iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႔ အခုခ်ိန္ ၾကင္စဦး အိမ္ေထာင္ရွင္ဘဝကုိ တည္ေထာင္ထားသူပဲ ျဖစ္ျဖစ္၊ ေငြရတု၊ ေရႊရတု ေပါင္းမ်ားစြာ အိမ္ေထာင္သက္ ၾကာေညာင္းေနသူပဲ ျဖစ္ျဖစ္ သင့္အေနနဲ႔ သံေယာဇဥ္ၾကဳိးခုိင္ျမဲၿပီး ခ်စ္ခင္ၾကင္နာမႈ အျပည့္နဲ႔ သစၥာတရားျပည့္ဝေနတဲ့ အိမ္ေထာင္ေရးကုိသာ လုိခ်င္ၾကမွာ အမွန္ပါပဲ။ ဒီလုိ အိမ္ေထာင္တစ္ခုလည္း ပုိင္ဆုိင္ခ်င္တယ္၊ ဒီလုိ ျဖစ္လာဖုိ႔အတြက္လည္း ဘယ္လုိနည္းလမ္းေတြကုိ လုပ္ေဆာင္ရမွန္း မသိဘူးဆုိရင္ ကြၽန္ေတာ္တုိ႔ Hellosayarwon မွ ခုိင္မာတဲ့ Relationship တစ္ခု တည္ေဆာက္ခ်င္တယ္ဆုိရင္ မေမ့သင့္တဲ့ အခ်က္ေလးေတြကုိ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

၁။ စိတ္ဝင္တစား နားေထာင္ေပးပါ။

Relationship ဆုိင္ရာ အတုိင္ပင္ခံေတြအားလုံးက တကယ့္ အစစ္အမွန္ နားေထာင္ျခင္းဟာ ရန္ျဖစ္ျခင္းကုိ ေလွ်ာ့ခ်ေပးႏုိင္တဲ့အျပင္ ယုံၾကည္မႈကုိ တုိးျမႇင့္ေပးႏုိင္ၿပီး ေပ်ာ္ရႊင္မႈ ျပည့္ဝတဲ့ Realtionship တစ္ခုျဖစ္လာေအာင္ ပုံသြင္းေပးႏုိင္တယ္လုိ႔ လက္ခံထားၾကပါတယ္။ နားေထာင္ျခင္းက တစ္ျခားလူေတြနဲ႔ဆုိရင္ ေတာ္ေတာ္ေလးကုိ လြယ္မယ့္ ကိစၥတစ္ရပ္ျဖစ္ေပမဲ့ သင့္လက္တြဲေဖာ္က စကားေျပာေနမယ္ဆုိရင္ေတာ့ ေတာ္ေတာ္ကုိ ခက္ခဲတဲ့ ကိစၥတစ္ရပ္ျဖစ္ေနပါလိမ့္မယ္။ ဒါေပမဲ့ နားေထာင္ျခင္းရဲ႕ စြမ္းအားက ႀကီးမားလြန္းတဲ့ အတြက္ ရေအာင္ၾကဳိးစားေလ့က်င့္ပါ။ သင္ တကယ္နားေထာင္ေနတယ္ဆုိတာ ျပဖုိ႔အတြက္ TV ဖြင့္ထားရင္ TV ပိတ္လုိက္ပါ၊ ဖုန္းသုံးေနရင္ ဖုန္းပိတ္လုိက္ပါ၊ အာ႐ုံစူးစုိက္မႈအျပည့္ေပးပါ၊ ၿပီးရင္ မ်က္လုံးဆုံမႈ ႐ွိပါေစ။ ေနာက္ၿပီးရင္ ကုိယ္ၾကားခဲ့တဲ့ အရာကုိလည္း တကယ္လုပ္ေဆာင္ေၾကာင္း သက္ေသျပပါ။ နားေထာင္ျခင္းဟာ သင္ရဲ႕ လက္တြဲေဖာ္က စိတ္ဆုိးေနတဲ့ အခ်ိန္မ်ဳိးမွာ တကယ္ အေရးႀကီးပါတယ္။ သင့္က တကယ္ကုိ နားေထာင္ေပးမယ္ဆုိရင္ ဘာျပႆနာ ျဖစ္ေနတာလဲဆိုတာ နားလည္လာႏုိင္မွာျဖစ္ၿပီး ဒီျပႆနာကုိ ဘယ္လုိေျဖ႐ွင္းရမလဲဆုိတာလည္း သိလာမွာ ျဖစ္ပါတယ္။ နားေထာင္တတ္ဖုိ႔ အတြက္ ေလ့က်င့္မႈေတြလုိအပ္မွာျဖစ္ၿပီး အလုပ္က Customer ေတြတဲ့အခါ နားေထာင္သလုိမ်ဳိး၊ သူငယ္ခ်င္းေတြနဲ႕ ေတြ႕တဲ့ အခါ နားေထာင္သလုိ မ်ဳိး နားေထာင္တတ္ဖုိ႕ လုုိုပါတယ္။ နားေထာင္တတ္တဲ့ အရည္အခ်င္းတစ္ခု အိမ္ေထာင္ေရးတစ္ခုမွာ ရွိလာၿပီဆုိတာနဲ႕ လက္တြဲေဖာ္နဲ႕ ရန္ျဖစ္တာေတြ နည္းလာမွာပါ။

