iMyanmarHouse.com - Best Property Website for Myanmar
×








Credit:  Nanmalagyi
# Unicode Version ဖြင့် ဖတ်ပါ #
မိတ်ကပ်ညီညီမောင် (စမ်းချောင်း) ရဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့ပွဲကိုဇူလိုင်လ(၂)ရက်နေ့ကUncle.MCစားသောက်ဆိုင်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။ မေးနေ့ပွဲမှာ သုသုက ချစ်သူအသစ်ကို မွေးနေ့ကိတ် အရင်ဆုံးခွံ့ကျွေးပြီး မီဒီယာတွေဆီ ချပြလိုက်တာဖြစ်ပါတယ်။လက်တွဲဖော်အသစ်ကိုလေ့လာနေဆဲဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တဲ့ သုသုရဲ့ ချစ်သူသစ်ကဘယ်သူလဲ ဆိုတာ ပြောချင်လွန်းလို့ပါ။

ပွဲမှာရောက်တဲ့ သုသုရဲ့ချစ်သူ အသစ်က Myanmar cele crazy နဲ့အင်တာဗျူးမှာခုလိုပြောသွားပါတယ်။

“ ကျွန်တော့်နာမည်က ပိုင်စိုးစံပါ။ သုသုနဲ့က ပွဲတစ်ပွဲမှာစခင် ရင်း ရင်းနှီးသွားတော့ ဖေ့စ်ဘွတ်မှာ စကားပြောဖြစ်ကြတယ်။ စကားပြောဖြစ်တယ်ဆိုတာ သူ့မိသားစု အကြောင်း ကိုယ့် မိသားစုအကြောင်းပြောရင်း ရင်းနှီးသွားကြတာပါ။

သူ့အနားမှာအားပေးမယ့်သူသိပ်မရှိဘူးထင်လို့အားပေးတယ်။သူငယ်ချင်းတစ်ယောက်အနေနဲ့အတတ်နိုင်ဆုံး နွေးနွေးထွေးထွေးနေပေးမယ်။ လေ့လာနေတုန်းဆိုပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ သိသင့်တယ်ထင်လို့ ပြောကြဆိုကြသိကြရုံပါပဲ။ နောင်လာမယ့်နေ့ရက်များစွာမှာသူ့ကိုသာယာပျော်ရွှင်တဲ့ဘဝမျိုးနဲ့ အေးအေးချမ်းချမ်းနေစေချင်တယ်။ အဲ့လိုမျိုးဖြစ်ပါစေလို့ ဆုတောင်းပေးတယ်။

လူဆိုတာ သူ့ခံယူချက်နဲ့သူပဲလေ။ သူကမိန်းကလေးတစ်ယောက်လို ခံယူထားတယ်။ ကျွန်တော့်မျက်လုံးထဲမှာ သူ့ကို မိန်းကလေးတစ်ယောက်လိုပဲမြင်မိပါတယ်” ဆိုပြီးပြောသွားပါတယ်။

မိတ်ကပ်ညီညီမောင် (စမ်းချောင်း) ရဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့ပွဲကိုဇူလိုင်လ(၂)ရက်နေ့ကUncle.MC စားသောက်ဆိုင်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။ မေးနေ့ပွဲမှာ သုသုက ချစ်သူအသစ်ကို မွေးနေ့ကိတ် အရင်ဆုံးခွံ့ကျွေးပြီး မီဒီယာတွေဆီ ချပြလိုက်တာဖြစ်ပါတယ်။လက်တွဲဖော်အသစ်ကိုလေ့လာနေဆဲဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တဲ့ သုသုရဲ့ ချစ်သူသစ်ကဘယ်သူလဲ ဆိုတာ ပြောချင်လွန်းလို့ပါ။


Credit:  Nanmalagyi
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top