iMyanmarHouse.com - Best Property Website for Myanmar
×

 ဒီေန႔ ၂၀၁၈ ဇူလိုင္လ ၁၁ ရက္ေန႔မွာ သရုပ္ေဆာင္ အကယ္ဒမီ ေဒြး (ေခၚ) ကိုသားၾကီး ကြယ္လြန္တာ (၁၁) ျပည့္သြားျပီ ျဖစ္ေပမဲ့ သူ႔ရဲ႕ပရိတ္သတ္ေတြကေတာ့ အခုထိ အမွတ္တရ ရွိေနၾကတုန္းပဲျဖစ္မွာပါ။

၂၀၁၇ တုန္းကလည္း ကိုသားၾကီး ကြယ္လြန္တာ ၁၀ ႏွစ္ျပည့္အျဖစ္ လွည္းတန္းစင္တာမွာ အဆိုေတာ္ ေကာ္နီက “ဘယ္ေတာ့မွ မေမ့ဘူး” သီခ်င္းကို ပရိတ္သတ္ေတြနဲ႔အတူ မ်က္ရည္ေတြက်ရင္း ၀မ္းနည္း စြာနဲ႔ သီဆိုေဖ်ာ္ေျဖခဲ႔ပါတယ္။

ကြယ္လြန္ခ်ိန္မွာ ေကာလဟာလေတြ ထြက္ခဲ႔ပါေသးတယ္။ အခုလို လူမႈကြန္ယက္ အင္တာနက္ေတြ သိပ္မရွိေသးခ်ိန္ လြန္ခဲ႔တဲ႔ ၁၁ ႏွစ္အခ်ိန္ ၂၀၀၇ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔ မနက္ေစာေစာ ၆ နာရီေက်ာ္ေက်ာ္မွာ ကိုသားၾကီး ကြယ္လြန္ေၾကာင္းကို ေရဒီယိုကေန တစ္ဆင့္ တစ္နိုင္ငံလံုး သိခြင့္ရခဲ႔တာပဲျဖစ္ပါတယ္။

အကယ္ဒမီေဒြး (ေခၚ) ကုိသားၾကီးဟာ သရုပ္ေဆာင္ရာမွာ အလြန္ပဲပီျပင္လွျပီး ပရိတ္သတ္လက္ခံအားေပးမႈ ရရွိခဲ႔တဲ႔ အနုပညာရွင္ သဘာဝမင္းသားတစ္ေယာက္ျဖစ္ကာ ၁၉၉၇ ခုႏွစ္မွာ အကယ္ဒမီဆုကို ရရွိခဲ႔ပါတယ္။

အကယ္ဒမီေဒြးရဲ႕ နာမည္အရင္းကေတာ့ “ထင္လင္း” ျဖစ္ျပီး အကယ္ဒမီ ေက်ာ္ဟိန္းရဲ႕တူေတာ္စပ္သူလဲ ျဖစ္ပါတယ္။ ၁၉၈၉ ခုႏွစ္မွာ ဇနီးျဖစ္သူ မမိုးမိုးနဲ႔ အိမ္ေထာင္က်ခဲ႔ျပီး အကယ္ဒမီေဒြး မျဖစ္လာခင္က စမ္းေခ်ာင္းလမ္းေထာင့္မွာ စာအုပ္ အငွားဆိုင္ေလး ဖြင့္ခဲ႔ဖူးတယ္လို႔ ဇနီးျဖစ္သူ မမိုးမိုးက ေျပာျပခဲ႔ဖူးပါတယ္။

ေဒြးဟာ လြင္မိုး၊ ထက္ထက္မိုးဦးစတဲ႔ သရုပ္ေဆာင္အနုပညာရွင္ေတြနဲ႔ တစ္ေခတ္တည္း နာမည္ရလာသူ ျဖစ္ျပီး ထက္ထက္မိုးဦးနဲ႔ Beauty Shampoo ေၾကာ္ျငာဟာလဲ ပရိတ္သတ္ စိတ္မ်က္စိထဲ ခုထိစြဲေနတဲ႔ အရမ္းေပါက္ခဲ႔တဲ႔ ေၾကာ္ျငာတစ္ခု ျဖစ္ပါတယ္။

Cj (ရိုးရာေလး)

Credit: yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့ ၂၀၁၈ ဇူလိုင်လ ၁၁ ရက်နေ့မှာ သရုပ်ဆောင် အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီး ကွယ်လွန်တာ (၁၁) ပြည့်သွားပြီ ဖြစ်ပေမဲ့ သူ့ရဲ့ပရိတ်သတ်တွေကတော့ အခုထိ အမှတ်တရ ရှိနေကြတုန်းပဲဖြစ်မှာပါ။

၂၀၁၇ တုန်းကလည်း ကိုသားကြီး ကွယ်လွန်တာ ၁၀ နှစ်ပြည့်အဖြစ် လှည်းတန်းစင်တာမှာ အဆိုတော် ကော်နီက “ဘယ်တော့မှ မမေ့ဘူး” သီချင်းကို ပရိတ်သတ်တွေနဲ့အတူ မျက်ရည်တွေကျရင်း ဝမ်းနည်း စွာနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ်။ အခုလို လူမှုကွန်ယက် အင်တာနက်တွေ သိပ်မရှိသေးချိန် လွန်ခဲ့တဲ့ ၁၁ နှစ်အချိန် ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ မနက်စောစော ၆ နာရီကျော်ကျော်မှာ ကိုသားကြီး ကွယ်လွန်ကြောင်းကို ရေဒီယိုကနေ တစ်ဆင့် တစ်နိုင်ငံလုံး သိခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

အကယ်ဒမီဒွေး (ခေါ်) ကိုသားကြီးဟာ သရုပ်ဆောင်ရာမှာ အလွန်ပဲပီပြင်လှပြီး ပရိတ်သတ်လက်ခံအားပေးမှု ရရှိခဲ့တဲ့ အနုပညာရှင် သဘာဝမင်းသားတစ်ယောက်ဖြစ်ကာ ၁၉၉၇ ခုနှစ်မှာ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အကယ်ဒမီဒွေးရဲ့ နာမည်အရင်းကတော့ “ထင်လင်း” ဖြစ်ပြီး အကယ်ဒမီ ကျော်ဟိန်းရဲ့တူတော်စပ်သူလဲ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဇနီးဖြစ်သူ မမိုးမိုးနဲ့ အိမ်ထောင်ကျခဲ့ပြီး အကယ်ဒမီဒွေး မဖြစ်လာခင်က စမ်းချောင်းလမ်းထောင့်မှာ စာအုပ် အငှားဆိုင်လေး ဖွင့်ခဲ့ဖူးတယ်လို့ ဇနီးဖြစ်သူ မမိုးမိုးက ပြောပြခဲ့ဖူးပါတယ်။

ဒွေးဟာ လွင်မိုး၊ ထက်ထက်မိုးဦးစတဲ့ သရုပ်ဆောင်အနုပညာရှင်တွေနဲ့ တစ်ခေတ်တည်း နာမည်ရလာသူ ဖြစ်ပြီး ထက်ထက်မိုးဦးနဲ့ Beauty Shampoo ကြော်ငြာဟာလဲ ပရိတ်သတ် စိတ်မျက်စိထဲ ခုထိစွဲနေတဲ့ အရမ်းပေါက်ခဲ့တဲ့ ကြော်ငြာတစ်ခု ဖြစ်ပါတယ်။

Cj (ရိုးရာလေး)

Credit: yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top