၂။ အိမ္ေထာင္ေရး ခုိင္ၿမဲဖုိ႕ အတြက္ပဲ အာရုံစုိက္ပါ။

စိတ္ပညာအရ လူတစ္ေယာက္နဲ႕ ပထမဆုံး အႀကိမ္စေတြ႕တဲ့အခါမွာ သင္ဟာ သင္ႀကဳိက္တဲ့ အရာေတြကို အားလုံးကုိ ဂရုစုိက္တတ္ပါတယ္။ ဒါေပမဲ့ အခ်ိန္ၾကာလာတဲ့ အခါမွာ သင္ဟာ သင္မႀကဳိက္တဲ့ အရာေတြကုိပဲ ဂရုစုိက္လာပါေတာ့တယ္။ အကယ္၍ အိမ္ေထာင္ေရးတစ္ခုမွာ ေကာင္းတဲ့ အခ်က္ေတြကုိ ဂရုမစုိက္ဘဲ ဆုိးတဲ့ အခ်က္ေတြကုိ သာ အာရုံစုိက္လာမယ္ဆုိရင္ မၾကာခင္မွာပဲ ဒီ အိမ္ေထာင္ေရးက ပ်က္ဆီးသြားမွာ ျဖစ္ပါတယ္။ ဒီအခ်က္ကုိေျဖရွင္းဖုိ႕ အတြက္နည္းလမ္းတစ္ခုကေတာ့ သင့္လက္တြဲေဖာ္ရဲ႕ ေကာင္းတဲ့ အခ်က္ေတြ၊ သင္ႀကဳိက္တဲ့ အခ်က္
ေတြကို သင္က သတိရွိရွိနဲ႕ အာရုံစုိက္ဖုိ႕ပါပဲ။ သင့္ရဲ႕ လက္တြဲေဖာ္မွာ သင္ႀကဳိက္တဲ့ အခ်က္မ်ားစြာရွိမွာပါ။ ဒါ့ေၾကာင့္ ဒီအခ်က္ေတြကုိ စိတ္ထဲ စြဲစြဲၿမဲၿမဲမွတ္ထားပါ။ လုိအပ္လာရင္စာရြက္တစ္ရြက္ေပၚမွာ ခ်ေရးထားႏုိင္ပါတယ္။

၃။ နားပူနားဆာလုပ္တာေတြ ေလွ်ာ့ပါ။

နားပူနားဆာ လုပ္ျခင္းက ဆက္ဆံေရးကုိ တင္းမာေစတဲ့အျပင္ ျပႆနာတစ္ခုကိုလည္း ေျပလည္ေအာင္ မေျဖရွင္းေပးႏုိင္ပါဘူး။ သင္က နားပူနားဆာလုပ္ေလေလ သင့္အေဖာ္ျဖစ္သူက နားမေထာင္ေလပါပဲ။ တကယ္၍ တစ္စုံတစ္ေယာက္က သင္လုိခ်င္တာကုိ မေပးႏုိင္ဘူးဆုိရင္ ကုိယ္ဘာေတြ လုပ္ေနသလဲဆုိတာ ကုိျပန္စဥ္းစားပါ။ ကုိယ္ေတာင္းဆုိေနတာ မရဘူးဆုိရင္ ကုိယ္မလုိခ်င္တာကိုေျပာမဲ့အစား ကုိယ္ႀကဳိက္ႏွစ္သက္တဲ့ အရာကို ေျပာင္းေျပာၾကည့္ပါ။ နားပူနားဆာလုပ္ေနမယ့္အစား နည္းလမ္းေျပာင္းၾကည့္ပါ။ ေဝဖန္တာေတြ နားပူနားဆာလုပ္မိတဲ့အခါမွာ တစ္ဖက္ကလည္း သူ႕ရဲ႕ ေကာင္းက်ဳိးေတြကုိ ေျပာျပေပးပါ။ သင့္လက္တြဲေဖာ္ကုိေျပာင္းလဲေစခ်င္တယ္ဆုိရင္ သူ႕ရဲ႕ ေကာင္းကြက္ေတြကုိပါ ထည့္ေျပာေပးပါ။ အကယ္၍သူဟာ ေက်းဇူးတင္ခံရမယ္၊ စိတ္ေက်နပ္မယ္ဆုိရင္ သင့္လက္တြဲေဖာ္က သင္စိတ္ေက်နပ္ဖုိ႕ ပုိၿပီး ေျပာင္းလဲေပးခ်င္မွာ ျဖစ္ပါတယ္။

