iMyanmarHouse.com - Best Property Website for Myanmar
×

ဒီ၂၀၁၈ထဲမွာ ဇာတာရွင္ဟာ ေျဖးေျဖးမွန္မွန္နဲ႔ ေရွ႕ဆက္ရမဲ့ ႏွစ္ပါပဲ။ဘာမွအေျပာင္းအလဲမလုပ္ပါနဲ႔ ။ လုပ္မိတဲ့အေျပာင္းအလဲက ေသခ်င္တဲ့က်ားေတာေျပာင္းဆိုတဲ့ စကားပံုအတိုင္းျဖစ္လိမ့္မယ္။ အရင္ႏွစ္က လုပ္ေနၾကပံုစံအတိုင္း လုပ္ေဆာင္သြားပါ။ လမ္းအိုလိုက္ပါ။ လမ္းသစ္မထြင္ပါနဲ႔ ။ အလ်င္းလို အေႏွးျဖစ္တတ္တဲ့ ႏွစ္ပါပဲ။ မိမိစိတ္ထဲမွာ အရမ္းတက္ႂကြေနပါလိမ့္မယ္။ သူေဌးျဖစ္ ေခြးျဖစ္လုပ္ခ်င္ေနတတ္ပါတယ္။ ခ်င့္ခ်ိန္စဥ္းစားၿပီးေတာ့ လုပ္ေဆာင္မယ္ဆိုရင္ေတာ့ ကံသိပ္မညံ့တဲ့ ႏွစ္တစ္ခုပါပဲ။
#အခ်စ္ေရးက႑
ဒီႏွစ္ထဲ ခ်စ္သူနဲ႔ စိတ္ေကာက္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ေနရလိမ့္မယ္။ ရန္ျဖစ္လိုက္ တစ္လေလာက္မေခၚလိုက္ ျပန္တည့္သြားလိုက္ဆိုတာမ်ိဳးေပါ့။ ခ်စ္သူက မိမိကို အထင္ခဏခဏလြဲေနတတ္တယ္။ ဒါေၾကာင့္ပဲ ဘာမဟုတ္တဲ့ ကိစၥေလးေတြနဲ႔ ခဏခဏရွင္းျပေနရလိမ့္မယ္။ ခ်စ္သူေရွ႕ေရာက္ၿပီဆိုတာနဲ႔ သတိကပ္ထားပါ။ စကားအမွား အျပဳအမူအမွားေတြ မလုပ္မိေစနဲ႔ ။ သူေျပာသမွ်လက္ညိႈးေထာင္ ေခါင္းညိတ္လုပ္ရင္ေတာ့ ဒီႏွစ္အခ်စ္ေရးေသာကကင္းမွာပါ။ လက္ထပ္ဖို႔ခ်စ္သူကို ေျပာရင္ေတာ့ သူက ရက္ေရြႊ႕ပါလိမ့္မယ္။ အဆင္သင့္မျဖစ္ေသးဘူး…ေငြမရွိဘူး စတဲ့အေၾကာင္းျပခ်က္ေတြ မ႐ိုးႏိုင္ေအာင္ေပးပါလိမ့္မယ္။ အခ်ိဳ႕ကေတာ့ ခ်စ္သူႏွစ္ဦးလက္ထပ္ခ်င္ေပမဲ့ ႏွစ္ဖက္မိဘသေဘာမတူတာမ်ိဳးေၾကာင့္ မဂၤလာေဆာင္ဖို႔ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ခ်စ္သူရဖို႔ ႀကိဳးစားေနသူေတြအတြက္ကေတာ့ ဒီႏွစ္ထဲခ်စ္ရသူက မိမိကိုျပန္ခ်စ္ဖို႔ အခ်ိန္ဆြဲေနတတ္ပါတယ္။ မိမိကိုခ်စ္တဲ့ အရိပ္အေယာင္ေတြျပၿပီး လက္ေတြ႕မွာေတာ့ ေသြးေအးေနတတ္ပါတယ္။
#အိမ္ေထာင္ေရးက႑
ဒီႏွစ္ထဲ အိမ္ေထာင္ေရးကသိပ္မညံ့ပါဘူး။ ဒါေပမဲ့ အိမ္ေထာင္ေရးသုခေတာ့ နည္းပါလိမ့္မယ္။ ဥပမာအိမ္ေထာင္ဘက္က အလုပ္ေၾကာင့္ အေဝးေရာက္ေနရတာ ႏိုင္ငံျခားသြားေနတာ စသည္ျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္ေထာင္ဘက္နဲ႔ ေဝးေနရတတ္ပါတယ္။ အေနနီးေနတဲ့ ဇနီးေမာင္ႏွံေတြလဲ အေပးအယူမမွ်ဘဲ အိမ္ေထာင္ေရးသုခနည္းတတ္ၾကပါတယ္။ သတိထားစရာကိစၥက သူ႔အသိုင္းအဝိုင္းကို ေထာက္ပံ့ေနတာမ်ိဳးရွိတဲ့အခါ မိမိကအဲဒီကိစၥကို ေျပာမိတာမ်ိဳးရွိရင္ေတာ့ ျပႆ နာတတ္ႏိုင္ပါတယ္။ အိမ္ေထာင္ဘက္ကိုလႊတ္ထားရမယ္ဆိုလိုတာမဟုတ္ပါဘူး။ အရမ္းႀကီးလြန္ေနတာမ်ိဳးမဟုတ္ရင္ ဥေပကၡာျပဳထားလိုက္ပါဗ်။ ကိုယ့္အိမ္ေထာင္ဘက္က ဗုဒၶဟူးသားသမီးဆိုရင္ေတာ့ ဒီႏွစ္အိမ္ေထာင္ေရးဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္ဗ် ။
