iMyanmarHouse.com - Best Property Website for Myanmar
×

သိပ္ကို သန္႔ရွင္းလွပါတယ္ဆိုတဲ့ အမ်ိဳးသမီးေတြေတာင္ မိန္းမကိုယ္ အနံ႔ထြက္တာကို မေရွာင္ရွားႏိုင္ပါဘူး။ အမ်ိဳးသမီးအဂၤါဟာ ပံုမွန္ဆို အနံ႔ ကင္းေနရမွာပါ။  ေခြၽးထြက္မ်ားတဲ့အခါ အနံ႔ ျပင္းလာေလ့ ရွိသလို ရာသီလာတဲ့အခါလည္း ညႇီစို႔စို႔ နံတတ္ပါတယ္။ အနံ႔ထြက္တာဟာ အၿမဲျဖစ္လာတဲ့အခါ အမ်ိဳးသမီးေလးေတြဟာ ရွက္လည္း ရွက္၊ စိတ္လည္း ညစ္ၾကရပါတယ္။

တခ်ိဳ႕ေတြက ပံုမွန္အတိုင္း ဘာမွမျဖစ္ဘဲကို အနံ႔တစ္မ်ိဳး ထြက္ေနေလ့ ရွိပါသတဲ့။ ဒီအတြက္ စိတ္ညစ္ရသူ ပ်ိဳေမေတြအတြက္ နည္းလမ္းေလးေတြ တင္ျပပါရေစ။ သန္႔သန္႔ရွင္းရွင္း ထားႏိုင္တိုင္းလည္း သိပ္သန္႔သြားႏိုင္တဲ့ေနရာ မဟုတ္ဘူးဆိုတာ အရင္ဆံုး သိေစခ်င္ပါတယ္။

မိနိးမကိုယ္က ပံုမွန္ အျဖဴနည္းနည္းေလာက္ ဆင္းတတ္တာက ျပႆနာ မဟုတ္ပါ။ ယားတာရယ္၊ အနံ႔ ဆိုးတာရယ္၊ ငါးညႇီနံ႔လိုပါ နံလာရင္ ပိုးဝင္ေနတာကို ျပသပါတယ္။ ဒီေတာ့ ဆရာဝန္နဲ႔ အျမန္ျပသ တိုင္ပင္မွ အဆင္ေျပမွာပါ။ ပံုမွန္ေဆးေၾကာေန႐ံုနဲ႔ေတာ့ ေျပလည္သြားဖို႔ မလြယ္ပါ။ မိန္းမကုိယ္ ပိုး၀င္တဲ့အခါ ကုသတဲ့နည္းေတြ အမ်ိဳးမ်ိဳးေတြ ရွိႏိုင္ပါတယ္။ မႈိပိုး၀င္တဲ့ေရာဂါဆိုရင္ ေဆးေတာင့္သြင္း ကုသပါတယ္။ လိမ္းေဆး လိမ္းလို႔ ရပါတယ္။ ဘက္တီးရီးယားပိုး၀င္ရင္ ေဆးေသာက္ရပါတယ္။ အနည္းဆံုး တစ္ပတ္ကေန ဆယ္ရက္ထိ ေဆးပတ္လည္ေအာင္ ေသာက္ရေလ့ ရွိပါတယ္။ မိန္းမကို္ယ္ကဆင္းတဲ့ အရည္ရဲ႕အေရာင္ေပၚ မူတည္ၿပီး ေရာဂါ အေျဖထုတ္တာ ရွိသလို ပိုၿပီးတိက်တဲ့နည္းကေတာ့ အရည္နမူနာကို မိုက္ခ႐ိုစကုပ္နဲ႔ ပိုးေမြး စစ္ေဆးတာ ျဖစ္ပါတယ္။

 ေနာက္တစ္ခုက လိင္နဲ႔ ပတ္သက္တဲ့ ကူးစက္ေရာဂါတခ်ိဳ႕ ျဖစ္ပြားတဲ့အခါ မိန္းမကိုယ္က အနံ႔ ထြက္ပါတယ္။ ဆက္ဆံဖက္ အမ်ိဳးသားက မသန္႔ရွင္းရင္ ကူးလာနိုင္ပါတယ္။ ကြန္ဒံုး သံုးပါ။ လိင္ဆက္ဆံၿပီးတိုင္း ဆီး သြားပါ။ အမ်ိဳးသားမွာ က်င္ေခ်ာင္း နာက်င္တာ၊ ျပည္လို အရည္ထြက္တတ္တာေတြ ရွိလာခဲ့ရင္ ဆရာ၀န္နဲ႔ ႏွစ္ဦးလံုး ျပသတိုင္ပင္ေစလိုပါတယ္။

