iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူ႐ွိတဲ့ေယာင္းေတြ၊ Relationship ႐ွိတဲ့ေယာင္းေတြအေနနဲ႔ ကိုယ့္ခ်စ္သူနဲ႔လက္တြဲေနစဥ္ကာလတစ္ေလွ်ာက္မွာ သူဟာ ကိုယ့္ရဲ႕လက္တြဲေဖာ္အစစ္အမွန္ ဟုတ္မွဟုတ္ပါ့မလားဆိုၿပီး ေတြးဖူးခဲ့တဲ့အခ်ိန္ေတြမ်ား ႐ွိခဲ့လား။ အဲဒီလုိ ေတြးတတ္တာက သဘာဝက်ၿပီးလူတိုင္းလိုလိုပဲ ကိုယ့္ကိုယ္ကိုယ္အဲ့ဒီလိုျပန္လွန္ေမးခြန္းထုတ္ဖူးၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္ေလာက္အထိပဲ ခ်စ္ပါေစ… သူနဲ႔ ကိုယ္ဟာ လက္တြဲေဖာ္အစစ္အမွန္မဟုတ္ရင္ ေ႐ွ႕ဆက္သြားရမယ့္ လမ္းခရီးဟာမေခ်ာေမြ႕ႏိုင္ပါဘူး။ ဒါဆိုရင္ သူနဲ႔ကိုယ္ဟာတစ္ကယ္မွန္ကန္တဲ့လက္တြဲေဖာ္ေတြ ဟုတ္လားမဟုတ္လားဆိုတာေတြးၾကည့္႐ံုတင္မကဘူး ေသေသခ်ာခ်ာဆံုးျဖတ္ဖို႔ လိုလာပါၿပီ။ ဒါေၾကာင့္ ကိုယ့္ရဲ႕လက္႐ွိခ်စ္သူက ကိုယ္နဲ႔ တကယ္သင့္ေလ်ာ္လား၊ ဒါမွမဟုတ္ ကိုယ္နဲ႔ လံုးဝ မသင့္ေလ်ာ္တဲ့ လူလားဆိုတာကို ဒီအခ်က္ေတြနဲ႔ စစ္ၾကည့္ပါဦး…

၁။ ရန္ေတြမၾကာခဏျဖစ္ေနရၿပီလား

အခ်စ္ေရးသက္တမ္းတစ္ခုမွာ ရန္မျဖစ္တဲ့ စံုတြဲဆိုတာ မ႐ွိပါဘူး။ ရန္ျဖစ္ရျခင္းဟာလည္း အခ်စ္ေရးတစ္ခုမွာ သူမပါရင္ မျပည့္စံုဘူးလုိ႔ေတာင္ ဆိုလုိ႔ရပါတယ္။ ဒါေပမဲ့လည္း အရာရာတိုင္းမွာ အတိုင္းအတာဆိုတာ ႐ွိပါတယ္။ ကိစၥေသးေသးေလးကေနစၿပီး အႀကီးႀကီးေတြအထိ အရာရာတုိင္းမွာ သေဘာထားကြဲလြဲေနတာ၊ တစ္ေယာက္ကို တစ္ေယာက္ နားလည္မေပးႏိုင္တာ ဒီလုိအေျခအေနေတြ႐ွိေနၿပီဆိုရင္ေတာ့ ေ႐ွ႕ဆက္ရမယ့္ ခရီးလမ္းကို ျပန္လည္သံုးသပ္သင့္ေနပါၿပီ။

