iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သက္တမ္း ဘယ္ေလာက္ပဲၾကာၾကာ လမ္းခြဲဖို႔ သူ႕ဘက္က စေျပာလာၿပီဆိုရင္ေတာ့…

မိန္းကေလးအမ်ားစုကေတာ့ ရည္းစားထားၿပီဆို တစ္ေယာက္ဆို တစ္ေယာက္တြဲၿပီး ဒီတစ္ေယာက္နဲ႔သာ ေရႊလက္တြဲခ်င္ၾကတာပါ။ သေဘာထားမတိုက္ဆိုင္လို႔ လမ္းခြဲရဖို႔ ျဖစ္လာၿပီဆိုရင္လည္း ျပတ္ခ်င္းျပတ္ေတာ့၊ ျဖတ္ခ်င္းျဖတ္ေတာ့ ကိုယ္ကပဲ စျဖတ္ခ်င္တာပဲ။ အဲဒါ ဘာမာနလဲေတာ့ မသိဘူး။ အရင္ စိတ္ကုန္သူကေတာ့ ျဖတ္စကား စေျပာမွာပဲ။ ဒါေပမဲ့ တစ္ကြက္ရွိတာက … ကိုယ္ကသာ စၿပီး ျဖတ္တယ္ဆိုတာ မေျပာတာ မျဖတ္ျဖတ္ေအာင္ မျပတ္ျပတ္ေအာင္ လုပ္ေနတဲ့ ေယာက်္ားေလးေတြကလည္း မျမင္ခ်င္မွ အဆံုးပါေနာ္။

ဆိုေတာ့.. ဘယ္လိုပဲျဖစ္ျဖစ္ ျပတ္ၾကစဲၾကရဖို႔ျဖစ္လာၿပီဆို သူ႕ဘက္ကစၿပီး ျဖတ္စကားေျပာလာလို႔ ဘယ္လိုရင္ဆုိင္ရမွန္းမသိ ျဖစ္ေနတဲ့ ေယာင္းေယာင္းတို႔အတြက္ ဒီေဆာင္းပါးေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..

    အေတြးမလြန္နဲ႔ေတာ့။

ေျပာဖို႔လြယ္ေပမဲ့ လုပ္ရခက္မယ္ဆိုတာ သိပါတယ္..  ငါ ဘာအမွားေတြမ်ားလုပ္လို႕လဲ သူမႀကိဳက္တာေတြ မ်ား လုပ္ေနလို႕လား ဆိုၿပီး ကိုယ္က အျဖတ္ခံလိုက္ရေတာ့ ေတြးၿပီေပါ့။ အေျဖမွန္ကို မ်ားေသာအားျဖင့္ ရွာမေတြ႕ပါဘူးေလ။ အသစ္ပဲေတြ႕ေတြ႕ ၊ ကိုယ္ဒဏ္ကိုခံရတာ ကမာၻ႕ဝန္ထမ္းထားသလို ခံစားရလို႕ပဲျဖစ္ျဖစ္ သူတို႕စိတ္နဲ႕ မေတြ႕ေတာ့တဲ့ သူေတြကို အေၾကာင္းမရွိ အေၾကာင္းရွာျဖတ္သြားၾကတာမဟုတ္လား။ မိန္းကေလးေတြသာ ခ်စ္စိတ္၊ သံေယာဇဥ္စိတ္နဲ႔ သည္းခံထားႏိုင္ေပမဲ႔ ဒင္းတုိ႕က သည္းမခံဘူးရယ္ေလ (သူတို႔ကို ကိုယ္ေတာ့ သည္းခံတယ္ ထင္မွာေပါ့)… သူကမ်ား ကိုယ္နဲ႔မတြဲခ်င္ေတာ့ဘူးဆိုၿပီး စျဖတ္ရင္ အေတြးမလြန္ပါနဲ႔လို႔.. ကိုယ့္အမွားတစ္စက္မွ မရွိလည္း ျဖတ္ခ်င္တဲ႔ေကာင္ကေတာ့ ျဖတ္သြားၾကတာပဲ။

