iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာေက်ာ္ေပါ့ပ္အဆိုေတာ္ Justin Bieber နဲ႔ သူ႔အခ်စ္ေဟာင္း Selena Gomez တို႔ဟာ ဆယ္စုနွစ္တစ္ခုစာေလာက္ ခ်စ္ၾကိဳးသြယ္လာခဲ့ၾကျပီးမွ အေၾကာင္းေၾကာင္းေၾကာင့္ျပတ္စဲသြားရသူေတြပါ။ သူတို႔နွစ္ဦးစေတြ႕ခဲ့တုန္းက Justin က အသက္ 15 Selena က 17 ေလာက္ျဖစ္ခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ရင္ခုန္နႈန္းကုိ သူတို႔နွစ္ဦးစလံုးဘယ္္ေတာ့မွေမ့မွာမဟုတ္တာအမွန္ပါ။ အတူျဖတ္သန္းခဲ့တဲ့ေန႔ေတြညေတြကိုေရာေပါ့။

ဒီလအစပုိင္းက Justin က သူနဲ႔ျပန္တြဲတာ မ်က္စိတစ္မွိတ္စာေလာက္ကာလေလးပဲရွိေသးတဲ့ Hailey ကုိ လက္ထပ္ခြင့္ေတာင္းလုိက္တဲ့ျဖစ္ရပ္ဟာ ပရိသတ္ေတြကုိတင္မဟုတ္ Selena ကုိ ပါအံ့ၾသသြားေစခဲ့ပါတယ္။ Justin နဲ႔ Hailey ေစ့စပ္ျပီးေနာက္တစ္ေန႔မွာ ပရိသတ္ေတြေတြ႕လိုက္ရတဲ့ Selena ရဲ႕ မ်က္နွာဟာ သည္းထန္စြာငိုိေၾကြးထားသလိုမ်ိဳး မ်က္လံုးေတြမို႔ေဖာင္းေနခဲ့ပါတယ္။ ဒါေပမယ့္လည္း Justin ကေတာ့ ဂရုမစိုုက္ပဲ Hailey နဲ႔ပဲ သြားသြားလာလာေပ်ာ္ရႊင္ေနခဲ့တာပါ။ အခုေနာက္ပုိင္းမွာေတာ့ Selena ဟာ Justin က က်န္ရွိတဲ့သူ႔ရဲ႕ဘဝခရီးလမ္းကို Hailey နဲ႔အတူျဖတ္သန္းသြားေတာ့မယ္ဆိုတဲ့ ကိစၥရပ္ကို အံ့ၾသေနတာေတြေျပေလ်ာ့ျပီး လက္ခံနုိင္စျပဳလာျပီလို႔သိရပါတယ္။

Selena နဲ႔ ရင္းနွီးသူေတြက The Hollywood Life ကုိ သတင္းေပးမႈအရ Selena ဟာ ဒီေန႔ပဲလုပ္ေတာ့မလိုလုိ မနက္ျဖန္ပဲလုပ္ေတာ့မလိုလိုအသံထြက္ေနတဲ့ Justin ရဲ႕ မဂၤလာပြဲကို ျမန္ျမန္ဆန္ဆန္ပဲျဖစ္သြားေစခ်င္ေနတယ္လို႔သိရပါတယ္။ Justin နဲ႔ သူ႔ရဲ႕ လက္ထပ္ပြဲနဲ႔ပတ္သက္တာေတြဟာ လတ္တေလာမွာ Selena ၾကားခ်င္တဲ့အေၾကာင္းအရာေတြမဟုတ္သလို Justin အေနနဲ႔ လက္ထပ္မယ္ဆိုရင္လည္း ျမန္ျမန္လက္ထပ္လိုက္ဖို႔ Selena က ေမွ်ာ္လင့္ေနတာပဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ တစ္ကမၻာလံုးက လူေတြက Justin ဘက္ကသတင္းတစ္ခုခုထြက္လာတိုင္း Selena ကုိပဲမ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနၾကျပီး သူမရဲ႕ ကုိယ္ပုိင္ခံစားခ်က္ေတြထင္ျမင္ခ်က္ေတြကုိ ေနာက္ကတစ္ေကာက္ေကာက္လုိက္ျပီးနႈိက္ထုတ္ဖို႔ၾကိဳးစားေနၾကတာေၾကာင့္ ဒီလိုစက္ကြင္းထဲကေနလြတ္ခ်င္တာေၾကာင့္ျဖစ္ေၾကာင္းသိရပါတယ္။