၂။ သူနဲ႔အတူ႐ွိေနခ်ိန္ေတြဆို အလိုလိုေနရင္းမေပ်ာ္မိေတာ့ဘူးလား

ခ်စ္ၾကသူေတြဆိုတာ အၿမဲလိုလို ေတြ႔ခ်င္ျမင္ခ်င္ေနၾကတာ သဘာဝပါပဲ။ အဲဒီလို သဘာဝနဲ႔ ဆန္႔က်င္ၿပီး အတူ႐ွိေနၾကတာက ဝတၱရားတစ္ခုလုိ ျဖစ္ေနရသလို အတူ႐ွိေနခ်ိန္ မေပ်ာ္တာ၊ ဘယ္အခ်ိန္ သူ႔ေဘးနားက ထသြားရမလဲလို႔ စဥ္းစားေနမိတာ ဒီလိုေတြ ျဖစ္ေနၿပီဆိုရင္ေတာ့ သူနဲ႔ကိုယ္ဟာ တကယ့္လက္တြဲေဖာ္ေတြျဖစ္ၾကဖို႔ ရာခုိင္ႏႈန္းနည္းသြားပါၿပီ။

၃။ ဘဝအတြက္ မတူညီတဲ့ စံႏႈန္းေတြ႐ွိတာ

လူေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ထား႐ွိတဲ့စံႏႈန္းေတြ၊ ရည္မွန္းခ်က္ေတြ၊ ဘဝအတြက္ လက္ခံထားတဲ့ ယံုၾကည္ခ်က္ေတြ မတူညီၾကပါဘူး။ လူသားအားလံုး မတူညီၾကတာ သဘာဝက်သလို အားလံုးတူညီေအာင္လုပ္ဖုိ႔လည္း မလိုအပ္ပါဘူး။ ဒါေပမဲ့ ထာဝရ လက္တြဲသြားရမယ့္သူေတြမွာ ဒီလုိ မတူညီမႈေတြ႐ွိေနရင္ တစ္သက္လံုး အဆင္ေျပေျပ လက္တြဲသြားဖုိ႔ဆိုတာ ဘယ္လုိမွ မျဖစ္ႏိုင္ပါဘူး။ ဥပမာ တစ္ေယာက္က ဘဝမွာ ခ်မ္းသာသည္ျဖစ္ေစ ဆင္းရဲသည္ျဖစ္ေစ ေအးေအးခ်မ္းခ်မ္းေလးပဲေနသြားလုိ႔ရမယ့္ ဘဝမ်ိဳးကို ပိုင္ဆုိင္ခ်င္ၿပီး က်န္တဲ့တစ္ေယာက္ကေတာ့ ဘဝမွာ ဘယ္လုိ အခက္အခဲေတြပဲႀကံဳရပါေစ ခ်မ္းခ်မ္းသာသာ ေအာင္ေအာင္ျမင္ျမင္နဲ႔ အမ်ားအားက်တဲ့ ဘဝမ်ိဳးကို ပိုင္ဆုိင္ခ်င္တယ္ဆိုတာမ်ိဳး၊ တစ္ေယာက္က အမ်ားအက်ိဳးအတြက္ ကိုယ္က်ိဳးမဖက္ဘဲ ေဆာင္ရြက္ခ်င္ေပမဲ့ တစ္ေယာက္က ကိုယ့္အတြက္ပဲ ကိုယ္ ဂရုစိုက္ဖုိ႔လုိအပ္တယ္၊ အမ်ားအက်ိဳးအတြက္ေဆာင္႐ြက္ေနရေပမဲ့ ကိုယ္ဒုကၡေရာက္ခ်ိန္မွာ ဘယ္သူမွ ျပန္ၾကည့္မယ့္သူမ႐ွိဘူး။ ဒီလုိခံယူခ်က္မ်ိဳး႐ွိေနရင္ ဒီအခ်စ္ခရီးလမ္းက ေျဖာင့္ျဖဴးသာယာဖုိ႔ မလြယ္ကူပါဘူး။

