iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမွ မေကာင္းသလို ဘယ္သူမွလည္း အမွားမလုပ္တဲ့သူ မရွိပါဘူး။ ဒါေပမယ့္ အဲ့ဒါေတြက ကိုယ့္အေၾကာင္းနဲ႕ ကိုယ့္ကံ တရားနဲ႕ ကိုယ္ ျဖစ္လာၾကတာ။ အမဘယ္သူ႕ကိုမွလည္း မေဝဖန္ဘူး။ ဘယ္သူ႕ကိုမွလည္း မသံုးသပ္ဘူးလို႕ ဆုိပါတယ္။

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရရွိခဲ့ဖူးသလို ပရိသတ္ေတြအားေပးမႈ အခိုင္အမာရရွိထားတဲ့ သရုပ္ေဆာင္ ျမတ္ေက သီေအာင္ဟာ စီးပြားေရးလုပ္ရင္း ဘဝကို တစ္ေယာက္တည္း ျဖတ္သန္းျဖစ္ေနပါတယ္။ လူတိုင္းဟာအမွားနဲ႕ မကင္းၾကသလုိ အမွားမလုပ္ ဖူးတဲ့ သူတစ္ေယာက္မွ မရွိပါဘူးဆိုတဲ့ သူမက ဆုိပါတယ္။

"ဘယ္သူမွမေကာင္းဘူးေလ။ ကိုယ္လည္းမေကာင္းဘူး ေျပာေနတဲ့ သူလည္း မေကာင္းဘူး စဥ္းစားၾကည့္ အမွားမလုပ္တဲ့သူက ဘယ္သူရွိလဲ ဘယ္သူမွ  မရွိဘူး။ ကိုယ့္ေနာက္ကို လွည့္ၾကည့္လိုက္ ကိုယ္အေၾကာင္းအရာေတြ ကိုယ္ခ်ေရးၾကည့္လိုက္မမွားဘူးဆိုတဲ့သူ ဘယ္သူမွမရွိဘူး မွားၾကတာပဲ။ ဒါေပမယ့္ အဲ့ဒါေတြက ကိုယ့္အေၾကာင္းနဲ႕ ကိုယ့္ကံတရားနဲ႕ ကိုယ္ ျဖစ္လာတဲ့ ကိစၥအမက ဘယ္သူ႕ကိုမွလည္းမ ေဝဖန္ဘူး ဘယ္သူ႕ကိုမွလည္း မသံုးသပ္ဘူး။" ဆိုၿပီး Duwun Media ရဲ႕ သီးသန္႕အင္တာဗ်ဴးမွာ ေျဖဆိုေပးထားတာပါ။

အြန္လိုင္းေပၚမွာျပန္႕သြားခဲ့တဲ့ သင္ဇာဝင့္ေက်ာ္ရဲ႕ ဝတ္စားဆင္ယင္မႈနဲ႕ပတ္သက္ၿပီး သူမကိုလာေမးတဲ့ သူေတြလည္းရွိတယ္လို႕ ဆုိပါတယ္။

"ခ်က္ေဘာက္ထဲကေနၿပီးေတာ့ မသင္ဇာအက်ႌဝတ္တဲ့ ကိစၥ အမဘယ္လိုျမင္လဲ အမျပန္ကို မေျပာဘူး။ဘယ္လိုမွ ျမင္စရာ အေၾကာင္းမရွိဘူး။ သူႀကိဳက္လို႕ သူဝတ္တာ ေလ။ အမအေဖေျပာသလို ရလာတဲ့ ရလာဒ္ကိုေတာ့ ကိုယ္ခံစားရမယ္။" လို႕ သူမရဲ႕ အျမင္ကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့ပါတယ္။

အခ်စ္ေရးနဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြ မၾကာခဏဆုိသလို သတင္းထြက္ေလ့ရွိတဲ့ ျမတ္ေကသီေအာင္ဟာ  သူမရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္လို႕လည္း ယခုလို ေျပာျပခဲ့ပါေသးတယ္။

"တစ္ယာက္တည္းပဲ ေကာင္းတယ္ေလ။ ကိုယ့္ဘာသာကိုယ္ ထခ်င္တဲ့အခ်ိန္ထိ အိပ္ခ်င္တဲ့အခ်ိန္အိပ္ အမက အရမ္းလည္း အအိပ္မက္တယ္။ လြႊတ္လြတ္လပ္လပ္လည္း ေနတတ္တယ္ဆိုေတာ့ အခုဆိုအမအလုပ္မရွိဘူးေလ။ ကားရိုက္ေတြလည္း မရွိေတာ့ ထခ်င္တဲ့အခ်ိန္မွ ထတယ္။ အရမ္းလည္း ဆိုးခဲ့ဖူးတယ္။ ဆိုးခဲ့တုန္းကလည္း ငါျဖစ္ငါခံ ေကာင္းရင္လည္း စံေပ့ါ။ အမက ေခါင္းမာတတ္တဲ့ မိန္းမတစ္ေယာက္။ ငယ္ငယ္ တုန္းကေတာ့ ျဖစ္လာတဲ့ ျပႆနာ အေဖကရွင္းေပးတယ္။ အခုေတာ့ ျဖစ္လာတဲ့ ျပႆနာ ကိုယ့္ဘာသာကိုယ္ ရွင္းတယ္။ ေအးေဆး ပဲ။"လို႕ ဆက္လက္ေျဖဆိုေပးခဲ့ပါတယ္။

