iMyanmarHouse.com - Best Property Website for Myanmar
×

မီးယပ္ဆရာဝန္ (သို႔မဟုတ္) သူနာျပဳဟာ ေနာက္ဆံုး ရာသီလာတဲ့ရက္ကို သိတဲ့အခါ အခ်က္အလက္ေတြ အမ်ားႀကီးကို သိႏိုင္ပါတယ္။ ဓမၼတာစက္ဝန္း ဘယ္နားကို ေရာက္ေနတယ္ ဆိုတာကို ခန္႔မွန္းသိရွိႏိုင္ၿပီး အျဖဴဆင္းတာ၊ ေလထ ဗိုက္ေအာင့္တာ စတဲ့ လကၡဏာရပ္ေတြနဲ႔ ရင္သား စမ္းသပ္ရာေတြမွာ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ေနာက္ဆံုး ရာသီလာတဲ့ရက္ကို သိရွိျခင္းျဖင့္ ရာသီစက္ဝန္း ၾကာခ်ိန္ကို သိရွိႏိုင္ၿပီး ေစာေနသလား၊ ေနာက္က်ေနသလားေပၚ မူတည္ၿပီး ေဟာ္မုန္း မညီမွ်မႈ ရိွ/မရွိ၊ ကိုယ္ဝန္ ရွိ/မရွိ စတာေတြကို စစ္ေဆးဖို႔ လို/မလို သိရွိႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ဦးရဲ႕ ေနာက္ဆံုး ရာသီလာရက္ကို သိရိွႏိုင္ပါက ကေလးေမြးမယ့္ရက္ကို ခန္႔မွန္းတြက္ခ်က္ႏိုင္ပါတယ္။

          ေနာက္ဆံုး ရာသီလာတဲ့ရက္ဟာ ဒီလုိအေရးပါမႈေတြ ရွိေနတဲ့အတြက္ ဖုန္းေတြ၊ ျပကၡဒိန္ေတြမွာ ေသခ်ာေရးမွတ္ထားဖို႔ လိုအပ္ပါတယ္။

          မီးယပ္ဆရာဝန္ (သို႔မဟုတ္) သူနာျပဳဟာ ရာသီလာတာနဲ႔ ပတ္သက္ၿပီး ေမးခြန္းေတြ အမ်ားအျပား ေမးႏိုင္တာေၾကာင့္ ထိေရာက္တဲ့ကုသမႈကို ရရွိႏိုင္ဖို႔အတြက္ ေမးခြန္းေတြကို ေသခ်ာေျဖဆိုရပါမယ္။

          ဆရာဝန္ကခ်ည္းပဲ ေမးခြန္းေတြ ေမးတာေတာ့ မဟုတ္ပါဘူး။ ကိုယ္တိုင္ကလည္း ဘာလို႔ မိန္းမကိုယ္ေအာက္ပိုင္း စမ္းသပ္ရတာလဲ၊ ဘာလို႔ ေသြးစစ္ရတာလဲ စသည္ျဖင့္ ေမးခြန္းေတြ ေမးျခင္းျဖင့္ ကိုယ့္က်န္းမာေရးအေျခအေနကို သိရွိႏိုင္ပါတယ္။

Credit: Dr. Emerald (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ#
မီးယပ်ဆရာဝန် (သို့မဟုတ်) သူနာပြုဟာ နောက်ဆုံး ရာသီလာတဲ့ရက်ကို သိတဲ့အခါ အချက်အလက်တွေ အများကြီးကို သိနိုင်ပါတယ်။ ဓမ္မတာစက်ဝန်း ဘယ်နားကို ရောက်နေတယ် ဆိုတာကို ခန့်မှန်းသိရှိနိုင်ပြီး အဖြူဆင်းတာ၊ လေထ ဗိုက်အောင့်တာ စတဲ့ လက္ခဏာရပ်တွေနဲ့ ရင်သား စမ်းသပ်ရာတွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ နောက်ဆုံး ရာသီလာတဲ့ရက်ကို သိရှိခြင်းဖြင့် ရာသီစက်ဝန်း ကြာချိန်ကို သိရှိနိုင်ပြီး စောနေသလား၊ နောက်ကျနေသလားပေါ် မူတည်ပြီး ဟော်မုန်း မညီမျှမှု ရှိ/မရှိ၊ ကိုယ်ဝန် ရှိ/မရှိ စတာတွေကို စစ်ဆေးဖို့ လို/မလို သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးရဲ့ နောက်ဆုံး ရာသီလာရက်ကို သိရှိနိုင်ပါက ကလေးမွေးမယ့်ရက်ကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

          နောက်ဆုံး ရာသီလာတဲ့ရက်ဟာ ဒီလိုအရေးပါမှုတွေ ရှိနေတဲ့အတွက် ဖုန်းတွေ၊ ပြက္ခဒိန်တွေမှာ သေချာရေးမှတ်ထားဖို့ လိုအပ်ပါတယ်။

          မီးယပ်ဆရာဝန် (သို့မဟုတ်) သူနာပြုဟာ ရာသီလာတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများအပြား မေးနိုင်တာကြောင့် ထိရောက်တဲ့ကုသမှုကို ရရှိနိုင်ဖို့အတွက် မေးခွန်းတွေကို သေချာဖြေဆိုရပါမယ်။

          ဆရာဝန်ကချည်းပဲ မေးခွန်းတွေ မေးတာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း ဘာလို့ မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ရတာလဲ၊ ဘာလို့ သွေးစစ်ရတာလဲ စသည်ဖြင့် မေးခွန်းတွေ မေးခြင်းဖြင့် ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။

Credit: Dr. Emerald (drmyanmar)

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top