Selena ရဲ႕ ဆႏၵေတြျပည့္ဝပါ့မလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမယ့္အေျခအေနမွာရွိေနပါတယ္။ ျပီးခဲ့တဲ့ရက္အနည္းငယ္က သတင္းေထာက္ေတြက Justin တို႔စံုတြဲကုိ လမ္းမွာ ေမးခြန္းအခ်ိဳ႕ေမးျမန္းခဲ့ရာမွာ Justin ကို လတ္တေလာဘာလုပ္ဖုိ႔ရွိလဲလို႔ေမးေတာ့ Justin က လက္ထပ္ဖို႔ေလလို႔ေျဖျပီး သူ႔ခ်စ္သူ Hailey Bladwin ကုိ လက္ညိဳးထိုးျပခဲ့ပါတယ္။ ထြက္ရွိလာတဲ့သတင္းေတြအရလည္း Hailey က လက္ထပ္ပြဲအတြက္သတို႔သမီးအရံေတြလုပ္ေပးဖုိ႔သူမရဲ႕ ဝမ္းကြဲညီအစ္မေတြကုိေတာင္ေရြးျပီးသြားျပီျဖစ္ေၾကာင္းသိရသလို လက္ထပ္ပြဲမတိုင္ခင္ Bridal Party အတြက္လည္းအစစအရာရာျပင္ဆင္ေနပါျပီတဲ့။ဒါေၾကာင့္ မၾကာေတာ့တဲ့ရက္အနည္းငယ္မွာ ပရိသတ္ေတြအေနနဲ႔ Justin ရဲ႕ ခမ္းနားတဲ့လက္ထပ္မဂၤလာပြဲၾကီးကို ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာလည္း Justin ဘက္ကေတာ့ သတို႔သားအရံလည္းမေရြးရေသးသလို ဘာမွအထူးတလည္ျပင္ဆင္မႈေတြမလုပ္ရေသးပါဘူး။ ဒါ့အျပင္ Justin ရဲ႕ အေမကလည္း သူ႔သားေလးကို Hailey နဲ႔ သေဘာမတူဘူးဆိုတဲ့သတင္းေတြလည္းထြက္ေနတာေၾကာင့္ အေမကုိသိပ္ခ်စ္တဲ့ Justin တစ္ေယာက္ အေမ့ကိုစြန္႔လႊတ္ျပီး မဂၤလာပြဲကို ေရွာေရွာရႈရႈလုပ္ပါ့မလားဆုိတာကလည္း စဥ္းစားစရာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. Justin ကိုျမန္ျမန္လက္ထပ္ေစခ်င္တယ္ဆိုတဲ့ Selena ရဲ႕ ဆုေတာင္းေတြျပည့္ဝမယ္လို႔ထင္လား။ ဒါမွမဟုတ္ Justin က ဒီတစ္ခါမွာလည္းအရင္အၾကိမ္ေတြလိုပဲ Selena ဆီကိုပဲျပန္လာဦးမယ္လို႔ ထင္လား။

Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာကျော်ပေါ့ပ်အဆိုတော် Justin Bieber နဲ့ သူ့အချစ်ဟောင်း Selena Gomez တို့ဟာ ဆယ်စုနှစ်တစ်ခုစာလောက် ချစ်ကြိုးသွယ်လာခဲ့ကြပြီးမှ အကြောင်းကြောင်းကြောင့်ပြတ်စဲသွားရသူတွေပါ။ သူတို့နှစ်ဦးစတွေ့ခဲ့တုန်းက Justin က အသက် 15 Selena က 17 လောက်ဖြစ်ခဲ့ပါတယ်။ ဆယ်ကျော်သက်ရင်ခုန်နှုန်းကို သူတို့နှစ်ဦးစလုံးဘယ်တော့မှမေ့မှာမဟုတ်တာအမှန်ပါ။ အတူဖြတ်သန်းခဲ့တဲ့နေ့တွေညတွေကိုရောပေါ့။

ဒီလအစပိုင်းက Justin က သူနဲ့ပြန်တွဲတာ မျက်စိတစ်မှိတ်စာလောက်ကာလလေးပဲရှိသေးတဲ့ Hailey ကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ဖြစ်ရပ်ဟာ ပရိသတ်တွေကိုတင်မဟုတ် Selena ကို ပါအံ့သြသွားစေခဲ့ပါတယ်။ Justin နဲ့ Hailey စေ့စပ်ပြီးနောက်တစ်နေ့မှာ ပရိသတ်တွေတွေ့လိုက်ရတဲ့ Selena ရဲ့ မျက်နှာဟာ သည်းထန်စွာငိုကြွေးထားသလိုမျိုး မျက်လုံးတွေမို့ဖောင်းနေခဲ့ပါတယ်။ ဒါပေမယ့်လည်း Justin ကတော့ ဂရုမစိုက်ပဲ Hailey နဲ့ပဲ သွားသွားလာလာပျော်ရွှင်နေခဲ့တာပါ။ အခုနောက်ပိုင်းမှာတော့ Selena ဟာ Justin က ကျန်ရှိတဲ့သူ့ရဲ့ဘဝခရီးလမ်းကို Hailey နဲ့အတူဖြတ်သန်းသွားတော့မယ်ဆိုတဲ့ ကိစ္စရပ်ကို အံ့သြနေတာတွေပြေလျော့ပြီး လက်ခံနိုင်စပြုလာပြီလို့သိရပါတယ်။

