iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္သက္ ၃ ႏွစ္ေလာက္ၾကာအၿပီးမွာ အလန္ဇန္ဒရာေပါလ္ နဲ႔ သူမရဲ႕ခင္ပြန္း အန္ တို႔ဟာ သေႏၶတားေဆးေတြကို ၿငီးေငြ႕လာပါၿပီ။ ဒါေၾကာင့္ သူတို႔ ဇနီးေမာင္ႏွံ ၂ ဦး ပိုေကာင္းတဲ့ သေႏၶတားနည္းမ်ိဳးရွိလားဆိုတာကို စုံစမ္းခဲ့ၾကပါတယ္။ ေပါလ္ကိုယ္တိုင္ကလည္း သေႏၶတားေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ေၾကာက္လာတာေၾကာင့္ diaphragm လို႔ေခၚတဲ့ သားအိမ္အတြင္းသို႔ သုက္ မဝင္ေအာင္သုံးေသာ ေရာ္ဘာ (သို႔) ပလတ္စတစ္ပစၥည္း ကိုေျပာင္းသုံးၾကည့္ခဲ့ပါေသးတယ္။ ဒါေပမဲ့ diaphragm မွာလိမ္းထားတဲ့ သေႏၶမရေအာင္ တားဆီးေပးတဲ့ ဂ်ယ္လ္ေတြေၾကာင့္ သူမ ကူးစက္ေရာဂါေတြကို ခံစားရခဲ့တဲ့ေနာက္မွာ diaphragm လည္း အဆင္မေျပဘူးဆိုကာ ဒါကို ဆက္မသုံးေတာ့ပါဘူး။ ဒါေပမဲ့ သေႏၶတားနည္းမရွိတဲ့ သူတို႔ရဲ႕ အိမ္ေထာင္ေရးဟာ သူတို႔အတြက္ ေပ်ာ္႐ႊင္အမႈ အတိျပည့္ဝေနတဲ့ အိမ္ေထာင္ေရးေတာ့ မဟုတ္ခဲ့ပါဘူး။ သူတို႔ ၂ ေယာက္လုံးကလည္း ကေလး မလိုခ်င္ၾကပါဘူး။ ဒါနဲ႔ပဲ သူတို႔ ၂ ဦးလုံး အၿမဲတမ္း သေႏၶတားေပးႏိုင္တဲ့ နည္းလမ္းကို စုံစမ္းခဲ့ၾကပါတယ္။

ဒီမွာ ေမးခြန္းေလးေတြရွိလာပါၿပီ။ အၿမဲတမ္း သေႏၶတားနည္းကို ေယာက္်ားေလးက လုပ္သင့္လား၊ မိန္းကေလးက လုပ္သင့္လားဆိုတာပါပဲ။ အန္ ကိုယ္တိုင္ကလည္း ဇနီးျဖစ္သူ သေႏၶတားနည္း အမ်ိဳးမ်ိဳးနဲ႔ အလုပ္ရႈပ္ေနတာကို မၾကည့္ရက္ေတာ့ပါဘူး။ ဒါနဲ႔ပဲ ဒီတစ္ေခါက္ အၿမဲတမ္း သေႏၶတားနည္းကို သူပဲလုပ္မယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါနဲ႔ အန္ဟာ ေယာက္်ားသားေၾကာျဖတ္ျခင္း ကုသမႈ (vasectomy) ကို ခံယူခဲ့ပါတယ္။ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အခါမွာလည္း သူတို႔ လင္မယား ၂ဦးဟာ ဒီဆုံးျဖတ္ခ်က္အတြက္ေနာင္တ မရခဲ့ပါဘူး။ ေပါလ္ကေတာ့ “ ဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာပဲ ျဖစ္ျဖစ္ ကိုယ္ဝန္ရမွာကို စိတ္ပူေနစရာမလိုဘဲ လိင္ဆက္ဆံႏိုင္တာဟာ ကြၽန္မတို႔ ဇနီးေမာင္ႏွံအတြက္ေတာ့ အေပ်ာ္႐ႊင္ရဆုံးပါပဲ။ အခုဆို ကြၽန္မတို႔လည္း ဓာတုေဗဒ သေႏၶတားနည္းေတြကို မွီဝဲစရာ မလိုေတာ့ဘူး ” လို႔ရင္ဖြင့္ခဲ့ပါတယ္။

မိတ္ေဆြလည္း ကေလး မလိုခ်င္ဘူးဆိုတာ ေသခ်ာရင္၊ ဒါမွမဟုတ္ ကေလးေတြလည္း ရွိတယ္။ ေနာက္ထပ္ မလိုခ်င္ေတာ့ဘူးဆိုတာေသခ်ာရင္ အၿမဲတမ္း သေႏၶတားနည္းက မိတ္ေဆြအတြက္ ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးဆုံးျဖတ္လိုက္ၿပီဆိုရင္ ကိုယ့္ရဲ႕ ဆရာဝန္နဲ႔ သြားေဆြးေႏြးပါ။ ဒါဆိုရင္ မိတ္ေဆြအတြက္ ဆုံးျဖတ္ခ်က္ခ်ဖို႔ ပိုလြယ္ကူလာပါလိမ့္မယ္။

