iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္႔ရဲ႕ ခ်စ္သူ၊ ဇနီးသည္ကို လိမ္ညာေတာ့မယ္ဆိုရင္ အမ်ိဳးသားေတြအေနနဲ႔ အမ်ိဳးသမီးေတြရဲ႕ လိမၼာပါးနပ္မႈကို ေလွ်ာ႔မတြက္သင့္တဲ႔ အေၾကာင္းကို ဒီေဆာင္းပါးေလးက ပညာေပးထားတာပဲ ျဖစ္ပါတယ္။

အလုပ္မွာ ရွိေနတဲ႔ အမိ်ဳးသားက သူ႔ဇနီးသည္ဆီကို ဖုန္းဆက္လိုုက္ပါတယ္။

ခင္ပြန္းသည္---- " မိန္းမေရ..ကိုယ္ေတာ့႕ သူေဌးနဲ႔ အတူ China မွာ ငါးမွ်ားဖို႔ တစ္ပတ္ၾကာေလာက္ လိုက္သြားေပးရမယ္။ ကို႕အတြက္ promotion ရဖို႔အခြင့္ေရးေကာင္းတစ္ခုလို႔လည္း ဆိုပါေတာ့ကြာ။ တစ္ပါတ္စာ အဝတ္အစား၊ ငါးမွ်ားတံနဲ႕ ငါးမွ်ားေသတၲာကိုပါ စီစဥ္ထားေပးပါ။ ရံုးကေနတစ္ခါထဲသြားမွာဆိုေတာ့ ကိုယ္႔ပစၥည္းေတြကို အိမ္လွည္႔ဝင္လာျပီးယူလိုက္မယ္။ ေအာ္...ဒါနဲ႕ ကိုယ္႔ရဲ႕အျပာေရာင္ပိုးဲထည္ညအိပ္ဝတ္အသစ္ေလးလဲထည္႔ထားလိုက္ဦး။ "

သူ႔ရဲ႕ဇနီးသည္က ဒါဟာေတာ္ေတာ္ေလး မသကၤာဖြယ္ရာပဲလို႔ ထင္္မိေပမဲ႔ အိမ္ရွင္မေကာင္းပီသစြာနဲ႔ပဲ ခင္ပြန္းသည္ေျပာတဲ့အတိုင္း သေသြမသိမ္း စီစဥ္ေပးလိုက္ပါတယ္။

တစ္ပါတ္ၾကာလို႔ အိမ္ျပန္ေရာက္လာတဲ့အခါမွာေတာ့ ခင္ပြန္းသည္ရဲ႕ ပံုပန္းသဏၭန္က အနည္းငယ္ပင္ပန္းေနသေရာင္ ျဖစ္ေနေပမဲ႔လည္း ၾကည္႔ေကာင္းေနပါတယ္။ ဇနီးသည္က ခင္ပြန္းျဖစ္သူကို ေႏြးေထြးစြာပဲ ၾကိဳဆိုလိုက္ပါတယ္။

ဇနီးသည္     ---- "ငါးေတြအမ်ားၾကီး ဖမ္းမိခဲ႔လား?"

ခင္ပြန္းသည္ ---- "ဟုတ္တယ္ မိန္းမေရ..ကိုယ္တို႕ဖမ္းမိခဲ႔တာ နဲနဲေနာေနာ မဟုတ္ဘူးကြ၊ ဆာမြန္ငါး၊ ငါးပါးဟပ္၊ ဓားရွည္ႏႈတ္သီးငါး စံုေနတာပါပဲကြာ၊ ဒါနဲ႕....မင္းကိုေမးရဦးမယ္၊ ကိုယ္႔ရဲ႕အျပာေရာင္ညအိပ္ပိုးထည္ဝမ္းဆက္ကို ဘာလို႔ထည္႔မေပးလိုက္လဲ ?

ကဲ...စာဖတ္ပရိသတ္တို႔ေရာ...အမ်ိဳးသမီးေလးက ဘယ္လိုေျဖလိုက္မယ္ထင္လဲ...? သူမေျဖတဲ႔အေျဖေလးကို အားလံုးလဲ သေဘာက်မယ္လို႔ထင္ပါတယ္။

ဇနီးသည္     ---- "ကၽြန္မ ထည္႔ေပးလိုက္တာေပါ့။အဲဒီညအိပ္ဝတ္စံုက ရွင္႔ရဲ႕ငါးမွ်ားေသတၲာထဲမွာ.."