#အလုပ္စီးပြားက႑
လုပ္ငန္းစီးပြားကေတာ့ ႀကိဳးတန္းေပၚလမ္းေလွ်ာက္ရသလိုပါပဲ။ ေျခတစ္လွမ္းမွားၿပီး ဟန္ခ်က္လြဲတာနဲ႔ ျပဳတ္က်သြားႏိုင္ပါတယ္။ ဒီႏွစ္မိမိအလုပ္ကို အာရံုစိုက္ထားပါ။ စီးပြားေရးကေတာ့ တေျဖးေျဖးနဲ႔ တိုးတတ္မွာပါ။ ေရွာင္ရမွာက စပ္တူရွယ္ယာပါ။ ကားလုပ္ငန္းနဲ႔ ကုန္သြယ္မႈလုပ္ငန္းေတြကေတာ့ အားနည္းမဲ့ႏွစ္ပါပဲ။ ႏိုင္ငံျခား သြားၿပီးစီးပြားရွာမဲ့သူေတြ ဒီႏွစ္အဆင္မေျပႏိုင္ေသးပါ။ ေဆးက်တာ ၊Rejectထိၿပီးျပန္လာရတာမ်ိဳးေတြ ရွိတတ္ပါတယ္။
ႏိုင္ငံျခားမွာအလိမ္ခံရတာမ်ိဳးလဲ ၾကံဳရတတ္တယ္ေပါ့ဗ်ာ။ လခစားဝန္ထမ္းမ်ား အလုပ္ထြက္ၿပီး အလုပ္သစ္ေျပာင္းမယ္စိတ္ကူးရင္ ထိုအစီအစဥ္ကို ျပန္လည္သံုးသပ္ပါအံုး။ ကံအရေတာ့ လက္ရွိအလုပ္ထက္ အလုပ္သစ္က ပိုဆိုးတယ္လို႔ျပေနလို႔ပါဗ်။ အလုပ္ထဲမွာ အတိုက္အခိုက္မ်ားေနတတ္ပါတယ္။ မိမိကိုယ္ မနာလိုတဲ့သူမ်ားေနတာပါ။ မိမိကပါးနပ္စြာနဲ႔ ေနတတ္ ဆက္ဆံတတ္ဖို႔လိုပါတယ္။ လုပ္ငန္းခြင္မွာ ေအာက္လက္ငယ္သားကိုပဲ ျဖစ္ျဖစ္ ၊အထက္လူႀကီးကိုပဲ ျဖစ္ျဖစ္ဆရာသြားမလုပ္မိေစနဲ႔။ ေစတနာနဲ႔ ေျပာရင္ေတာင္ အေကာင္းမျမင္တတ္တာေၾကာင့္ပါ။
#ေငြေၾကးက႑
ေခ်းထားတဲ့ေငြေတြ ျပန္မရလို႔ စိတ္ညစ္ရတတ္တယ္။ ဘယ္သူကိုေငြေခ်းေခ်း ၾကက္ေသာက္ေရလိုျဖစ္သြားတတ္တယ္။ ပိုင္ဆိုင္တဲ့ ေငြေတြ မသံုးရဘဲ အေဟာသိကံျဖစ္သြားတတ္ပါတယ္။ ေငြကံကေကာင္းပါတယ္။ ဒါေပမဲ့ ေခ်းမိရင္ေတာ့ ဆံုးဖို႔မ်ားတယ္။ အလုပ္ကေငြဝင္မယ္။ စပ္တူအလုပ္ဆိုရင္ ေငြမဝင္တဲ့အျပင္ ထပ္ထည့္ရလိမ့္မယ္။ ရလာတဲ့ ေငြေၾကးေတြကို လက္ထဲမထားဘဲ ဘဏ္မွာအပ္ထားတာမ်ိဴ းက ဒီႏွစ္အတြက္အေကာင္းဆံုးပါပဲ။ လက္ထဲေငြမ်ားမ်ားထားရင္ ဆီလိုအေပါက္ရွာၿပီး ထြက္သြားတတ္လို႔ပါပဲ။ အလုပ္ထဲမွာ ေငြေတြအရမ္းျမဳပ္ေနတတ္တယ္။ ေငြကံေကာင္းေပမဲ့ ဒီႏွစ္ေတာ့ ေငြေၾကးနဲ႔ပက္သက္ၿပီး စီမံခန္႔ခြဲတတ္ဖို႔လိုအပ္ေၾကာင္းပါဗ်ာ
#က်န္းမာေရးက႑
