iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာျပည္မွ လူအမ်ားစုရဲ႕ စိတ္၀င္စားျခင္းကိုခံေနရတဲ့ မုဒိမ္းမႈလို႔ေျပာလို႔ရတဲ့ အဆိုေတာ္ အစၥဏီနဲ႔ ေမာ္ဒယ္ စူးရွထက္တို႔ရဲ႕ အမႈဟာ အပတ္စဥ္ရံုးခ်ိန္းတိုင္း မတူညီတဲ့ သက္ေသေတြေၾကာင့္ ပရိသတ္ေတြကလဲ အပတ္စဥ္ေစာင့္ေမ်ွာ္ေနၾကပါတယ္။

ယခုအခါမွာလဲ ဇူလိုင္လ ၂ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ (၈)ႀကိမ္ေျမာက္ရံုးခ်ိန္းမွာ ေတာ့ သက္ေသခံပစၥည္းေတြနဲ႔ ပတ္သက္တာေတြရယ္၊ သက္ေသခံ အျဖစ္ရံုးေတာ္ကိုတင္သြင္းတဲ့ ဗီဒီယိုကိစၥကို လဲ အေသးစိတ္ေျပာဆိုထားၿပီး ဒီအမႈရဲ႕ေနာက္ကြယ္မွာၾကိဳးကိုင္သူရွိနိုင္တယ္လို႔လဲ အစၥဏီရဲ႕ အကို၀မ္းကြဲျဖစ္သူ ေက်ာ္စြာက သူ႕ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာ ေရးသားေျပာဆိုထားပါတယ္။

သူေျပာထားတာေတြကေတာ့ ” ဒီေန႔ ဒီအမႈႀကီးတစ္ခုလံုးနဲ႔ ပတ္သတ္ပီး အေရးႀကီးဆံုး အစိတ္အပိုင္းတစ္ခုကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ အခင္းျဖစ္ပြားခ်ိန္ ၁၂ ရက္ေန႔ မနက္ ၆ နာရီခန္႔မွာ ဇာျခည္ေဌး တိုင္ၾကားခ်က္အရ ရဲစခန္းမွ ဟန္ထြန္းေဇာ္(ခ) အစၥဏီကို ဖမ္းဆီးထိန္းသိမ္းၿပီး လိုအပ္သည့္ သက္ေသခံပစၥည္းမ်ားကို သက္ေသခံ(ခ) အရ ရွာေဖြပံုစံတြင္ အမႈစစ္ရဲအရာရွိကိုယ္တိုင္ လက္မွတ္ေရးထိုးၿပီးသိမ္းဆည္းခဲ့ပါတယ္။

၁၃ ရက္ေန႔ ည ၈ နာရီတြင္ celle 7 မွ အမႈႏွင့္ပတ္သတ္ၿပီး ဇာျခည္ေဌးရဲ႕ အင္တာဗ်ဴးတစ္ခု ထုတ္လႊင့္ခဲ့ပါတယ္။ ထိုဗီဒီယိုေခြအား အစၥဏီ၏ေရွ႕ေနမွ တရားရံုးသို႔ သက္ေသခံအျဖစ္ တင္သြင္းၿပီး ဘယ္ႏွစ္ရက္ေန႔တြင္ ေျဖခဲ့တာလဲဟုေမးၾကားရာ ၁၃ ရက္ေန႔ ေန႔လယ္တြင္ ႐ိုက္ကူးေျဖဆိုခဲ့ေၾကာင္း ထြက္ခ်က္ေပးခဲ့တယ္”