ဒီ article ေလးကို ဖတ္ျပီး နွစ္သတ္တယ္ ဆိုရင္ သူငယ္ခ်င္း၊မိသားစုေတြကို share ေပးဖို႕မေမ႔နဲ႔ေနာ္။ သမီးရည္းစား၊ လင္မယား အခ်င္းခ်င္းလိမ္လည္လွည္႔ျဖားျခင္း ကင္းေဝးျပီး ေကာင္းမြန္တဲ႔သူနဲ႕ ဆံုဆည္းနိုင္ၾကပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit: ChelmoTeam
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ့်ရဲ့ ချစ်သူ၊ ဇနီးသည်ကို လိမ်ညာတော့မယ်ဆိုရင် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေရဲ့ လိမ္မာပါးနပ်မှုကို လျှော့မတွက်သင့်တဲ့ အကြောင်းကို ဒီဆောင်းပါးလေးက ပညာပေးထားတာပဲ ဖြစ်ပါတယ်။

အလုပ်မှာ ရှိနေတဲ့ အမျိုးသားက သူ့ဇနီးသည်ဆီကို ဖုန်းဆက်လိုက်ပါတယ်။

ခင်ပွန်းသည်---- " မိန်းမရေ..ကိုယ်တော့ သူဌေးနဲ့ အတူ China မှာ ငါးမျှားဖို့ တစ်ပတ်ကြာလောက် လိုက်သွားပေးရမယ်။ ကို့အတွက် promotion ရဖို့အခွင့်ရေးကောင်းတစ်ခုလို့လည်း ဆိုပါတော့ကွာ။ တစ်ပါတ်စာ အဝတ်အစား၊ ငါးမျှားတံနဲ့ ငါးမျှားသေတ္တာကိုပါ စီစဉ်ထားပေးပါ။ ရုံးကနေတစ်ခါထဲသွားမှာဆိုတော့ ကိုယ့်ပစ္စည်းတွေကို အိမ်လှည့်ဝင်လာပြီးယူလိုက်မယ်။ အော်...ဒါနဲ့ ကိုယ့်ရဲ့အပြာရောင်ပိုးဲထည်ညအိပ်ဝတ်အသစ်လေးလဲထည့်ထားလိုက်ဦး။ "

သူ့ရဲ့ဇနီးသည်က ဒါဟာတော်တော်လေး မသင်္ကာဖွယ်ရာပဲလို့ ထင်မိပေမဲ့ အိမ်ရှင်မကောင်းပီသစွာနဲ့ပဲ ခင်ပွန်းသည်ပြောတဲ့အတိုင်း သသွေမသိမ်း စီစဉ်ပေးလိုက်ပါတယ်။

တစ်ပါတ်ကြာလို့ အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ ခင်ပွန်းသည်ရဲ့ ပုံပန်းသဏ္ဌန်က အနည်းငယ်ပင်ပန်းနေသရောင် ဖြစ်နေပေမဲ့လည်း ကြည့်ကောင်းနေပါတယ်။ ဇနီးသည်က ခင်ပွန်းဖြစ်သူကို နွေးထွေးစွာပဲ ကြိုဆိုလိုက်ပါတယ်။

ဇနီးသည်     ---- "ငါးတွေအများကြီး ဖမ်းမိခဲ့လား?"

ခင်ပွန်းသည် ---- "ဟုတ်တယ် မိန်းမရေ..ကိုယ်တို့ဖမ်းမိခဲ့တာ နဲနဲနောနော မဟုတ်ဘူးကွ၊ ဆာမွန်ငါး၊ ငါးပါးဟပ်၊ ဓားရှည်နှုတ်သီးငါး စုံနေတာပါပဲကွာ၊ ဒါနဲ့....မင်းကိုမေးရဦးမယ်၊ ကိုယ့်ရဲ့အပြာရောင်ညအိပ်ပိုးထည်ဝမ်းဆက်ကို ဘာလို့ထည့်မပေးလိုက်လဲ ?

ကဲ...စာဖတ်ပရိသတ်တို့ရော...အမျိုးသမီးလေးက ဘယ်လိုဖြေလိုက်မယ်ထင်လဲ...? သူမဖြေတဲ့အဖြေလေးကို အားလုံးလဲ သဘောကျမယ်လို့ထင်ပါတယ်။

ဇနီးသည်     ---- "ကျွန်မ ထည့်ပေးလိုက်တာပေါ့။အဲဒီညအိပ်ဝတ်စုံက ရှင့်ရဲ့ငါးမျှားသေတ္တာထဲမှာ.."

ဒီ article လေးကို ဖတ်ပြီး နှစ်သတ်တယ် ဆိုရင် သူငယ်ချင်း၊မိသားစုတွေကို share ပေးဖို့မမေ့နဲ့နော်။ သမီးရည်းစား၊ လင်မယား အချင်းချင်းလိမ်လည်လှည့်ဖြားခြင်း ကင်းဝေးပြီး ကောင်းမွန်တဲ့သူနဲ့ ဆုံဆည်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit: ChelmoTeam
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top