာ လက်ထဲမှာ အဝတ်ခြင်းကို ကိုင်ထားလျှက်ကြားက တံခါးကိုတွန်းဖွင့်ဝင်လာပြီး သမီးနှစ်ယောက်စလုံးကို ဖိနပ်နဲ့ ရိုက်နှက်ခဲ့တာကို တွေ့ရပါတယ်။ သူမဟာ ပါးစပ်ကနေအသံထွက်ဆဲဆိုခြင်းမရှိဘဲ ဖိနပ်နဲ့ နှစ်ဦးစလုံးကို မိမိရရရိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဗွီဒီယိုဟာ UNILAD မီဒီယာဝက်ဘ်မှာ စတင်လွှင့်ခဲ့တာလို့ ယူဆရပေမယ့်၊ ယင်းဗွီဒီယိုကို Record ပြန်ယူပြီး လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်က ပြန်လည်ဖြန့်ဝေခဲ့ရာမှာ ကြည့်ရှုသူ (၅.၅)သန်းခန့်အထိ ရှိသွားခဲ့ပါတယ်။ Mickey Damron အမည်ရ လူမှုကွန်ယက်အသုံးပြုသူက ” သူ့သမီးတွေကို ညစ်ညမ်းတဲ့အမူအယာတွေ ပြုလုပ်ရင် ဘယ်လိုအကျိုးဆက်တွေ ရလာမလဲဆိုတာကို မိခင်ဖြစ်သူက လက်တွေ့သင်ပြသွားတာပါ “လို့ မှတ်ချက်ရေးခဲ့ပါတယ်။

Danijela Nie အမည်ရအမျိုးသမီးက ” သူမ လုပ်ရပ်မှန်ကန်ပါတယ် … ကျွန်မသာဆိုရင် ကျွန်မသမီးတွေ ဒီလိုလုပ်နေတာတွေ့ရင် ဆော်ပလော်တီးမိမှာပဲ “လို့ ရေးသားခဲ့သလို၊ Nick Ciarleglio ကတော့ ” လူငယ်တွေအနေနဲ့ မိဘတွေက ဒီလိုပြုမူတာမျိုးဟာ မိဘဝတ္တရားကြောင့်သာ ဖြစ်ပြီး … ဒါဟာ ကလေးသူငယ် ညှဉ်းပန်းမှုနဲ့ မဆိုင်ပါဘူး “လို့ ရေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top