iMyanmarHouse.com - Best Property Website for Myanmar
×
၎.အခက်အခဲ တွေကြားမထားခဲ့သူ
Credit: Marry
# Unicode Version ဖြင့် ဖတ်ပါ #
ချစ်သူက ကိုယ့်အပေါ် ချစ်မချစ် ဝေခွဲမရ ဖြစ်နေသေးတယ်ဆိုရင်တော့ ဒီစာစု လေးကို ပျိုပျိုမေတို့ အတွက် ဝေမျှပေးလိုက်ပါတယ်နော်..
ပျိုပျိုမေတို့ရေ ချစ်ရသူနဲ့ တွဲလာတာလည်း ကြာနေပြီ…ခုထိလည်း တစ်ကယ် ကိုယ့်အပေါ် ချစ်မချစ် ဝေခွဲမရ ဖြစ်နေသေးတယ်ဆိုရင်တော့ ဒီစာစု လေးကို ပျိုပျိုမေတို့ အတွက် ဝေမျှပေးလိုက်ပါတယ်နော်။
ယောကျ်ားလေးတွေရဲ့ စိတ်ခံစားချက်နဲ့ သဘောထား က မိန်းကလေးတွေလို မရိုးရှင်းဘဲ နားလည်ရခက်ပါတယ်။ သူတို့ ဘာတွေစဉ်းစားနေတယ်၊ ကိုယ့်အပေါ် ဘယ်လို သဘောထားတယ်ဆိုတာတွေက ထုတ်မပြောရင်တောင် အခုဖော်ပြပေးမယ့် အချက်တွေကိုကြည့်ပြီး အကဲဖြတ်လို့ ရစေရန် ဖော်ပြပေးလိုက်ပါတယ်။
၁. သူ့ဘဝနဲ့အနာဂတ်အကြောင်းသင့်ကိုပြောပြခြင်း
သင့်ချစ်သူက သင့်ကို အနာဂါတ် အစီအစဉ်တွေ အကြောင်းရင်ဖွင့်လာပြီဆိုရင် သင်ဟာ သူ့ဘဝအတွက် တစ်ထောင့်တစ်နေရာက အရေးပါနေသူ တစ်ဦးဖြစ်လို့ပဲ ဖြစ်ပါတယ်။ သူတို့အလေးမထားသူကို သူတို့ဘဝရဲ့ အစီအစဉ် တွေကိုပေးမသိစေပါဖူး။
၂.နှစ်ယောက်အတွက်စဉ်းစားခြင်း
သင်ချစ်သူက သင့်ကိုတစ်ကယ်ချစ်ခဲ့ရင် သူတစ်ယောက်တည်း အတွက် မတွေးဘဲ ဘယ်အရာမဆို နစ်ဦးသားအတွက် တွေးပါလိမ့်မယ်။
၃.သင်နဲ့နှစ်ယောက်တည်း အချိန်ဖြုန်းရတာကြိုက်ပါတယ်
သင့်ချစ်သူက တစ်ခြားရမ္မက်တွေမပါဘဲ သင်နဲ့ နှစ်ဦးတည်း အချိန်ဖြုန်း ပျော်ရွှင်ရတာကို နှစ်သက်သူဆိုရင်တော့ သင်ကံကောင်းပါတယ်နော်။
၄.အခက်အခဲ တွေကြားမထားခဲ့သူ
ချစ်သူဆိုတာ မိဘပြီးရင် ဒုတိယ အားကိုးရာပါ။ သင်ဘဝမှာ အခက်အခဲ ကြုံလာရချိန် သင့်ကို သူလက်မလွှတ်ခဲ့ရင် သင်လည်း သူ့ကို တစ်ဘဝစာ လက်မလွှတ်သင့်ပါဖူး။
၅. အသေးအဖွဲကအစအသိပေးခြင်း
သင့်ချစ်သူက သူဝယ်ခြမ်းမဲ့ အသေးအဖွဲလေးကအစ သင့်ကိုသိစေသူဆိုရင် သင့်ကိုအလေးအနက်ထားသူ အဖြစ် သင် ကျေနပ်နိုင်ပါတယ်။
၆. သင့်ကိုပျော်စေချင်သူ
ချစ်ရသူကိုပျော်စေချင်တာ ချစ်သူတိုင်းဖြစ်မှာပါ။ တစ်နည်းနည်းနဲ့ သင်ပျော်ရွှင်ဖို့ကြိုးစားပေးသူဆိုရင်တော့ သင့် အနေနဲ့လည်း ပျော်ရွှင်စရာတွေ ပြန်လည်ဆောင်ကျဉ်းပေးသင့်ပါတယ်။
Credit: Marry
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top