iMyanmarHouse.com - Best Property Website for Myanmar
×

အသားေပါင္းအိုးကို အေငြ႕မထုတ္မိရာကစတဲ့ ဆိုးက်ိဳးႀကီးေပါ့ေလ…..

မိသားစုေတြ Hot Pot လုပ္စားၾကမယ္ဆိုၿပီး…

ဝက္နံ႐ိုးေတြကို အသားေပါင္းအိုးသံုးမိရာက စတာပါပဲ..

ကိုယ့္ရဲ႕ဗဟုသုတနဲမွဳေတြ သတိမမူမွဳေတြ အမ်ားႀကီးေပါ့…

Meat နဲ႔ ေပါင္းထားၿပီး… Pressure 18 ကေန 4 ျဖစ္တဲ့အခ်ိန္ ညီမျဖစ္သူက ဟင္းရည္နဲမွာစိုးလို႔ဆိုၿပီး အဖံုးဖြင့္ရာက ဖြင့္မရတဲ့အခါ …

မီး plug ျဖဳတ္ၿပီး မီးဖိုေခ်ာင္ၾကမ္းျပင္မွာ ခ်ၿပီးဖြင့္ေတာ့ အိမ္မွာ ရွိေနၾကတာက ၄ ေယာက္ အေဖရယ္ ကိုယ္ရယ္ ညီမ ၂ ေယာက္ရယ္..

အတူတူ ဓါးဦးနဲ႔ ကလန္႔ၿပီးဖြင့္ေနၾကတာ.. ကိုယ္ကေတာ့ ဘယ္ရယ္မွန္းမသိ ႐ုတ္တရတ္ ဟင္းရြက္ေဆးၿပီးသား ဇကာေလး အျပင္သြားခ်ေနတဲ့အခ်ိန္ ..

စကၠန္႔ပိုင္းေလးတင္ကို ျဖစ္ပ်က္ကုန္တာကေတာ့… ဖုန္း ခနဲ အသံၾကားလိုက္ရတယ္ တစ္ဆက္တည္း ပူတယ္ ပူတယ္ဆိုၿပီး မီးဖိုခန္းမွာ ဆူညံပြက္ေလာ႐ိုက္ေနေတာ့ ေျပးၾကည့္တဲ့အခါ…

မီးဖိုခန္းတစ္ခုလံုး ေရေႏြးေငြ႕ေတြ မီးေလာင္သလိုပဲ ဖံုးေနခဲ့တာပဲ 😞 ေပါင္းအိုးပြင့္တဲ့အခ်ိန္ ထေပါက္တာ…

အားလံုး ဖ႐ိုဖရဲေတြနဲ႔ ကိုယ္လည္း ဘာလုပ္ေပးရမွန္းမသိ ျပာယာခတ္ၿပီး ငိုေနေတာ့ အေဖက ကိုယ့္ကို မ်က္ရည္သုတ္ေပးၿပီး သမီးမငိုနဲ႔ သမီးငိုရင္ အေဖ ပိုဆိုးတယ္တဲ့ 😢

ညီမျဖစ္သူကလည္း မမ ရတယ္ ဘာမွမျဖစ္ဘူးတဲ့… ဝမ္းကြဲ ညီမေလးကေတာ့ ဘာမွကိုမေျပာရွာဘူး ႐ုန္းရင္းဆန္ခတ္နဲ႔ သြားတိုက္ေဆးေတြ ပြတ္ေနၾကတာ..