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြအမ်ားႀကီးရရွိခဲ့ဖူးတဲ့ ျမတ္ေကသီေအာင္ဟာ အခုခ်ိန္မွာေတာ့ ကုိယ္ပုိင္စီးပြားေရးကုိဘဲ အဓိကထား ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ သူ႔ရဲ႕ ေမာင္ေလးအရင္းနဲ႔အတူ Coffee Lu Gallery ဆုိတဲ့ ကုိယ္ပုိင္ဆုိင္ေလးကုိ ေျမာက္ဒဂုံမွာ ဖြင့္လွစ္ထားတာပါ။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာပဲ သူ႔ရဲ႕ အသက္က ၄၆ ႏွစ္ျပည့္ခဲ့ၿပီးျဖစ္တ့ဲ ျမတ္ေကသီေအာင္ ဟာ  ၾကည္လင္ေအးျမတဲ့ မ်က္နွာ ေလးနဲ႔ ပရိသတ္ရဲ႕အခ်စ္ေတြကို ရယူထားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။ စိတ္သေဘာထား ျပည့္ဝသူ၊ ပြင့္လင္းသူျဖစ္တဲ့သူမဟာ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ေပမဲ့ အခုထိ ပရိသတ္အားေပးမႈကို ရရွိထား တုန္းပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ဘယ်သူမှ မကောင်းသလို ဘယ်သူမှလည်း အမှားမလုပ်တဲ့သူ မရှိပါဘူး။ ဒါပေမယ့် အဲ့ဒါတွေက ကိုယ့်အကြောင်းနဲ့ ကိုယ့်ကံ တရားနဲ့ ကိုယ် ဖြစ်လာကြတာ။ အမဘယ်သူ့ကိုမှလည်း မဝေဖန်ဘူး။ ဘယ်သူ့ကိုမှလည်း မသုံးသပ်ဘူးလို့ ဆိုပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ဖူးသလို ပရိသတ်တွေအားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မြတ်ကေ သီအောင်ဟာ စီးပွားရေးလုပ်ရင်း ဘဝကို တစ်ယောက်တည်း ဖြတ်သန်းဖြစ်နေပါတယ်။ လူတိုင်းဟာအမှားနဲ့ မကင်းကြသလို အမှားမလုပ် ဖူးတဲ့ သူတစ်ယောက်မှ မရှိပါဘူးဆိုတဲ့ သူမက ဆိုပါတယ်။

"ဘယ်သူမှမကောင်းဘူးလေ။ ကိုယ်လည်းမကောင်းဘူး ပြောနေတဲ့ သူလည်း မကောင်းဘူး စဉ်းစားကြည့် အမှားမလုပ်တဲ့သူက ဘယ်သူရှိလဲ ဘယ်သူမှ  မရှိဘူး။ ကိုယ့်နောက်ကို လှည့်ကြည့်လိုက် ကိုယ်အကြောင်းအရာတွေ ကိုယ်ချရေးကြည့်လိုက်မမှားဘူးဆိုတဲ့သူ ဘယ်သူမှမရှိဘူး မှားကြတာပဲ။ ဒါပေမယ့် အဲ့ဒါတွေက ကိုယ့်အကြောင်းနဲ့ ကိုယ့်ကံတရားနဲ့ ကိုယ် ဖြစ်လာတဲ့ ကိစ္စအမက ဘယ်သူ့ကိုမှလည်းမ ဝေဖန်ဘူး ဘယ်သူ့ကိုမှလည်း မသုံးသပ်ဘူး။" ဆိုပြီး Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးထားတာပါ။

အွန်လိုင်းပေါ်မှာပြန့်သွားခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး သူမကိုလာမေးတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

"ချက်ဘောက်ထဲကနေပြီးတော့ မသင်ဇာအကျႌဝတ်တဲ့ ကိစ္စ အမဘယ်လိုမြင်လဲ အမပြန်ကို မပြောဘူး။ဘယ်လိုမှ မြင်စရာ အကြောင်းမရှိဘူး။ သူကြိုက်လို့ သူဝတ်တာ လေ။ အမအဖေပြောသလို ရလာတဲ့ ရလာဒ်ကိုတော့ ကိုယ်ခံစားရမယ်။" လို့ သူမရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မကြာခဏဆိုသလို သတင်းထွက်လေ့ရှိတဲ့ မြတ်ကေသီအောင်ဟာ  သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"တစ်ယာက်တည်းပဲ ကောင်းတယ်လေ။ ကိုယ့်ဘာသာကိုယ် ထချင်တဲ့အချိန်ထိ အိပ်ချင်တဲ့အချိန်အိပ် အမက အရမ်းလည်း အအိပ်မက်တယ်။ လွှတ်လွတ်လပ်လပ်လည်း နေတတ်တယ်ဆိုတော့ အခုဆိုအမအလုပ်မရှိဘူးလေ။ ကားရိုက်တွေလည်း မရှိတော့ ထချင်တဲ့အချိန်မှ ထတယ်။ အရမ်းလည်း ဆိုးခဲ့ဖူးတယ်။ ဆိုးခဲ့တုန်းကလည်း ငါဖြစ်ငါခံ ကောင်းရင်လည်း စံပေ့ါ။ အမက ခေါင်းမာတတ်တဲ့ မိန်းမတစ်ယောက်။ ငယ်ငယ် တုန်းကတော့ ဖြစ်လာတဲ့ ပြဿနာ အဖေကရှင်းပေးတယ်။ အခုတော့ ဖြစ်လာတဲ့ ပြဿနာ ကိုယ့်ဘာသာကိုယ် ရှင်းတယ်။ အေးဆေး ပဲ။"လို့ ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ဖူးတဲ့ မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးကိုဘဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ မောင်လေးအရင်းနဲ့အတူ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတာပါ။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ သူ့ရဲ့ အသက်က ၄၆ နှစ်ပြည့်ခဲ့ပြီးဖြစ်တဲ့ မြတ်ကေသီအောင် ဟာ  ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထား တုန်းပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top