iMyanmarHouse.com - Best Property Website for Myanmar
×




# Unicode Version ဖြင့် ဖတ်ပါ #
မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ beauty blogger တစ်ဦးဖြစ်တဲ့ အပြင် သရုပ်ဆောင်လောကမှာပါ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ နေခြည်ဦးကတော့ တဖြည်းဖြည်းနဲ့ ပရိသတ်တွေကြားမှာ ပိုပြီးတော့ အောင်မြင်ကျော်ကြားမှုတွေရရှိလာသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း မကြာခဏခံရတဲ့ ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မိကပ်ပြင်တဲ့အခါအဆင်ပြေစေဖို့ ပလတ်စတစ်ဆာဂျရီ လုပ်ဖြစ်မဲ့အကြောင်းလေးကိုပြောပြလာပါတယ်။“Korea မှာ နှစ်ပတ်ကြာမှာမယ်။ ပထမဦးဆုံး ပလတ်စတစ်ဆာဂျရီအတွက် နှာခေါင်းဖော်ပြီး မျက်ရစ်နည်းနည်းကြီးဖြစ်မှာပါ။ နှာခေါင်းကို နည်းနည်းပိုမြင့်ချင်တယ်၊ ထိပ်ကို ပိုရှည်ချင်တယ်။ Natural ပုံစံမပေါက်ချင်ဘူး။ ပို့စ်ပေးတဲ့အခါ၊ မိတ်ကပ်ပြင်တဲ့အခါကျရင် ပိုအဆင်ပြေအောင်လို့ ပြင်တာပါ။ နောက်ပိုင်း ပြင်ချင်တဲ့နေရာတွေလည်း ရှိပါသေးတယ်။ အပ်မကြောက်တတ်တဲ့သူမို့ အေးဆေးပဲ။ အရမ်းစိတ်လှုပ်ရှားပြီး အရမ်းပျော်နေတယ်” လို့ ပြောခဲ့ပါတယ်။

နေခြည်ကတော့ Beauty Blogger ဘက်မှာလည်း မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သလို သူမရဲ့ချစ်စရာကောင်းတဲ့ စကားပြောဟန်လေးကလည်း ဆွဲဆောင်နိုင်ပါတယ်။ နေခြည်ချစ်တဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေခဲ့ကြပါတယ်။ Korea မှာပလတ်စတစ် ဆာဂျရီ နေခြည်ဦးလေး ဘယ်လောက်ထိလှပ ပြောင်းလဲလာမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပရိတ်သတ်ကြီးရေ

ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarCelebrity
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top