က်န္းမာေရးကေတာ့ ကံၾကမၼာဆိုတာထက္မိမိအေနအထိုင္မဆင္ျခင္တာေၾကာင့္ ဒီႏွစ္က်န္းမာေရးအားနည္းသြားတတ္ပါတယ္။ ဒီႏွစ္က စိတ္လဲပင္ပန္းရတယ္။ လူလဲပင္ပန္းရတယ္။ဒါေၾကာင့္ စိတ္ေထာင္ကိုယ္ေၾကဆိုသလိုျဖစ္ၿပီး က်န္းမာေရးညံ့သြားတတ္တာပါ။ စားခ်ိန္မမွန္တာ အိပ္ခ်ိန္မမွန္တာေၾကာင့္ နရီစည္းဝါးထိခိုက္ၿပီးက်န္းမာေရးညံ့သြားတတ္ပါတယ္။ ေသြးတိုး ႏွလံုးအခံရွိသူမ်ား သတိထားဖို႔လိုပါတယ္။ ကံၾကမၼာက က်န္းမာေရးမညံ့တာေၾကာင့္ မိမိကဒီႏွစ္အားျပဳ ၿပီး က်န္းမာေရးလိုက္စားမယ္ဆိုရင္ေတာ့ ဒီႏွစ္အတြက္ ေရာဂါနည္းပါလိမ့္မယ္လို႔ေျပာခ်င္ပါတယ္ဗ်ာ ။
#ပညာေရးက႑
ပညာေရးကေတာ့ အေကာင္းဆံုးပဲလို႔ေျပာရမဲ့ႏွစ္ပါပဲ။ ႏွစ္စကတည္းက စာမလုပ္တဲ့သူေတာင္မွ စာေမးပြဲေျဖခါနီး လပိုင္းေလာက္အလိုမွာ ဝီရိယထားႀကိဳးစား လိုက္မယ္ဆိုရင္ျဖင့္ ရလဒ္ေကာင္းသြားႏိုင္ပါတယ္။ အရင္ကတည္းက ႀကိဳးစားသူဆိုရင္ေတာ့ ကံၾကမၼာကလဲ မ်က္ႏွာသာေပးခ်ိန္နဲ႔တိုက္ဆိုင္ေနတာေၾကာင့္ ေမွ်ာ္မွန္းသည္ထက္ပိုၿပီး ထူးခၽြန္သြားပါလိမ့္မယ္။ က်က္ထားတဲ့စာေတြ တိုးပါလိမ့္္မယ္။ ပညာေရးအေပၚ သိလြယ္ တတ္လြယ္တဲ့ႏွစ္ျဖစ္တာေၾကာင့္ ဆရာက အရိပ္ျပ သင္ျပလိုက္ရံုနဲ႔ မိမိကအေကာင္ျမင္မဲ့ႏွစ္ပါပဲ။ အတတ္ပညာတစ္ခုခုတတ္ထားသူမ်ား ပညာဒါနအျဖစ္ျပန္သင္ေပးခ်င္စိတ္မ်ိဳး ျဖစ္ေနတတ္ပါတယ္ဗ်ာ။
#အေထြေထြ
ဒီႏွစ္ထဲ ေရႊထြက္တတ္တယ္။ သူခိုးခိုးခံရတတ္တယ္။ အလြယ္ထားတာမ်ိဳးေရွာင္ပါ။ ဇိမ္ခံပစၥည္းမ်ား သိပ္မဝယ္ပါနဲ႔ ။ မျဖစ္မေနဝယ္ရမယ္ဆိုလဲ သူမ်ားဝယ္ခိုင္းပါ။ စပ္တူမလုပ္ပါနဲ႔။
သူမ်ားကိစၥေတြပါေလရာမလုပ္ပါနဲ႔။ မဆိုင္ရင္ ဝင္မပါသင့္တဲ့ႏွစ္ပါ။
သံုးေလးေယာက္ေပါင္းၿပီး ပိပိရိရိလိမ္တာ ခံရတတ္ပါတယ္။ အႏၲရာယ္ရွိတဲ့ကိစၥေတြမွာအာမခံတာ သက္ေသလိုက္တာမလုပ္ေစခ်င္ပါ။ လက္မွတ္ထိုးရမဲ့ ကိစၥတိုင္း သတိထားပါ။ လူငယ္မ်ား အိမ္မကပ္ခ်င္ပါ။ အိမ္ေျပးျဖစ္ရတတ္ပါတယ္။ ႏိုင္ငံျခားနဲ႔ ပက္သက္ဆက္ႏြယ္ေသာကိစၥမ်ား မေကာင္းေသးပါ။ အာဏာရွိသူမ်ား လုပ္ပိုင္ခြင့္ရွိသူမ်ားကေတာ့ လူမုန္းမ်ားမဲ့ ႏွစ္ပါပဲ။
အက်ိဳးေပးဂဏန္းမ်ား ၇/၀/၅/၈
အက်ိဳးေပးေန႔နံမ်ား ၾကာသပေတး /တနဂၤေႏြ /စေန
အက်ိဳးေပးအေရာင္မ်ား အေရာင္ေဖ်ာ့မ်ားအားလံုး/နက္ျပာေရာင္ / အစိမ္း /ေရႊေရာင္
#ယၾတာ
* နီးစပ္ရာ ေစတီပုထိုးေရာက္တိုင္း တံျမက္စည္းလွည္းက်င္းပါ။
* ႏို႔ဆန္ျပဳတ္ ခဏခဏဘုရားကပ္လႉေပးပါ။
*ဘုန္းႀကီး ကုဋီေဆးေၾကာပါ။
* ထီး/ဖိနပ္လႉပါ။
* ေပါင္မုန္႔ႏို႔ဆမ္း ဒါမွမဟုတ္ ေပါင္မုန္႔ ေထာပတ္သုပ္ၿပီး မိမိေမြးေန႔နံနက္မွာ ဘုရားကပ္လႉပါ။
*ထီးျဖဴ တစ္လက္ အိမ္ကဘုရားမွာ မိုးထားပါ။
*ဓာတ္ဘူးဝယ္ၿပီး လူႀကီးမိဘေတြကို ကန္ေတာ့ပါ။
၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