၄။ အခ်ိန္တူတူ ကုန္ဆုံးပါ။

အိမ္ေထာင္ေရးတစ္ခု ခုိင္မာခ်င္တယ္ဆုိရင္ အခ်ိန္အၾကာႀကီး အတူတူ ရွိေနဖုိ႕လုိတယ္ဆုိတာ အားလုံးသိၾကမွာပါ။ ဒါေၾကာင့္ အိမ္ေထာင္သည္ဘဝကို ေရာက္သြားတဲ့အခ်ိန္မွာလည္း ညစာထြက္စားတာမ်ဳိး၊ ရုပ္ရွင္ၾကည့္တာမ်ဳိးကုိ မပ်က္ပါေစနဲ႕။ သင့္ရဲ႕ ျပကၡဒိန္ထဲမွာ ေတြ႕မယ့္ရက္ေတြကို မွတ္ထားျခင္းကလည္း သင္မေမ့ေအာင္ ကူညီေပးႏုိင္ပါတယ္။
အိမ္ေထာင္ေရးတစ္ခုမွာ ဒီလုိ အေလးထားတဲ့ အက်င့္ေလးေတြ ရွိတဲ့အခါမွာ ေကာင္းက်ဳိးကုိ ခံစားရမွာ ျဖစ္ပါတယ္။ တစ္ျခားလူေတြမပါဘဲ ၂ ေယာက္တည္း အတူတူေတြ႕ျခင္းျဖင့္ အိမ္ေထာင္ေရး သံေယာဇဥ္ကုိ ပုိခုိင္မာေအာင္ တည္ေဆာက္ႏုိင္ပါတယ္။ အိမ္ေထာင္ရွင္ျဖစ္သြားတဲ့အတြက္ အထူးအဆန္း လုပ္ေနဖုိ႕ မလုိဘူးဆုိတဲ့ အမွားမ်ဳိးမလုပ္ၾကဘဲဲ ေန႕တုိင္းေန႕တုိင္း ကုိယ္ရဲ႕ လက္တြဲေဖာ္နဲ႕ အခ်ိန္အနည္းငယ္စီ ကုန္ဆုံးေစပါ။ ေတြ႕တဲ့အခ်ိန္မွာလည္း ေကာင္းတဲ့အရာေတြကုိပဲ ဦးစားေပးေျပာဆုိဖုိ႕လုိအပ္ၿပီး လက္တြဲေဖာ္အိမ္ကိုေရာက္လာတာနဲ႕ လုပ္လက္စ အလုပ္ေတြကုိရပ္ၿပီး ႏႈတ္ဆက္ပါ။
ဒါ့ဟာ အိမ္ေထာင္ေရးမွာ ခံစားခ်က္ေတြကုိပုိ ခုိင္မာလာေစၿပီး သင့္ရဲ႕ အိမ္ေထာင္ဖက္ကုိ အေရးႀကီးတဲ့ လူတစ္ေယာက္ကဲ့သုိ႕ဆက္ဆံျခင္းျဖင့္ အိမ္ေထာင္ေရးက ပုိခုိင္ၿမဲလာမွာ ျဖစ္ပါတယ္။

၅။ အထိအေတြ႕ရွိေနပါေစ။

ခႏၶာကုိယ္ပုိင္းဆုိင္ရာ ထိေတြ႕မႈ ရွိျခင္းကလည္း စိတ္ပုိင္းဆုိင္ရာ ဆက္သြယ္ျခင္းကဲ့သုိ႕ အေရးႀကီးပါတယ္။ ခႏၶာကုိယ္ပုိင္းဆုိင္ရာ ထိေတြ႕ျခင္းက စိတ္ဖိစီးမႈကုိ ေလွ်ာ့ခ်ေပးႏုိင္ၿပီးသင့္ရဲ႕ လက္တြဲေဖာ္ကုိ သင္က ဂရုစုိက္ေၾကာင္း ျပသေနပါတယ္။ အိမ္ေထာင္ေရးမွာ နမ္းရႈပ္ျခင္း၊ ေပြ႕ဖက္ျခင္းတုိ႕ကုိ ေန႕တုိင္း ပုံမွန္လုပ္ေဆာင္ေနမယ္ဆိုရင္ ရန္ျဖစ္ဖုိ႕ ခဲယဥ္းပါတယ္။