ကိုယ္လည္း အေယာင္ေယာင္အမွားမွားနဲ႔ body lotion ဗူးႀကီး သြားေပးေသးတာ… 😞 ေလ့လာမွဳနည္းတဲ့ အက်ိဳးေတြေပါ့…

အဲဒီလိုနဲ႔ ေဆးရံုေျပးတဲ့အခ်ိန္မွာကတည္းက ညီမျဖစ္သူက အေရျပားေတြ ကြာေနခဲ့ၿပီ (သြားတိုက္ေဆးက ပိုဆိုးေစသတဲ့) ေနာက္ဆံုး အခုလို အေျခအေနနဲ႔ အေဖရယ္ ဝမ္းကြဲညီမေလးရယ္က ေျခေထာက္တစ္ဖက္စီ ညီမအရင္းျဖစ္သူကေတာ့ မ်က္ႏွာကလြဲရင္ တစ္ကိုယ္လံုး နီးနီးပါပဲ…

ေမ့ေဆးေပးၿပီး operation ဝင္ခဲ့ရတယ္…

😢 ေျပာခ်င္တာက ဒီလိုအျဖစ္အပ်က္ေတြကို သင္ခန္းစာယူၿပီး ကိုယ္သံုးမယ့္ လွ်ပ္စစ္ပစၥည္းရဲ႕ အက်ိဳးအေၾကာင္း အဆိုးအေကာင္းကို ေသခ်ာေလ့လာၿပီးမွ သံုးပါ… အပူေလာင္လွ်င္ အပူခ်ိန္က်ေအာင္သာ လုပ္ပါ…

ကိုယ္ခ်က္ေပးေနတဲ့အိုး ကိုယ္ဝင္ေပးေနတဲ့ မီးဖိုေခ်ာင္မွာ ကိုယ္ကမပါသြားပဲ ကံဖယ္ခဲ့တယ္ပဲ ေျပာရမလားပဲ…

အဲဒီျမင္ကြင္းလည္း မ်က္လံုးထဲက မထြက္ဘူး စိတ္လည္းေတာ္ေတာ္မေကာင္းျဖစ္ရပါတယ္… အဆိုးဆံုးခံရတဲ့ ညီမေလးတစ္ဖြဖြ ေျပာေနတဲ့ စကားေလးက မမ မျဖစ္လို႔ေတာ္ေသးတယ္တဲ့😢

အေငြ႕မထုတ္မိတဲ့အိုးက တည္ေနရင္း အလိုလို ထေပါက္မယ့္အျဖစ္ကေနဆိုေတာ့ အသက္ေဘးေတာ့ လြတ္ခဲ့ၾကတာေပါ့ေလ….

ကံၾကမၼာဆိုတာ… ႀကိဳမျမင္ႏိုင္ဘူးေလ….

အားလံုးပဲ သတိထားၾကႏိုင္ဖို႔ သတိေပးပါရေစ….

Credit : Thinzar Myintmo
# Unicode Version ျဖင့္ ဖတ္ပါ #
အသားပေါင်းအိုးကို အငွေ့မထုတ်မိရာကစတဲ့ ဆိုးကျိုးကြီးပေါ့လေ…..

မိသားစုတွေ Hot Pot လုပ်စားကြမယ်ဆိုပြီး…

ဝက်နံရိုးတွေကို အသားပေါင်းအိုးသုံးမိရာက စတာပါပဲ..

ကိုယ့်ရဲ့ဗဟုသုတနဲမှုတွေ သတိမမူမှုတွေ အများကြီးပေါ့…

Meat နဲ့ ပေါင်းထားပြီး… Pressure 18 ကနေ 4 ဖြစ်တဲ့အချိန် ညီမဖြစ်သူက ဟင်းရည်နဲမှာစိုးလို့ဆိုပြီး အဖုံးဖွင့်ရာက ဖွင့်မရတဲ့အခါ …

မီး plug ဖြုတ်ပြီး မီးဖိုချောင်ကြမ်းပြင်မှာ ချပြီးဖွင့်တော့ အိမ်မှာ ရှိနေကြတာက ၄ ယောက် အဖေရယ် ကိုယ်ရယ် ညီမ ၂ ယောက်ရယ်..

အတူတူ ဓါးဦးနဲ့ ကလန့်ပြီးဖွင့်နေကြတာ.. ကိုယ်ကတော့ ဘယ်ရယ်မှန်းမသိ ရုတ်တရတ် ဟင်းရွက်ဆေးပြီးသား ဇကာလေး အပြင်သွားချနေတဲ့အချိန် ..