ေယာက္်ားေလးအတြက္ ေ႐ြးခ်ယ္ရန္- ေယာက္်ားသားေၾကာျဖတ္ျခင္း (Vasectomy)

ဒီနည္းဟာ သင့္ရဲ႕ သုတ္ေကာင္ေတြကို သုတ္ရည္ထဲ မေရာက္ေအာင္တားဆီးေပးႏိုင္ပါတယ္။ ဒီနည္းဟာ အလုပ္ျဖစ္တဲ့အတြက္ ေယာက္်ားေလး ေတာ္ေတာ္မ်ားမ်ားက အသုံးျပဳေလ့ရွိၾကပါတယ္။ ဒီနည္းလမ္းဟာဆိုရင္ ဆီးလမ္းေၾကာင္းနဲ႔ ေဝွးေစ့အၾကား ဆက္သြယ္ေပးတဲ့ လမ္းေၾကာင္း vas deferens ကိုျဖတ္ၿပီး ခ်ည္ေႏွာင္ရတဲ့ ခြဲစိတ္မႈတစ္ခု ျဖစ္ၿပီး ကိုယ္ဝန္ရႏိုင္ေျခကို ၉၉% အထိ ကာကြယ္ေပးႏိုင္ပါတယ္။  ဒါ့အျပင္ ဒီနည္းလမ္းဟာ ႐ိုးရွင္းၿပီး စိတ္ခ်ရတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။ ေဆး႐ုံမွာဆိုရင္ ၁၅ မိနစ္ကေန နာရီဝက္ေလာက္ ၾကာခ်ိန္နဲ႔တင္ ဒီခြဲစိတ္မႈကို ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ကူးစက္ေရာဂါနဲ႔ ေသြးအထြက္လြန္ျခင္းတို႔လည္း ျဖစ္ႏိုင္ေျခ နည္းပါးပါတယ္။

ဒီနည္းလမ္းကို လုပ္မယ္ဆိုရင္

မနာက်င္ေစဖို႔အတြက္ ပထမဆုံး ဆရာဝန္က သင့္ရဲ႕ ကပ္ပယ္အိတ္ကို ထုံေဆးေပးမွာ ျဖစ္ၿပီး အေရျပားကိုေဖာက္ကာ ဆီးလမ္းေၾကာင္းနဲ႔ ေဝွးေစ့အၾကား ဆက္သြယ္ေပးတဲ့ လမ္းေၾကာင္း vas deferens ကို ျဖတ္ေတာက္ ခ်ည္ေႏွာင္ေပးမွာ ျဖစ္ပါတယ္။ ဒီ Vas Deferens ကို ျဖတ္လိုက္ၿပီဆိုရင္ သုတ္ေကာင္ေတြက သုတ္ရည္ထဲ ေရာက္စရာ အေၾကာင္းမရွိတဲ့အတြက္ သင့္ရဲ႕ အိမ္ေထာင္ဖက္ကို ကိုယ္ဝန္ရေစဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ပါဘူး။ နည္းလမ္းေလးက ရွင္းပါတယ္။ ျဖတ္ေတာက္မယ္၊ ခ်ည္ေႏွာင္မယ္၊ အဲ့ဒါဆိုရင္ ခြဲစိတ္မႈ လုပ္ငန္းစဥ္ၿပီးပါၿပီ။ ခြဲစိတ္မႈၿပီးတာနဲ႔လည္း အျမန္သက္သာလာႏိုင္ပါတယ္။ ဒီခြဲစိတ္မႈအတြက္လည္း ခ်ဳပ္႐ိုးခ်ဳပ္စရာမလိုပါဘူး။ ခြဲစိတ္မႈၿပီးတာနဲ႔ အေနရအထိုင္ရ ခက္တာမ်ိဳး၊ ေယာင္ယမ္းေနတာမ်ိဳးေတာ့ ျဖစ္တတ္ပါတယ္။ ေရခဲအုပ္ေပးမယ္ဆိုရင္ သက္သာလာမွာပါ။ ခြဲစိတ္မႈၿပီး ၂ ရက္ေလာက္ၾကာရင္ ကိုယ္လုပ္ေနၾက အလုပ္ေတြကို ျပန္လုပ္လို႔ရပါၿပီ။ အမ်ိဳးသားတစ္ခ်ိဳ႕ကေတာ့ ဒီလိုခြဲစိတ္မႈလုပ္လိုက္ရင္ သူတို႔ရဲ႕ လိင္ဆက္ဆံႏိုင္စြမ္းကို ထိခိုက္ႏိုင္မလားဆိုၿပီး စိုးရိမ္ေလ့ရွိၾကပါတယ္။ ဒါေပမဲ့ ဒီလို သေႏၶတားနည္းက လိင္ဆက္ဆံမႈအေပၚ သက္ေရာက္မႈ မရွိပါဘူး။ ဝါရွင္တန္ တကၠသိုလ္ မိသားစု က်န္းမာေရးဆိုင္ရာ ဌာနမွ လက္ေထာက္ပါေမာကၡျဖစ္သူ ဂေရ႕စ္ ရွီလ္ (Grace Shih) ကေတာ့ “ ဒီလို သားေၾကာျဖတ္ခြဲစိတ္မႈအၿပီးမွာ အမ်ိဳးသားအမ်ားစုဟာ ပုံမွန္အတိုင္း ေထာင္မတ္ေနမွာ ျဖစ္ၿပီး သုတ္လႊတ္ျခင္းလည္း ရွိေနဦးမွာပါ။ ကြာျခားသြားမွာတစ္ခုကေတာ့ သင့္မွာ သုတ္ေကာင္ဆိုတာေတာ့ ရွိေတာ့မွာမဟုတ္ပါဘူး ” လို႔ဆိုပါတယ္။