Credit: မာလာခင္ (စိန္ပန္း) (www.drmyanmar.com)
# Unicode Version ျဖင့္ ဖတ္ပါ #
သိပ်ကို သန့်ရှင်းလှပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် မိန်းမကိုယ် အနံ့ထွက်တာကို မရှောင်ရှားနိုင်ပါဘူး။ အမျိုးသမီးအင်္ဂါဟာ ပုံမှန်ဆို အနံ့ ကင်းနေရမှာပါ။  ချွေးထွက်များတဲ့အခါ အနံ့ ပြင်းလာလေ့ ရှိသလို ရာသီလာတဲ့အခါလည်း ညှီစို့စို့ နံတတ်ပါတယ်။ အနံ့ထွက်တာဟာ အမြဲဖြစ်လာတဲ့အခါ အမျိုးသမီးလေးတွေဟာ ရှက်လည်း ရှက်၊ စိတ်လည်း ညစ်ကြရပါတယ်။

          တချို့တွေက ပုံမှန်အတိုင်း ဘာမှမဖြစ်ဘဲကို အနံ့တစ်မျိုး ထွက်နေလေ့ ရှိပါသတဲ့။ ဒီအတွက် စိတ်ညစ်ရသူ ပျိုမေတွေအတွက် နည်းလမ်းလေးတွေ တင်ပြပါရစေ။ သန့်သန့်ရှင်းရှင်း ထားနိုင်တိုင်းလည်း သိပ်သန့်သွားနိုင်တဲ့နေရာ မဟုတ်ဘူးဆိုတာ အရင်ဆုံး သိစေချင်ပါတယ်။

          မိနိးမကိုယ်က ပုံမှန် အဖြူနည်းနည်းလောက် ဆင်းတတ်တာက ပြဿနာ မဟုတ်ပါ။ ယားတာရယ်၊ အနံ့ ဆိုးတာရယ်၊ ငါးညှီနံ့လိုပါ နံလာရင် ပိုးဝင်နေတာကို ပြသပါတယ်။ ဒီတော့ ဆရာဝန်နဲ့ အမြန်ပြသ တိုင်ပင်မှ အဆင်ပြေမှာပါ။ ပုံမှန်ဆေးကြောနေရုံနဲ့တော့ ပြေလည်သွားဖို့ မလွယ်ပါ။ မိန်းမကိုယ် ပိုးဝင်တဲ့အခါ ကုသတဲ့နည်းတွေ အမျိုးမျိုးတွေ ရှိနိုင်ပါတယ်။ မှိုပိုးဝင်တဲ့ရောဂါဆိုရင် ဆေးတောင့်သွင်း ကုသပါတယ်။ လိမ်းဆေး လိမ်းလို့ ရပါတယ်။ ဘက်တီးရီးယားပိုးဝင်ရင် ဆေးသောက်ရပါတယ်။ အနည်းဆုံး တစ်ပတ်ကနေ ဆယ်ရက်ထိ ဆေးပတ်လည်အောင် သောက်ရလေ့ ရှိပါတယ်။ မိန်းမကိုယ်ကဆင်းတဲ့ အရည်ရဲ့အရောင်ပေါ် မူတည်ပြီး ရောဂါ အဖြေထုတ်တာ ရှိသလို ပိုပြီးတိကျတဲ့နည်းကတော့ အရည်နမူနာကို မိုက်ခရိုစကုပ်နဲ့ ပိုးမွေး စစ်ဆေးတာ ဖြစ်ပါတယ်။

          နောက်တစ်ခုက လိင်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတချို့ ဖြစ်ပွားတဲ့အခါ မိန်းမကိုယ်က အနံ့ ထွက်ပါတယ်။ ဆက်ဆံဖက် အမျိုးသားက မသန့်ရှင်းရင် ကူးလာနိုင်ပါတယ်။ ကွန်ဒုံး သုံးပါ။ လိင်ဆက်ဆံပြီးတိုင်း ဆီး သွားပါ။ အမျိုးသားမှာ ကျင်ချောင်း နာကျင်တာ၊ ပြည်လို အရည်ထွက်တတ်တာတွေ ရှိလာခဲ့ရင် ဆရာဝန်နဲ့ နှစ်ဦးလုံး ပြသတိုင်ပင်စေလိုပါတယ်။

Credit: မာလာခင် (စိန်ပန်း) (www.drmyanmar.com)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top