    စိတ္နာမေနနဲ႕။

ဟင္ ငါကေတာ့ ဘာေတြလုပ္ေပးလိုက္ရတာ ဒင္းက ေျပာရတယ္ရွိေသး ဆိုတဲ့ အေတြးေတြေတာ့ ဝင္မွာပါပဲ… အရင့္ အရင္ကတည္းက မေျပာခ်င္လို႕ ရန္မျဖစ္ခ်င္လို႔ဆိုၿပီး သည္းခံခဲ့သမွ် သူကပဲ လမ္းခြဲတဲ့စကား စေျပာေတာ့ ဘယ္မိန္းကေလးမဆို စိတ္တိုတာေပါ့ ။ တကယ္က စိတ္တို စိတ္နာေနလည္း အလကားပဲ ဟိုက သိေတာ့တာမဟုတ္ဘူး။ သူ႕ေၾကာင့္ အေပါင္းအသင္းနဲ႕မိတ္ပ်က္ရ ၊ မိဘကို ဆန္႔က်င္ရ နဲ႔  ေသးေသးေလးက အစ အႀကီးႀကီး ႀကံဳရတဲ႔ ျပႆနာေတြအဆံုး ကိုယ္သာ အသိဆံုးမို႕ သူက ငါတို႕ ဇာတ္လမ္းၿပီးၿပီဆို ”ေအး ဝမ္းသာတယ္ ေက်းဇူးပဲ ”လို႕သာ ျပန္ေျပာလိုက္။ ဒင္းတို႕ကပဲ စျဖတ္ရတယ္ရွိေသး… ကိုယ့္ကိုသေဘာမက်ေတာ့လို႔မွ ျဖတ္ပါတယ္ဆိုကာမွ မသိရင္ သူတို႔ကပဲ အႀကီးႀကီး အနစ္နာခံလိုက္ရသလိုေျပာတဲ႔ ဘဲေတြကလညး္ ရွိေသး .. အဲ႔လိုမ်ိဳးမ်ားႀကံဳလာရရင္ေလ စိတ္နာမေနနဲ႕ ။ မတန္ဘူး သိလား။

    ရင္ဖြင့္လိုက္ပါ။

အခင္ဆံုး သူငယ္ခ်င္းျဖစ္ျဖစ္ (မိဘ ၊ ေမာင္နွမ ဘယ္သူပဲျဖစ္ျဖစ္ ကိုယ္ယံုၾကည္လိုု႔ရတဲ့သူ၊ ကိုယ္ရင္ဖြင့္လုိ႔ရတဲ့သူ ကိုယ့္ခံစားခ်က္ေတြကို ေကာင္းေကာင္းနားေထာင္ေပးတတ္သူေတြကို ဆက္သြယ္ပါ။ ငါ့ ဘဲ ကေတာ့ ငါကို စျဖတ္သြားၿပီဟယ္ ဆိုၿပီး အဲ႔ေကာင္ကို ဆဲခ်င္သလိုဆဲ က်ိန္ခ်င္သလိုက်ိန္ ကိုယ္စိတ္ထဲ တင္းထားရသမွ်ကို ကိုယ္နဲ႕ရင္းနွိီးသူကို ရင္ဖြင့္လိုက္ပါ။  ဒီတစ္ေယာက္ျပတ္ ေနာက္တစ္ေယာက္ေပါ့လို႕ကိုယ့္ဘာသာ အားေပးေနေပမဲ့လည္း နည္းနည္းေတာ့ ခံစားရမွာပဲေလ။ ဒါဆို ရင္ဖြင့္လိုက္ ငါဘာမ်ားလုပ္မိလို႕လဲဟယ္ဆိုၿပီး ငိုခ်င္သေလာက္ ငိုခ်ၿပီး ရင္ဖြင့္လိုက္ပါ (သူ႕ဆီေတာ့ ဖုန္းမဆက္မိေစနဲ႔ေပါ့)။  ကိုယ္ရင္ဖြင့္တဲ့သူက ကိုယ့္စကားေတြကို ေအးေပါ့ ေအးေပါ့ ဆိုၿပီး နားေထာင္ခ်င္နားေထာင္မယ္… အႀကံေပးႏိုင္တဲ့သူေတြဆိုလည္း ဒီလိုေတြျပင္ပါဆိုၿပီး အႀကံေပးရင္ေပးမယ္။ ခပ္ကဲကဲသူေတြဆို ငါ ေနာက္တစ္ေယာက္ရွာေပးမယ္ဆိုၿပီး အားေပးမွာပဲ စိတ္ခ် အသည္းကြဲရင္ ဘယ္ေတာ့မွ တစ္ေယာက္ထဲ ႀကိတ္ဖီးမေနနဲ႔ ရင္ဖြင့္လိုက္ သူက ျပတ္ၿပီေဟ့ဆို ကိုယ္က လိုက္ဆက္ေနလည္း ဆက္ထံုးနဲ႔ႀကိဳးေဆြးေလးပဲျဖစ္ေလ ေနာ္.. ဆိုေတာ့ ဂ်င္းစိမ္းနဲ႔ မိႆလင္ သူၾကင္မွ ကိုယ္ၾကင္ေပါ့..