Credit: ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီ၂၀၁၈ထဲမှာ ဇာတာရှင်ဟာ ဖြေးဖြေးမှန်မှန်နဲ့ ရှေ့ဆက်ရမဲ့ နှစ်ပါပဲ။ဘာမှအပြောင်းအလဲမလုပ်ပါနဲ့ ။ လုပ်မိတဲ့အပြောင်းအလဲက သေချင်တဲ့ကျားတောပြောင်းဆိုတဲ့ စကားပုံအတိုင်းဖြစ်လိမ့်မယ်။ အရင်နှစ်က လုပ်နေကြပုံစံအတိုင်း လုပ်ဆောင်သွားပါ။ လမ်းအိုလိုက်ပါ။ လမ်းသစ်မထွင်ပါနဲ့ ။ အလျင်းလို အနှေးဖြစ်တတ်တဲ့ နှစ်ပါပဲ။ မိမိစိတ်ထဲမှာ အရမ်းတက်ကြွနေပါလိမ့်မယ်။ သူဌေးဖြစ် ခွေးဖြစ်လုပ်ချင်နေတတ်ပါတယ်။ ချင့်ချိန်စဉ်းစားပြီးတော့ လုပ်ဆောင်မယ်ဆိုရင်တော့ ကံသိပ်မညံ့တဲ့ နှစ်တစ်ခုပါပဲ။

