iMyanmarHouse.com - Best Property Website for Myanmar
×

" ဟိုဟာေလ ဆရာမ ... အညိဳပုပ္ပုပ္ေတြ ဆင္းေနလို႔ ... ပထမေတာ့ ေသြးေရာင္ ... အခုက် ... နည္းနည္းညိဳညိဳ ... "

          ဆရာဝန္မေလးက လူနာကို တည္တည္ၿငိမ္ၿငိမ္ ၾကည့္ေနလိုက္ၿပီး ေသြးေပါင္ခ်ိန္တာ အဖ်ားတိုင္းတာေတြ ၿပီးစီးတဲ့အထိ ေစာင့္ေနလိုက္ပါတယ္။

          " အဖ်ားေသြး နည္းနည္းရွိတယ္ ... အင္း ... ဟုတ္ၿပီ ... ဆီးေလး စစ္လိုက္ပါဦး "

          သူနာျပဳဆရာမေလးတိုးတိုး လိုက္ကာေလးဆြဲဖယ္ ထြက္သြားၿပီး ခဏၾကာေတာ့ သူမကို ႏွစ္ေၾကာင္းေပၚေနတဲ့ ဆီးစစ္တံေလးကို ခ်ျပပါတယ္။

          " မမြန္ ... ကိုယ္ဝန္ ရွိေနတာ သိသလား ... "

          သူမမ်က္ႏွာေလး ညိဳသြားၿပီး -

          " မသိ ... မသိဘူးဆရာမ " တဲ့။

          " တားေဆး ဘာသံုးလဲ? "

          " သံုးလခံေဆး ထိုးပါတယ္ ... ျဖတ္လိုက္တာေတာ့ ရွစ္လေလာက္ ရွိၿပီ ... ရာသီေတာ့ ျပန္လာတယ္ ... ဓမၼတာကေတာ့ အရင္လို မမွန္ဘူး ... လာလည္း ေကာင္းေကာင္းမလာတာနဲ႔ ဒီတိုင္းပဲ ဆက္မထိုးေတာ့တာ ... "

          " လံုးဝမလာတာ ဘယ္တုန္းကလဲ? "

          " မမွတ္မိဘူး ဆရာမ ... ရာသီက အၾကာႀကီးလည္း ထိန္သြားတဲ့အျပင္ ျပန္လာေတာ့လည္း သိပ္မမွန္ေတာ့လို႔ ... သတိမထားမိဘူး ဆရာမ "

          ဆရာဝန္မေလးက ဟင္းခနဲ သက္ျပင္းခ်လိုက္ၿပီး ေရာဂါရာဇဝင္ ဆက္ေမး လူနာကို စမ္းသပ္ရပါတယ္။

          " ကဲ ... ေအာက္ကို ၾကည့္ရေအာင္ ... စမ္းမယ္ေနာ္ " မစမ္းခင္ အရင္ရွင္းျပၿပီး မိန္းမကိုယ္ကို စစ္ေဆးလိုက္ေတာ့ -

          ေပါင္ေလး ကားလိုက္တာနဲ႔ အထဲကေန တစ္စံုတစ္ခုက ျပဴတူတူေလး ထြက္ခ်ေနပါတယ္။ ၾကည့္လိုက္ေတာ့ ခ်က္ႀကိဳးအစအန ...

          " တစ္ဆို႔ဆို႔ ျဖစ္ေနတာ ... ဆရာမ ဘာႀကီးမွန္းမသိ "

          လက္ေထာက္ဆရာဝန္မေလးခမ်ာ ပခံုးေလး တစ္ခ်က္ တြန္႔လိုက္ကာ သူမကို ခပ္ၿပံဳးၿပံဳးေလး  အားေပးလိုက္ၿပီး အျပင္ထြက္ကာ မမအိုဂ်ီဆီ ဖုန္းေခၚရပါေတာ့တယ္။

