iMyanmarHouse.com - Best Property Website for Myanmar
×





Credit: J နော်
# Unicode Version ဖြင့် ဖတ်ပါ #
J နော်ကတော့ လက်တလောမှာ နာမည်ကြီးနေတဲ့ မော်ဒယ်တစ်ယောက်ပါ။ သူမရဲ့Strong ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့ မျက်နှာနဲ့ စတိုင်ကတော့ သူမရဲ့ ထူးခြားချက်ပါ။ တလောက မင်းသမီးသင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး တခြားအနုပညာရှင်တွေရဲ အမြင်တွေကို တိုက်ရိုက်(သို့)သွယ်ဝိုက်ပြီး မေးခဲ့ပါတယ်။ အဲ့ဒီတုန်းက J နော်က သင်ဇာရဲ့ body ကို မိုက်တယ်ဆိုပြီး ချီးကျူးခဲ့ပါတယ်။

သူမကိုယ်တိုင်လဲ အမျိုးသမီးအတွင်းခံကို မဝတ်ဖြစ်ကြောင်း၊ အသက်(၁၃)၊(၁၄)လောက်တုန်းက နှလုံးမကောင်းလို့ အသက်ရှုမဝတဲ့ ရောဂါရှိခဲ့ကြောင်း၊ ဒါကြောင့် ဆရာဝန်တွေက အမျိုးသမီးအတွင်းခံကို ကျပ်ကျပ်တွေ မဝတ်ဖို့ မှာခဲ့ကြောင်း၊ဒါကြောင့် သူမက ဘရာမဝတ်ဖြစ်ဖူးဆိုပြီး ဖြေခဲ့ပါ တယ်။ သူမရဲ့ အင်တာဗျူးဗီဒီယိုဖိုင်ဟာ ပရိသတ်တွေကြားမှာ အတော်လေး လူပြောများခဲ့ပါတယ်။

“There’s no more place good like Home 🏡 ဘော် ဘော် မဝတ် ဖူး ရမ်းပြော ကြလို့ ဘော်ဘော် ဝတ်ပီး နေကြည့်လိုက်တယ် တခါတလေ တော့ လဲ..” ဆိုပြီး သူမရဲ့ fb မှာ တင်ထားပါတယ်။

စူပါမော်ဒယ် J နော် ကတော့ စစ်ဘေးရှောင်ပြည်သူတွေကို သူမတက်နိုင်သမျှ ကူညီထောက်ပံ့ပေးမယ်လို့ သူမရဲ့ fb မှာ တင်ထားပါတယ်။ ပိုက်ဆံချမ်းသာနေလို့ ကူညီပေးတာမဟုတ်ပဲ ကိုယ်ချင်းစာစိတ်၊ လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ ကူညီပေးတာလို့ သိရပါတယ်။ သူမရတဲ့ အနုပညာကြေးတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တက်နိုင်သမျှ ကူညီပေးနေသူပါ။

Credit: J နော်
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top