၄။ ကိုယ္ဘာပဲလုပ္လုပ္ ကိုယ့္ဘက္က ရပ္တည္ေပးသူလား

ကိုယ္လမ္းမွားေရာက္ေနတာကို ေထာက္ခံေပးတာမ်ိဳး မဟုတ္ေပမဲ့ ကိုယ့္ဆံုးျဖတ္ခ်က္ေတြကို ေထာက္ခံအားေပးတတ္တဲ့၊ ဘာပဲျဖစ္ျဖစ္ မေၾကာက္နဲ႔ မင္းနဲ႔ငါအတူ႐ွိတယ္လုိ႔ အားေပးတတ္တဲ့ ခ်စ္သူမ်ိဳးကိုပိုုင္ဆုိင္ထားရတာတစ္ကယ့္ကံေကာင္းမႈပါ။ ကိုယ္ ဘာပဲလုပ္လုပ္ အျပစ္ျမင္ေနတတ္တဲ့သူ၊ ကိုယ္နဲ႔ ဘယ္သူပဲ ျပႆနာေတြျဖစ္ျဖစ္ ကိုယ့္ဘက္က ခံစားနားလည္မေပးတတ္သူ ဒီလုိ လူမ်ိဳးဆိုရင္ေတာ့ ကိုယ့္လက္တြဲေဖာ္အျဖစ္ ထာဝရလက္တြဲသြားဖုိ႔ျဖစ္သင့္ရဲ႕လားဆိုတာကို စဥ္းစားသင့္ေနပါၿပီ။

၅။ အယူပဲ႐ွိၿပီး အေပးမ႐ွိတဲ့ ဆက္ဆံေရးမ်ိဳးလား

အခ်စ္ေရးတစ္ခုဆိုတာ အျပန္အလွန္ နားလည္ယံုၾကည္မႈနဲ႔တည္ေဆာက္ရတာျဖစ္ၿပီး ကိုယ့္အတြက္ သူလုိအပ္ရင္ အနစ္နာခံေပးသလိုမ်ိဳး သူ႔အတြက္ ကိုယ္လုိအပ္ရင္လည္း အနစ္နာခံေပးရမွာပါ။ ဒါဟာလည္း အျပန္အလွန္ျဖစ္သင့္တာမို႔ ကိုယ္ကပဲ အရာရာသူ႔ကိုနားလည္ေပးရ အနစ္နာခံေပးရျဖစ္ေနေပမဲ့ သူကေတာ့ ကိုယ္လုိအပ္ရင္ မသိသလို မဆိုင္သလိုလုပ္ေနမယ္ဆိုရင္ေတာ့ သူ႔ကိုဘာေၾကာင့္ဆက္ၿပီး လက္တြဲေနဦးမွာလဲ။

၆။ အျပန္အလွန္ ေလးစားမႈေရာ ႐ွိရဲ႕လား

ခ်စ္သူေတြဆိုတာ တစ္ဦးကိုတစ္ဦး အျပန္အလွန္ေလးစားသမႈ႐ွိဖုိ႔ အေရးအႀကီးဆံုးပါ။ တစ္ဖက္သားက ကိုယ့္ကို မေလးစားဘူးဆိုတာကို သိႏိုင္တာေတြကအမ်ားႀကီးပါ။ ႏႈတ္အားျဖင့္ ကိုယ့္ကို မေခ်မငံဆက္ဆံတာ၊ စိတ္ပိုင္းဆိုင္ရာထိခိုက္ခံစားရေအာင္လုပ္တာ၊ ကာယကံေျမာက္လည္း ကိုယ့္ကို ထိခိုက္ခံစားရေအာင္လုပ္တာ ဒီလုိအခ်က္ေတြအားျဖင့္ ကိုယ့္ကို ေလးစားသမႈ မ႐ွိဘူးဆိုတာ သိႏုိင္ပါတယ္။ ကိုယ့္ကို ေလးစားမႈမ႐ွိသူနဲ႔လည္း ေ႐ွ႕ဆက္လက္တြဲဖို႔ဆိုတာ ဘယ္လုိမွမျဖစ္သင့္ပါဘူး။