          ကဲ ... ဘယ္လို အဆံုးသတ္မွာပါလိမ့္ ... သူမရဲ႕အျဖစ္ကေတာ့ ဒီလိုပါ။

●        သံုးလခံေဆး ျဖတ္လိုက္တယ္။

●        ရာသီ အၾကာႀကီး ထိန္သြားတယ္။

●        ရာသီ ျပန္လာေပမယ့္လည္း အရင္ ေဆးအရွိန္နဲ႔ ဓမၼတာက သိပ္မမွန္ေတာ့ သတိမထားမိသလို ထိန္တဲ့အခါ ဂ႐ုတစိုက္ ဆီး မစစ္ခဲ့ဘူး။

●        ေသြးဆင္းလာတဲ့အခါ ရာသီလာတယ္လို႔ပဲ ထင္တယ္။ ဒီေတာ့ ေပါ့ေပါ့ပဲ ထားလိုက္တယ္။

●        သူမ ဆီးစပ္ေတြ ကိုက္လာၿပီး ဖ်ားခ်င္သလိုလို ခ်မ္းစိမ့္စိမ့္ ျဖစ္လာတယ္။ မိန္းမကိုယ္ကေန တစ္ခုခု ထြက္လာသလို ခံစားရတယ္။

●        ဆရာဝန္ဆီ လာျပတယ္။ ဆရာဝန္က ဆီးစစ္ၿပီး စ,စမ္းသပ္တယ္။

●        သူမဟာ ကိုယ္ဝန္ရွိမွန္း မသိလိုက္ဘဲ အေၾကာင္းတစ္ခုခုေၾကာင့္ သေႏၶတည္သြားခဲ့ၿပီး  ကိုယ္ဝန္ ပ်က္က်သြားပါတယ္။

●        ကိုယ္ဝန္ပ်က္တဲ့အခါ  အစအနေတြအျဖစ္ အျပင္ကို ထြက္က်မလာဘဲ အထဲမွာ လႈိက္ၿပီး သေႏၶ ပ်က္စီးတာ ျဖစ္ပါတယ္။ ထြက္က်လာတာကေတာ့ ဆံုးသြားတဲ့ သေႏၶသားေလးရဲ႕ ခ်က္ႀကိဳးအစအနေလးသာ ျဖစ္ပါတယ္။ သားအိမ္ျခစ္ သန္႔ရွင္းေရးလုပ္လိုက္ရ၊ ပဋိဇီဝေဆးေတြ သြင္းကုသၿပီးေနာက္မွာ ယခင္လို ျပန္လည္က်န္းမာသြားပါတယ္။

          ဒီအျဖစ္ေလးက ဘာကိုျပလဲဆိုေတာ့ -

●        ေဆးထိုးေဆးေသာက္ေနၿပီး ေဆးျဖတ္လိုက္တဲ့အခါ ဓမၼတာ မမွန္မကန္ ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ေပါ့ေပါ့ဆဆမထားဘဲ ဆီးစစ္ၾကည့္ၾကဖို႔၊ သတိျပဳၾကဖို႔ တိုက္တြန္းပါတယ္။

●        ကိုယ္ဝန္ရွိစမွာ လကၡဏာေတြ ေပၚတတ္ေပမယ့္ ဘာကိုမွ သတိမထားမိ ရွိလို႔ရွိမွန္းမသိခဲ့တဲ့ မြန္မြန္တို႔လို အမ်ိဳးသမီးေတြ ရွိေနႏိုင္ပါတယ္။

●        ကိုယ္ဝန္ပ်က္မွန္းမသိဘဲ ေသြးဆင္း အထဲမွာ သေႏၶသားက ပုပ္ပြေသဆံုးတဲ့အခါ ထြက္ေပၚလာတဲ့ အဆိပ္ဓာတ္ေတြေၾကာင့္ ေသြးဆိပ္တက္ေရာဂါ ျဖစ္သြားႏိုင္ပါတယ္။

