iMyanmarHouse.com - Best Property Website for Myanmar
×
# Unicode Version ဖြင့် ဖတ်ပါ #
ကျွန်မတို့ မိန်းကလေးအများစုရဲ့အားနည်းချက်က သဝန်တိုတတ်ပါတယ် ။
ကိုယ်မချစ်တဲ့သူကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင် သဘောမထား စိတ်မဝင်စားတတ်ပေမဲ့ သိပ်ချစ်တဲ့သူကိုတော့ သဝန်တိုတတ်ပါတယ် ။ ပိုချစ်လေ ပိုသဝန်တိုလေပါပဲ ။
သဝန်မတိုတတ်ဘူး သဘောထားကြီးတယ် ကျီးထိုးထိုး ခွေးစားစားပစ်ထားနိုင်တယ်ဆိုတာ ချစ်တဲ့သူကို နှမြောစိတ် မရှိလို့ပါ ။
ကိုယ်တန်ဖိုးထားတဲ့အရာကို နှမြောတတ်တာ ဆုံးရှုံးရမှာကြောက်တာ လူ့သဘာဝပါ ။ မနှမြောဘူး သဝန်မတိုတတ်ဘူး ဆိုကထဲက ချစ်လို့လား မချစ်လို့လား ကလေးမေးကြည့်ရင်တောင်သိနိုင်ပါတယ် ။
မိန်းကလေးတွေသဝန်တိုတတ်တာလည်း ဆန်းတော့မဆန်းပါဘူး ။မိန်းကလေးအချစ်က ကိုယ့်ကိုပစ်သွားလေမလား ထားသွားမှာလားဆိုတဲ့ စိုးရိမ်ပူပန်မှု နဲ့ယှဉ်တွဲနေပါတယ် ။
အရင်ခေတ်က မိန်းကလေးတွေက သိပ်ကံကောင်းပါတယ် ။ ချစ်သူကို အပြင်မှာရှုပ်မလား
အသစ်တွဲနေလား တစ်ခုပဲတွေးပူရတယ် ။
ခုခေတ်မိန်းကလေးတွေကျတော့ ချစ်သူကို အပြင်မှာရှုပ်လေမလားအပြင် online မှာပါ ကြူနေမလား အမျိုးမျိုးတွေးပူနေရပါတယ်။
သဝန်တိုတာချစ်လို့ဆိုပေမဲ့ သဝန်တိုစိတ်လွန်ကဲ သွားရင်သံသယကိုကူးပြောင်း သွားပါတယ်။
သံသယကတော့ အမုန်းဘက်ကို ဦးတည်ပါတယ် ။
ယောကျာ်းလေးသဘာဝက လွတ်လပ်မှုကိုမြတ်နိုးပါတယ် ။ သံသယစိတ်နဲ့မယုံသကာၤ ပြောဆို ဆက်ဆံရင် ဘယ်သူမှမကြိုက်ပါဘူး ။
သဝန်တိုတာချစ်လို့ဆိုပေမဲ့ နားလည်မှုလေး ထားနိုင်ဖို့တော့လိုတယ်နော် ။
Credit original writer
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top