ဒါ့အျပင္ ကိုယ္ဝန္ရမွာကို လုံးဝစိုးရိမ္စရာမလိုေတာ့တဲ့အတြက္ လိင္ဆက္ဆံရာမွာ သက္ေတာင့္သက္သာရွိတယ္လို႔ ေပါလ္ကေတာ့ဆိုပါတယ္။ ဒါေပမဲ့ ဒီလို ခြဲစိတ္မႈအၿပီး မွာ သတိထားစရာ အခ်က္အနည္းငယ္ေတာ့ ရွိပါတယ္။ ခြဲစိတ္မႈၿပီးၿပီးခ်င္း သုတ္ေကာင္မ်ား သင့္ရဲ႕ ခႏၶာကိုယ္ထဲက ကုန္စင္သြားေအာင္ ခဏအခ်ိန္ယူရဦးမွာ ျဖစ္ၿပီး အရန္ သေႏၶတားနည္း တစ္ခုခုကို အခ်ိန္ ၁၀ ပတ္ခန႔္ ဒါမွမဟုတ္ သုတ္ထြက္ႀကိမ္ အခါ ၂၀ ေလာက္ ေခတၱေစာင့္ရဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီခြဲစိတ္မႈ ခံယူဖို႔အတြက္ ေသခ်ာစဥ္းစားဖို႔လိုၿပီး ခြဲစိတ္မႈၿပီးလို႔ စိတ္ေျပာင္းသြားတယ္ဆိုရင္ေတာ့ ျပန္လုပ္ဖို႔ဆိုတာ ခက္ခဲတဲ့ ကိစၥတစ္ရပ္ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြကိုေတာ့ ေအာင္ေအာင္ျမင္ျမင္ Vas Deferens ကို ျပန္ဆက္ေပးႏိုင္ေပမဲ့ ကုသစရိတ္ကလည္း မ်ားျပားႏိုင္ၿပီး ခြဲစိတ္တိုင္း ေအာင္ျမင္မယ္လို႔ေတာ့ ေျပာလို႔မရႏိုင္ပါဘူး။ ဒါ့အျပင္ ဒီလိုျပန္ဆက္တဲ့ လုပ္ငန္းစဥ္ဟာ ပိုမိုခက္ခဲၿပီး ေဆး႐ုံမွာ လုပ္မယ္ဆိုရင္ နာရီေပါင္းမ်ားစြာ ၾကာျမင့္ႏိုင္ပါတယ္။



မိန္းကေလးေတြ အတြက္ ေ႐ြးခ်ယ္စရာ

ဒီလုပ္ငန္းစဥ္မွာဆိုရင္ ခြဲစိတ္ဆရာဝန္က အမ်ိဳးသမီးေတြရဲ႕ သားဥႁပြန္ကို ခ်ည္ေႏွာင္ပစ္မွာ ျဖစ္မွာ ျဖစ္ပါတယ္။ သားဥႁပြန္ေတြဟာ သားဥ အေစ့အိမ္ကေန သားအိမ္ဆီသို႔ ဥ သယ္ေဆာင္ေပးတဲ့ ႁပြန္ေတြျဖစ္ပါတယ္။ ဆရာဝန္ေတြကေတာ့ ဒီနည္းလမ္းကို tubal ligation လို႔ေခၚေလ့ရွိၾကပါတယ္။ ဒီနည္းလမ္းကလည္း ေယာက္်ားေလးေတြ သားေၾကာျဖတ္ျခင္းလို ကိုယ္ဝန္ရျခင္းကို ကာကြယ္ႏိုင္ၿပီး စိတ္ခ်ရတယ္ဆိုေပမဲ့ ေသြးထြက္ျခင္း၊ ကူးစက္ေရာဂါ ကူးစက္ျခင္း၊ တျခားအဂၤါေတြကို ထိခိုက္ႏိုင္ျခင္း၊ ေမ့ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြကို ခံစားရႏိုင္ျခင္း၊ သားအိမ္ျပင္ပ ကိုယ္ဝန္လြယ္ရျခင္း စတဲ့ အႏၲရာယ္ေတြ ျဖစ္ႏိုင္ေျခ ေတာ့ရွိပါတယ္။

တစ္ဖက္ကျပန္ၾကည့္ရင္လည္း ေလ့လာခ်က္ အသစ္ေတြအရ  သားဥႁပြန္ေတြကို ဖယ္ထုတ္လိုက္ျခင္းဟာ သားဥအိတ္ကင္ဆာကို ျဖစ္ႏိုင္ေခ်နည္းတယ္လို႔ ဆိုထားပါတယ္။ tubal ligation ကို ေဆး႐ုံမွာပဲ ျဖစ္ျဖစ္ ေဆးခန္းမွာပဲ ျဖစ္ျဖစ္ ခြဲစိတ္မယ္ဆိုရင္ နာရီဝက္ ခန႔္အထိ ၾကာႏိုင္ၿပီး ထိုေန႔မွာပဲ အိမ္ျပန္အနားယူႏိုင္မွာ ျဖစ္ပါတယ္။ အမ်ိဳးသမီး တစ္ခ်ိဳ႕ကေတာ့ ဒီခြဲစိတ္မႈကို C-section (Cesarean section) လို႔ေခၚတဲ့ ဗိုက္ခြဲေမြးအၿပီးမွာ တစ္ခါတည္း ျပဳလုပ္ေလ့ရွိတတ္ၾကပါတယ္။



