iMyanmarHouse.com - Best Property Website for Myanmar
×

အေရးေပၚသေႏၶတားေဆးဆိုတာ အကာအကြယ္မဲ့လိင္ဆက္ဆံျပီးတဲ့အခါ အေရးေပၚသံုးစြဲၾကတဲ့သားဆက္ျခားေသာက္ေဆးျဖစ္ပါတယ္။ ဆရာဝန္ညႊန္ၾကားခ်က္မလိုဘဲ အလြယ္တကူဝယ္ယူေသာက္သံုးနိုင္တဲ့ေဆးလည္းျဖစ္ပါတယ္။

အေရးေပၚသေႏၶတားနည္းေတြကို လိင္ဆက္ဆံျပီးေနာက္ အေျခအေနအမ်ိဳးမ်ိဳးမွာ အသံုးျပဳၾကပါတယ္ –

    သေႏၶတားေဆးမသံုးထားျခင္း၊
    လိင္ပိုင္းဆိုင္ရာေစာ္ကားခံရျခင္း၊
    ပံုမွန္သားဆက္ျခားနည္းလမ္းေတြမွာ အမွားအယြင္း သို႔မဟုတ္ ခြ်တ္ယြင္းမႈရွိတဲ့အခါမ်ိဳး၊
    ကြန္ဒံုးေပါက္ျပဲျခင္း၊ ေခ်ာ္ထြက္ျခင္း၊အသံုးျပဳပံုမမွန္ကန္ျခင္း၊
    သေႏၶတားေသာက္ေဆးေတြကို ေသာက္သံုးဖို႔ ၃ ရက္နဲ႔အထက္ ရက္ေက်ာ္ျခင္း၊
    သားအိမ္ဝအဖံုး(diaphragm )သို႔မဟုတ္ သားအိမ္ဝအပိတ္ (cervical cap) အေနအထားမမွန္ျခင္း၊ ပ်က္စီးျခင္း၊ ေပါက္ျပဲျခင္း၊ ထြက္က်ျခင္း(expulsion)
    ရက္တြက္သေႏၶတားနည္းမွာ ရက္အတြက္မွားျခင္း၊
     သားအိမ္တြင္းထည့္ပစၥည္း (IUD)သို႔မဟုတ္ အေရျပားေအာက္ ထည့္သြင္းရတဲ့သေႏၶတားပစၥည္း ကိုထုတ္လိုက္ျပီးတဲ့အခ်ိန္ေတြမွာ အေရးေပၚသေႏၶတားနည္းေတြကိုသံုးၾကပါတယ္။

ဒါေပမယ့္ သံုးစြဲရလြယ္ကူတယ္ဆိုတာနဲ႔ပဲ ပံုမွန္သားဆက္ျခားေဆးေတြ၊ နည္းလမ္းေတြကို မသံုးေတာ့ဘဲ ဒီေဆးကိုပဲ လိင္ဆက္ဆံျပီးတိုင္းေသာက္ေနၾကသူေတြရွိလာပါတယ္။
ဒီေတာ့ အေရးေပၚသားဆက္ျခားေဆးကို ထပ္ကာတလဲလဲေသာက္ရင္ ဘာေတြျဖစ္လာနိုင္သလဲ

အေရးေပၚသားဆက္ျခားေသာက္ေဆးအမ်ားစုက ပရိုဂ်က္စတင္ေဟာ္မုန္းပဲပါတဲ့ levonorgestrel ေသာက္ေဆးေတြျဖစ္ပါတယ္။ ဒီေဆးကို အကာအကြယ္မဲ့လိင္ဆက္ဆံျပီး သို႔မဟုတ္ သေႏၶတားေဆး ေသာက္ဖို႔၊ ထိုးဖို႔ ပ်က္ကြက္ခဲ့တဲ့အခါ ၃ ရက္(၇၂ နာရီ) (နာရီ ၁၂၀) အတြင္း ေသာက္သံုးရင္ ကိုယ္ဝန္ရရွိဖို႔ကို ၈၉ (၈၇-၈၈) ရာခိုင္ႏႈန္းကာကြယ္ေပးနိုင္ပါတယ္။

