iMyanmarHouse.com - Best Property Website for Myanmar
×

နည္းလမ္းေလးေတြကို ေသခ်ာမွတ္ထားသင့္ပါတယ္။

အထူးသျဖင့္အျဖဴေရာင္ ၾကိဳက္ႏွစ္သက္သူေတြအတြက္ အက်ီမွာ ေခြ်းကြက္ေတြ၊ သံေခ်းကြက္ေတြျဖစ္သြားရင္ အရမ္းႏွေျမာမိၾကမွာပါ။ အဲ႔ဒီအခါက်ရင္ လြယ္ကူစြာနဲ႔ အက်ီေတြကိုုျပန္ျပီး ျဖဴစင္ေတာက္ပေစတဲ႔ အိမ္သံုးပစၥည္းေလးေတြရွိပါတယ္။

အျဖဴေရာင္က စြန္းထင္းလြယ္တာေၾကာင့္ aလ်ွာ္ရင္လည္း သီးသန္႔ေလ်ွာ္ေပးရပါတယ္။ အိမ္မွာရွိတဲ႔အျဖဴေရာင္ အက်ီေလးေတြ ပိုျပီးျဖဴစင္ေတာက္ပသြားေအာင္ ဒီနည္းလမ္းေလးေတြကုိ လုိက္ျပီးလုပ္ၾကည့္ၾကေနာ္။

၁။အစြန္းအထင္းကြက္ေတြျဖစ္ေနရင္
ခ်ိဳင္းေခြ်းကြက္၊ သံေခ်းကြက္အေသးေလးေတြျဖစ္ေနရင္ ေရ၂လီတာေလာက္ကို အိုးအၾကီးတစ္လံုးနဲ႔ တည္ျပီး ပြက္ပြက္ဆူေအာင္တည္ပါ။ သံပုရာသီးသံုးလံုးကုိ အရည္ညွစ္ျပီးထည့္ပါ။ ဆားလက္ဖက္ရည္ဇြန္းတစ္ဇြန္း ထည့္ပါ။ ဆပ္ျပာမႈန္႔ခြက္ေသးတစ္ခြက္စာ ေရာထည့္ျပီးအက်ီျဖဴေတြ ထည့္စိမ္ထားပါ။ တစ္နာရီေလာက္ၾကာတဲ႔အထိစိမ္ပါ ။ျပီးရင္ ေရနဲ႔ေျပာင္စင္ေအာင္ေဆးျပီးလွန္းလို႔ရပါျပီ။ အရမ္းထိေရာက္တဲ႔ နည္းလမ္းေလးျဖစ္တာေၾကာင့္ လုပ္ၾကည့္သင့္ပါတယ္။

၂။အျဖဴေရာင္အက်ီကိုပုိျပီးျဖဴဆြတ္ခ်င္ရင္
အိမ္မွာရွိတဲ႔ အက်ီအျဖဴေတြကုိ ပိုျပီးသန္႔စင္ေတာက္ပခ်င္တယ္ဆိုရင္ေတာ့ မုန္႔ဖုတ္ဆိုဒါကို စားပြဲတင္ဇြန္းတစ္ဇြန္းယူပါ ။ျပီးရင္သံပုရာသီးတစ္၀က္ ကိုညွစ္ျပီးေရာပါ ။ေရနဲ႔ေရာျပီးအက်ီကိုစိမ္ထားပါ။ ၁၅မိနစ္ေလာက္ၾကာရင္ ပံုမွန္အတိုင္းဆပ္ျပာတိုက္ျပီး ေရေႏြးေႏြးေလးနဲ႔ေဆးခ်ပါ။

၃။ခ်ည္သားအက်ီေတြေလ်ွာ္မယ္ဆိုရင္
ခ်ည္ထည္အကီ်ေတြေလ်ွာ္တဲ႔အခါ ဘရပ္ရွ္နဲ႔ပြတ္တိုုက္ျပီးေလ်ွာ္ရင္အမ်ွင္ေတြဖြာထြက္ႏုိင္ပါတယ္။အမ်ွင္လည္းမထြက္ပဲသန္႔စင္ေတာက္ပခ်င္ တယ္ဆိုရင္သံပုရာသီးႏွစ္လံုးကိုအရည္ညွစ္ပါ။ျပီးရင္ေရခြက္ၾကီးတစ္ခြက္စာကုိဆူေအာင္တည္ျပီးသံပုရာရည္နဲ႔ေရာပါ။ ခ်ည္ထည္အက်ီေတြထည့္ျပီးတစ္နာရီစိမ္ထားပါ။တစ္နာရီၾကာျပီးရင္ေတာ့ပံုမွန္အတိုင္းေလ်ွာ္ေပးလို႔ရပါျပီ။သံပုရာသီးက အက်ီေတြကိုျဖဴစင္ေတာက္ပေစျပီးခ်ည္ထည္ေတြကိုမပ်က္စီးေစပဲအသစ္အတိုင္းျဖစ္ေစပါတယ္။

