iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိျမန္မာျပည္မွာ ေရပန္စားေနတဲ့ ၿပိဳင္ပြဲကေတာ့ Myanmar Idol ၿပိဳင္ပြဲ ျဖစ္ပါတယ္။ ခုဆိုရင္ စကာတင္ ၆ ေယာက္သာ က်န္ရွိခဲ့ၿပီး အရည္အခ်င္းမျပည့္မီတဲ့ ၿပိဳင္ပြဲဝင္ေတြဟာ တျဖည္းျဖည္း ထြက္ခြာသြားရပါတယ္။

မေနက ဇြန္လ ၁၉ ရက္ေန႔ညမွာ က်င္းပသြားတဲ့ TOP 6 ၿပိဳင္ပြဲမွာ Hard Rock ဂီတ အမ်ိဳးအစားကိုပဲ ၿပိဳင္ၾကရတာ ျဖစ္ၿပီး ၿပိဳင္ပြဲဝင္အသီးသီး အင္နဲ႔အားနဲ႔ အထူးႀကိဳးစားထားတာ ေတြ႕ရပါတယ္။

ပရိတ္သတ္ရဲ႕ Vote နဲ႔ အဆံုးအျဖတ္လုပ္တာမို႔ ပရိတ္သတ္သေဘာက် ႏွစ္သက္ေအာင္ ဆိုႏိုင္မႈ ေျပာႏိုင္မႈ ေတြဟာလည္း အေရးႀကီးလွပါတယ္။ ဒီႏွစ္ ၿပိဳင္ပြဲဝင္ေတြထဲမွာ ထူးထူးျခားျခားရွိတာကေတာ့ ၿပိဳင္ပြဲဝင္ ဟသၤာတသားေလး ၿဖိဳးျမတ္ေအာင္ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ Bottom 3 လို႔ေခၚတဲ့ ေအာက္ဆံုး vote အနည္းဆံုး ၃ ေယာက္ေနရာမွာ ၁ ခါမွ မထိုင္ရေသးတဲ့ ၿပိဳင္ပြဲဝင္ ၁ ေယာက္ပါ။

ဒီေန႔ေတာ့ သူဟာ ေတးေရး ေမာင္သစ္မင္းေရးၿပီး အဆိုေတာ္ ဂ်က္ျမေသာင္းဆိုထားတဲ့ “မူရာ” ဆိုတဲ့ သီခ်င္းနဲ႔ ဝင္ၿပိဳင္သြားၿပီး နာမည္ေက်ာ္ ဒိုင္ႀကီး ဦးသိန္းတန္မွ “ျဖိဳးျမတ္ေအာင္ကို သူရႆတီမယ္ေတာ္ ေစာင့္ေရွာက္ေနသလိုပဲ” လို႔ ခ်ီးက်ဴးေျပာဆိုပါတယ္။

ဦးသိန္းတန္ဟာ ဥပမာခိုင္ႏွိုင္းေျပာတဲ့ေနရာမွာ ၂ ေယာက္မရွိထူးျခားလွၿပီး ၿပီးခဲ့တဲ့အပတ္ကလဲ ပတၱျမားႀကီးနဲ႔ ဝက္ပံုျပင္ေျပာကာ ၿဖိဳးျမတ္ေအာင္အား ခ်ီးမြမ္းပါတယ္။ ႏြံဖံုးေနတဲ့ ပတၱျမားႀကီးကို ဝက္ေတြကပြတ္ေလ ေျပာင္လက္ေလဆိုတဲ့ အဓိပၸါယ္ကို ေဖာ္ၫႊန္းပါတယ္။ ဒီ့အရင္ကလဲ The King, Boeing 777 အစရွိသျဖင့္ ခိုင္ႏွိုင္းခဲ့ပါတယ္။ ေနာက္ၿပီး ဒီေန႔ ဆိုသြားတဲ့ သီခ်င္းဟာ ေတာ္ယံုတန္ယုုံလူဆိုရင္ ဂၽြမ္းပစ္သြားႏိုင္တဲ့ သီခ်င္းလို႔ ထပ္ေလာင္း ေျပာလိုက္ပါေသးတယ္။

မတင္ဇာေမာ္ကေတာ့ ဒီေန႔ Rock week မွ စိတ္မပူရဆံုးက ၿဖိဳးျမတ္ေအာင္လို႔ ေျပာလိုက္ပါတယ္။ သီခ်င္းအတြက္ အသက္ေသခ်င္ေသသြားပေစ ဆိုတဲ့အစားထဲမွာ ပါတယ္လို႔ သံုးသပ္သြားပါတယ္။

ကိုမ်ိဳးေက်ာ့ၿမိဳင္ကေတာ့ ဆိုရင္းနဲ႔ သူ႔ရဲ႕အနားကေန Energy အင္နာဂ်ီေတြ ထြက္ေနသလို ခံစားရတယ္လို႔ ေျပာၾကားသြားပါတယ္။