    ကိုယ့္စိတ္ကို ေလွ်ာ့ခ်လိုက္။

သူကပဲ ငါ့လိုလူကို ျဖတ္ရတယ္ရွိေသးဆိုၿပီး မာနေတြလည္း တက္မိမွာပဲ။ ကိုယ့္အမွားကိုလည္း ကိုယ့္ဘာသာျပန္စဥ္းစားေပါ့။ အဲဒီေတာ့ အရင္ဆံုး စိတ္ကိုေလ်ာ့ထားလိုက္ဦး။ သူ ကိုယ့္အေပၚေကာင္းခဲ့တာေတြ မေကာင္းခဲ့တာေတြ ေနာက္ထားလိုက္ဦး ။ ျပတ္ၿပီလို႔ ေျပာကတည္းက ကိုယ့္အေပၚ စိတ္ကုန္ေနလို႔ေပါ့ (အနစ္နာခံတာေ တြ ဆိုတာမရွိဘူးရယ္) ဆိုေတာ့ ဒီလိုအခ်ိန္မ်ိဳးမွာ သူသစၥာေဖာက္ၿပီးျဖတ္သြားတာမဟုတ္ခဲ့ရင္ ကိုယ့္ကိုယ္ကိုယ္ ျပန္သံုးသပ္ပါ (ေခါင္းေအးရင္ေပါ့)  ဒါကေတာ့ စဥ္းစားသင့္တာေပါ့ေနာ္… သူတို႔ေပးတဲ့ အေၾကာင္းျပခ်က္ေပၚမူတည္လို႔ေပါ့.. တကယ္လို႔မ်ား သူတို႔ဖာသာ သစၥာေဖာက္ခ်င္လို႔ အေၾကာင္းျပခ်က္ေတြ ေလွ်ာက္ေပးေနရင္ေတာ့ ေခါက္ထားလိုက္ပါေလ.. ဘာလုပ္မလဲေနာ္.. အဲ့လိုမွ မဟုတ္ဘူး သူကိုယ္တိုင္ကလည္း ခ်စ္ရဲ႕သားနဲ႔ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြေၾကာင့္ လမ္းခြဲရမယ္ဆိုရင္ေတာ့ ေသခ်ာျပန္စဥ္းစားသင့္ၿပီေနာ္… ဥပမာ – အရစ္တကာ့ ထိပ့္ေခါင္မို႔မ်ားလား? ခ်ဳပ္ျခယ္မႈအေပါင္းသရဖူေဆာင္းေနလို႕လား? ဆိုတာမ်ိဳးေပါ့ေနာ္.. ကိုယ့္အေၾကာင္းကို ကိုယ္သာ အသိဆံုးမဟုတ္လား…

