iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာနိုင္ငံမွာေတာ့ လူူသိမ်ားနာမည္ၾကီးတဲ့ မင္းသားတစ္လက္ျဖစ္တဲ့ ျမင့္ျမတ္ကေတာ့ ပီျပင္လွတဲ့ ဇာတ္ရုပ္ေတြေၾကာင့္ ပရိသတ္အခိုင္အမာရရွိထားတဲ့ မင္းသားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ျမင့္ျမတ္ကေတာ့ ျပီးခဲ့တဲ့နွစ္ကမွ အကယ္ဒမီပူပူေႏြေႏြးရထားသလို မိန္းမေခ်ာေခ်ာေလးကို ရထားတဲ့ သူလည္းျဖစ္တယ္။ လက္ရွိမွာေတာ့ ျမင့္ျမတ္ဟာ ရုပ္ရွင္ဇာတ္လမ္းေတြ ဆက္လက္ရိုက္ကူးေနျပီး သူ႔အေနနဲ႔ ၾကမ္းၾကမ္းတမ္းတမ္း ဇာတ္ရုပ္ေတြနဲ႔ အသားက်ေနတာေၾကာင့္ လက္ရွိရိုက္ထားတဲ့ အခ်စ္ဆံုးဆိုတဲ့ ရုပ္ရွင္ဇာတ္ကားထဲမွာေတာ့ ခက္ခက္ခဲခဲ သရုပ္ေဆာင္ခဲ့မယ္လို႔ ေျပာတာ ျဖစ္ပါတယ္။ ျမင့္ျမတ္ကေတ့ာ အခ်စ္ဆံုးဆိုဇာတ္လမ္းမွာေတာ့ ေဆာ္ၾကည္ဘဲ တစ္ေယာက္အေနန႔ဲ သရုပ္ေဆာင္ရမွာလည္း ျဖစ္ပါတယ္။

မင္းသားျမင့္ျမတ္ကေတာ့ MC နဲ႔အင္တာဗ်ဴးတြင္ “ကြ်န္ေတာ္က အျပင္မွာလည္း ေဆာ္ၾကည္ဘဲလည္း မဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ ကြ်န္ေတာ္ေျပာသလို ပါဘဲ။ ဒီရုပ္နဲ႔ ေဆာ္ၾကည္ဘဲ လုပ္ရမယ္ဆိုေတာ့ ေတာ္ေတာ္ေလးလည္း စိတ္ပ်က္တယ္။ အတတ္နိုင္ဆံုး ၾကိဳးစားရမွာေပါ့။ ဇာတ္လမ္းအရေပ့ါ။ သရုပ္ေဆာင္ရမယ့္ ဇာတ္ရုပ္က ေဆာ္ၾကည္ဘဲ ဒီရုပ္နဲ႔ေဆာ္ၾကည္ဘဲ လုပ္ရေတာ့မွာေပါ့။ေသခ်ာတာကေတာ့ ကြ်န္ေတာ္ ရိုက္ကူးေနၾကတဲ့ ဇာတ္ရုပ္ေတာ့ မဟုတ္ဘူးေပါ့။ အဲ့လိုဇာတ္ရုပ္မ်ိဳးသိပ္မရုိက္ဖူးပါဘူး။ အခုရိုက္ရပါေတာ့မယ္။ ေတာ္ေတာ္ၾကိဳးစားရမွာပါ။

ကြ်န္ေတာ္ ရုိက္တာလည္း အရင္ဆို အခ်စ္ကားေတြမ်ားတယ္။ အက္ရွင္ဇာတ္ကားေတြ မ်ားတယ္။အဲ့လို ခပ္ၾကမ္းၾကမ္းေတြ ရိုက္တာမ်ားတယ္။ ေနာက္မိသားစုကားေလးေတြ ရိုက္တာမ်ားတယ္။ ဘဝအေၾကာင္း ရုိက္တာမ်ားတယ္။ ဒီလိုဇာတ္မ်ိဳးရုိက္တာကေတာ့ အရမ္းကိုနည္းတာပါ။ဒါေၾကာင့္ ကြ်န္ေတာ္နဲ႔ သိပ္မအပ္စပ္ဘူးလို႔ ခံစားရပါတယ္။ ျပင္ဆင္ရမွာေပါ့။ နဲနဲေလး ၾကည့္ေကာင္းရႈေကာင္းေအာင္ ျပင္ဆင္ရေတာ့မွာေပ့ါ။ ကြ်န္ေတာ္မွာရွိတဲ့ ႏႈတ္ခမ္းေမႊး၊ မႈတ္ဆိတ္ေမႊးေတြကို ရိုက္ရေတာ့မွာေပါ့။ အေကာင္းဆံုးေတာ့ ၾကိဳးစားသြားပါမယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