” ဗီဒီယိုပါ အခ်က္အလက္မ်ားအရ အခင္းျဖစ္ပြားရာ ေသြးကြက္မ်ား မွန္ကြဲစမ်ား သူ႔ကိုႏွစ္ခဲ့သည္ဟုဆိုသည့္ ေရဇလံုအႀကီး အျပာ ေရပုန္းအနီႏွင့္အနက္ ဆံပင္ခ်ည္မွ်င္တစ္ထံုး ေသြးကြက္မ်ား ေသြးစြန္းေနေသာ သဘက္ စသျဖင့္ ပါဝင္သည္။ ထို ပါဝင္ သက္ေသခံပစၥည္းမ်ားမွာ ၁၂ ရက္ေန႔ ေန႔စြဲျဖင့္ တာဝန္က်ရဲအရာရွိရဲ႕လက္မွတ္ေရာ ဇာျခည္ေဌးကိုယ္တိုင္ေရာ လက္မွတ္ေရးထိုးထားၿပီး ရွာေဖြပံုစံ သက္ေသခံ(ခ) အရ သိမ္းဆည္းထားၿပီးျဖစ္ေၾကာင္း ရံုးေတာ္ကို တင္ျပထားၿပီးျဖစ္တယ္။

၁၂ ရက္ေန႔မွာ ရဲအရွာရွိကိုယ္တိုင္ မွန္မွန္ကန္ကန္သိမ္းဆည္းထားၿပီးျဖစ္ျဖစ္တဲ့ သက္ေသခံ ပစၥည္းေတြဟာ ၁၃ ရက္ေန႔မွ ႐ိုက္ကူးထားသည့္ ဗီဒီယိုဖိုင္မွာ ဘာေၾကာင့္ျပန္လည္ပါဝင္ေနရသလဲ ။ ဒီအင္တာဗ်ဴးကို ဘယ္သူစီစဥ္ေပးခဲ့တာလဲ ေနာက္ကြယ္မွာ ဘယ္သူရွိဦးမလဲ ?????? ေသခ်ာတာကေတာ့ ဒီပစၥည္းေတြကို အမ်ားအျမင္မွားေစဖို႔ ျပန္လည္ ျပဳျပင္ၿပီး အစီအစဥ္တက် သက္ေသခံအတုျပဳလုပ္ဖန္တီးခဲ့မႈပဲျဖစ္ေၾကာင္း ေပၚလြင္ေနပါတယ္”

“ဒုတိယအခ်က္ကေတာ့ ၁၃ ရက္ေန႔ ေန႔စြဲျဖင့္ သူ႔ေဖ့စ္ဘုတ္ အေကာင့္မွာ ေဆးရံုတက္ေနရသျဖင့္ ေငြျပန္အမ္းမည္ဟု ေရးသားထားျခင္းမွာ ၁၃ ရက္ေန႔တြင္ သူကိ္္ုယ္တိုင္ေရးသားထားသည္ဟု ေျဖဆိုခဲ့ေသာ္လည္း ဆရာဝန္ထြက္ခ်က္အရ ၁၃ ရက္ေန႔တြင္ ေဆးရံုသို႔ ဇာျခည္ေဌး လာေရာက္ေဆးကုသမႈမွတ္တမ္းမရွိေၾကာင္း ထြက္ဆိုထားသည္

ဟု ေထာက္ျပ ေမးခြန္းထုတ္ထြက္ဆိုမႈမွာေတာ့ ၁၃ ရက္ေန႔တြင္ ေဆးရံုတတ္ခဲ့ျခင္းမရွိပဲ ထိုစေတးတပ္အား မိမိေနအိမ္အိပ္ယာေပၚမွပင္ တင္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံခဲ့သည္။( တကယ္တမ္းေျပာရရင္ စျဖစ္ျဖစ္ျခင္း၁၂ရက္ေန႔ကတည္းက ေဆးရံုတက္ရျခင္းမဟုတ္ပဲ ေဆးစစ္ရံုသာ သြားေရာက္ခဲ့ျခင္းျဖစ္သည္) အျခား ကြဲလြဲခ်က္ေပါင္း ေျမာက္မ်ားစြာ ေပၚေပါက္ခဲ့ေပမဲ့ တစ္ခ်ိဳ႕မွာ အၿပီးသတ္ေမးခြန္းမ်ားမဟုတ္ပဲ တစ္ခ်ိဳ႕ေမးခြန္းမ်ားမွာလဲ ေနာက္ထပ္သက္ေသမ် ား စစ္ေဆးရန္က်န္ရွိေနေသးေသာေၾကာင့္ ခ်န္လွပ္ထားပါရေစခင္ဗ်ာ ။ ေက်းဇူးအထူးပါ ” ဆိုကာ ထြက္ဆိုခ်က္ေတြကို အေသးစိတ္ေရးသားေဖာ္ျပလာခဲ့ပါတယ္။