          ဒီျဖစ္ရပ္ေလးကို သင္ခန္းစာယူၿပီး မိမိကိုယ္ကို သတိျပဳ ကာကြယ္ႏိုင္ၾကမယ္ဆိုရင္ ေက်နပ္စရာပါပဲလို႔ စာေရးသူအေနနဲ႔ မွတ္ယူပါတယ္။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
" ဟိုဟာလေ ဆရာမ ... အညိုပုပ်ပုပ်တွေ ဆင်းနေလို့ ... ပထမတော့ သွေးရောင် ... အခုကျ ... နည်းနည်းညိုညို ... "

          ဆရာဝန်မလေးက လူနာကို တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်ပြီး သွေးပေါင်ချိန်တာ အဖျားတိုင်းတာတွေ ပြီးစီးတဲ့အထိ စောင့်နေလိုက်ပါတယ်။

          " အဖျားသွေး နည်းနည်းရှိတယ် ... အင်း ... ဟုတ်ပြီ ... ဆီးလေး စစ်လိုက်ပါဦး "

          သူနာပြုဆရာမလေးတိုးတိုး လိုက်ကာလေးဆွဲဖယ် ထွက်သွားပြီး ခဏကြာတော့ သူမကို နှစ်ကြောင်းပေါ်နေတဲ့ ဆီးစစ်တံလေးကို ချပြပါတယ်။

          " မမွန် ... ကိုယ်ဝန် ရှိနေတာ သိသလား ... "

          သူမမျက်နှာလေး ညိုသွားပြီး -

          " မသိ ... မသိဘူးဆရာမ " တဲ့။

          " တားဆေး ဘာသုံးလဲ? "

          " သုံးလခံဆေး ထိုးပါတယ် ... ဖြတ်လိုက်တာတော့ ရှစ်လလောက် ရှိပြီ ... ရာသီတော့ ပြန်လာတယ် ... ဓမ္မတာကတော့ အရင်လို မမှန်ဘူး ... လာလည်း ကောင်းကောင်းမလာတာနဲ့ ဒီတိုင်းပဲ ဆက်မထိုးတော့တာ ... "

          " လုံးဝမလာတာ ဘယ်တုန်းကလဲ? "

          " မမှတ်မိဘူး ဆရာမ ... ရာသီက အကြာကြီးလည်း ထိန်သွားတဲ့အပြင် ပြန်လာတော့လည်း သိပ်မမှန်တော့လို့ ... သတိမထားမိဘူး ဆရာမ "

          ဆရာဝန်မလေးက ဟင်းခနဲ သက်ပြင်းချလိုက်ပြီး ရောဂါရာဇဝင် ဆက်မေး လူနာကို စမ်းသပ်ရပါတယ်။

          " ကဲ ... အောက်ကို ကြည့်ရအောင် ... စမ်းမယ်နော် " မစမ်းခင် အရင်ရှင်းပြပြီး မိန်းမကိုယ်ကို စစ်ဆေးလိုက်တော့ -

          ပေါင်လေး ကားလိုက်တာနဲ့ အထဲကနေ တစ်စုံတစ်ခုက ပြူတူတူလေး ထွက်ချနေပါတယ်။ ကြည့်လိုက်တော့ ချက်ကြိုးအစအန ...

          " တစ်ဆို့ဆို့ ဖြစ်နေတာ ... ဆရာမ ဘာကြီးမှန်းမသိ "

          လက်ထောက်ဆရာဝန်မလေးခမျာ ပခုံးလေး တစ်ချက် တွန့်လိုက်ကာ သူမကို ခပ်ပြုံးပြုံးလေး  အားပေးလိုက်ပြီး အပြင်ထွက်ကာ မမအိုဂျီဆီ ဖုန်းခေါ်ရပါတော့တယ်။