ဒီနည္းလမ္းကို လုပ္မယ္ဆိုရင္ ျဖစ္တတ္တာေလးေတြ

ပထမဆုံး ဆရာဝန္က ခြဲစိတ္မႈ မျပဳလုပ္ခင္ ေမ့ေဆးေပးမွာ ျဖစ္ၿပီး သင့္ရဲ႕ ဗိုက္သားေအာက္ဘက္နားမွာ ခြဲစိတ္ရာ  ၂ ခု ခန႔္ ျပဳလုပ္ကာ မီးသီးေသးနဲ႔ ကင္မရာကို ဗိုက္ထဲ ထည့္မွာ ျဖစ္ပါတယ္။ ထိုေနာက္ သားဥႁပြန္ကို ကိရိယာ ေသးမ်ားနဲ႔ ဆြဲယူမွာ ျဖစ္ၿပီး သားဥႁပြန္ကို ျဖတ္ေတာက္ျခင္း၊ ခ်ည္ေႏွာင္ျခင္း၊ ညႇပ္ျခင္း နဲ႔ ပိတ္ဆို႔ျခင္း စတဲ့နည္းလမ္း တစ္ခုခုကို အသုံးျပဳမွာ ျဖစ္ပါတယ္။ ၿပီးရင္ သားဥႁပြန္ေတြကို ခ်ဳပ္႐ိုးနဲ႔ သီမွာ ျဖစ္ပါတယ္။ ဒီခြဲစိတ္မႈျပဳလုပ္အၿပီးမွာ မအီမသာျဖစ္တာမ်ိဳးရွိတတ္ၿပီး အကိုက္အခဲေပ်ာက္ေဆးမ်ားကို မွီဝဲႏိုင္ပါတယ္။ တျခား သေႏၶတားနည္းေတြလိုပဲ ဒီခြဲစိတ္မႈေၾကာင့္လည္း လိင္ဆက္ဆံမႈကို ေျပာင္းလဲေစမွာ မဟုတ္ပါဘူး။ ဒီခြဲစိတ္မႈ အၿပီးမွာ ဓမၼတာကေတာ့ ပုံမွန္လာေနမွာ ျဖစ္ပါတယ္။



မိန္းကေလးေတြ အတြက္ ေ႐ြးခ်ယ္စရာ (သားအိမ္ႁပြန္ကို ၿမဳံေအာင္လုပ္ျခင္း)

Hysteroscopic sterilization ဆိုတာဟာ သားဥႁပြန္ထဲ ပစၥည္း အေသးေလးထည့္ကာ ဒီပစၥည္းက တစ္ရႈးေတြကို ႀကီးထြားလာေစၿပီး ႁပြန္မ်ားကို ပိတ္ဆို႔ေအာင္လုပ္ရတဲ့ နည္းပညာျဖစ္ပါတယ္။ ဘာခြဲစိတ္စရာမွ မလိုအပ္ပါဘူး။ ဒီၿမဳံေအာင္လုပ္တဲ့ေနရာမွာ Essure လို႔ေခၚတဲ့ ပစၥည္းေလးကို ထည့္သြင္းကာ အသုံးျပဳရၿပီး ဆရာဝန္က ေသးငယ္ၿပီး စပရင္ကဲ့သို႔ ပစၥည္းေလးကို သင့္ရဲ႕သားဥႁပြန္ထဲ ထည့္ကာ ဒီပစၥည္းက ႁပြန္ထဲမွာ အမာ႐ြတ္တစ္ရႈးေတြ ျဖစ္ေပၚေစၿပီး ႁပြန္ကို အၿမဲတမ္းပိတ္ဆို႔ေနေစမွာ ျဖစ္ပါတယ္။ ဒီကုသမႈကလည္း ၁၅ မိနစ္ခန႔္သာၾကာမွာျဖစ္ၿပီး ဆရာဝန္က ေမြးလမ္းေၾကာင္းထဲမွ Essure ကို ထည့္ေပးမွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းမွာဆိုရင္ ဓမၼတာလာတဲ့အခါ နာက်င္ျခင္း၊ ႂကြက္သားေအာင့္ျခင္း၊ ေသြးထြက္ျခင္းမ်ား ကို ခံစားရႏိုင္ပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ ဒီပစၥည္းနဲ႔ ဓတ္မတည့္တဲ့အတြက္ ဒီပစၥည္းကို ျပန္လည္ခြဲထုတ္ရတဲ့ အခါမ်ိဳးေတြလည္းရွိတတ္ပါတယ္။ ဒီလို အျဖစ္မ်ိဳးကို စိုးရိမ္တယ္ဆိုရင္ေတာ့ မိမိရဲ႕ ဆရာဝန္နဲ႔ ဒီကုသမႈကို မခံယူခင္ ေသခ်ာေဆြးေႏြးဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ ဒီနည္းလမ္းဟာလည္း ၉၉ % ခန႔္ အက်ိဳးသက္ေရာက္မႈရွိေပမဲ့ အမာ႐ြတ္ျဖစ္ေပၚဖို႔အတြက္ အခ်ိန္တစ္ခုလိုအပ္တဲ့အတြက္ အရန္သေႏၶတားနည္းတစ္မ်ိဳးကို ၃ လေလာက္အထိ မွီဝဲသင့္ပါတယ္။