မင္သားျမင့္ျမတ္ကေတာ့ အခ်သ္ကား၊ အလြမ္းအေဆြးကားေတြမွာ ပိီပီျပင္ျပင္ သရုပ္ေဆာင္နိုင္တဲ့အျပင္ အက္ရွင္ဇာတ္ၾကမ္း ဇာတ္ရုပ္ေတြနဲ႔လည္း လိုက္ဖက္တဲ့ မင္းသားျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတခါမွာေတာ့ သူသရုပ္ေဆာင္ေနက် ဇာတ္ရုပ္မဟုတ္တဲ့ ေဆာ္ၾကည္ဘဲအေနနဲ႔ သရုပ္ေဆာင္ရမွာေၾကာင့္ မင္းသားျမင့္ျမတ္ကို မတူတဲ့ ဇာတ္ရုပ္နဲ႔ ျမင္ေတြ႔ရဦးမွာပါ။

Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံမှာတော့ လူူသိများနာမည်ကြီးတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ပီပြင်လှတဲ့ ဇာတ်ရုပ်တွေကြောင့် ပရိသတ်အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ပြီးခဲ့တဲ့နှစ်ကမှ အကယ်ဒမီပူပူနွေနွေးရထားသလို မိန်းမချောချောလေးကို ရထားတဲ့ သူလည်းဖြစ်တယ်။ လက်ရှိမှာတော့ မြင့်မြတ်ဟာ ရုပ်ရှင်ဇာတ်လမ်းတွေ ဆက်လက်ရိုက်ကူးနေပြီး သူ့အနေနဲ့ ကြမ်းကြမ်းတမ်းတမ်း ဇာတ်ရုပ်တွေနဲ့ အသားကျနေတာကြောင့် လက်ရှိရိုက်ထားတဲ့ အချစ်ဆုံးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့မယ်လို့ ပြောတာ ဖြစ်ပါတယ်။ မြင့်မြတ်ကတေ့ာ အချစ်ဆုံးဆိုဇာတ်လမ်းမှာတော့ ဆော်ကြည်ဘဲ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

မင်းသားမြင့်မြတ်ကတော့ MC နဲ့အင်တာဗျူးတွင် “ကျွန်တော်က အပြင်မှာလည်း ဆော်ကြည်ဘဲလည်း မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ပြောသလို ပါဘဲ။ ဒီရုပ်နဲ့ ဆော်ကြည်ဘဲ လုပ်ရမယ်ဆိုတော့ တော်တော်လေးလည်း စိတ်ပျက်တယ်။ အတတ်နိုင်ဆုံး ကြိုးစားရမှာပေါ့။ ဇာတ်လမ်းအရပေ့ါ။ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်က ဆော်ကြည်ဘဲ ဒီရုပ်နဲ့ဆော်ကြည်ဘဲ လုပ်ရတော့မှာပေါ့။သေချာတာကတော့ ကျွန်တော် ရိုက်ကူးနေကြတဲ့ ဇာတ်ရုပ်တော့ မဟုတ်ဘူးပေါ့။ အဲ့လိုဇာတ်ရုပ်မျိုးသိပ်မရိုက်ဖူးပါဘူး။ အခုရိုက်ရပါတော့မယ်။ တော်တော်ကြိုးစားရမှာပါ။

ကျွန်တော် ရိုက်တာလည်း အရင်ဆို အချစ်ကားတွေများတယ်။ အက်ရှင်ဇာတ်ကားတွေ များတယ်။အဲ့လို ခပ်ကြမ်းကြမ်းတွေ ရိုက်တာများတယ်။ နောက်မိသားစုကားလေးတွေ ရိုက်တာများတယ်။ ဘဝအကြောင်း ရိုက်တာများတယ်။ ဒီလိုဇာတ်မျိုးရိုက်တာကတော့ အရမ်းကိုနည်းတာပါ။ဒါကြောင့် ကျွန်တော်နဲ့ သိပ်မအပ်စပ်ဘူးလို့ ခံစားရပါတယ်။ ပြင်ဆင်ရမှာပေါ့။ နဲနဲလေး ကြည့်ကောင်းရှုကောင်းအောင် ပြင်ဆင်ရတော့မှာပေ့ါ။ ကျွန်တော်မှာရှိတဲ့ နှုတ်ခမ်းမွှေး၊ မှုတ်ဆိတ်မွှေးတွေကို ရိုက်ရတော့မှာပေါ့။ အကောင်းဆုံးတော့ ကြိုးစားသွားပါမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

မင်သားမြင့်မြတ်ကတော့ အချသ်ကား၊ အလွမ်းအဆွေးကားတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့အပြင် အက်ရှင်ဇာတ်ကြမ်း ဇာတ်ရုပ်တွေနဲ့လည်း လိုက်ဖက်တဲ့ မင်းသားဖြစ်ပါတယ်။ ဒါကြောင့် ဒီတခါမှာတော့ သူသရုပ်ဆောင်နေကျ ဇာတ်ရုပ်မဟုတ်တဲ့ ဆော်ကြည်ဘဲအနေနဲ့ သရုပ်ဆောင်ရမှာကြောင့် မင်းသားမြင့်မြတ်ကို မတူတဲ့ ဇာတ်ရုပ်နဲ့ မြင်တွေ့ရဦးမှာပါ။

Credit: Nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top