ခ်စ္ရပါေသာခ်စ္ပရိသတ္ႀကီး ဖတ္ရႈ႕ေပးလို႔ ေက်းဇူးအထူးတင္၇ွိပါတယ္ေနာ္။

Source – KyawSwar facebook

Credit: Luckymyanmar
#Unicode Version#
မြန်မာပြည်မှ လူအများစုရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ မုဒိမ်းမှုလို့ပြောလို့ရတဲ့ အဆိုတော် အစ္စဏီနဲ့ မော်ဒယ် စူးရှထက်တို့ရဲ့ အမှုဟာ အပတ်စဉ်ရုံးချိန်းတိုင်း မတူညီတဲ့ သက်သေတွေကြောင့် ပရိသတ်တွေကလဲ အပတ်စဉ်စောင့်မျှော်နေကြပါတယ်။

ယခုအခါမှာလဲ ဇူလိုင်လ ၂ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၈)ကြိမ်မြောက်ရုံးချိန်းမှာ တော့ သက်သေခံပစ္စည်းတွေနဲ့ ပတ်သက်တာတွေရယ်၊ သက်သေခံ အဖြစ်ရုံးတော်ကိုတင်သွင်းတဲ့ ဗီဒီယိုကိစ္စကို လဲ အသေးစိတ်ပြောဆိုထားပြီး ဒီအမှုရဲ့နောက်ကွယ်မှာကြိုးကိုင်သူရှိနိုင်တယ်လို့လဲ အစ္စဏီရဲ့ အကိုဝမ်းကွဲဖြစ်သူ ကျော်စွာက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ရေးသားပြောဆိုထားပါတယ်။

သူပြောထားတာတွေကတော့ ” ဒီနေ့ ဒီအမှုကြီးတစ်ခုလုံးနဲ့ ပတ်သတ်ပီး အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန် ၁၂ ရက်နေ့ မနက် ၆ နာရီခန့်မှာ ဇာခြည်ဌေး တိုင်ကြားချက်အရ ရဲစခန်းမှ ဟန်ထွန်းဇော်(ခ) အစ္စဏီကို ဖမ်းဆီးထိန်းသိမ်းပြီး လိုအပ်သည့် သက်သေခံပစ္စည်းများကို သက်သေခံ(ခ) အရ ရှာဖွေပုံစံတွင် အမှုစစ်ရဲအရာရှိကိုယ်တိုင် လက်မှတ်ရေးထိုးပြီးသိမ်းဆည်းခဲ့ပါတယ်။

၁၃ ရက်နေ့ ည ၈ နာရီတွင် celle 7 မှ အမှုနှင့်ပတ်သတ်ပြီး ဇာခြည်ဌေးရဲ့ အင်တာဗျူးတစ်ခု ထုတ်လွှင့်ခဲ့ပါတယ်။ ထိုဗီဒီယိုခွေအား အစ္စဏီ၏ရှေ့နေမှ တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းပြီး ဘယ်နှစ်ရက်နေ့တွင် ဖြေခဲ့တာလဲဟုမေးကြားရာ ၁၃ ရက်နေ့ နေ့လယ်တွင် ရိုက်ကူးဖြေဆိုခဲ့ကြောင်း ထွက်ချက်ပေးခဲ့တယ်”