၄။အက်ီျဖဴမွာေခြ်းကြက္ေတြစြန္းထင္းေနရင္
အက်ီခ်ိဳင္းေတြမွာ ေခြ်းကြက္ေတြ စြန္းထင္းေနတာကို ေပ်ာက္ေစဖို႔အတြက္ နည္းလမ္းေနာက္တစ္ခုရွိပါေသးတယ္ ။အဲ႔ဒါကေတာ့ေရေႏြးပူထဲမွာ အျဖဴေရာင္ရွာလကာရည္ခြက္ ေသးတစ္ခြက္ေရာစပ္ပါ ။ျပီးရင္အက်ီကိုထည့္စိမ္ပါ။ တစ္နာရီေလာက္ၾကာျပီးရင္ ေခြ်းကြက္ေနရာကုိ ဆပ္ျပာနဲ႔ျဖည္းျဖည္း ခ်င္းပြတ္တိုက္ေပးပါ။ အက်ီအျဖဴေရာင္တင္မဟုတ္ပဲ တျခားအက်ီေတြမွာပါ သံုးေပးႏုိင္ပါတယ္။

၅။ေမြ႔ရာခင္းကိုအသစ္အတိုင္းျဖစ္ခ်င္ရင္
ေမြ႔ရာခင္းေတြကုိ အျမဲတမ္းေလ်ွာ္ေနေပမဲ႔ ေမြ႔ရာက ေျခာက္ေသြ႔ဖုိ႔ခက္ခဲတာေၾကာင့္ အနံ႔အသက္ေတြက်န္ရွိေနႏိုင္ပါတယ္။ ေမြ႔ရာကို ခဏခဏေလ်ွာ္ေနရင္လည္း မႏူးညံ႔ေတာ့ပဲ အိပ္ရတာသက္ေတာင့္သက္သာမရွိႏုိင္ပါဘူး။ အဲ႔ဒါေၾကာင့္ အိပ္ရာခင္းကို ခဏခဏေလ်ွာ္စရာမလိုပဲ အိစက္ညက္ေညာေနေအာင္ ပဲႏုိ႔ကိုုသံုးေပးႏုိင္ပါတယ္။ ပဲႏုိ႔ထဲမွာ အိပ္ရာခင္းေမြ႔ရာကုိထည့္စိမ္ပါ။၂

နာရီေလာက္စိမ္ျပီးပံုမွန္အတိုင္း ဆပ္ျပာနဲ႔ေလ်ွာ္ပါ။ ဒီနည္းလမ္းက အိပ္ရာခင္းကိုု အခ်ိန္ၾကာၾကာသန္႔ရွင္းေစတဲ႔ အျပင္ပိုျပီးႏူးညံ႔ေစပါတယ္။ အိပ္ရတာလည္း သက္ေတာင့္သက္သာရွိေစပါတယ္။

Credit: .buzzy
# Unicode Version ျဖင့္ ဖတ္ပါ #
နည်းလမ်းလေးတွေကိုသေချာမှတ်ထားသင့်ပါတယ်။

အထူးသဖြင့်အဖြူရောင်ကြိုက်နှစ်သက်သူတွေအတွက် အကျီမှာ ချွေးကွက်တွေ၊သံချေးကွက်တွေဖြစ်သွားရင်အရမ်းနှမြောမိကြမှာပါ။ အဲ့ဒီအခါကျရင်လွယ်ကူစွာနဲ့အကျီတွေကိုပြန်ပြီးဖြူစင်တောက်ပစေတဲ့အိမ်သုံးပစ္စည်းလေးတွေရှိပါတယ်။

အဖြူရောင်ကစွန်းထင်းလွယ်တာကြောင့်လျှော်ရင်လည်းသီးသန့်လျှော်ပေးရပါတယ်။အိမ်မှာရှိတဲ့အဖြူရောင်အကျီလေးတွေ ပိုပြီးဖြူစင်တောက်ပသွားအောင်ဒီနည်းလမ်းလေးတွေကိုလိုက်ပြီးလုပ်ကြည့်ကြနော်။

၁။အစွန်းအထင်းကွက်တွေဖြစ်နေရင်
ချိုင်းချွေးကွက်၊သံချေးကွက်အသေးလေးတွေဖြစ်နေရင် ရေ၂လီတာလောက်ကိုအိုးအကြီးတစ်လုံးနဲ့ တည်ပြီးပွက်ပွက်ဆူအောင်တည်ပါ။ သံပုရာသီးသုံးလုံးကိုအရည်ညှစ်ပြီးထည့်ပါ။ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပါ။ ဆပ်ပြာမှုန့်ခွက်သေးတစ်ခွက်စာရောထည့်ပြီးအကျီဖြူတွေထည့်စိမ်ထားပါ။ တစ်နာရီလောက်ကြာတဲ့အထိစိမ်ပါ။ပြီးရင် ရေနဲ့ပြောင်စင်အောင်ဆေးပြီးလှန်းလို့ရပါပြီ။ အရမ်းထိရောက်တဲ့နည်းလမ်းလေးဖြစ်တာကြောင့်လုပ်ကြည့်သင့်ပါတယ်။