    ကိုယ့္ကိုယ္ကိုယ္ခ်စ္ပါ။

မိန္းကေလးေတြက ရည္းစားစျဖစ္ရင္ ၀%ကေန စခ်စ္တယ္တဲ႕ ေယာက္်ားေလးေတြကေတာ့ ၁၀၀%ကေန စခ်စ္တယ္။ တကယ္မွန္ပါတယ္ တြဲတာၾကာလာေလေလ အရာရာ သူ႕ဖို႔ပဲ ျဖစ္လာေလေလပါ ။ကိုယ့္အတြက္ကိုယ္ဆိုတာ ေမ့သြားတတ္တာမ်ိဳးကို ခ်စ္တတ္တဲ႔မိန္းကေလးေတြက ပိုသိမွာပါ။သူ႕ဘာသာ တြဲလာတာ စိတ္ပ်က္လို႕ျဖစ္ျဖစ္ ၊ ရိုးအီတယ္လို႕ထင္တာပဲျဖစ္ျဖစ္ ၊ ကိုယ့္ထက္သာလို႕ စြန္႕သြားတာျဖစ္ျဖစ္ ဒါ ကိုယ္ကံေကာင္းျခင္းတစ္မ်ိဳးပါ။ ကိုယ့္ကို မခ်စ္ေတာ့တဲ႔ ေယာက်္ားတစ္ေယာက္ကို သူ႔ဘက္ကပဲ အမွန္အတိုင္းဖြင့္ေျပာတာ စျဖတ္တာကို ေက်းဇူးသာ ေျပးတင္လုိက္ပါလို႕။ မယူခင္ ျပတ္တာပဲ ေကာင္းတယ္ ကေလးလည္း မရွိ ေခြးလည္းမရွိေသးတဲ႔ ရည္းစားဘဝ  ျပတ္ၾကတာပဲ သိပ္ေဆြးစရာမရွိပါဘူး။ ရွိလည္း ခဏေပါ့.. ဘာျဖစ္ေသးတုန္း ေနာ္…

ဘယ္မိန္းကေလးမွေတာ့ တစ္ေယာက္နဲ႔ျပတ္ ေနာက္တစ္ေယာက္နဲ႔ တန္းႀကိဳက္ဆိုတာမ်ိဳး မလုပ္တတ္ပါဘူး ( silent မရွိေသးရင္ေပါ့) အရင္လို တစ္ေယာက္တည္းဘဝကို ျပန္ရၿပီပဲ

စားခ်င္တာစားစမ္း (အရင္ကေတာ့ ၂ေယာက္အႀကိဳက္ကို ညွိေနရေသးတယ္မဟုတ္လား )
ဝတ္ခ်င္တာဝတ္စမ္း ( အရင္က သူ႕စိတ္အလိုက်ကလည္း ေနေပးရေသးတယ္မဟုတ္လား.. ဟိုလိုမဝတ္နဲ႔၊ ဒီလိုမဝတ္နဲ႔ ဆိုလို႔ လက္လႊတ္ထားရတဲ့ ဖက္ရွင္ေတြ )
အလွေတြ ျပင္စမ္း (ဟိုလိုမျပင္နဲ႔.. ဒီလိုမျပင္နဲ႔.. ဟိုလို မႀကိဳက္ဘူး.. ဒီလိုမလွဘူးဆိုလို႔ စြန္႔လႊတ္ထားရတဲ့ ကိုယ့္အလွေတြ)
ကိုယ္ခ်စ္တဲ႔သူေတြကို အခ်ိန္ေပးပါ( သူက ခ်ိန္းရင္ ေတြ႕ရမွ တျခားကိစၥေတြဆို သူ႔ေလာက္အေရးမႀကီးသလို ပလစ္ခဲ့ရတာေတြ  ကိုယ့္ဘာသာပဲ သိမယ္။ ) အဓိကကေတာ့ ကိုယ့္ကိုယ္ကိုယ္ခ်စ္ပါ.. ကိုယ္သာအဓိကပါ ဆိုတာကို နားလည္ထားရင္ ရၿပီေလ ေနာ္..