စက္ကန့်ပိုင်းလေးတင်ကို ဖြစ်ပျက်ကုန်တာကတော့… ဖုန်း ခနဲ အသံကြားလိုက်ရတယ် တစ်ဆက်တည်း ပူတယ် ပူတယ်ဆိုပြီး မီးဖိုခန်းမှာ ဆူညံပွက်လောရိုက်နေတော့ ပြေးကြည့်တဲ့အခါ…

မီးဖိုခန်းတစ်ခုလုံး ရေနွေးငွေ့တွေ မီးလောင်သလိုပဲ ဖုံးနေခဲ့တာပဲ 😞 ပေါင်းအိုးပွင့်တဲ့အချိန် ထပေါက်တာ…

အားလုံး ဖရိုဖရဲတွေနဲ့ ကိုယ်လည်း ဘာလုပ်ပေးရမှန်းမသိ ပြာယာခတ်ပြီး ငိုနေတော့ အဖေက ကိုယ့်ကို မျက်ရည်သုတ်ပေးပြီး သမီးမငိုနဲ့ သမီးငိုရင် အဖေ ပိုဆိုးတယ်တဲ့ 😢

ညီမဖြစ်သူကလည်း မမ ရတယ် ဘာမှမဖြစ်ဘူးတဲ့… ဝမ်းကွဲ ညီမလေးကတော့ ဘာမှကိုမပြောရှာဘူး ရုန်းရင်းဆန်ခတ်နဲ့ သွားတိုက်ဆေးတွေ ပွတ်နေကြတာ..

ကိုယ်လည်း အယောင်ယောင်အမှားမှားနဲ့ body lotion ဗူးကြီး သွားပေးသေးတာ… 😞 လေ့လာမှုနည်းတဲ့ အကျိုးတွေပေါ့…

အဲဒီလိုနဲ့ ဆေးရုံပြေးတဲ့အချိန်မှာကတည်းက ညီမဖြစ်သူက အရေပြားတွေ ကွာနေခဲ့ပြီ (သွားတိုက်ဆေးက ပိုဆိုးစေသတဲ့) နောက်ဆုံး အခုလို အခြေအနေနဲ့ အဖေရယ် ဝမ်းကွဲညီမလေးရယ်က ခြေထောက်တစ်ဖက်စီ ညီမအရင်းဖြစ်သူကတော့ မျက်နှာကလွဲရင် တစ်ကိုယ်လုံး နီးနီးပါပဲ…

မေ့ဆေးပေးပြီး operation ဝင်ခဲ့ရတယ်…

😢 ပြောချင်တာက ဒီလိုအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို သေချာလေ့လာပြီးမှ သုံးပါ… အပူလောင်လျှင် အပူချိန်ကျအောင်သာ လုပ်ပါ…

ကိုယ်ချက်ပေးနေတဲ့အိုး ကိုယ်ဝင်ပေးနေတဲ့ မီးဖိုချောင်မှာ ကိုယ်ကမပါသွားပဲ ကံဖယ်ခဲ့တယ်ပဲ ပြောရမလားပဲ…

အဲဒီမြင်ကွင်းလည်း မျက်လုံးထဲက မထွက်ဘူး စိတ်လည်းတော်တော်မကောင်းဖြစ်ရပါတယ်… အဆိုးဆုံးခံရတဲ့ ညီမလေးတစ်ဖွဖွ ပြောနေတဲ့ စကားလေးက မမ မဖြစ်လို့တော်သေးတယ်တဲ့😢

အငွေ့မထုတ်မိတဲ့အိုးက တည်နေရင်း အလိုလို ထပေါက်မယ့်အဖြစ်ကနေဆိုတော့ အသက်ဘေးတော့ လွတ်ခဲ့ကြတာပေါ့လေ….

ကံကြမ္မာဆိုတာ… ကြိုမမြင်နိုင်ဘူးလေ….

အားလုံးပဲ သတိထားကြနိုင်ဖို့ သတိပေးပါရစေ….

Credit : Thinzar Myintmo
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top