#အချစ်ရေးကဏ္ဍ

ဒီနှစ်ထဲ ချစ်သူနဲ့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေရလိမ့်မယ်။ ရန်ဖြစ်လိုက် တစ်လလောက်မခေါ်လိုက် ပြန်တည့်သွားလိုက်ဆိုတာမျိုးပေါ့။ ချစ်သူက မိမိကို အထင်ခဏခဏလွဲနေတတ်တယ်။ ဒါကြောင့်ပဲ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ ခဏခဏရှင်းပြနေရလိမ့်မယ်။ ချစ်သူရှေ့ရောက်ပြီဆိုတာနဲ့ သတိကပ်ထားပါ။ စကားအမှား အပြုအမူအမှားတွေ မလုပ်မိစေနဲ့ ။ သူပြောသမျှလက်ညှိုးထောင် ခေါင်းညိတ်လုပ်ရင်တော့ ဒီနှစ်အချစ်ရေးသောကကင်းမှာပါ။ လက်ထပ်ဖို့ချစ်သူကို ပြောရင်တော့ သူက ရက်ရွှေ့ပါလိမ့်မယ်။ အဆင်သင့်မဖြစ်သေးဘူး…ငွေမရှိဘူး စတဲ့အကြောင်းပြချက်တွေ မရိုးနိုင်အောင်ပေးပါလိမ့်မယ်။ အချို့ကတော့ ချစ်သူနှစ်ဦးလက်ထပ်ချင်ပေမဲ့ နှစ်ဖက်မိဘသဘောမတူတာမျိုးကြောင့် မင်္ဂလာဆောင်ဖို့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ချစ်သူရဖို့ ကြိုးစားနေသူတွေအတွက်ကတော့ ဒီနှစ်ထဲချစ်ရသူက မိမိကိုပြန်ချစ်ဖို့ အချိန်ဆွဲနေတတ်ပါတယ်။ မိမိကိုချစ်တဲ့ အရိပ်အယောင်တွေပြပြီး လက်တွေ့မှာတော့ သွေးအေးနေတတ်ပါတယ်။

