iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ အစၥဏီ၏ ရွစ္ႀကိမ္ေျမာက္႐ုံးခ်ိန္းတြင္ တရားလို၏ေရွ႕ေနလာေရာက္ခဲ့ျခင္းမရွိဘဲ တရားလိုျဖစ္သူ စူးရွထက္ကိုသာ တရားခြင္အတြင္းတံခါးပိတ္စစ္ေဆးခဲ့သည္။

စြပ္စဲြခံရသူဘက္မွ သက္ ေသခံအျဖစ္ တင္ထားေသာ Cele 7 မီဒီယာက ႐ုိက္ကူးထားသည့္ ဗီဒီယုိဖုိင္ကို သက္ေသခံပစၥည္း အျဖစ္ လက္ခံခဲ့ၿပီး စစ္ေဆးခဲ့သည္။

‘‘သက္ေသခံရွာေဖြပုံစံမွာ ဘာေတြအပ္ထားလဲဆိုေတာ့ သူ႔ ရဲ႕ အက်ႌ၊ အခင္း၊ သဘက္အပ္ ထားတယ္။ မွန္ကဲြစေတြနဲ႔ ေရဇ လုံအျပာကို အပ္ထားပါတယ္။ ဧၿပီ ၁၂ ရက္မွာ အပ္တာေနာ္။ ဒါေပမဲ့ Cele 7 မွာ ဗီဒီယိုအ႐ုိက္ ခံတာ ၁၃ ရက္ပါ။ အမ်ားျပည္သူ ျမင္ၿပီးသားပါ။ ၁၂ ရက္ေန႔မွာ ရွာ ေဖြပုံစံနဲ႔ အပ္ထားတဲ့ ေကာ္ဇလုံ အျပာႀကီးက ၁၃ ရက္မွာ ဘာ ေၾကာင့္ရွိေနလဲဆိုတာကိုေတာ့ တရားလိုကိုယ္တုိင္ပဲ သိပါလိမ့္ မယ္။ အဲဒါကို ကြၽန္ေတာ္တို႔မ်က္ ၀ါးထင္ထင္ တင္ျပခဲ့ပါတယ္’’ဟု စြပ္စဲြခံရသူ၏ ေရွ႕ေန ဦးေက်ာ္ဇင္ ဦးက ေျပာသည္။

ထုိ႔အျပင္ ဧၿပီ ၁၃ ရက္တြင္ ‘ရန္ကုန္ေဆး႐ုံႀကီးကို ေရာက္ေန လို႔ပါ’ ပို႔စ္ကို တရားလိုစူးရွထက္ က ၎အသုံးျပဳသည့္အေကာင့္ တြင္ ေရးတင္ခဲ့ေသာ္လည္း ေဆး ႐ုံသို႔ အမွန္တကယ္ေရာက္ရွိေန ျခင္းမရွိေၾကာင္း ေပၚလြင္ေအာင္ စစ္ေဆးခဲ့သည္ဟု ၎ကဆုိ သည္။ ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းကို ဇူလုိင္ ၉ ရက္သို႔ ျပန္လည္ခ်ိန္း ဆိုခဲ့ၿပီး တရားလုိ စူးရွထက္ကို သာ ဆက္လက္စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း ဦးေက်ာ္ဇင္ဦးက ေျပာသည္။

ဇူလုိင္ ၂ ရက္ ႐ုံးခ်ိန္းမွအ ထြက္တြင္ တရားလိုစူးရွထက္က မီဒီယာမ်ားအား ‘‘တရားဥပေဒအ တုိင္း ဆက္သြားပါ့မယ္။ တရား သူႀကီး ဆုံးျဖတ္ခ်က္မခ်ရေသးဘဲ ဘာမွေျပာလို႔ မရပါဘူး’’ ဟု ေျဖ ၾကားသြားသည္။

၎၏ေရွ႕ေန ဦးေရာဘတ္ စန္းေအာင္အား တရား႐ုံးသို႔ ေရာက္မလာသည့္အေၾကာင္း ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာေနျပည္ေတာ္ေရာက္ေနျခင္းေၾကာင့္ ႐ုံးေတာ္သို႔ မလာေရာက္ျခင္းျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားသည္။

အမႈအတြက္ ေမာ္ဒယ္စူးရွ ထက္အပါအ၀င္ တရားလိုျပသက္ေသ ၁၁ ဦးတင္သြင္းထားၿပီး အ ဆုိပါ အမႈကို တာေမြၿမိဳ႕နယ္ တရား႐ုံးရွိ တဲြဖက္ၿမိဳ႕နယ္ တရားသူႀကီး (၁)က တာ၀န္ယူစစ္ေဆးေနဆဲ ျဖစ္သည္။

လက္ရွိတြင္ စြပ္စဲြခံရသူ အ ဆုိေတာ္ အစၥဏီကို အဓမၼျပဳက်င့္မႈ၊ နာက်င္ေစမႈႏွင့္ သာမန္နာက်င္ေစမႈပုဒ္မသုံးခုျဖင့္ ေမလ ၁၀ ရက္က စတင္၍ တရားစဲြဆုိခဲ့သည္။