ဒါေတြကေတာ့ ကုိယ့္ခ်စ္သူဟာ ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္အစစ္အမွန္ ဟုတ္မဟုတ္ဆိုတာ သိႏိုင္တဲ့အေၾကာင္းအရင္းေတြပါပဲ။ ဘဝဆုိတာအ႐ွည္ႀကီးမုိ႔ ကိုယ့္လက္တြဲေဖာ္ မျဖစ္သင့္တဲ့သူနား အပင္ပန္းခံၿပီး ဆက္မေနဖို႔ အႀကံေပးပါရေစ ေယာင္းေရ။ အခုအခ်ိန္ ကိုယ့္ေဘးနားမွာ ႐ွိေနတဲ့ ကိုယ္နဲ႔ မသင့္ေလ်ာ္သူနဲ႔ လမ္းခြဲလိုက္မွ တစ္ခ်ိန္မွာ ကိုယ္နဲ႔ သင့္ေတာ္တဲ့ ကိုယ့္လက္တြဲေဖာ္စစ္စစ္နဲ႔ ေတြ႕ဆံုရမယ့္ အခြင့္အေရးကို ရႏိုင္မွာပါေနာ္။ အဲဒါဆိုရင္ ကိုယ့္ဘဝႀကီးက အရမ္းကို သာယာလာမွာ အမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူရှိတဲ့ယောင်းတွေ၊ Relationship ရှိတဲ့ယောင်းတွေအနေနဲ့ ကိုယ့်ချစ်သူနဲ့လက်တွဲနေစဉ်ကာလတစ်လျှောက်မှာ သူဟာ ကိုယ့်ရဲ့လက်တွဲဖော်အစစ်အမှန် ဟုတ်မှဟုတ်ပါ့မလားဆိုပြီး တွေးဖူးခဲ့တဲ့အချိန်တွေများ ရှိခဲ့လား။ အဲဒီလို တွေးတတ်တာက သဘာဝကျပြီးလူတိုင်းလိုလိုပဲ ကိုယ့်ကိုယ်ကိုယ်အဲ့ဒီလိုပြန်လှန်မေးခွန်းထုတ်ဖူးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အထိပဲ ချစ်ပါစေ… သူနဲ့ ကိုယ်ဟာ လက်တွဲဖော်အစစ်အမှန်မဟုတ်ရင် ရှေ့ဆက်သွားရမယ့် လမ်းခရီးဟာမချောမွေ့နိုင်ပါဘူး။ ဒါဆိုရင် သူနဲ့ကိုယ်ဟာတစ်ကယ်မှန်ကန်တဲ့လက်တွဲဖော်တွေ ဟုတ်လားမဟုတ်လားဆိုတာတွေးကြည့်ရုံတင်မကဘူး သေသေချာချာဆုံးဖြတ်ဖို့ လိုလာပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့လက်ရှိချစ်သူက ကိုယ်နဲ့ တကယ်သင့်လျော်လား၊ ဒါမှမဟုတ် ကိုယ်နဲ့ လုံးဝ မသင့်လျော်တဲ့ လူလားဆိုတာကို ဒီအချက်တွေနဲ့ စစ်ကြည့်ပါဦး…

၁။ ရန်တွေမကြာခဏဖြစ်နေရပြီလား

အချစ်ရေးသက်တမ်းတစ်ခုမှာ ရန်မဖြစ်တဲ့ စုံတွဲဆိုတာ မရှိပါဘူး။ ရန်ဖြစ်ရခြင်းဟာလည်း အချစ်ရေးတစ်ခုမှာ သူမပါရင် မပြည့်စုံဘူးလို့တောင် ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း အရာရာတိုင်းမှာ အတိုင်းအတာဆိုတာ ရှိပါတယ်။ ကိစ္စသေးသေးလေးကနေစပြီး အကြီးကြီးတွေအထိ အရာရာတိုင်းမှာ သဘောထားကွဲလွဲနေတာ၊ တစ်ယောက်ကို တစ်ယောက် နားလည်မပေးနိုင်တာ ဒီလိုအခြေအနေတွေရှိနေပြီဆိုရင်တော့ ရှေ့ဆက်ရမယ့် ခရီးလမ်းကို ပြန်လည်သုံးသပ်သင့်နေပါပြီ။