မိန္းကေလးတိုင္းကေတာ့ တြဲၿပီေဟ့ဆို ယူျဖစ္တာ မယူျဖစ္တာ ေနာက္ထား ဟိုးအဘိုးႀကီးအဘြားႀကီးျဖစ္တဲ့အထိ ေတြးထားတတ္ၾကတာပါပဲ.. ဘယ္လိုပဲ ခိုင္မာေနတဲ့ Relationship ျဖစ္ျဖစ္ ပ်က္စီးဖို႔ျဖစ္လာတဲ့အခါ ဘယ္ေလာက္ပဲ မယံုၾကည္ႏုိင္ျဖစ္ေနပါေစ၊ သူ႕ဘက္က ေပၚတင္စျဖတ္ၿပီဆို ရဲရဲသာ လက္ခံလိုက္ပါ။ ျပတ္ၿပီးသား ႀကိဳးအေဆြးကို ျပန္ထံုးလည္း အထံုးေတာ့ က်န္မွာပဲ မဟုတ္လား… ကိုယ့္ကို မၾကင္နာလို႔မွ ထြက္ဖို႔ျပင္ေနတဲ့သူကို ဘာအေၾကာင္းျပခ်က္နဲ႔ ဆြဲထားဦးမွာလဲ… ကိုယ့္အတြက္ ကိုယ္သာ အေရးအႀကီးဆံုးမို႔ ကိုယ့္ကိုယ္ကိုယ္သာ ခ်စ္ပါလို႔ မွာလိုက္ပါရေစေနာ္…

Credit: Wai Zin ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #


    ချစ်သက်တမ်း ဘယ်လောက်ပဲကြာကြာ လမ်းခွဲဖို့ သူ့ဘက်က စပြောလာပြီဆိုရင်တော့…

မိန်းကလေးအများစုကတော့ ရည်းစားထားပြီဆို တစ်ယောက်ဆို တစ်ယောက်တွဲပြီး ဒီတစ်ယောက်နဲ့သာ ရွှေလက်တွဲချင်ကြတာပါ။ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲရဖို့ ဖြစ်လာပြီဆိုရင်လည်း ပြတ်ချင်းပြတ်တော့၊ ဖြတ်ချင်းဖြတ်တော့ ကိုယ်ကပဲ စဖြတ်ချင်တာပဲ။ အဲဒါ ဘာမာနလဲတော့ မသိဘူး။ အရင် စိတ်ကုန်သူကတော့ ဖြတ်စကား စပြောမှာပဲ။ ဒါပေမဲ့ တစ်ကွက်ရှိတာက … ကိုယ်ကသာ စပြီး ဖြတ်တယ်ဆိုတာ မပြောတာ မဖြတ်ဖြတ်အောင် မပြတ်ပြတ်အောင် လုပ်နေတဲ့ ယောကျ်ားလေးတွေကလည်း မမြင်ချင်မှ အဆုံးပါနော်။

ဆိုတော့.. ဘယ်လိုပဲဖြစ်ဖြစ် ပြတ်ကြစဲကြရဖို့ဖြစ်လာပြီဆို သူ့ဘက်ကစပြီး ဖြတ်စကားပြောလာလို့ ဘယ်လိုရင်ဆိုင်ရမှန်းမသိ ဖြစ်နေတဲ့ ယောင်းယောင်းတို့အတွက် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်နော်..

    အတွေးမလွန်နဲ့တော့။

ပြောဖို့လွယ်ပေမဲ့ လုပ်ရခက်မယ်ဆိုတာ သိပါတယ်..  ငါ ဘာအမှားတွေများလုပ်လို့လဲ သူမကြိုက်တာတွေ များ လုပ်နေလို့လား ဆိုပြီး ကိုယ်က အဖြတ်ခံလိုက်ရတော့ တွေးပြီပေါ့။ အဖြေမှန်ကို များသောအားဖြင့် ရှာမတွေ့ပါဘူးလေ။ အသစ်ပဲတွေ့တွေ့ ၊ ကိုယ်ဒဏ်ကိုခံရတာ ကမ္ဘာ့ဝန်ထမ်းထားသလို ခံစားရလို့ပဲဖြစ်ဖြစ် သူတို့စိတ်နဲ့ မတွေ့တော့တဲ့ သူတွေကို အကြောင်းမရှိ အကြောင်းရှာဖြတ်သွားကြတာမဟုတ်လား။ မိန်းကလေးတွေသာ ချစ်စိတ်၊ သံယောဇဉ်စိတ်နဲ့ သည်းခံထားနိုင်ပေမဲ့ ဒင်းတို့က သည်းမခံဘူးရယ်လေ (သူတို့ကို ကိုယ်တော့ သည်းခံတယ် ထင်မှာပေါ့)… သူကများ ကိုယ်နဲ့မတွဲချင်တော့ဘူးဆိုပြီး စဖြတ်ရင် အတွေးမလွန်ပါနဲ့လို့.. ကိုယ့်အမှားတစ်စက်မှ မရှိလည်း ဖြတ်ချင်တဲ့ကောင်ကတော့ ဖြတ်သွားကြတာပဲ။