၂။အဖြူရောင်အကျီကိုပိုပြီးဖြူဆွတ်ချင်ရင်
အိမ်မှာရှိတဲ့အကျီအဖြူတွေကိုပိုပြီးသန့်စင်တောက်ပချင်တယ်ဆိုရင်တော့မုန့်ဖုတ်ဆိုဒါကိုစားပွဲတင်ဇွန်းတစ်ဇွန်းယူပါ။ပြီးရင်သံပုရာသီးတစ်ဝက် ကိုညှစ်ပြီးရောပါ။ရေနဲ့ရောပြီးအကျီကိုစိမ်ထားပါ။၁၅မိနစ်လောက်ကြာရင်ပုံမှန်အတိုင်းဆပ်ပြာတိုက်ပြီးရေနွေးနွေးလေးနဲ့ဆေးချပါ။

၃။ချည်သားအကျီတွေလျှော်မယ်ဆိုရင်
ချည်ထည်အကျီတွေလျှော်တဲ့အခါ ဘရပ်ရှ်နဲ့ပွတ်တိုက်ပြီးလျှော်ရင်အမျှင်တွေဖွာထွက်နိုင်ပါတယ်။အမျှင်လည်းမထွက်ပဲသန့်စင်တောက်ပချင် တယ်ဆိုရင်သံပုရာသီးနှစ်လုံးကိုအရည်ညှစ်ပါ။ပြီးရင်ရေခွက်ကြီးတစ်ခွက်စာကိုဆူအောင်တည်ပြီးသံပုရာရည်နဲ့ရောပါ။ ချည်ထည်အကျီတွေထည့်ပြီးတစ်နာရီစိမ်ထားပါ။တစ်နာရီကြာပြီးရင်တော့ပုံမှန်အတိုင်းလျှော်ပေးလို့ရပါပြီ။သံပုရာသီးက အကျီတွေကိုဖြူစင်တောက်ပစေပြီးချည်ထည်တွေကိုမပျက်စီးစေပဲအသစ်အတိုင်းဖြစ်စေပါတယ်။

၄။အကျီဖြူမှာချွေးကွက်တွေစွန်းထင်းနေရင်
အကျီချိုင်းတွေမှာ ချွေးကွက်တွေစွန်းထင်းနေတာကိုပျောက်စေဖို့အတွက်နည်းလမ်းနောက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ရေနွေးပူထဲမှာ အဖြူရောင်ရှာလကာရည်ခွက်သေးတစ်ခွက်ရောစပ်ပါ။ပြီးရင်အကျီကိုထည့်စိမ်ပါ။တစ်နာရီလောက်ကြာပြီးရင်ချွေးကွက်နေရာကို ဆပ်ပြာနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။အကျီအဖြူရောင်တင်မဟုတ်ပဲတခြားအကျီတွေမှာပါသုံးပေးနိုင်ပါတယ်။

၅။မွေ့ရာခင်းကိုအသစ်အတိုင်းဖြစ်ချင်ရင်
မွေ့ရာခင်းတွေကိုအမြဲတမ်းလျှော်နေပေမဲ့ မွေ့ရာက ခြောက်သွေ့ဖို့ခက်ခဲတာကြောင့်အနံ့အသက်တွေကျန်ရှိနေနိုင်ပါတယ်။ မွေ့ရာကိုခဏခဏလျှော်နေရင်လည်းမနူးညံ့တော့ပဲအိပ်ရတာသက်တောင့်သက်သာမရှိနိုင်ပါဘူး။အဲ့ဒါကြောင့် အိပ်ရာခင်းကိုခဏခဏလျှော်စရာမလိုပဲအိစက်ညက်ညောနေအောင်ပဲနို့ကိုသုံးပေးနိုင်ပါတယ်။ပဲနို့ထဲမှာ အိပ်ရာခင်းမွေ့ရာကိုထည့်စိမ်ပါ။၂

နာရီလောက်စိမ်ပြီးပုံမှန်အတိုင်းဆပ်ပြာနဲ့လျှော်ပါ။ဒီနည်းလမ်းက အိပ်ရာခင်းကိုအချိန်ကြာကြာသန့်ရှင်းစေတဲ့အပြင်ပိုပြီးနူးညံ့စေပါတယ်။အိပ်ရတာလည်းသက်တောင့်သက်သာရှိစေပါတယ်။

Credit: .buzzy


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top