iMyanmarHouse.com - Best Property Website for Myanmar
×

မုဒိန္းမႈကို ပညာေပး ႐ိုက္ေပးမယ့္ ဟစ္တိုင္အမည္႐ွိေသာ ႐ုပ္႐ွင္ကားကို ဇူလိုင္(၇)ရက္ေန႔တြင္ ဆင္ျဖဴကြၽန္း၌႐ိုက္ကူးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။ယင္းဇာတ္ကားတြင္ သက္ငယ္မုဒိန္းျပဳက်င့္တဲ့အခါမွာ ဘယ္လိုအျပစ္ဒဏ္ခံသင့္တယ္၊ တားျမစ္ရမယ္ဆိုတဲ့အေၾကာင္းကို ပညာေပး သေဘာမ်ိဳး ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

“ဒီဇာတ္ကားမွာ ေဒါင္းနီဆိုတဲ့ ကာ႐ိုက္တာကို အူဝဲကလြဲၿပီး ဘယ္သူမွ မရဘူး၊ ဒီကားကို ႐ိုက္ကူးရတာက ျမန္မာျပည္မွာ မုဒိန္းမႈေတြ မ်ားေနတယ္၊ အဲ့ထဲကမွ သက္ငယ္မုဒိန္းက ေတာ္ေတာ္ေလးဆိုးတယ္၊ အင္မတန္လည္း မိုက္႐ိုင္းတယ္၊ သူတို႔ေတြကိုဘယ္လိုအျပစ္ေပးရမယ္၊ ေနာင္မလုပ္ရဲေအာင္ အျပစ္ဒဏ္ေပးရမယ္၊ ေနာက္ၿပီး မိန္းပေလးတစ္ေယာက္က ဘယ္လိုေနထိုင္သင့္တယ္၊ ဘယ္လိုေျပာဆိုရ မယ္ဆိုတာကို ပညာေပးအေနနဲ႔ ႐ိုက္ကူးေပးသြားမွာပါ၊”လို႔ ဒါ႐ိုက္တာ ဟိန္းစိုးကေျပာခဲ့ပါတယ္။

ယင္း႐ုပ္႐ွင္ဇာတ္ကားသည္ ေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့သည့္ စာေရးဆရာမ သ်ွင္မ၏ ဝတၳဳျဖစ္ၿပီး ယင္းဇာတ္ကားတြင္ ေဒါင္းနီဆိုတဲ့ အမ်ိဳးသမီး၏ သမီးငယ္ေလးအား မုဒိန္းက်င့္ခဲ့ရာ အေမျဖစ္သူေဒါင္းနီမွ ဘယ္လိုမ်ိဳး ျပန္လည္ျပဳလုပ္ခဲ့သလဲဆိုတာကို ပညာေပး အေနနဲ႔႐ိုက္ကူးသြားမွာျဖစ္ပါတယ္။ယင္း႐ုပ္႐ွင္ကားကို Stellar Seven Entertainment ထုတ္လုပ္ေရးမွ ထုတ္လုပ္ၿပီး ဝတၳဳ သ်ွင္မ၊ ဇာတ္ၫႊန္း ကႀကိဳးသ်ွင္၊ ဒါ႐ိုက္တာ ဟိန္းစိုး ႐ိုက္ကူးမည္ျဖစ္ၿပီး အိျႏၵာေက်ာ္ဇင္၊ ေမသန္းႏု၊ စိုင္းဝ႑ေအာင္၊ ထူးျပည့္ေအာင္၊ စိုးသူရႏိုင္၊ လွမ်ိဳးသဥၨာႏြယ္၊ စိုးမိုးၾကည္ ႏွင့္ သန္းသန္းစိုးအျပင္ အျခားေသာ အႏုပညာ႐ွင္ ေပါင္းမ်ားစြာ ပါဝင္ၾကမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္၊

Credit: ရႈိင္းေလး (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
မုဒိန်းမှုကို ပညာပေး ရိုက်ပေးမယ့် ဟစ်တိုင်အမည်ရှိသော ရုပ်ရှင်ကားကို ဇူလိုင်(၇)ရက်နေ့တွင် ဆင်ဖြူကျွန်း၌ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ယင်းဇာတ်ကားတွင် သက်ငယ်မုဒိန်းပြုကျင့်တဲ့အခါမှာ ဘယ်လိုအပြစ်ဒဏ်ခံသင့်တယ်၊ တားမြစ်ရမယ်ဆိုတဲ့အကြောင်းကို ပညာပေး သဘောမျိုး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

“ဒီဇာတ်ကားမှာ ဒေါင်းနီဆိုတဲ့ ကာရိုက်တာကို အူဝဲကလွဲပြီး ဘယ်သူမှ မရဘူး၊ ဒီကားကို ရိုက်ကူးရတာက မြန်မာပြည်မှာ မုဒိန်းမှုတွေ များနေတယ်၊ အဲ့ထဲကမှ သက်ငယ်မုဒိန်းက တော်တော်လေးဆိုးတယ်၊ အင်မတန်လည်း မိုက်ရိုင်းတယ်၊ သူတို့တွေကိုဘယ်လိုအပြစ်ပေးရမယ်၊ နောင်မလုပ်ရဲအောင် အပြစ်ဒဏ်ပေးရမယ်၊ နောက်ပြီး မိန်းပလေးတစ်ယောက်က ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုပြောဆိုရ မယ်ဆိုတာကို ပညာပေးအနေနဲ့ ရိုက်ကူးပေးသွားမှာပါ၊”လို့ ဒါရိုက်တာ ဟိန်းစိုးကပြောခဲ့ပါတယ်။

ယင်းရုပ်ရှင်ဇာတ်ကားသည် အောင်မြင်ကျော်ကြားလူကြိုက်များခဲ့သည့် စာရေးဆရာမ သျှင်မ၏ ဝတ္ထုဖြစ်ပြီး ယင်းဇာတ်ကားတွင် ဒေါင်းနီဆိုတဲ့ အမျိုးသမီး၏ သမီးငယ်လေးအား မုဒိန်းကျင့်ခဲ့ရာ အမေဖြစ်သူဒေါင်းနီမှ ဘယ်လိုမျိုး ပြန်လည်ပြုလုပ်ခဲ့သလဲဆိုတာကို ပညာပေး အနေနဲ့ရိုက်ကူးသွားမှာဖြစ်ပါတယ်။ယင်းရုပ်ရှင်ကားကို Stellar Seven Entertainment ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ကကြိုးသျှင်၊ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးမည်ဖြစ်ပြီး အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ စိုင်းဝဏ္ဍအောင်၊ ထူးပြည့်အောင်၊ စိုးသူရနိုင်၊ လှမျိုးသဉ္ဇာနွယ်၊ စိုးမိုးကြည် နှင့် သန်းသန်းစိုးအပြင် အခြားသော အနုပညာရှင် ပေါင်းများစွာ ပါဝင်ကြမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်၊

Credit: ရှိုင်းလေး (MyanmarNote)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top