အစၥဏီသည္ ရည္းစား ေဟာင္းကို နာက်င္ေအာင္ျပဳလုပ္ သည့္အျပင္ ႏွစ္ႀကိမ္အဓမၼျပဳက်င့္ေၾကာင္း၊ ထို႔ေနာက္ ေမာ္ဒယ္အ မ်ဳိးသမီးက အိမ္သာအသုံးျပဳမည္ ဟု အေၾကာင္းျပကာ အိမ္သာတံ ခါးေလာ့ပိတ္၍ သူငယ္ခ်င္းထံ ဖုန္းဆက္အကူအညီေတာင္းရာမွ လြတ္ေျမာက္ခဲ့ေၾကာင္း ရဲတပ္ဖဲြ႕ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Credit: 7 DayDaily
UniCodeဖြင့်ဖတ်ရန်
အဆိုတော် အစ္စဏီ၏ ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် တရားလို၏ရှေ့နေလာရောက်ခဲ့ခြင်းမရှိဘဲ တရားလိုဖြစ်သူ စူးရှထက်ကိုသာ တရားခွင်အတွင်းတံခါးပိတ်စစ်ဆေးခဲ့သည်။

စွပ်စွဲခံရသူဘက်မှ သက် သေခံအဖြစ် တင်ထားသော Cele 7 မီဒီယာက ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို သက်သေခံပစ္စည်း အဖြစ် လက်ခံခဲ့ပြီး စစ်ဆေးခဲ့သည်။

‘‘သက်သေခံရှာဖွေပုံစံမှာ ဘာတွေအပ်ထားလဲဆိုတော့ သူ့ ရဲ့ အကျႌ၊ အခင်း၊ သဘက်အပ် ထားတယ်။ မှန်ကွဲစတွေနဲ့ ရေဇ လုံအပြာကို အပ်ထားပါတယ်။ ဧပြီ ၁၂ ရက်မှာ အပ်တာနော်။ ဒါပေမဲ့ Cele 7 မှာ ဗီဒီယိုအရိုက် ခံတာ ၁၃ ရက်ပါ။ အများပြည်သူ မြင်ပြီးသားပါ။ ၁၂ ရက်နေ့မှာ ရှာ ဖွေပုံစံနဲ့ အပ်ထားတဲ့ ကော်ဇလုံ အပြာကြီးက ၁၃ ရက်မှာ ဘာ ကြောင့်ရှိနေလဲဆိုတာကိုတော့ တရားလိုကိုယ်တိုင်ပဲ သိပါလိမ့် မယ်။ အဲဒါကို ကျွန်တော်တို့မျက် ဝါးထင်ထင် တင်ပြခဲ့ပါတယ်’’ဟု စွပ်စွဲခံရသူ၏ ရှေ့နေ ဦးကျော်ဇင် ဦးက ပြောသည်။

ထို့အပြင် ဧပြီ ၁၃ ရက်တွင် ‘ရန်ကုန်ဆေးရုံကြီးကို ရောက်နေ လို့ပါ’ ပို့စ်ကို တရားလိုစူးရှထက် က ၎င်းအသုံးပြုသည့်အကောင့် တွင် ရေးတင်ခဲ့သော်လည်း ဆေး ရုံသို့ အမှန်တကယ်ရောက်ရှိနေ ခြင်းမရှိကြောင်း ပေါ်လွင်အောင် စစ်ဆေးခဲ့သည်ဟု ၎င်းကဆို သည်။ နောက်တစ်ကြိမ် ရုံးချိန်းကို ဇူလိုင် ၉ ရက်သို့ ပြန်လည်ချိန်း ဆိုခဲ့ပြီး တရားလို စူးရှထက်ကို သာ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးကျော်ဇင်ဦးက ပြောသည်။

ဇူလိုင် ၂ ရက် ရုံးချိန်းမှအ ထွက်တွင် တရားလိုစူးရှထက်က မီဒီယာများအား ‘‘တရားဥပဒေအ တိုင်း ဆက်သွားပါ့မယ်။ တရား သူကြီး ဆုံးဖြတ်ချက်မချရသေးဘဲ ဘာမှပြောလို့ မရပါဘူး’’ ဟု ဖြေ ကြားသွားသည်။

၎င်း၏ရှေ့နေ ဦးရောဘတ် စန်းအောင်အား တရားရုံးသို့ ရောက်မလာသည့်အကြောင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာနေပြည်တော်ရောက်နေခြင်းကြောင့် ရုံးတော်သို့ မလာရောက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

အမှုအတွက် မော်ဒယ်စူးရှ ထက်အပါအဝင် တရားလိုပြသက်သေ ၁၁ ဦးတင်သွင်းထားပြီး အ ဆိုပါ အမှုကို တာမွေမြို့နယ် တရားရုံးရှိ တွဲဖက်မြို့နယ် တရားသူကြီး (၁)က တာဝန်ယူစစ်ဆေးနေဆဲ ဖြစ်သည်။

လက်ရှိတွင် စွပ်စွဲခံရသူ အ ဆိုတော် အစ္စဏီကို အဓမ္မပြုကျင့်မှု၊ နာကျင်စေမှုနှင့် သာမန်နာကျင်စေမှုပုဒ်မသုံးခုဖြင့် မေလ ၁၀ ရက်က စတင်၍ တရားစွဲဆိုခဲ့သည်။

အစ္စဏီသည် ရည်းစား ဟောင်းကို နာကျင်အောင်ပြုလုပ် သည့်အပြင် နှစ်ကြိမ်အဓမ္မပြုကျင့်ကြောင်း၊ ထို့နောက် မော်ဒယ်အ မျိုးသမီးက အိမ်သာအသုံးပြုမည် ဟု အကြောင်းပြကာ အိမ်သာတံ ခါးလော့ပိတ်၍ သူငယ်ချင်းထံ ဖုန်းဆက်အကူအညီတောင်းရာမှ လွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 DayDaily
UniCodeဖွင့ျဖတျရနျ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top