iMyanmarHouse.com - Best Property Website for Myanmar
×

“က်မသမီးေလးကုိေက်ာင္းမလႊတ္ရဲဘူး။မ်က္ႏွာငယ္ရမွာစုိးလုိ႔” ဆုိတဲ့ အကယ္ဒမီဇင္မာဦးရ့ဲစကားသံကုိၾကားရေတာ့ စိတ္ထဲမွာအေတာ္မေကာင္းျဖစ္မိတယ္။

ဒါဟာ တကယ့္ကုိမလုိလားအပ္တဲ့ဆုိးက်ဳိးပါပဲ။“မင္းဒင္ရဲ့သက္ခုိင္”မွာ၊ပံုျပင္ေလးတစ္ပုဒ္ကၽြန္ေတာ္ထည့္ေရး ခဲ့ဖူးပါတယ္။ဘဂၢဒက္က သူေဌးတစ္ေယာက္ဟာ သူ႔စီးပြား ျပိဳင္ဖက္သူေဌးရဲ့ျမင္းကုိေလာဘတက္ျပီး၊မတရားလုိခ်င္ေတာ့ သူ႔ျပိဳင္ဖက္သူေဌးသြားမဲ့လမ္းမွာ သူေတာင္းစားေယာင္ေဆာင္ျပီး လွဲေနတယ္။ဒီမွာတင္ျမင္းစီးလာတဲ့သူေဌးက ျမင္ေတာ့..၊ ေငြစတခ်ဳိ႕ ပစ္ခ်ေပးျပီး၊

“မင္းဆာလွေရာ့မယ္။ေရာ့၊ဒါနဲ႔တစ္ခုခုဝယ္စားပါေလ” “ကၽြန္ေတာ္ အစာမစားရတာ သံုးရက္ေတာင္ရွိျပီမုိ႔၊စားစရာ သြားဝယ္ေလာက္ေအာင္၊အားမရွိပါဘူး” “ဒါဆုိရင္ မင္းနဲ႔ငါ စားစရာတခုခုရႏိုင္တဲ့ေနရာကုိအတူသြားၾကစုိ႔ရဲ့”ေျပာေျပာဆုိဆုိျမင္းေပၚကဆင္းျပီး သူေတာင္းစားေယာင္ေဆာင္ထား တဲ့သူကုိ ျမင္းေပၚေပြ႔တင္လိုက္တယ္။အေယာင္ေဆာင္သူေတာင္းစား ဟာျမင္းေပၚကုိေရာက္တာနဲ႔၊ျမင္းကိုဇက္ကုန္ဖြင့္ေျပးေတာ့တာပါပဲ။

“အခုေတာ့ မင္းဘာတတ္ႏိုိင္ေသးလဲ။မင္းျမင္းကိုငါရျပီ” လုိ႔လည္း ေအာ္ဟစ္ခဲ့ေသးသတဲ့။ဒီေတာ့၊လမ္းေဘးမွာက်န္ရစ္တဲ့ ျမင္းပုိင္ရွင္သူေဌးက“ခဏေလးရပ္ျပီး ငါေျပာတာနားေထာင္ပါဦး။မင္းအခုလုပ္လုိက္တဲ့ လုပ္ရပ္ဟာ တေလာကလံုးမွာရွိတဲ့သူေတာင္းစားေတြထမင္းငတ္ အေပါက္မုိ႔၊ေနာင္ဒါမ်ဳိးတသက္လံုးမလုပ္ပါေလနဲ႔။ေနာက္ေနာင္ တကယ္တမ္းငတ္ျပတ္ေနတဲ့ဆင္းရဲသားသူေတာင္းစားေတြကုိ ေတြ႔ရင္ဘယ္သူမွကူညီခ်င္မွာမဟုတ္ေတာ့ဘူး။မင္းဟာေလာက အလွကုိဖ်က္တဲ့သူပဲ” တဲ့။

သီဟတင္စုိးစြပ္စြဲခံရတဲ့ကိစၥမွာလည္း ထုိ႔နည္းလည္းေကာင္းပါပဲ။တကယ့္ေတာရြာအညာေက်းလက္က စားဝတ္ေနေရးခက္ခဲလြန္းလုိ႔သူတပါးအိမ္မွာ မ်က္ႏွာငယ္ငယ္နဲ႔ အလုပ္လုပ္ရ၊ အိိမ္ရွင္ေတြရဲ့ႏွိပ္စက္ညွင္းပန္းမွဳေတြကုိ ခံေနရတဲ့၊အိမ္ေဖာ္ေတြကုိ ေနာက္ေနာင္ဘယ္သူမွ မသနားေလေအာင္၊လုပ္လုိက္တဲ့ကိန္းပါပဲ။

ေနာက္ဆက္တြဲအေနနဲ႔ ေရနံေခ်ာင္းသားေတြမဆီမဆုိင္သိကၡာက် ရတယ္။ေနာင္မွာ အိိမ္ေဖာ္ကုိ အိမ္ရွင္က မတရားေစာ္ကားခဲ့ရင္၊ စာနာ သနားမဲ့သူနည္းသြားျပီ။ဘဝေပးကုသုိလ္အရ၊ရုပ္အဆင္း ခ်ဳိ႕ငဲ့သူေတြ၊ပုိျပီးအထင္လြဲခဲ့ရမယ္။မလုိလားအပ္တဲ့ဆုိးက်ဳိးေတြပါပဲ။