ဆုံးျဖတ္ခ်က္ခ်ရန္

ဘယ္လို သေႏၶတားနည္းမ်ိဳးက မိမိနဲ႔ အသင့္ေတာ္ဆုံးလဲဆိုတာ ကိုယ့္ဘာသာေ႐ြးခ်ယ္ဆုံး ျဖတ္ဖို႔လိုပါတယ္။ အထက္မွာ ေျပာခဲ့တဲ့ ဇနီးေမာင္ႏွံကေတာ့ vasectomy လို႔ေခၚတဲ့ ေယာက္်ားသားေၾကာျဖတ္ျခင္းဟာ အျမန္ဆုံးျပဳလုပ္ႏိုင္ၿပီး အႏၲရာယ္နည္းပါးတဲ့အတြက္ သူတို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလို အၿမဲတမ္း သေႏၶတားနည္းေတြ ျပဳလုပ္မယ္ဆိုရင္ မိမိတို႔ ဇနီးေမာင္ႏွံ ၂ ဦးဟာ အနာဂတ္မွာလည္း ကေလးမလိုခ်င္ေၾကာင္း ၁၀၀ % ေသခ်ာမွ ဆုံးျဖတ္သင့္ေၾကာင္း အသိေပးရင္း ဒီေဆာင္းပါးကို နိဂုံးခ်ဳပ္လိုက္ရပါတယ္ ခင္ဗ်ာ။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်ထောင်သက် ၃ နှစ်လောက်ကြာအပြီးမှာ အလန်ဇန်ဒရာပေါလ် နဲ့ သူမရဲ့ခင်ပွန်း အန် တို့ဟာ သန္ဓေတားဆေးတွေကို ငြီးငွေ့လာပါပြီ။ ဒါကြောင့် သူတို့ ဇနီးမောင်နှံ ၂ ဦး ပိုကောင်းတဲ့ သန္ဓေတားနည်းမျိုးရှိလားဆိုတာကို စုံစမ်းခဲ့ကြပါတယ်။ ပေါလ်ကိုယ်တိုင်ကလည်း သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြောက်လာတာကြောင့် diaphragm လို့ခေါ်တဲ့ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးသော ရော်ဘာ (သို့) ပလတ်စတစ်ပစ္စည်း ကိုပြောင်းသုံးကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ diaphragm မှာလိမ်းထားတဲ့ သန္ဓေမရအောင် တားဆီးပေးတဲ့ ဂျယ်လ်တွေကြောင့် သူမ ကူးစက်ရောဂါတွေကို ခံစားရခဲ့တဲ့နောက်မှာ diaphragm လည်း အဆင်မပြေဘူးဆိုကာ ဒါကို ဆက်မသုံးတော့ပါဘူး။ ဒါပေမဲ့ သန္ဓေတားနည်းမရှိတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သူတို့အတွက် ပျော်ရွှင်အမှု အတိပြည့်ဝနေတဲ့ အိမ်ထောင်ရေးတော့ မဟုတ်ခဲ့ပါဘူး။ သူတို့ ၂ ယောက်လုံးကလည်း ကလေး မလိုချင်ကြပါဘူး။ ဒါနဲ့ပဲ သူတို့ ၂ ဦးလုံး အမြဲတမ်း သန္ဓေတားပေးနိုင်တဲ့ နည်းလမ်းကို စုံစမ်းခဲ့ကြပါတယ်။

ဒီမှာ မေးခွန်းလေးတွေရှိလာပါပြီ။ အမြဲတမ်း သန္ဓေတားနည်းကို ယောက်ျားလေးက လုပ်သင့်လား၊ မိန်းကလေးက လုပ်သင့်လားဆိုတာပါပဲ။ အန် ကိုယ်တိုင်ကလည်း ဇနီးဖြစ်သူ သန္ဓေတားနည်း အမျိုးမျိုးနဲ့ အလုပ်ရှုပ်နေတာကို မကြည့်ရက်တော့ပါဘူး။ ဒါနဲ့ပဲ ဒီတစ်ခေါက် အမြဲတမ်း သန္ဓေတားနည်းကို သူပဲလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ အန်ဟာ ယောက်ျားသားကြောဖြတ်ခြင်း ကုသမှု (vasectomy) ကို ခံယူခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါမှာလည်း သူတို့ လင်မယား ၂ဦးဟာ ဒီဆုံးဖြတ်ချက်အတွက်နောင်တ မရခဲ့ပါဘူး။ ပေါလ်ကတော့ “ ဘယ်လိုအချိန်၊ ဘယ်လိုနေရာပဲ ဖြစ်ဖြစ် ကိုယ်ဝန်ရမှာကို စိတ်ပူနေစရာမလိုဘဲ လိင်ဆက်ဆံနိုင်တာဟာ ကျွန်မတို့ ဇနီးမောင်နှံအတွက်တော့ အပျော်ရွှင်ရဆုံးပါပဲ။ အခုဆို ကျွန်မတို့လည်း ဓာတုဗေဒ သန္ဓေတားနည်းတွေကို မှီဝဲစရာ မလိုတော့ဘူး ” လို့ရင်ဖွင့်ခဲ့ပါတယ်။