ဒါေပမယ့္ လိင္ဆက္ဆံျပီးေနာက္ပိုင္း ေစာေစာေသာက္ေလ ပိုထိေရာက္ေလျဖစ္ပါတယ္။ သူက မ်ိဳးဥအိမ္ကေန မ်ိဳးဥထြက္ရွိမႈကို ယာယီတားဆီးေပးျပီး ကိုယ္ဝန္မရေအာင္ကာကြယ္ေပးပါတယ္။ အေရးေပၚသားဆက္ျခားေဆးဆိုတာ တစ္ၾကိမ္သံုးဖို႔သာ ရည္ရြယ္ထုတ္လုပ္တာျဖစ္ေပမယ့္ တစ္လအတြင္း တစ္ၾကိမ္ထက္ေက်ာ္ျပီးေသာက္ရင္လည္း က်န္းမာေရးအႏၱရာယ္ေတြမျဖစ္ေစနိုင္ပါဘူး။

အေရးေပၚသားဆက္ျခားေဆးေတြက ပိုေသာက္မိလို႔ အႏၱရာယ္မရွိေစနိုင္ဘူးဆိုေပမယ့္ ရာသီစက္ဝန္းမမွန္တာ၊ မအီမသာျဖစ္တာ၊ ရင္သားတင္းတာတို႔လို ခဏတာသာျဖစ္တတ္တဲ့ ေဘးထြက္ဆိုးက်ိဳးအနည္းငယ္ရွိနိုင္ပါတယ္။ ေခါင္းကိုက္ျခင္း၊ ရာသီလာစဥ္နာက်င္ကိုက္ခဲျခင္း၊ေခါင္းမူးျခင္း၊ပင္ပန္းႏြမ္းနယ္ျခင္းတို႔လည္းျဖစ္နုိင္ပါတယ္။ဒါေတြအကုန္လံုးက သေႏၶတားေဆးေတြရဲ႕ အျဖစ္မ်ားတဲ့သက္ေရာက္မႈေတြျဖစ္လို႔ စိုးရိမ္စရာမရွိပါဘူး။ ရာသီလာျပီးမၾကာခင္ မထင္မွတ္ဘဲေနာက္တစ္ၾကိမ္ရာသီေသြးဆင္းတာ၊ ေနာက္တစ္လရာသီလာတဲ့အခါ ေစာေနတာ၊ ေနာက္က်တာေတြလည္းရွိနိုင္ပါတယ္။

ဒီလိုေတြ ေဘးဥပါဒ္နည္းပါးတာေၾကာင့္ ဆရာဝန္ညႊန္ၾကားခ်က္မပါဘဲ အေရးေပၚသားဆက္ျခားေဆးေတြကို အလြယ္တကူဝယ္ယူနုိင္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ အေရးေပၚအေနနဲ႔သာ ဒီေဆးကိုသံုးဖို႔ရည္ရြယ္ထုတ္လုပ္ထားတာျဖစ္လို႔ ပံုမွန္သားဆက္ျခားနည္းအျဖစ္နဲ႔သံုးဖို႔မသင့္ေတာ္ပါဘူး။ သားဆက္ျခားေသာက္ေဆးနဲ႔ ထိုးေဆးေတြကိုသာ သံုးသင့္ပါတယ္။

ဒါ့အျပင္ အေရးေပၚကုိယ္၀န္တားဖုိ႕အတြက္ ဒီေဆးတစ္မ်ိဳးတည္း ရွိတာ မဟုတ္ဘဲ ႏွစ္ရွည္ခံကိုယ္၀န္တားနည္းတစ္ခုျဖစ္တဲံ သားအိမ္တြင္းထည္႕ပစၥည္းကုိလည္း အသံုးျပဳႏုိင္တယ္ ဆုိတာကို သိေစခ်င္ပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ အရေးပေါ်သုံးစွဲကြတဲ့သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူသောက်သုံးနိုင်တဲ့ဆေးလည်းဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –

    သန္ဓေတားဆေးမသုံးထားခြင်း၊
    လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊
    ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊
    ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊
    သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊
    သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
    ရက်တွက်သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊
     သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။

ဒါပေမယ့် သုံးစွဲရလွယ်ကူတယ်ဆိုတာနဲ့ပဲ ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။
ဒီတော့ အရေးပေါ်သားဆက်ခြားဆေးကို ထပ်ကာတလဲလဲသောက်ရင် ဘာတွေဖြစ်လာနိုင်သလဲ

အရေးပေါ်သားဆက်ခြားသောက်ဆေးအများစုက ပရိုဂျက်စတင်ဟော်မုန်းပဲပါတဲ့ levonorgestrel သောက်ဆေးတွေဖြစ်ပါတယ်။ ဒီဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သို့မဟုတ် သန္ဓေတားဆေး သောက်ဖို့၊ ထိုးဖို့ ပျက်ကွက်ခဲ့တဲ့အခါ ၃ ရက်(၇၂ နာရီ) (နာရီ ၁၂၀) အတွင်း သောက်သုံးရင် ကိုယ်ဝန်ရရှိဖို့ကို ၈၉ (၈၇-၈၈) ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမယ့် လိင်ဆက်ဆံပြီးနောက်ပိုင်း စောစောသောက်လေ ပိုထိရောက်လေဖြစ်ပါတယ်။ သူက မျိုးဥအိမ်ကနေ မျိုးဥထွက်ရှိမှုကို ယာယီတားဆီးပေးပြီး ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။ အရေးပေါ်သားဆက်ခြားဆေးဆိုတာ တစ်ကြိမ်သုံးဖို့သာ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပေမယ့် တစ်လအတွင်း တစ်ကြိမ်ထက်ကျော်ပြီးသောက်ရင်လည်း ကျန်းမာရေးအန္တရာယ်တွေမဖြစ်စေနိုင်ပါဘူး။

အရေးပေါ်သားဆက်ခြားဆေးတွေက ပိုသောက်မိလို့ အန္တရာယ်မရှိစေနိုင်ဘူးဆိုပေမယ့် ရာသီစက်ဝန်းမမှန်တာ၊ မအီမသာဖြစ်တာ၊ ရင်သားတင်းတာတို့လို ခဏတာသာဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း၊ခေါင်းမူးခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ဒါတွေအကုန်လုံးက သန္ဓေတားဆေးတွေရဲ့ အဖြစ်များတဲ့သက်ရောက်မှုတွေဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ရာသီလာပြီးမကြာခင် မထင်မှတ်ဘဲနောက်တစ်ကြိမ်ရာသီသွေးဆင်းတာ၊ နောက်တစ်လရာသီလာတဲ့အခါ စောနေတာ၊ နောက်ကျတာတွေလည်းရှိနိုင်ပါတယ်။

ဒီလိုတွေ ဘေးဥပါဒ်နည်းပါးတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အရေးပေါ်သားဆက်ခြားဆေးတွေကို အလွယ်တကူဝယ်ယူနိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အနေနဲ့သာ ဒီဆေးကိုသုံးဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ ပုံမှန်သားဆက်ခြားနည်းအဖြစ်နဲ့သုံးဖို့မသင့်တော်ပါဘူး။ သားဆက်ခြားသောက်ဆေးနဲ့ ထိုးဆေးတွေကိုသာ သုံးသင့်ပါတယ်။

ဒါ့အပြင် အရေးပေါ်ကိုယ်ဝန်တားဖို့အတွက် ဒီဆေးတစ်မျိုးတည်း ရှိတာ မဟုတ်ဘဲ နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခုဖြစ်တဲံ သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုနိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top