၆။ အက်င့္ဆုိး (၇) ခုကုိ စြန္႕ပစ္ၿပီး အက်င့္ေကာင္း (၇) ခုကုိေမြးျမဴပါ။

အိမ္ေထာင္ေရးတစ္ခုကုိ ခုိင္ၿမဲေစခ်င္တယ္ဆုိရင္ အိမ္ေထာင္ေရးတစ္ခုမွာ မရွိသင့္တဲ့ အက်င့္ဆုိး (၇) ခ်က္ကုိ ေရွာင္ရွားၿပီး အက်င့္ေကာင္း (၇) ခ်က္ကုိ ေမြးျမဴသင့္ပါတယ္။ ဒီအက်င့္ေတြကို ေမြးျမဴရတာက ခက္ခဲမွာပါ။ ဒါေပမဲ့ သင့္အေနနဲ႕ သာယာတဲ့ အိမ္ေထာင္ေရး တစ္ခု ပုိင္ဆုိင္ခ်င္တယ္ဆုိရင္ စိတ္ရွည္ရွည္နဲ႕ ေမြးျမဴဖုိ႕ လုိပါလိမ့္မယ္။

စြန္႕ပစ္ရမယ့္ အက်င့္ဆုိး ၇ ခုကေတာ့ အျပစ္ရွာျခင္း၊ ေဝဖန္ျခင္း၊ ညဥ္းညဴျခင္း၊ နားပူနားဆာလုပ္ျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ အျပစ္ေပးျခင္းနဲ႕ အက်င့္ပ်က္ျခင္းတုိ႕ ျဖစ္ပါတယ္။

အစားထုိးရမယ့္ အေလ့အက်င့္ (၇) ခုကေတာ့ အားေပးျခင္း၊ တုိက္တြန္းျခင္း၊ နားေထာင္ျခင္း၊ လက္ခံတတ္ျခင္း၊ ယုံၾကည္ျခင္း၊ ေလးစားျခင္းနဲ႕ ျခားနားမႈေတြကို ညွိႏႈိင္းတတ္ျခင္းတုိ႕ ျဖစ္ပါတယ္။

၇။ ကုိယ့္ရဲ႕ လက္တြဲေဖာ္ကုိ ေလးစားပါ။

အိမ္ေထာင္ေရးဆုိင္ရာ ကၽြမ္းက်င္သူေတြရဲ႕ အႀကံေပးခ်က္ေတြရဲ႕ ထိပ္ဆုံးက အခ်က္ကေတာ့ ေလးစားမႈပါပဲ။ သင့္အေနနဲ႕ လူတစ္ေယာက္ အခ်စ္မပါဘဲ ေလးစားလုိ႕ရေပမဲ့ ေလးစားမႈမပါဘဲ ခ်စ္လုိ႕မရပါဘူး။ ကုိယ့္ရဲ႕ အိမ္ေထာင္ဖက္ကုိ ေဆြမ်ဳိးေတြ၊ ကေလးေတြ၊ မိတ္ေဆြေတြေရွ႕မွာ အသုံးမက်ေၾကာင္းမေျပာပါနဲ႕။ အိမ္ေထာင္ေရး မွာျပႆနာရွိတဲ့အခါ အျပင္မသယ္ဘဲ အခ်င္းခ်င္း ၂ ေယာက္သားေဆြးေႏြးပါ။

၈။ ဖိအားမေပးပါနဲ႕။

လူတစ္ေယာက္ဟာ သူတို႕ေျပာင္းလဲခ်င္မွ ေျပာင္းလဲတယ္ဆုိတဲ့ သေဘာကုိ သတိထားပါ။ သင့္အေနနဲ႕ သင့္အိမ္ေထာင္ဖက္ရဲ႕ ႏွစ္ေပါင္းမ်ားစြာ ရွိလာတဲ့ အမူအက်င့္တစ္ခုကုိ သြားေျပာင္းလဲေပးလုိ႔မရပါဘူး။ သူတုိ႕ မွားေနတယ္လုိ႕ မထင္တဲ့အရာတစ္ခုကုိ သင္က ဖိအားေပးၿပီး ေျပာင္းလဲခုိင္းလုိ႕မရပါဘူး။ ဒါ့ေၾကာင့္ ဒီလုိျပႆနာေတြကို အေပၚယံ ေျပာင္းေတာ့ဆုိတဲ့ စကားေျပာမယ့္အစား လက္တြဲေဖာ္ရဲ႕ လုိအပ္ခ်က္ေတြကို အခ်ိန္ယူနားေထာင္ေပးၿပီး ေျပာင္းလဲရာမွာ ကူညီဖုိ႕လုိပါတယ္။

၉။ သင္က ဇနီးျဖစ္မယ္ဆုိရင္ ေမွ်ာ္လင့္ခ်က္ေတြကို ေလွ်ာ့ထားပါ။သင့္က ခင္ပြန္းျဖစ္မယ္ဆုိရင္ တာဝန္အျပည့္ယူပါ။