#အိမ်ထောင်ရေးကဏ္ဍ

ဒီနှစ်ထဲ အိမ်ထောင်ရေးကသိပ်မညံ့ပါဘူး။ ဒါပေမဲ့ အိမ်ထောင်ရေးသုခတော့ နည်းပါလိမ့်မယ်။ ဥပမာအိမ်ထောင်ဘက်က အလုပ်ကြောင့် အဝေးရောက်နေရတာ နိုင်ငံခြားသွားနေတာ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ဘက်နဲ့ ဝေးနေရတတ်ပါတယ်။ အနေနီးနေတဲ့ ဇနီးမောင်နှံတွေလဲ အပေးအယူမမျှဘဲ အိမ်ထောင်ရေးသုခနည်းတတ်ကြပါတယ်။ သတိထားစရာကိစ္စက သူ့အသိုင်းအဝိုင်းကို ထောက်ပံ့နေတာမျိုးရှိတဲ့အခါ မိမိကအဲဒီကိစ္စကို ပြောမိတာမျိုးရှိရင်တော့ ပြဿ နာတတ်နိုင်ပါတယ်။ အိမ်ထောင်ဘက်ကိုလွှတ်ထားရမယ်ဆိုလိုတာမဟုတ်ပါဘူး။ အရမ်းကြီးလွန်နေတာမျိုးမဟုတ်ရင် ဥပေက္ခာပြုထားလိုက်ပါဗျ။ ကိုယ့်အိမ်ထောင်ဘက်က ဗုဒ္ဓဟူးသားသမီးဆိုရင်တော့ ဒီနှစ်အိမ်ထောင်ရေးဂရုစိုက်ဖို့လိုအပ်ပါတယ်ဗျ ။

#အလုပ်စီးပွားကဏ္ဍ

လုပ်ငန်းစီးပွားကတော့ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုပါပဲ။ ခြေတစ်လှမ်းမှားပြီး ဟန်ချက်လွဲတာနဲ့ ပြုတ်ကျသွားနိုင်ပါတယ်။ ဒီနှစ်မိမိအလုပ်ကို အာရုံစိုက်ထားပါ။ စီးပွားရေးကတော့ တဖြေးဖြေးနဲ့ တိုးတတ်မှာပါ။ ရှောင်ရမှာက စပ်တူရှယ်ယာပါ။ ကားလုပ်ငန်းနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကတော့ အားနည်းမဲ့နှစ်ပါပဲ။ နိုင်ငံခြား သွားပြီးစီးပွားရှာမဲ့သူတွေ ဒီနှစ်အဆင်မပြေနိုင်သေးပါ။ ဆေးကျတာ ၊Rejectထိပြီးပြန်လာရတာမျိုးတွေ ရှိတတ်ပါတယ်။

နိုင်ငံခြားမှာအလိမ်ခံရတာမျိုးလဲ ကြုံရတတ်တယ်ပေါ့ဗျာ။ လခစားဝန်ထမ်းများ အလုပ်ထွက်ပြီး အလုပ်သစ်ပြောင်းမယ်စိတ်ကူးရင် ထိုအစီအစဉ်ကို ပြန်လည်သုံးသပ်ပါအုံး။ ကံအရတော့ လက်ရှိအလုပ်ထက် အလုပ်သစ်က ပိုဆိုးတယ်လို့ပြနေလို့ပါဗျ။ အလုပ်ထဲမှာ အတိုက်အခိုက်များနေတတ်ပါတယ်။ မိမိကိုယ် မနာလိုတဲ့သူများနေတာပါ။ မိမိကပါးနပ်စွာနဲ့ နေတတ် ဆက်ဆံတတ်ဖို့လိုပါတယ်။ လုပ်ငန်းခွင်မှာ အောက်လက်ငယ်သားကိုပဲ ဖြစ်ဖြစ် ၊အထက်လူကြီးကိုပဲ ဖြစ်ဖြစ်ဆရာသွားမလုပ်မိစေနဲ့။ စေတနာနဲ့ ပြောရင်တောင် အကောင်းမမြင်တတ်တာကြောင့်ပါ။