၂။ သူနဲ့အတူရှိနေချိန်တွေဆို အလိုလိုနေရင်းမပျော်မိတော့ဘူးလား

ချစ်ကြသူတွေဆိုတာ အမြဲလိုလို တွေ့ချင်မြင်ချင်နေကြတာ သဘာဝပါပဲ။ အဲဒီလို သဘာဝနဲ့ ဆန့်ကျင်ပြီး အတူရှိနေကြတာက ဝတ္တရားတစ်ခုလို ဖြစ်နေရသလို အတူရှိနေချိန် မပျော်တာ၊ ဘယ်အချိန် သူ့ဘေးနားက ထသွားရမလဲလို့ စဉ်းစားနေမိတာ ဒီလိုတွေ ဖြစ်နေပြီဆိုရင်တော့ သူနဲ့ကိုယ်ဟာ တကယ့်လက်တွဲဖော်တွေဖြစ်ကြဖို့ ရာခိုင်နှုန်းနည်းသွားပါပြီ။

၃။ ဘဝအတွက် မတူညီတဲ့ စံနှုန်းတွေရှိတာ

လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ထားရှိတဲ့စံနှုန်းတွေ၊ ရည်မှန်းချက်တွေ၊ ဘဝအတွက် လက်ခံထားတဲ့ ယုံကြည်ချက်တွေ မတူညီကြပါဘူး။ လူသားအားလုံး မတူညီကြတာ သဘာဝကျသလို အားလုံးတူညီအောင်လုပ်ဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမဲ့ ထာဝရ လက်တွဲသွားရမယ့်သူတွေမှာ ဒီလို မတူညီမှုတွေရှိနေရင် တစ်သက်လုံး အဆင်ပြေပြေ လက်တွဲသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဥပမာ တစ်ယောက်က ဘဝမှာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အေးအေးချမ်းချမ်းလေးပဲနေသွားလို့ရမယ့် ဘဝမျိုးကို ပိုင်ဆိုင်ချင်ပြီး ကျန်တဲ့တစ်ယောက်ကတော့ ဘဝမှာ ဘယ်လို အခက်အခဲတွေပဲကြုံရပါစေ ချမ်းချမ်းသာသာ အောင်အောင်မြင်မြင်နဲ့ အများအားကျတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုတာမျိုး၊ တစ်ယောက်က အများအကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ချင်ပေမဲ့ တစ်ယောက်က ကိုယ့်အတွက်ပဲ ကိုယ် ဂရုစိုက်ဖို့လိုအပ်တယ်၊ အများအကျိုးအတွက်ဆောင်ရွက်နေရပေမဲ့ ကိုယ်ဒုက္ခရောက်ချိန်မှာ ဘယ်သူမှ ပြန်ကြည့်မယ့်သူမရှိဘူး။ ဒီလိုခံယူချက်မျိုးရှိနေရင် ဒီအချစ်ခရီးလမ်းက ဖြောင့်ဖြူးသာယာဖို့ မလွယ်ကူပါဘူး။