အမ်ဳိးသမီးေတြ အိမ္ေထာင္ေရးကေန ဘာလုိခ်င္လဲဆုိေတာ့ ခ်စ္ျခင္း၊ တန္ဖုိးထားျခင္း၊ နားေထာင္ျခင္း၊ ဂရုစုိက္ျခင္းနဲ႕ စိတ္ေက်နပ္မႈ လုိခ်င္ၾကတာပါ။ အမ်ဳိးသမီးေတြမွာ သူတုိ႕လုိခ်င္တဲ့ အရာေတြကုိစုထားတဲ့စာရင္းရွည္ရွိၿပီး အိမ္ေထာင္ဖက္ကုိလည္း ေမွ်ာ္လင့္ခ်က္မ်ားမ်ားထားတတ္ၾကပါတယ္။ အမ်ဳိးသားေတြကေတာ့အိမ္ေထာင္ေရးတစ္ခုကေန လုိခ်င္တဲ့ အရာ သိပ္မ်ားမ်ား မရွိပါဘူး။

ဒီေတာ့ အိိမ္ေထာင္ေရးတစ္ခုမွာ အမ်ဳိးသမီးေတြနဲ႕ အမ်ဳိးသားေတြအၾကား ေမွ်ာ္လင့္ခ်က္ ကြာဟမႈက ေတာ္ေတာ္ႀကီးမားေနပါတယ္။ အိမ္ေထာင္ေရးတစ္ခုမွာ ျပႆနာေတြ ခဏခဏ မတက္ေစဖုိ႕ အတြက္ အမ်ဳိးသမီးေတြအေနနဲ႕ ၂၄၊၇ romance ဆန္ေနဖုိ႕ ေတာင္းဆုိေနတာေတြကို ေလွ်ာ့ျခင္းျဖင့္ ေမွ်ာ္လင့္ခ်က္ ကြာဟမႈကို က်ဥ္းေျမာင္းသင့္ပါတယ္။

အမ်ဳိးသားေတြအေနနဲ႕လည္း အမ်ဳိးသမီးလုိခ်င္တဲ့ အရာေတြ ျဖစ္တဲ့ အိမ္ေထာင္ေရးကုိ ပထမဆုံးထားဖုိ႕နဲ႕ ပုိၿပီး နားေထာင္ေပးဖုိ႕ စတာေတြနဲ႕ ကုိယ့္ရဲ႕ ဇနီးလုိခ်င္တဲ့ အရာေတြကို တာဝန္ယူမႈ ရွိရွိနဲ႕ ပုိၿပီး လုပ္ေဆာင္ေပးဖုိ႕ လုိပါတယ္။

Credit : Hello ဆရာဝန္
# Unicode Version ျဖင့္ ဖတ္ပါ #
သင့်အနေနဲ့ အခုချိန် ကြင်စဦး အိမ်ထောင်ရှင်ဘဝကို တည်ထောင်ထားသူပဲ ဖြစ်ဖြစ်၊ ငွေရတု၊ ရွှေရတု ပေါင်းများစွာ အိမ်ထောင်သက် ကြာညောင်းနေသူပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သံယောဇဉ်ကြိုးခိုင်မြဲပြီး ချစ်ခင်ကြင်နာမှု အပြည့်နဲ့ သစ္စာတရားပြည့်ဝနေတဲ့ အိမ်ထောင်ရေးကိုသာ လိုချင်ကြမှာ အမှန်ပါပဲ။ ဒီလို အိမ်ထောင်တစ်ခုလည်း ပိုင်ဆိုင်ချင်တယ်၊ ဒီလို ဖြစ်လာဖို့အတွက်လည်း ဘယ်လိုနည်းလမ်းတွေကို လုပ်ဆောင်ရမှန်း မသိဘူးဆိုရင် ကျွန်တော်တို့ Hellosayarwon မှ ခိုင်မာတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် မမေ့သင့်တဲ့ အချက်လေးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ စိတ်ဝင်တစား နားထောင်ပေးပါ။