Selena နဲ့ ရင်းနှီးသူတွေက The Hollywood Life ကို သတင်းပေးမှုအရ Selena ဟာ ဒီနေ့ပဲလုပ်တော့မလိုလို မနက်ဖြန်ပဲလုပ်တော့မလိုလိုအသံထွက်နေတဲ့ Justin ရဲ့ မင်္ဂလာပွဲကို မြန်မြန်ဆန်ဆန်ပဲဖြစ်သွားစေချင်နေတယ်လို့သိရပါတယ်။ Justin နဲ့ သူ့ရဲ့ လက်ထပ်ပွဲနဲ့ပတ်သက်တာတွေဟာ လတ်တလောမှာ Selena ကြားချင်တဲ့အကြောင်းအရာတွေမဟုတ်သလို Justin အနေနဲ့ လက်ထပ်မယ်ဆိုရင်လည်း မြန်မြန်လက်ထပ်လိုက်ဖို့ Selena က မျှော်လင့်နေတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးက လူတွေက Justin ဘက်ကသတင်းတစ်ခုခုထွက်လာတိုင်း Selena ကိုပဲမျက်စိဒေါက်ထောက်လိုက်ကြည့်နေကြပြီး သူမရဲ့ ကိုယ်ပိုင်ခံစားချက်တွေထင်မြင်ချက်တွေကို နောက်ကတစ်ကောက်ကောက်လိုက်ပြီးနှိုက်ထုတ်ဖို့ကြိုးစားနေကြတာကြောင့် ဒီလိုစက်ကွင်းထဲကနေလွတ်ချင်တာကြောင့်ဖြစ်ကြောင်းသိရပါတယ်။

Selena ရဲ့ ဆန္ဒတွေပြည့်ဝပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမယ့်အခြေအနေမှာရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သတင်းထောက်တွေက Justin တို့စုံတွဲကို လမ်းမှာ မေးခွန်းအချို့မေးမြန်းခဲ့ရာမှာ Justin ကို လတ်တလောဘာလုပ်ဖို့ရှိလဲလို့မေးတော့ Justin က လက်ထပ်ဖို့လေလို့ဖြေပြီး သူ့ချစ်သူ Hailey Bladwin ကို လက်ညိုးထိုးပြခဲ့ပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရလည်း Hailey က လက်ထပ်ပွဲအတွက်သတို့သမီးအရံတွေလုပ်ပေးဖို့သူမရဲ့ ဝမ်းကွဲညီအစ်မတွေကိုတောင်ရွေးပြီးသွားပြီဖြစ်ကြောင်းသိရသလို လက်ထပ်ပွဲမတိုင်ခင် Bridal Party အတွက်လည်းအစစအရာရာပြင်ဆင်နေပါပြီတဲ့။ဒါကြောင့် မကြာတော့တဲ့ရက်အနည်းငယ်မှာ ပရိသတ်တွေအနေနဲ့ Justin ရဲ့ ခမ်းနားတဲ့လက်ထပ်မင်္ဂလာပွဲကြီးကို မြင်တွေ့ရဖို့ရှိနေပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း Justin ဘက်ကတော့ သတို့သားအရံလည်းမရွေးရသေးသလို ဘာမှအထူးတလည်ပြင်ဆင်မှုတွေမလုပ်ရသေးပါဘူး။ ဒါ့အပြင် Justin ရဲ့ အမေကလည်း သူ့သားလေးကို Hailey နဲ့ သဘောမတူဘူးဆိုတဲ့သတင်းတွေလည်းထွက်နေတာကြောင့် အမေကိုသိပ်ချစ်တဲ့ Justin တစ်ယောက် အမေ့ကိုစွန့်လွှတ်ပြီး မင်္ဂလာပွဲကို ရှောရှောရှုရှုလုပ်ပါ့မလားဆိုတာကလည်း စဉ်းစားစရာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. Justin ကိုမြန်မြန်လက်ထပ်စေချင်တယ်ဆိုတဲ့ Selena ရဲ့ ဆုတောင်းတွေပြည့်ဝမယ်လို့ထင်လား။ ဒါမှမဟုတ် Justin က ဒီတစ်ခါမှာလည်းအရင်အကြိမ်တွေလိုပဲ Selena ဆီကိုပဲပြန်လာဦးမယ်လို့ ထင်လား။

Credit: MMFeed

#
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top