၄။ ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်ဘက်က ရပ်တည်ပေးသူလား

ကိုယ်လမ်းမှားရောက်နေတာကို ထောက်ခံပေးတာမျိုး မဟုတ်ပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေကို ထောက်ခံအားပေးတတ်တဲ့၊ ဘာပဲဖြစ်ဖြစ် မကြောက်နဲ့ မင်းနဲ့ငါအတူရှိတယ်လို့ အားပေးတတ်တဲ့ ချစ်သူမျိုးကိုပိုင်ဆိုင်ထားရတာတစ်ကယ့်ကံကောင်းမှုပါ။ ကိုယ် ဘာပဲလုပ်လုပ် အပြစ်မြင်နေတတ်တဲ့သူ၊ ကိုယ်နဲ့ ဘယ်သူပဲ ပြဿနာတွေဖြစ်ဖြစ် ကိုယ့်ဘက်က ခံစားနားလည်မပေးတတ်သူ ဒီလို လူမျိုးဆိုရင်တော့ ကိုယ့်လက်တွဲဖော်အဖြစ် ထာဝရလက်တွဲသွားဖို့ဖြစ်သင့်ရဲ့လားဆိုတာကို စဉ်းစားသင့်နေပါပြီ။

၅။ အယူပဲရှိပြီး အပေးမရှိတဲ့ ဆက်ဆံရေးမျိုးလား

အချစ်ရေးတစ်ခုဆိုတာ အပြန်အလှန် နားလည်ယုံကြည်မှုနဲ့တည်ဆောက်ရတာဖြစ်ပြီး ကိုယ့်အတွက် သူလိုအပ်ရင် အနစ်နာခံပေးသလိုမျိုး သူ့အတွက် ကိုယ်လိုအပ်ရင်လည်း အနစ်နာခံပေးရမှာပါ။ ဒါဟာလည်း အပြန်အလှန်ဖြစ်သင့်တာမို့ ကိုယ်ကပဲ အရာရာသူ့ကိုနားလည်ပေးရ အနစ်နာခံပေးရဖြစ်နေပေမဲ့ သူကတော့ ကိုယ်လိုအပ်ရင် မသိသလို မဆိုင်သလိုလုပ်နေမယ်ဆိုရင်တော့ သူ့ကိုဘာကြောင့်ဆက်ပြီး လက်တွဲနေဦးမှာလဲ။

၆။ အပြန်အလှန် လေးစားမှုရော ရှိရဲ့လား

ချစ်သူတွေဆိုတာ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားသမှုရှိဖို့ အရေးအကြီးဆုံးပါ။ တစ်ဖက်သားက ကိုယ့်ကို မလေးစားဘူးဆိုတာကို သိနိုင်တာတွေကအများကြီးပါ။ နှုတ်အားဖြင့် ကိုယ့်ကို မချေမငံဆက်ဆံတာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရအောင်လုပ်တာ၊ ကာယကံမြောက်လည်း ကိုယ့်ကို ထိခိုက်ခံစားရအောင်လုပ်တာ ဒီလိုအချက်တွေအားဖြင့် ကိုယ့်ကို လေးစားသမှု မရှိဘူးဆိုတာ သိနိုင်ပါတယ်။ ကိုယ့်ကို လေးစားမှုမရှိသူနဲ့လည်း ရှေ့ဆက်လက်တွဲဖို့ဆိုတာ ဘယ်လိုမှမဖြစ်သင့်ပါဘူး။

ဒါတွေကတော့ ကိုယ့်ချစ်သူဟာ ကိုယ့်ဘဝရဲ့လက်တွဲဖော်အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ သိနိုင်တဲ့အကြောင်းအရင်းတွေပါပဲ။ ဘဝဆိုတာအရှည်ကြီးမို့ ကိုယ့်လက်တွဲဖော် မဖြစ်သင့်တဲ့သူနား အပင်ပန်းခံပြီး ဆက်မနေဖို့ အကြံပေးပါရစေ ယောင်းရေ။ အခုအချိန် ကိုယ့်ဘေးနားမှာ ရှိနေတဲ့ ကိုယ်နဲ့ မသင့်လျော်သူနဲ့ လမ်းခွဲလိုက်မှ တစ်ချိန်မှာ ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ့်လက်တွဲဖော်စစ်စစ်နဲ့ တွေ့ဆုံရမယ့် အခွင့်အရေးကို ရနိုင်မှာပါနော်။ အဲဒါဆိုရင် ကိုယ့်ဘဝကြီးက အရမ်းကို သာယာလာမှာ အမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top