Relationship ဆိုင်ရာ အတိုင်ပင်ခံတွေအားလုံးက တကယ့် အစစ်အမှန် နားထောင်ခြင်းဟာ ရန်ဖြစ်ခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ပြီး ပျော်ရွှင်မှု ပြည့်ဝတဲ့ Realtionship တစ်ခုဖြစ်လာအောင် ပုံသွင်းပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ နားထောင်ခြင်းက တစ်ခြားလူတွေနဲ့ဆိုရင် တော်တော်လေးကို လွယ်မယ့် ကိစ္စတစ်ရပ်ဖြစ်ပေမဲ့ သင့်လက်တွဲဖော်က စကားပြောနေမယ်ဆိုရင်တော့ တော်တော်ကို ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ နားထောင်ခြင်းရဲ့ စွမ်းအားက ကြီးမားလွန်းတဲ့ အတွက် ရအောင်ကြိုးစားလေ့ကျင့်ပါ။ သင် တကယ်နားထောင်နေတယ်ဆိုတာ ပြဖို့အတွက် TV ဖွင့်ထားရင် TV ပိတ်လိုက်ပါ၊ ဖုန်းသုံးနေရင် ဖုန်းပိတ်လိုက်ပါ၊ အာရုံစူးစိုက်မှုအပြည့်ပေးပါ၊ ပြီးရင် မျက်လုံးဆုံမှု ရှိပါစေ။ နောက်ပြီးရင် ကိုယ်ကြားခဲ့တဲ့ အရာကိုလည်း တကယ်လုပ်ဆောင်ကြောင်း သက်သေပြပါ။ နားထောင်ခြင်းဟာ သင်ရဲ့ လက်တွဲဖော်က စိတ်ဆိုးနေတဲ့ အချိန်မျိုးမှာ တကယ် အရေးကြီးပါတယ်။ သင့်က တကယ်ကို နားထောင်ပေးမယ်ဆိုရင် ဘာပြဿနာ ဖြစ်နေတာလဲဆိုတာ နားလည်လာနိုင်မှာဖြစ်ပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သိလာမှာ ဖြစ်ပါတယ်။ နားထောင်တတ်ဖို့ အတွက် လေ့ကျင့်မှုတွေလိုအပ်မှာဖြစ်ပြီး အလုပ်က Customer တွေတဲ့အခါ နားထောင်သလိုမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ နားထောင်သလို မျိုး နားထောင်တတ်ဖို့ လိုပါတယ်။ နားထောင်တတ်တဲ့ အရည်အချင်းတစ်ခု အိမ်ထောင်ရေးတစ်ခုမှာ ရှိလာပြီဆိုတာနဲ့ လက်တွဲဖော်နဲ့ ရန်ဖြစ်တာတွေ နည်းလာမှာပါ။

၂။ အိမ်ထောင်ရေး ခိုင်မြဲဖို့ အတွက်ပဲ အာရုံစိုက်ပါ။

စိတ်ပညာအရ လူတစ်ယောက်နဲ့ ပထမဆုံး အကြိမ်စတွေ့တဲ့အခါမှာ သင်ဟာ သင်ကြိုက်တဲ့ အရာတွေကို အားလုံးကို ဂရုစိုက်တတ်ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့ အခါမှာ သင်ဟာ သင်မကြိုက်တဲ့ အရာတွေကိုပဲ ဂရုစိုက်လာပါတော့တယ်။ အကယ်၍ အိမ်ထောင်ရေးတစ်ခုမှာ ကောင်းတဲ့ အချက်တွေကို ဂရုမစိုက်ဘဲ ဆိုးတဲ့ အချက်တွေကို သာ အာရုံစိုက်လာမယ်ဆိုရင် မကြာခင်မှာပဲ ဒီ အိမ်ထောင်ရေးက ပျက်ဆီးသွားမှာ ဖြစ်ပါတယ်။ ဒီအချက်ကိုဖြေရှင်းဖို့ အတွက်နည်းလမ်းတစ်ခုကတော့ သင့်လက်တွဲဖော်ရဲ့ ကောင်းတဲ့ အချက်တွေ၊ သင်ကြိုက်တဲ့ အချက်
တွေကို သင်က သတိရှိရှိနဲ့ အာရုံစိုက်ဖို့ပါပဲ။ သင့်ရဲ့ လက်တွဲဖော်မှာ သင်ကြိုက်တဲ့ အချက်များစွာရှိမှာပါ။ ဒါ့ကြောင့် ဒီအချက်တွေကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားပါ။ လိုအပ်လာရင်စာရွက်တစ်ရွက်ပေါ်မှာ ချရေးထားနိုင်ပါတယ်။