Credit: မင္းဒင္
# Unicode Version ျဖင့္ ဖတ္ပါ #


“ကျမသမီးလေးကိုကျောင်းမလွှတ်ရဲဘူး။မျက်နှာငယ်ရမှာစိုးလို့” ဆိုတဲ့ အကယ်ဒမီဇင်မာဦးရဲ့စကားသံကိုကြားရတော့ စိတ်ထဲမှာအတော်မကောင်းဖြစ်မိတယ်။

ဒါဟာ တကယ့်ကိုမလိုလားအပ်တဲ့ဆိုးကျိုးပါပဲ။“မင်းဒင်ရဲ့သက်ခိုင်”မှာ၊ပုံပြင်လေးတစ်ပုဒ်ကျွန်တော်ထည့်ရေး ခဲ့ဖူးပါတယ်။ဘဂ္ဂဒက်က သူဌေးတစ်ယောက်ဟာ သူ့စီးပွား ပြိုင်ဖက်သူဌေးရဲ့မြင်းကိုလောဘတက်ပြီး၊မတရားလိုချင်တော့ သူ့ပြိုင်ဖက်သူဌေးသွားမဲ့လမ်းမှာ သူတောင်းစားယောင်ဆောင်ပြီး လှဲနေတယ်။ဒီမှာတင်မြင်းစီးလာတဲ့သူဌေးက မြင်တော့..၊ ငွေစတချို့ ပစ်ချပေးပြီး၊

“မင်းဆာလှရော့မယ်။ရော့၊ဒါနဲ့တစ်ခုခုဝယ်စားပါလေ” “ကျွန်တော် အစာမစားရတာ သုံးရက်တောင်ရှိပြီမို့၊စားစရာ သွားဝယ်လောက်အောင်၊အားမရှိပါဘူး” “ဒါဆိုရင် မင်းနဲ့ငါ စားစရာတခုခုရနိုင်တဲ့နေရာကိုအတူသွားကြစို့ရဲ့”ပြောပြောဆိုဆိုမြင်းပေါ်ကဆင်းပြီး သူတောင်းစားယောင်ဆောင်ထား တဲ့သူကို မြင်းပေါ်ပွေ့တင်လိုက်တယ်။အယောင်ဆောင်သူတောင်းစား ဟာမြင်းပေါ်ကိုရောက်တာနဲ့၊မြင်းကိုဇက်ကုန်ဖွင့်ပြေးတော့တာပါပဲ။

“အခုတော့ မင်းဘာတတ်နိုင်သေးလဲ။မင်းမြင်းကိုငါရပြီ” လို့လည်း အော်ဟစ်ခဲ့သေးသတဲ့။ဒီတော့၊လမ်းဘေးမှာကျန်ရစ်တဲ့ မြင်းပိုင်ရှင်သူဌေးက“ခဏလေးရပ်ပြီး ငါပြောတာနားထောင်ပါဦး။မင်းအခုလုပ်လိုက်တဲ့ လုပ်ရပ်ဟာ တလောကလုံးမှာရှိတဲ့သူတောင်းစားတွေထမင်းငတ် အပေါက်မို့၊နောင်ဒါမျိုးတသက်လုံးမလုပ်ပါလေနဲ့။နောက်နောင် တကယ်တမ်းငတ်ပြတ်နေတဲ့ဆင်းရဲသားသူတောင်းစားတွေကို တွေ့ရင်ဘယ်သူမှကူညီချင်မှာမဟုတ်တော့ဘူး။မင်းဟာလောက အလှကိုဖျက်တဲ့သူပဲ” တဲ့။

သီဟတင်စိုးစွပ်စွဲခံရတဲ့ကိစ္စမှာလည်း ထို့နည်းလည်းကောင်းပါပဲ။တကယ့်တောရွာအညာကျေးလက်က စားဝတ်နေရေးခက်ခဲလွန်းလို့သူတပါးအိမ်မှာ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်ရ၊ အိမ်ရှင်တွေရဲ့နှိပ်စက်ညှင်းပန်းမှုတွေကို ခံနေရတဲ့၊အိမ်ဖော်တွေကို နောက်နောင်ဘယ်သူမှ မသနားလေအောင်၊လုပ်လိုက်တဲ့ကိန်းပါပဲ။

နောက်ဆက်တွဲအနေနဲ့ ရေနံချောင်းသားတွေမဆီမဆိုင်သိက္ခာကျ ရတယ်။နောင်မှာ အိမ်ဖော်ကို အိမ်ရှင်က မတရားစော်ကားခဲ့ရင်၊ စာနာ သနားမဲ့သူနည်းသွားပြီ။ဘဝပေးကုသိုလ်အရ၊ရုပ်အဆင်း ချို့ငဲ့သူတွေ၊ပိုပြီးအထင်လွဲခဲ့ရမယ်။မလိုလားအပ်တဲ့ဆိုးကျိုးတွေပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းဒင်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top