iMyanmarHouse.com - Best Property Website for Myanmar
×




Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေကို ရယ်မောစရာ ဟာသတွေနဲ့ စကားလုံးဆန်းဆန်းတွေ နဲ့ အမြဲ Videoတွေ တင်လေ့ရှိတဲ့ Singer သားစစ် ခေါ် ထွန်းထွန်းဟိန်း ကတော့ လက်ရှိ Facebookစာမျက်နာထက်မှာ နာမည်ကြီး ပြီး လူသိ အများဆုံးလို့ ဆိုရမှာပါ။ သူ့ရဲ့ Video တွေကိုကြည့်ပြီး ပရိသတ်တွေကို ရယ်မောအောင် လုပ်နိုင်တဲ့ Singer သားစစ်ကတော့ တစ်ချိန် က Oxygen ဆိုတဲ့ ယောကျာ်းလေး အဖွဲ့တစ်ခုနဲ့ သီချင်းတွေ သီဆိုခဲ့ဖူးပါတယ်။

အဆို လည်း ဝါသနာပါတဲ့ တစ်ချိန်က အဆိုတော်တစ်ဦးဖြစ်သလို လက်ရှိမှာ အရာရှိ စစ်ဗိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ Singer သားစစ်ဟာ မကြာခဏ ဆိုသလို အနုပညာအသိုင်းဝိုင်းပွဲတွေမှာ တက်ဖြစ်နေပြီး အခုချိန်မှာတော့ စားသောက်ဆိုင် တစ်ခုမှာ မြန်မာနိုင်ငံရဲ့ အချေမင်းသမီးလေး ရွှေမှုန်ရတီ နဲ့ စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ပါတယ်။ တစ်ယောက်နဲ့ စနောက်လို့ စကားတွေ ပြောရင်း Facebook Accountတွေ အပ်ခဲ့ကြသလို သူတို့နှစ်ယောက် ခင်မင်ပြီး တွေ့ဆုံနေခဲ့ကြတာကိုတော့ ပရိသတ်တွေ အံ့သြခဲ့ကြရပါတယ်။

Singer သားစစ် ရဲ့ စကားလုံးဆန်းဆန်းတွေ ဖြစ်တဲ့ ” လူတိုင်း လူတိုင်း မှာ ဆိုတဲ့ “စကားကို အစချီလို့ ရွှေမှုန်ရတီကို ပြန်လည် စနောက်ခဲ့ပြီး ရွှေမှုန်ရတီလည်း Feelingကတော့Confidentလို့ ပြန်လည် ချေပ စနောက်ခဲ့ပါသေးတယ်။လက်ရှိမှာ နှစ်ဦးစလုံးက facebook စာမျက်နာထက် နာမည်ကြီး လူသိများတဲ့ သျှမ်းသျှမ်းတောက်တွေပဲ မို့ ပရိသတ်များ သူတို့ နှစ်ယောက် Video fileလေးကို မင်းသမီး ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကရိုက်ကူးပေးခဲ့ပြီး အမှတ်တရ အနေနဲ့ Singerသားစစ်ရဲ့ Facebookစာမျကိနာထက် ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေ ကြည့်ရင်း ကြည်နူးကြလိမ့်မယ် လို့ ထင်ပါတယ်နော်။

Credit: MMCele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top