၃။ နားပူနားဆာလုပ်တာတွေ လျှော့ပါ။

နားပူနားဆာ လုပ်ခြင်းက ဆက်ဆံရေးကို တင်းမာစေတဲ့အပြင် ပြဿနာတစ်ခုကိုလည်း ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါဘူး။ သင်က နားပူနားဆာလုပ်လေလေ သင့်အဖော်ဖြစ်သူက နားမထောင်လေပါပဲ။ တကယ်၍ တစ်စုံတစ်ယောက်က သင်လိုချင်တာကို မပေးနိုင်ဘူးဆိုရင် ကိုယ်ဘာတွေ လုပ်နေသလဲဆိုတာ ကိုပြန်စဉ်းစားပါ။ ကိုယ်တောင်းဆိုနေတာ မရဘူးဆိုရင် ကိုယ်မလိုချင်တာကိုပြောမဲ့အစား ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ပြောင်းပြောကြည့်ပါ။ နားပူနားဆာလုပ်နေမယ့်အစား နည်းလမ်းပြောင်းကြည့်ပါ။ ဝေဖန်တာတွေ နားပူနားဆာလုပ်မိတဲ့အခါမှာ တစ်ဖက်ကလည်း သူ့ရဲ့ ကောင်းကျိုးတွေကို ပြောပြပေးပါ။ သင့်လက်တွဲဖော်ကိုပြောင်းလဲစေချင်တယ်ဆိုရင် သူ့ရဲ့ ကောင်းကွက်တွေကိုပါ ထည့်ပြောပေးပါ။ အကယ်၍သူဟာ ကျေးဇူးတင်ခံရမယ်၊ စိတ်ကျေနပ်မယ်ဆိုရင် သင့်လက်တွဲဖော်က သင်စိတ်ကျေနပ်ဖို့ ပိုပြီး ပြောင်းလဲပေးချင်မှာ ဖြစ်ပါတယ်။

၄။ အချိန်တူတူ ကုန်ဆုံးပါ။

အိမ်ထောင်ရေးတစ်ခု ခိုင်မာချင်တယ်ဆိုရင် အချိန်အကြာကြီး အတူတူ ရှိနေဖို့လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို ရောက်သွားတဲ့အချိန်မှာလည်း ညစာထွက်စားတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးကို မပျက်ပါစေနဲ့။ သင့်ရဲ့ ပြက္ခဒိန်ထဲမှာ တွေ့မယ့်ရက်တွေကို မှတ်ထားခြင်းကလည်း သင်မမေ့အောင် ကူညီပေးနိုင်ပါတယ်။
အိမ်ထောင်ရေးတစ်ခုမှာ ဒီလို အလေးထားတဲ့ အကျင့်လေးတွေ ရှိတဲ့အခါမှာ ကောင်းကျိုးကို ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခြားလူတွေမပါဘဲ ၂ ယောက်တည်း အတူတူတွေ့ခြင်းဖြင့် အိမ်ထောင်ရေး သံယောဇဉ်ကို ပိုခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်သွားတဲ့အတွက် အထူးအဆန်း လုပ်နေဖို့ မလိုဘူးဆိုတဲ့ အမှားမျိုးမလုပ်ကြဘဲ နေ့တိုင်းနေ့တိုင်း ကိုယ်ရဲ့ လက်တွဲဖော်နဲ့ အချိန်အနည်းငယ်စီ ကုန်ဆုံးစေပါ။ တွေ့တဲ့အချိန်မှာလည်း ကောင်းတဲ့အရာတွေကိုပဲ ဦးစားပေးပြောဆိုဖို့လိုအပ်ပြီး လက်တွဲဖော်အိမ်ကိုရောက်လာတာနဲ့ လုပ်လက်စ အလုပ်တွေကိုရပ်ပြီး နှုတ်ဆက်ပါ။
ဒါ့ဟာ အိမ်ထောင်ရေးမှာ ခံစားချက်တွေကိုပို ခိုင်မာလာစေပြီး သင့်ရဲ့ အိမ်ထောင်ဖက်ကို အရေးကြီးတဲ့ လူတစ်ယောက်ကဲ့သို့ဆက်ဆံခြင်းဖြင့် အိမ်ထောင်ရေးက ပိုခိုင်မြဲလာမှာ ဖြစ်ပါတယ်။

၅။ အထိအတွေ့ရှိနေပါစေ။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ခြင်းကဲ့သို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီးသင့်ရဲ့ လက်တွဲဖော်ကို သင်က ဂရုစိုက်ကြောင်း ပြသနေပါတယ်။ အိမ်ထောင်ရေးမှာ နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်းတို့ကို နေ့တိုင်း ပုံမှန်လုပ်ဆောင်နေမယ်ဆိုရင် ရန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။

၆။ အကျင့်ဆိုး (၇) ခုကို စွန့်ပစ်ပြီး အကျင့်ကောင်း (၇) ခုကိုမွေးမြူပါ။

အိမ်ထောင်ရေးတစ်ခုကို ခိုင်မြဲစေချင်တယ်ဆိုရင် အိမ်ထောင်ရေးတစ်ခုမှာ မရှိသင့်တဲ့ အကျင့်ဆိုး (၇) ချက်ကို ရှောင်ရှားပြီး အကျင့်ကောင်း (၇) ချက်ကို မွေးမြူသင့်ပါတယ်။ ဒီအကျင့်တွေကို မွေးမြူရတာက ခက်ခဲမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ရှည်ရှည်နဲ့ မွေးမြူဖို့ လိုပါလိမ့်မယ်။