မိတ်ဆွေလည်း ကလေး မလိုချင်ဘူးဆိုတာ သေချာရင်၊ ဒါမှမဟုတ် ကလေးတွေလည်း ရှိတယ်။ နောက်ထပ် မလိုချင်တော့ဘူးဆိုတာသေချာရင် အမြဲတမ်း သန္ဓေတားနည်းက မိတ်ဆွေအတွက် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ ဆရာဝန်နဲ့ သွားဆွေးနွေးပါ။ ဒါဆိုရင် မိတ်ဆွေအတွက် ဆုံးဖြတ်ချက်ချဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။



ယောက်ျားလေးအတွက် ရွေးချယ်ရန်- ယောက်ျားသားကြောဖြတ်ခြင်း (Vasectomy)

ဒီနည်းဟာ သင့်ရဲ့ သုတ်ကောင်တွေကို သုတ်ရည်ထဲ မရောက်အောင်တားဆီးပေးနိုင်ပါတယ်။ ဒီနည်းဟာ အလုပ်ဖြစ်တဲ့အတွက် ယောက်ျားလေး တော်တော်များများက အသုံးပြုလေ့ရှိကြပါတယ်။ ဒီနည်းလမ်းဟာဆိုရင် ဆီးလမ်းကြောင်းနဲ့ ဝှေးစေ့အကြား ဆက်သွယ်ပေးတဲ့ လမ်းကြောင်း vas deferens ကိုဖြတ်ပြီး ချည်နှောင်ရတဲ့ ခွဲစိတ်မှုတစ်ခု ဖြစ်ပြီး ကိုယ်ဝန်ရနိုင်ခြေကို ၉၉% အထိ ကာကွယ်ပေးနိုင်ပါတယ်။  ဒါ့အပြင် ဒီနည်းလမ်းဟာ ရိုးရှင်းပြီး စိတ်ချရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဆေးရုံမှာဆိုရင် ၁၅ မိနစ်ကနေ နာရီဝက်လောက် ကြာချိန်နဲ့တင် ဒီခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါနဲ့ သွေးအထွက်လွန်ခြင်းတို့လည်း ဖြစ်နိုင်ခြေ နည်းပါးပါတယ်။



ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်

မနာကျင်စေဖို့အတွက် ပထမဆုံး ဆရာဝန်က သင့်ရဲ့ ကပ်ပယ်အိတ်ကို ထုံဆေးပေးမှာ ဖြစ်ပြီး အရေပြားကိုဖောက်ကာ ဆီးလမ်းကြောင်းနဲ့ ဝှေးစေ့အကြား ဆက်သွယ်ပေးတဲ့ လမ်းကြောင်း vas deferens ကို ဖြတ်တောက် ချည်နှောင်ပေးမှာ ဖြစ်ပါတယ်။ ဒီ Vas Deferens ကို ဖြတ်လိုက်ပြီဆိုရင် သုတ်ကောင်တွေက သုတ်ရည်ထဲ ရောက်စရာ အကြောင်းမရှိတဲ့အတွက် သင့်ရဲ့ အိမ်ထောင်ဖက်ကို ကိုယ်ဝန်ရစေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နည်းလမ်းလေးက ရှင်းပါတယ်။ ဖြတ်တောက်မယ်၊ ချည်နှောင်မယ်၊ အဲ့ဒါဆိုရင် ခွဲစိတ်မှု လုပ်ငန်းစဉ်ပြီးပါပြီ။ ခွဲစိတ်မှုပြီးတာနဲ့လည်း အမြန်သက်သာလာနိုင်ပါတယ်။ ဒီခွဲစိတ်မှုအတွက်လည်း ချုပ်ရိုးချုပ်စရာမလိုပါဘူး။ ခွဲစိတ်မှုပြီးတာနဲ့ အနေရအထိုင်ရ ခက်တာမျိုး၊ ယောင်ယမ်းနေတာမျိုးတော့ ဖြစ်တတ်ပါတယ်။ ရေခဲအုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။ ခွဲစိတ်မှုပြီး ၂ ရက်လောက်ကြာရင် ကိုယ်လုပ်နေကြ အလုပ်တွေကို ပြန်လုပ်လို့ရပါပြီ။ အမျိုးသားတစ်ချို့ကတော့ ဒီလိုခွဲစိတ်မှုလုပ်လိုက်ရင် သူတို့ရဲ့ လိင်ဆက်ဆံနိုင်စွမ်းကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလို သန္ဓေတားနည်းက လိင်ဆက်ဆံမှုအပေါ် သက်ရောက်မှု မရှိပါဘူး။ ဝါရှင်တန် တက္ကသိုလ် မိသားစု ကျန်းမာရေးဆိုင်ရာ ဌာနမှ လက်ထောက်ပါမောက္ခဖြစ်သူ ဂရေ့စ် ရှီလ် (Grace Shih) ကတော့ “ ဒီလို သားကြောဖြတ်ခွဲစိတ်မှုအပြီးမှာ အမျိုးသားအများစုဟာ ပုံမှန်အတိုင်း ထောင်မတ်နေမှာ ဖြစ်ပြီး သုတ်လွှတ်ခြင်းလည်း ရှိနေဦးမှာပါ။ ကွာခြားသွားမှာတစ်ခုကတော့ သင့်မှာ သုတ်ကောင်ဆိုတာတော့ ရှိတော့မှာမဟုတ်ပါဘူး ” လို့ဆိုပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ရမှာကို လုံးဝစိုးရိမ်စရာမလိုတော့တဲ့အတွက် လိင်ဆက်ဆံရာမှာ သက်တောင့်သက်သာရှိတယ်လို့ ပေါလ်ကတော့ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ခွဲစိတ်မှုအပြီး မှာ သတိထားစရာ အချက်အနည်းငယ်တော့ ရှိပါတယ်။ ခွဲစိတ်မှုပြီးပြီးချင်း သုတ်ကောင်များ သင့်ရဲ့ ခန္ဓာကိုယ်ထဲက ကုန်စင်သွားအောင် ခဏအချိန်ယူရဦးမှာ ဖြစ်ပြီး အရန် သန္ဓေတားနည်း တစ်ခုခုကို အချိန် ၁၀ ပတ်ခန့် ဒါမှမဟုတ် သုတ်ထွက်ကြိမ် အခါ ၂၀ လောက် ခေတ္တစောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခွဲစိတ်မှု ခံယူဖို့အတွက် သေချာစဉ်းစားဖို့လိုပြီး ခွဲစိတ်မှုပြီးလို့ စိတ်ပြောင်းသွားတယ်ဆိုရင်တော့ ပြန်လုပ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ တစ်ချို့သော အမျိုးသားတွေကိုတော့ အောင်အောင်မြင်မြင် Vas Deferens ကို ပြန်ဆက်ပေးနိုင်ပေမဲ့ ကုသစရိတ်ကလည်း များပြားနိုင်ပြီး ခွဲစိတ်တိုင်း အောင်မြင်မယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။ ဒါ့အပြင် ဒီလိုပြန်ဆက်တဲ့ လုပ်ငန်းစဉ်ဟာ ပိုမိုခက်ခဲပြီး ဆေးရုံမှာ လုပ်မယ်ဆိုရင် နာရီပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။



မိန်းကလေးတွေ အတွက် ရွေးချယ်စရာ

ဒီလုပ်ငန်းစဉ်မှာဆိုရင် ခွဲစိတ်ဆရာဝန်က အမျိုးသမီးတွေရဲ့ သားဥပြွန်ကို ချည်နှောင်ပစ်မှာ ဖြစ်မှာ ဖြစ်ပါတယ်။ သားဥပြွန်တွေဟာ သားဥ အစေ့အိမ်ကနေ သားအိမ်ဆီသို့ ဥ သယ်ဆောင်ပေးတဲ့ ပြွန်တွေဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီနည်းလမ်းကို tubal ligation လို့ခေါ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ယောက်ျားလေးတွေ သားကြောဖြတ်ခြင်းလို ကိုယ်ဝန်ရခြင်းကို ကာကွယ်နိုင်ပြီး စိတ်ချရတယ်ဆိုပေမဲ့ သွေးထွက်ခြင်း၊ ကူးစက်ရောဂါ ကူးစက်ခြင်း၊ တခြားအင်္ဂါတွေကို ထိခိုက်နိုင်ခြင်း၊ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ခြင်း၊ သားအိမ်ပြင်ပ ကိုယ်ဝန်လွယ်ရခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်နိုင်ခြေ တော့ရှိပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်လည်း လေ့လာချက် အသစ်တွေအရ  သားဥပြွန်တွေကို ဖယ်ထုတ်လိုက်ခြင်းဟာ သားဥအိတ်ကင်ဆာကို ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုထားပါတယ်။ tubal ligation ကို ဆေးရုံမှာပဲ ဖြစ်ဖြစ် ဆေးခန်းမှာပဲ ဖြစ်ဖြစ် ခွဲစိတ်မယ်ဆိုရင် နာရီဝက် ခန့်အထိ ကြာနိုင်ပြီး ထိုနေ့မှာပဲ အိမ်ပြန်အနားယူနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ချို့ကတော့ ဒီခွဲစိတ်မှုကို C-section (Cesarean section) လို့ခေါ်တဲ့ ဗိုက်ခွဲမွေးအပြီးမှာ တစ်ခါတည်း ပြုလုပ်လေ့ရှိတတ်ကြပါတယ်။



ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် ဖြစ်တတ်တာလေးတွေ

ပထမဆုံး ဆရာဝန်က ခွဲစိတ်မှု မပြုလုပ်ခင် မေ့ဆေးပေးမှာ ဖြစ်ပြီး သင့်ရဲ့ ဗိုက်သားအောက်ဘက်နားမှာ ခွဲစိတ်ရာ  ၂ ခု ခန့် ပြုလုပ်ကာ မီးသီးသေးနဲ့ ကင်မရာကို ဗိုက်ထဲ ထည့်မှာ ဖြစ်ပါတယ်။ ထိုနောက် သားဥပြွန်ကို ကိရိယာ သေးများနဲ့ ဆွဲယူမှာ ဖြစ်ပြီး သားဥပြွန်ကို ဖြတ်တောက်ခြင်း၊ ချည်နှောင်ခြင်း၊ ညှပ်ခြင်း နဲ့ ပိတ်ဆို့ခြင်း စတဲ့နည်းလမ်း တစ်ခုခုကို အသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးရင် သားဥပြွန်တွေကို ချုပ်ရိုးနဲ့ သီမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုပြုလုပ်အပြီးမှာ မအီမသာဖြစ်တာမျိုးရှိတတ်ပြီး အကိုက်အခဲပျောက်ဆေးများကို မှီဝဲနိုင်ပါတယ်။ တခြား သန္ဓေတားနည်းတွေလိုပဲ ဒီခွဲစိတ်မှုကြောင့်လည်း လိင်ဆက်ဆံမှုကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒီခွဲစိတ်မှု အပြီးမှာ ဓမ္မတာကတော့ ပုံမှန်လာနေမှာ ဖြစ်ပါတယ်။



မိန်းကလေးတွေ အတွက် ရွေးချယ်စရာ (သားအိမ်ပြွန်ကို မြုံအောင်လုပ်ခြင်း)

Hysteroscopic sterilization ဆိုတာဟာ သားဥပြွန်ထဲ ပစ္စည်း အသေးလေးထည့်ကာ ဒီပစ္စည်းက တစ်ရှုးတွေကို ကြီးထွားလာစေပြီး ပြွန်များကို ပိတ်ဆို့အောင်လုပ်ရတဲ့ နည်းပညာဖြစ်ပါတယ်။ ဘာခွဲစိတ်စရာမှ မလိုအပ်ပါဘူး။ ဒီမြုံအောင်လုပ်တဲ့နေရာမှာ Essure လို့ခေါ်တဲ့ ပစ္စည်းလေးကို ထည့်သွင်းကာ အသုံးပြုရပြီး ဆရာဝန်က သေးငယ်ပြီး စပရင်ကဲ့သို့ ပစ္စည်းလေးကို သင့်ရဲ့သားဥပြွန်ထဲ ထည့်ကာ ဒီပစ္စည်းက ပြွန်ထဲမှာ အမာရွတ်တစ်ရှုးတွေ ဖြစ်ပေါ်စေပြီး ပြွန်ကို အမြဲတမ်းပိတ်ဆို့နေစေမှာ ဖြစ်ပါတယ်။ ဒီကုသမှုကလည်း ၁၅ မိနစ်ခန့်သာကြာမှာဖြစ်ပြီး ဆရာဝန်က မွေးလမ်းကြောင်းထဲမှ Essure ကို ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာဆိုရင် ဓမ္မတာလာတဲ့အခါ နာကျင်ခြင်း၊ ကြွက်သားအောင့်ခြင်း၊ သွေးထွက်ခြင်းများ ကို ခံစားရနိုင်ပါတယ်။ တစ်ချို့အမျိုးသမီးတွေကတော့ ဒီပစ္စည်းနဲ့ ဓတ်မတည့်တဲ့အတွက် ဒီပစ္စည်းကို ပြန်လည်ခွဲထုတ်ရတဲ့ အခါမျိုးတွေလည်းရှိတတ်ပါတယ်။ ဒီလို အဖြစ်မျိုးကို စိုးရိမ်တယ်ဆိုရင်တော့ မိမိရဲ့ ဆရာဝန်နဲ့ ဒီကုသမှုကို မခံယူခင် သေချာဆွေးနွေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း ၉၉ % ခန့် အကျိုးသက်ရောက်မှုရှိပေမဲ့ အမာရွတ်ဖြစ်ပေါ်ဖို့အတွက် အချိန်တစ်ခုလိုအပ်တဲ့အတွက် အရန်သန္ဓေတားနည်းတစ်မျိုးကို ၃ လလောက်အထိ မှီဝဲသင့်ပါတယ်။

ဆုံးဖြတ်ချက်ချရန်

ဘယ်လို သန္ဓေတားနည်းမျိုးက မိမိနဲ့ အသင့်တော်ဆုံးလဲဆိုတာ ကိုယ့်ဘာသာရွေးချယ်ဆုံး ဖြတ်ဖို့လိုပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ဇနီးမောင်နှံကတော့ vasectomy လို့ခေါ်တဲ့ ယောက်ျားသားကြောဖြတ်ခြင်းဟာ အမြန်ဆုံးပြုလုပ်နိုင်ပြီး အန္တရာယ်နည်းပါးတဲ့အတွက် သူတို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အမြဲတမ်း သန္ဓေတားနည်းတွေ ပြုလုပ်မယ်ဆိုရင် မိမိတို့ ဇနီးမောင်နှံ ၂ ဦးဟာ အနာဂတ်မှာလည်း ကလေးမလိုချင်ကြောင်း ၁၀၀ % သေချာမှ ဆုံးဖြတ်သင့်ကြောင်း အသိပေးရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါတယ် ခင်ဗျာ။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top