#ငွေကြေးကဏ္ဍ

ချေးထားတဲ့ငွေတွေ ပြန်မရလို့ စိတ်ညစ်ရတတ်တယ်။ ဘယ်သူကိုငွေချေးချေး ကြက်သောက်ရေလိုဖြစ်သွားတတ်တယ်။ ပိုင်ဆိုင်တဲ့ ငွေတွေ မသုံးရဘဲ အဟောသိကံဖြစ်သွားတတ်ပါတယ်။ ငွေကံကကောင်းပါတယ်။ ဒါပေမဲ့ ချေးမိရင်တော့ ဆုံးဖို့များတယ်။ အလုပ်ကငွေဝင်မယ်။ စပ်တူအလုပ်ဆိုရင် ငွေမဝင်တဲ့အပြင် ထပ်ထည့်ရလိမ့်မယ်။ ရလာတဲ့ ငွေကြေးတွေကို လက်ထဲမထားဘဲ ဘဏ်မှာအပ်ထားတာမျိူ းက ဒီနှစ်အတွက်အကောင်းဆုံးပါပဲ။ လက်ထဲငွေများများထားရင် ဆီလိုအပေါက်ရှာပြီး ထွက်သွားတတ်လို့ပါပဲ။ အလုပ်ထဲမှာ ငွေတွေအရမ်းမြုပ်နေတတ်တယ်။ ငွေကံကောင်းပေမဲ့ ဒီနှစ်တော့ ငွေကြေးနဲ့ပက်သက်ပြီး စီမံခန့်ခွဲတတ်ဖို့လိုအပ်ကြောင်းပါဗျာ

#ကျန်းမာရေးကဏ္ဍ

ကျန်းမာရေးကတော့ ကံကြမ္မာဆိုတာထက်မိမိအနေအထိုင်မဆင်ခြင်တာကြောင့် ဒီနှစ်ကျန်းမာရေးအားနည်းသွားတတ်ပါတယ်။ ဒီနှစ်က စိတ်လဲပင်ပန်းရတယ်။ လူလဲပင်ပန်းရတယ်။ဒါကြောင့် စိတ်ထောင်ကိုယ်ကြေဆိုသလိုဖြစ်ပြီး ကျန်းမာရေးညံ့သွားတတ်တာပါ။ စားချိန်မမှန်တာ အိပ်ချိန်မမှန်တာကြောင့် နရီစည်းဝါးထိခိုက်ပြီးကျန်းမာရေးညံ့သွားတတ်ပါတယ်။ သွေးတိုး နှလုံးအခံရှိသူများ သတိထားဖို့လိုပါတယ်။ ကံကြမ္မာက ကျန်းမာရေးမညံ့တာကြောင့် မိမိကဒီနှစ်အားပြု ပြီး ကျန်းမာရေးလိုက်စားမယ်ဆိုရင်တော့ ဒီနှစ်အတွက် ရောဂါနည်းပါလိမ့်မယ်လို့ပြောချင်ပါတယ်ဗျာ ။