စွန့်ပစ်ရမယ့် အကျင့်ဆိုး ၇ ခုကတော့ အပြစ်ရှာခြင်း၊ ဝေဖန်ခြင်း၊ ညဉ်းညူခြင်း၊ နားပူနားဆာလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အပြစ်ပေးခြင်းနဲ့ အကျင့်ပျက်ခြင်းတို့ ဖြစ်ပါတယ်။

အစားထိုးရမယ့် အလေ့အကျင့် (၇) ခုကတော့ အားပေးခြင်း၊ တိုက်တွန်းခြင်း၊ နားထောင်ခြင်း၊ လက်ခံတတ်ခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်းနဲ့ ခြားနားမှုတွေကို ညှိနှိုင်းတတ်ခြင်းတို့ ဖြစ်ပါတယ်။

၇။ ကိုယ့်ရဲ့ လက်တွဲဖော်ကို လေးစားပါ။

အိမ်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေရဲ့ ထိပ်ဆုံးက အချက်ကတော့ လေးစားမှုပါပဲ။ သင့်အနေနဲ့ လူတစ်ယောက် အချစ်မပါဘဲ လေးစားလို့ရပေမဲ့ လေးစားမှုမပါဘဲ ချစ်လို့မရပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ဆွေမျိုးတွေ၊ ကလေးတွေ၊ မိတ်ဆွေတွေရှေ့မှာ အသုံးမကျကြောင်းမပြောပါနဲ့။ အိမ်ထောင်ရေး မှာပြဿနာရှိတဲ့အခါ အပြင်မသယ်ဘဲ အချင်းချင်း ၂ ယောက်သားဆွေးနွေးပါ။

၈။ ဖိအားမပေးပါနဲ့။

လူတစ်ယောက်ဟာ သူတို့ပြောင်းလဲချင်မှ ပြောင်းလဲတယ်ဆိုတဲ့ သဘောကို သတိထားပါ။ သင့်အနေနဲ့ သင့်အိမ်ထောင်ဖက်ရဲ့ နှစ်ပေါင်းများစွာ ရှိလာတဲ့ အမူအကျင့်တစ်ခုကို သွားပြောင်းလဲပေးလို့မရပါဘူး။ သူတို့ မှားနေတယ်လို့ မထင်တဲ့အရာတစ်ခုကို သင်က ဖိအားပေးပြီး ပြောင်းလဲခိုင်းလို့မရပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေကို အပေါ်ယံ ပြောင်းတော့ဆိုတဲ့ စကားပြောမယ့်အစား လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို အချိန်ယူနားထောင်ပေးပြီး ပြောင်းလဲရာမှာ ကူညီဖို့လိုပါတယ်။

၉။ သင်က ဇနီးဖြစ်မယ်ဆိုရင် မျှော်လင့်ချက်တွေကို လျှော့ထားပါ။သင့်က ခင်ပွန်းဖြစ်မယ်ဆိုရင် တာဝန်အပြည့်ယူပါ။

အမျိုးသမီးတွေ အိမ်ထောင်ရေးကနေ ဘာလိုချင်လဲဆိုတော့ ချစ်ခြင်း၊ တန်ဖိုးထားခြင်း၊ နားထောင်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ စိတ်ကျေနပ်မှု လိုချင်ကြတာပါ။ အမျိုးသမီးတွေမှာ သူတို့လိုချင်တဲ့ အရာတွေကိုစုထားတဲ့စာရင်းရှည်ရှိပြီး အိမ်ထောင်ဖက်ကိုလည်း မျှော်လင့်ချက်များများထားတတ်ကြပါတယ်။ အမျိုးသားတွေကတော့အိမ်ထောင်ရေးတစ်ခုကနေ လိုချင်တဲ့ အရာ သိပ်များများ မရှိပါဘူး။

ဒီတော့ အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအကြား မျှော်လင့်ချက် ကွာဟမှုက တော်တော်ကြီးမားနေပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ပြဿနာတွေ ခဏခဏ မတက်စေဖို့ အတွက် အမျိုးသမီးတွေအနေနဲ့ ၂၄၊၇ romance ဆန်နေဖို့ တောင်းဆိုနေတာတွေကို လျှော့ခြင်းဖြင့် မျှော်လင့်ချက် ကွာဟမှုကို ကျဉ်းမြောင်းသင့်ပါတယ်။

အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးလိုချင်တဲ့ အရာတွေ ဖြစ်တဲ့ အိမ်ထောင်ရေးကို ပထမဆုံးထားဖို့နဲ့ ပိုပြီး နားထောင်ပေးဖို့ စတာတွေနဲ့ ကိုယ့်ရဲ့ ဇနီးလိုချင်တဲ့ အရာတွေကို တာဝန်ယူမှု ရှိရှိနဲ့ ပိုပြီး လုပ်ဆောင်ပေးဖို့ လိုပါတယ်။

Credit : Hello ဆရာဝန်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top