” ဗီဒီယိုပါ အချက်အလက်များအရ အခင်းဖြစ်ပွားရာ သွေးကွက်များ မှန်ကွဲစများ သူ့ကိုနှစ်ခဲ့သည်ဟုဆိုသည့် ရေဇလုံအကြီး အပြာ ရေပုန်းအနီနှင့်အနက် ဆံပင်ချည်မျှင်တစ်ထုံး သွေးကွက်များ သွေးစွန်းနေသော သဘက် စသဖြင့် ပါဝင်သည်။ ထို ပါဝင် သက်သေခံပစ္စည်းများမှာ ၁၂ ရက်နေ့ နေ့စွဲဖြင့် တာဝန်ကျရဲအရာရှိရဲ့လက်မှတ်ရော ဇာခြည်ဌေးကိုယ်တိုင်ရော လက်မှတ်ရေးထိုးထားပြီး ရှာဖွေပုံစံ သက်သေခံ(ခ) အရ သိမ်းဆည်းထားပြီးဖြစ်ကြောင်း ရုံးတော်ကို တင်ပြထားပြီးဖြစ်တယ်။

၁၂ ရက်နေ့မှာ ရဲအရှာရှိကိုယ်တိုင် မှန်မှန်ကန်ကန်သိမ်းဆည်းထားပြီးဖြစ်ဖြစ်တဲ့ သက်သေခံ ပစ္စည်းတွေဟာ ၁၃ ရက်နေ့မှ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှာ ဘာကြောင့်ပြန်လည်ပါဝင်နေရသလဲ ။ ဒီအင်တာဗျူးကို ဘယ်သူစီစဉ်ပေးခဲ့တာလဲ နောက်ကွယ်မှာ ဘယ်သူရှိဦးမလဲ ?????? သေချာတာကတော့ ဒီပစ္စည်းတွေကို အများအမြင်မှားစေဖို့ ပြန်လည် ပြုပြင်ပြီး အစီအစဉ်တကျ သက်သေခံအတုပြုလုပ်ဖန်တီးခဲ့မှုပဲဖြစ်ကြောင်း ပေါ်လွင်နေပါတယ်”

“ဒုတိယအချက်ကတော့ ၁၃ ရက်နေ့ နေ့စွဲဖြင့် သူ့ဖေ့စ်ဘုတ် အကောင့်မှာ ဆေးရုံတက်နေရသဖြင့် ငွေပြန်အမ်းမည်ဟု ရေးသားထားခြင်းမှာ ၁၃ ရက်နေ့တွင် သူကိ်ုယ်တိုင်ရေးသားထားသည်ဟု ဖြေဆိုခဲ့သော်လည်း ဆရာဝန်ထွက်ချက်အရ ၁၃ ရက်နေ့တွင် ဆေးရုံသို့ ဇာခြည်ဌေး လာရောက်ဆေးကုသမှုမှတ်တမ်းမရှိကြောင်း ထွက်ဆိုထားသည်

ဟု ထောက်ပြ မေးခွန်းထုတ်ထွက်ဆိုမှုမှာတော့ ၁၃ ရက်နေ့တွင် ဆေးရုံတတ်ခဲ့ခြင်းမရှိပဲ ထိုစတေးတပ်အား မိမိနေအိမ်အိပ်ယာပေါ်မှပင် တင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။( တကယ်တမ်းပြောရရင် စဖြစ်ဖြစ်ခြင်း၁၂ရက်နေ့ကတည်းက ဆေးရုံတက်ရခြင်းမဟုတ်ပဲ ဆေးစစ်ရုံသာ သွားရောက်ခဲ့ခြင်းဖြစ်သည်) အခြား ကွဲလွဲချက်ပေါင်း မြောက်များစွာ ပေါ်ပေါက်ခဲ့ပေမဲ့ တစ်ချို့မှာ အပြီးသတ်မေးခွန်းများမဟုတ်ပဲ တစ်ချို့မေးခွန်းများမှာလဲ နောက်ထပ်သက်သေမျ ား စစ်ဆေးရန်ကျန်ရှိနေသေးသောကြောင့် ချန်လှပ်ထားပါရစေခင်ဗျာ ။ ကျေးဇူးအထူးပါ ” ဆိုကာ ထွက်ဆိုချက်တွေကို အသေးစိတ်ရေးသားဖော်ပြလာခဲ့ပါတယ်။

ချစ်ရပါသောချစ်ပရိသတ်ကြီး ဖတ်ရှု့ပေးလို့ ကျေးဇူးအထူးတင်၇ှိပါတယ်နော်။

Source – KyawSwar facebook

Credit: Luckymyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top