#ပညာရေးကဏ္ဍ

ပညာရေးကတော့ အကောင်းဆုံးပဲလို့ပြောရမဲ့နှစ်ပါပဲ။ နှစ်စကတည်းက စာမလုပ်တဲ့သူတောင်မှ စာမေးပွဲဖြေခါနီး လပိုင်းလောက်အလိုမှာ ဝီရိယထားကြိုးစား လိုက်မယ်ဆိုရင်ဖြင့် ရလဒ်ကောင်းသွားနိုင်ပါတယ်။ အရင်ကတည်းက ကြိုးစားသူဆိုရင်တော့ ကံကြမ္မာကလဲ မျက်နှာသာပေးချိန်နဲ့တိုက်ဆိုင်နေတာကြောင့် မျှော်မှန်းသည်ထက်ပိုပြီး ထူးချွန်သွားပါလိမ့်မယ်။ ကျက်ထားတဲ့စာတွေ တိုးပါလိမ့်မယ်။ ပညာရေးအပေါ် သိလွယ် တတ်လွယ်တဲ့နှစ်ဖြစ်တာကြောင့် ဆရာက အရိပ်ပြ သင်ပြလိုက်ရုံနဲ့ မိမိကအကောင်မြင်မဲ့နှစ်ပါပဲ။ အတတ်ပညာတစ်ခုခုတတ်ထားသူများ ပညာဒါနအဖြစ်ပြန်သင်ပေးချင်စိတ်မျိုး ဖြစ်နေတတ်ပါတယ်ဗျာ။

#အထွေထွေ

ဒီနှစ်ထဲ ရွှေထွက်တတ်တယ်။ သူခိုးခိုးခံရတတ်တယ်။ အလွယ်ထားတာမျိုးရှောင်ပါ။ ဇိမ်ခံပစ္စည်းများ သိပ်မဝယ်ပါနဲ့ ။ မဖြစ်မနေဝယ်ရမယ်ဆိုလဲ သူများဝယ်ခိုင်းပါ။ စပ်တူမလုပ်ပါနဲ့။

သူများကိစ္စတွေပါလေရာမလုပ်ပါနဲ့။ မဆိုင်ရင် ဝင်မပါသင့်တဲ့နှစ်ပါ။

သုံးလေးယောက်ပေါင်းပြီး ပိပိရိရိလိမ်တာ ခံရတတ်ပါတယ်။ အန္တရာယ်ရှိတဲ့ကိစ္စတွေမှာအာမခံတာ သက်သေလိုက်တာမလုပ်စေချင်ပါ။ လက်မှတ်ထိုးရမဲ့ ကိစ္စတိုင်း သတိထားပါ။ လူငယ်များ အိမ်မကပ်ချင်ပါ။ အိမ်ပြေးဖြစ်ရတတ်ပါတယ်။ နိုင်ငံခြားနဲ့ ပက်သက်ဆက်နွယ်သောကိစ္စများ မကောင်းသေးပါ။ အာဏာရှိသူများ လုပ်ပိုင်ခွင့်ရှိသူများကတော့ လူမုန်းများမဲ့ နှစ်ပါပဲ။

အကျိုးပေးဂဏန်းများ ၇/ဝ/၅/၈

အကျိုးပေးနေ့နံများ ကြာသပတေး /တနင်္ဂနွေ /စနေ

အကျိုးပေးအရောင်များ အရောင်ဖျော့များအားလုံး/နက်ပြာရောင် / အစိမ်း /ရွှေရောင်

#ယတြာ

* နီးစပ်ရာ စေတီပုထိုးရောက်တိုင်း တံမြက်စည်းလှည်းကျင်းပါ။

* နို့ဆန်ပြုတ် ခဏခဏဘုရားကပ်လှူပေးပါ။

*ဘုန်းကြီး ကုဋီဆေးကြောပါ။

* ထီး/ဖိနပ်လှူပါ။

* ပေါင်မုန့်နို့ဆမ်း ဒါမှမဟုတ် ပေါင်မုန့် ထောပတ်သုပ်ပြီး မိမိမွေးနေ့နံနက်မှာ ဘုရားကပ်လှူပါ။

*ထီးဖြူ တစ်လက် အိမ်ကဘုရားမှာ မိုးထားပါ။

*ဓာတ်ဘူးဝယ်ပြီး လူကြီးမိဘတွေကို ကန်တော့ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

Credit: ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top