    စိတ်နာမနေနဲ့။

ဟင် ငါကတော့ ဘာတွေလုပ်ပေးလိုက်ရတာ ဒင်းက ပြောရတယ်ရှိသေး ဆိုတဲ့ အတွေးတွေတော့ ဝင်မှာပါပဲ… အရင့် အရင်ကတည်းက မပြောချင်လို့ ရန်မဖြစ်ချင်လို့ဆိုပြီး သည်းခံခဲ့သမျှ သူကပဲ လမ်းခွဲတဲ့စကား စပြောတော့ ဘယ်မိန်းကလေးမဆို စိတ်တိုတာပေါ့ ။ တကယ်က စိတ်တို စိတ်နာနေလည်း အလကားပဲ ဟိုက သိတော့တာမဟုတ်ဘူး။ သူ့ကြောင့် အပေါင်းအသင်းနဲ့မိတ်ပျက်ရ ၊ မိဘကို ဆန့်ကျင်ရ နဲ့  သေးသေးလေးက အစ အကြီးကြီး ကြုံရတဲ့ ပြဿနာတွေအဆုံး ကိုယ်သာ အသိဆုံးမို့ သူက ငါတို့ ဇာတ်လမ်းပြီးပြီဆို ”အေး ဝမ်းသာတယ် ကျေးဇူးပဲ ”လို့သာ ပြန်ပြောလိုက်။ ဒင်းတို့ကပဲ စဖြတ်ရတယ်ရှိသေး… ကိုယ့်ကိုသဘောမကျတော့လို့မှ ဖြတ်ပါတယ်ဆိုကာမှ မသိရင် သူတို့ကပဲ အကြီးကြီး အနစ်နာခံလိုက်ရသလိုပြောတဲ့ ဘဲတွေကလည်း ရှိသေး .. အဲ့လိုမျိုးများကြုံလာရရင်လေ စိတ်နာမနေနဲ့ ။ မတန်ဘူး သိလား။

    ရင်ဖွင့်လိုက်ပါ။

အခင်ဆုံး သူငယ်ချင်းဖြစ်ဖြစ် (မိဘ ၊ မောင်နှမ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ယုံကြည်လို့ရတဲ့သူ၊ ကိုယ်ရင်ဖွင့်လို့ရတဲ့သူ ကိုယ့်ခံစားချက်တွေကို ကောင်းကောင်းနားထောင်ပေးတတ်သူတွေကို ဆက်သွယ်ပါ။ ငါ့ ဘဲ ကတော့ ငါကို စဖြတ်သွားပြီဟယ် ဆိုပြီး အဲ့ကောင်ကို ဆဲချင်သလိုဆဲ ကျိန်ချင်သလိုကျိန် ကိုယ်စိတ်ထဲ တင်းထားရသမျှကို ကိုယ်နဲ့ရင်းနှီးသူကို ရင်ဖွင့်လိုက်ပါ။  ဒီတစ်ယောက်ပြတ် နောက်တစ်ယောက်ပေါ့လို့ကိုယ့်ဘာသာ အားပေးနေပေမဲ့လည်း နည်းနည်းတော့ ခံစားရမှာပဲလေ။ ဒါဆို ရင်ဖွင့်လိုက် ငါဘာများလုပ်မိလို့လဲဟယ်ဆိုပြီး ငိုချင်သလောက် ငိုချပြီး ရင်ဖွင့်လိုက်ပါ (သူ့ဆီတော့ ဖုန်းမဆက်မိစေနဲ့ပေါ့)။  ကိုယ်ရင်ဖွင့်တဲ့သူက ကိုယ့်စကားတွေကို အေးပေါ့ အေးပေါ့ ဆိုပြီး နားထောင်ချင်နားထောင်မယ်… အကြံပေးနိုင်တဲ့သူတွေဆိုလည်း ဒီလိုတွေပြင်ပါဆိုပြီး အကြံပေးရင်ပေးမယ်။ ခပ်ကဲကဲသူတွေဆို ငါ နောက်တစ်ယောက်ရှာပေးမယ်ဆိုပြီး အားပေးမှာပဲ စိတ်ချ အသည်းကွဲရင် ဘယ်တော့မှ တစ်ယောက်ထဲ ကြိတ်ဖီးမနေနဲ့ ရင်ဖွင့်လိုက် သူက ပြတ်ပြီဟေ့ဆို ကိုယ်က လိုက်ဆက်နေလည်း ဆက်ထုံးနဲ့ကြိုးဆွေးလေးပဲဖြစ်လေ နော်.. ဆိုတော့ ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်ပေါ့..