ကိုရန္ေအာင္ကေတာ့ ညီေလးရဲ႕ၿပိဳင္ပြဲဝင္ သီခ်င္းကို ဆိုဟန္ေတြ မာန္ေတြၾကည့္ရတာ အသက္႐ွဴဖို႔ေတာင္ ေမ့သြားတယ္လို႔ အသီးသီးခ်ီးက်ဴးဂုဏ္ျပဳသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိမြန်မာပြည်မှာ ရေပန်စားနေတဲ့ ပြိုင်ပွဲကတော့ Myanmar Idol ပြိုင်ပွဲ ဖြစ်ပါတယ်။ ခုဆိုရင် စကာတင် ၆ ယောက်သာ ကျန်ရှိခဲ့ပြီး အရည်အချင်းမပြည့်မီတဲ့ ပြိုင်ပွဲဝင်တွေဟာ တဖြည်းဖြည်း ထွက်ခွာသွားရပါတယ်။

မနေက ဇွန်လ ၁၉ ရက်နေ့ညမှာ ကျင်းပသွားတဲ့ TOP 6 ပြိုင်ပွဲမှာ Hard Rock ဂီတ အမျိုးအစားကိုပဲ ပြိုင်ကြရတာ ဖြစ်ပြီး ပြိုင်ပွဲဝင်အသီးသီး အင်နဲ့အားနဲ့ အထူးကြိုးစားထားတာ တွေ့ရပါတယ်။

ပရိတ်သတ်ရဲ့ Vote နဲ့ အဆုံးအဖြတ်လုပ်တာမို့ ပရိတ်သတ်သဘောကျ နှစ်သက်အောင် ဆိုနိုင်မှု ပြောနိုင်မှု တွေဟာလည်း အရေးကြီးလှပါတယ်။ ဒီနှစ် ပြိုင်ပွဲဝင်တွေထဲမှာ ထူးထူးခြားခြားရှိတာကတော့ ပြိုင်ပွဲဝင် ဟင်္သာတသားလေး ဖြိုးမြတ်အောင် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ Bottom 3 လို့ခေါ်တဲ့ အောက်ဆုံး vote အနည်းဆုံး ၃ ယောက်နေရာမှာ ၁ ခါမှ မထိုင်ရသေးတဲ့ ပြိုင်ပွဲဝင် ၁ ယောက်ပါ။

ဒီနေ့တော့ သူဟာ တေးရေး မောင်သစ်မင်းရေးပြီး အဆိုတော် ဂျက်မြသောင်းဆိုထားတဲ့ “မူရာ” ဆိုတဲ့ သီချင်းနဲ့ ဝင်ပြိုင်သွားပြီး နာမည်ကျော် ဒိုင်ကြီး ဦးသိန်းတန်မှ “ဖြိုးမြတ်အောင်ကို သူရဿတီမယ်တော် စောင့်ရှောက်နေသလိုပဲ” လို့ ချီးကျူးပြောဆိုပါတယ်။

ဦးသိန်းတန်ဟာ ဥပမာခိုင်နှိုင်းပြောတဲ့နေရာမှာ ၂ ယောက်မရှိထူးခြားလှပြီး ပြီးခဲ့တဲ့အပတ်ကလဲ ပတ္တမြားကြီးနဲ့ ဝက်ပုံပြင်ပြောကာ ဖြိုးမြတ်အောင်အား ချီးမွမ်းပါတယ်။ နွံဖုံးနေတဲ့ ပတ္တမြားကြီးကို ဝက်တွေကပွတ်လေ ပြောင်လက်လေဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းပါတယ်။ ဒီ့အရင်ကလဲ The King, Boeing 777 အစရှိသဖြင့် ခိုင်နှိုင်းခဲ့ပါတယ်။ နောက်ပြီး ဒီနေ့ ဆိုသွားတဲ့ သီချင်းဟာ တော်ယုံတန်ယုံလူဆိုရင် ဂျွမ်းပစ်သွားနိုင်တဲ့ သီချင်းလို့ ထပ်လောင်း ပြောလိုက်ပါသေးတယ်။

မတင်ဇာမော်ကတော့ ဒီနေ့ Rock week မှ စိတ်မပူရဆုံးက ဖြိုးမြတ်အောင်လို့ ပြောလိုက်ပါတယ်။ သီချင်းအတွက် အသက်သေချင်သေသွားပစေ ဆိုတဲ့အစားထဲမှာ ပါတယ်လို့ သုံးသပ်သွားပါတယ်။

ကိုမျိုးကျော့မြိုင်ကတော့ ဆိုရင်းနဲ့ သူ့ရဲ့အနားကနေ Energy အင်နာဂျီတွေ ထွက်နေသလို ခံစားရတယ်လို့ ပြောကြားသွားပါတယ်။

ကိုရန်အောင်ကတော့ ညီလေးရဲ့ပြိုင်ပွဲဝင် သီချင်းကို ဆိုဟန်တွေ မာန်တွေကြည့်ရတာ အသက်ရှူဖို့တောင် မေ့သွားတယ်လို့ အသီးသီးချီးကျူးဂုဏ်ပြုသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top