          ကဲ ... ဘယ်လို အဆုံးသတ်မှာပါလိမ့် ... သူမရဲ့အဖြစ်ကတော့ ဒီလိုပါ။

●        သုံးလခံဆေး ဖြတ်လိုက်တယ်။

●        ရာသီ အကြာကြီး ထိန်သွားတယ်။

●        ရာသီ ပြန်လာပေမယ့်လည်း အရင် ဆေးအရှိန်နဲ့ ဓမ္မတာက သိပ်မမှန်တော့ သတိမထားမိသလို ထိန်တဲ့အခါ ဂရုတစိုက် ဆီး မစစ်ခဲ့ဘူး။

●        သွေးဆင်းလာတဲ့အခါ ရာသီလာတယ်လို့ပဲ ထင်တယ်။ ဒီတော့ ပေါ့ပေါ့ပဲ ထားလိုက်တယ်။

●        သူမ ဆီးစပ်တွေ ကိုက်လာပြီး ဖျားချင်သလိုလို ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ မိန်းမကိုယ်ကနေ တစ်ခုခု ထွက်လာသလို ခံစားရတယ်။

●        ဆရာဝန်ဆီ လာပြတယ်။ ဆရာဝန်က ဆီးစစ်ပြီး စ,စမ်းသပ်တယ်။

●        သူမဟာ ကိုယ်ဝန်ရှိမှန်း မသိလိုက်ဘဲ အကြောင်းတစ်ခုခုကြောင့် သန္ဓေတည်သွားခဲ့ပြီး  ကိုယ်ဝန် ပျက်ကျသွားပါတယ်။

●        ကိုယ်ဝန်ပျက်တဲ့အခါ  အစအနတွေအဖြစ် အပြင်ကို ထွက်ကျမလာဘဲ အထဲမှာ လှိုက်ပြီး သန္ဓေ ပျက်စီးတာ ဖြစ်ပါတယ်။ ထွက်ကျလာတာကတော့ ဆုံးသွားတဲ့ သန္ဓေသားလေးရဲ့ ချက်ကြိုးအစအနလေးသာ ဖြစ်ပါတယ်။ သားအိမ်ခြစ် သန့်ရှင်းရေးလုပ်လိုက်ရ၊ ပဋိဇီဝဆေးတွေ သွင်းကုသပြီးနောက်မှာ ယခင်လို ပြန်လည်ကျန်းမာသွားပါတယ်။

          ဒီအဖြစ်လေးက ဘာကိုပြလဲဆိုတော့ -

●        ဆေးထိုးဆေးသောက်နေပြီး ဆေးဖြတ်လိုက်တဲ့အခါ ဓမ္မတာ မမှန်မကန် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့ဆဆမထားဘဲ ဆီးစစ်ကြည့်ကြဖို့၊ သတိပြုကြဖို့ တိုက်တွန်းပါတယ်။

●        ကိုယ်ဝန်ရှိစမှာ လက္ခဏာတွေ ပေါ်တတ်ပေမယ့် ဘာကိုမှ သတိမထားမိ ရှိလို့ရှိမှန်းမသိခဲ့တဲ့ မွန်မွန်တို့လို အမျိုးသမီးတွေ ရှိနေနိုင်ပါတယ်။

●        ကိုယ်ဝန်ပျက်မှန်းမသိဘဲ သွေးဆင်း အထဲမှာ သန္ဓေသားက ပုပ်ပွသေဆုံးတဲ့အခါ ထွက်ပေါ်လာတဲ့ အဆိပ်ဓာတ်တွေကြောင့် သွေးဆိပ်တက်ရောဂါ ဖြစ်သွားနိုင်ပါတယ်။

          ဒီဖြစ်ရပ်လေးကို သင်ခန်းစာယူပြီး မိမိကိုယ်ကို သတိပြု ကာကွယ်နိုင်ကြမယ်ဆိုရင် ကျေနပ်စရာပါပဲလို့ စာရေးသူအနေနဲ့ မှတ်ယူပါတယ်။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top