    ကိုယ့်စိတ်ကို လျှော့ချလိုက်။

သူကပဲ ငါ့လိုလူကို ဖြတ်ရတယ်ရှိသေးဆိုပြီး မာနတွေလည်း တက်မိမှာပဲ။ ကိုယ့်အမှားကိုလည်း ကိုယ့်ဘာသာပြန်စဉ်းစားပေါ့။ အဲဒီတော့ အရင်ဆုံး စိတ်ကိုလျော့ထားလိုက်ဦး။ သူ ကိုယ့်အပေါ်ကောင်းခဲ့တာတွေ မကောင်းခဲ့တာတွေ နောက်ထားလိုက်ဦး ။ ပြတ်ပြီလို့ ပြောကတည်းက ကိုယ့်အပေါ် စိတ်ကုန်နေလို့ပေါ့ (အနစ်နာခံတာေ တွ ဆိုတာမရှိဘူးရယ်) ဆိုတော့ ဒီလိုအချိန်မျိုးမှာ သူသစ္စာဖောက်ပြီးဖြတ်သွားတာမဟုတ်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ (ခေါင်းအေးရင်ပေါ့)  ဒါကတော့ စဉ်းစားသင့်တာပေါ့နော်… သူတို့ပေးတဲ့ အကြောင်းပြချက်ပေါ်မူတည်လို့ပေါ့.. တကယ်လို့များ သူတို့ဖာသာ သစ္စာဖောက်ချင်လို့ အကြောင်းပြချက်တွေ လျှောက်ပေးနေရင်တော့ ခေါက်ထားလိုက်ပါလေ.. ဘာလုပ်မလဲနော်.. အဲ့လိုမှ မဟုတ်ဘူး သူကိုယ်တိုင်ကလည်း ချစ်ရဲ့သားနဲ့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကြောင့် လမ်းခွဲရမယ်ဆိုရင်တော့ သေချာပြန်စဉ်းစားသင့်ပြီနော်… ဥပမာ – အရစ်တကာ့ ထိပ့်ခေါင်မို့များလား? ချုပ်ခြယ်မှုအပေါင်းသရဖူဆောင်းနေလို့လား? ဆိုတာမျိုးပေါ့နော်.. ကိုယ့်အကြောင်းကို ကိုယ်သာ အသိဆုံးမဟုတ်လား…

    ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

မိန်းကလေးတွေက ရည်းစားစဖြစ်ရင် ဝ%ကနေ စချစ်တယ်တဲ့ ယောက်ျားလေးတွေကတော့ ၁၀၀%ကနေ စချစ်တယ်။ တကယ်မှန်ပါတယ် တွဲတာကြာလာလေလေ အရာရာ သူ့ဖို့ပဲ ဖြစ်လာလေလေပါ ။ကိုယ့်အတွက်ကိုယ်ဆိုတာ မေ့သွားတတ်တာမျိုးကို ချစ်တတ်တဲ့မိန်းကလေးတွေက ပိုသိမှာပါ။သူ့ဘာသာ တွဲလာတာ စိတ်ပျက်လို့ဖြစ်ဖြစ် ၊ ရိုးအီတယ်လို့ထင်တာပဲဖြစ်ဖြစ် ၊ ကိုယ့်ထက်သာလို့ စွန့်သွားတာဖြစ်ဖြစ် ဒါ ကိုယ်ကံကောင်းခြင်းတစ်မျိုးပါ။ ကိုယ့်ကို မချစ်တော့တဲ့ ယောကျ်ားတစ်ယောက်ကို သူ့ဘက်ကပဲ အမှန်အတိုင်းဖွင့်ပြောတာ စဖြတ်တာကို ကျေးဇူးသာ ပြေးတင်လိုက်ပါလို့။ မယူခင် ပြတ်တာပဲ ကောင်းတယ် ကလေးလည်း မရှိ ခွေးလည်းမရှိသေးတဲ့ ရည်းစားဘဝ  ပြတ်ကြတာပဲ သိပ်ဆွေးစရာမရှိပါဘူး။ ရှိလည်း ခဏပေါ့.. ဘာဖြစ်သေးတုန်း နော်…

ဘယ်မိန်းကလေးမှတော့ တစ်ယောက်နဲ့ပြတ် နောက်တစ်ယောက်နဲ့ တန်းကြိုက်ဆိုတာမျိုး မလုပ်တတ်ပါဘူး ( silent မရှိသေးရင်ပေါ့) အရင်လို တစ်ယောက်တည်းဘဝကို ပြန်ရပြီပဲ

စားချင်တာစားစမ်း (အရင်ကတော့ ၂ယောက်အကြိုက်ကို ညှိနေရသေးတယ်မဟုတ်လား )
ဝတ်ချင်တာဝတ်စမ်း ( အရင်က သူ့စိတ်အလိုကျကလည်း နေပေးရသေးတယ်မဟုတ်လား.. ဟိုလိုမဝတ်နဲ့၊ ဒီလိုမဝတ်နဲ့ ဆိုလို့ လက်လွှတ်ထားရတဲ့ ဖက်ရှင်တွေ )
အလှတွေ ပြင်စမ်း (ဟိုလိုမပြင်နဲ့.. ဒီလိုမပြင်နဲ့.. ဟိုလို မကြိုက်ဘူး.. ဒီလိုမလှဘူးဆိုလို့ စွန့်လွှတ်ထားရတဲ့ ကိုယ့်အလှတွေ)
ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးပါ( သူက ချိန်းရင် တွေ့ရမှ တခြားကိစ္စတွေဆို သူ့လောက်အရေးမကြီးသလို ပလစ်ခဲ့ရတာတွေ  ကိုယ့်ဘာသာပဲ သိမယ်။ ) အဓိကကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ.. ကိုယ်သာအဓိကပါ ဆိုတာကို နားလည်ထားရင် ရပြီလေ နော်..

မိန်းကလေးတိုင်းကတော့ တွဲပြီဟေ့ဆို ယူဖြစ်တာ မယူဖြစ်တာ နောက်ထား ဟိုးအဘိုးကြီးအဘွားကြီးဖြစ်တဲ့အထိ တွေးထားတတ်ကြတာပါပဲ.. ဘယ်လိုပဲ ခိုင်မာနေတဲ့ Relationship ဖြစ်ဖြစ် ပျက်စီးဖို့ဖြစ်လာတဲ့အခါ ဘယ်လောက်ပဲ မယုံကြည်နိုင်ဖြစ်နေပါစေ၊ သူ့ဘက်က ပေါ်တင်စဖြတ်ပြီဆို ရဲရဲသာ လက်ခံလိုက်ပါ။ ပြတ်ပြီးသား ကြိုးအဆွေးကို ပြန်ထုံးလည်း အထုံးတော့ ကျန်မှာပဲ မဟုတ်လား… ကိုယ့်ကို မကြင်နာလို့မှ ထွက်ဖို့ပြင်နေတဲ့သူကို ဘာအကြောင်းပြချက်နဲ့ ဆွဲထားဦးမှာလဲ… ကိုယ့်အတွက် ကိုယ်သာ အရေးအကြီးဆုံးမို့ ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပါလို့ မှာလိုက်ပါရစေနော်…

Credit: Wai Zin ( For Her Myanmar )
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top