iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာအႏုပညာေလာကကိုေတာ့ ကေလးသရုပ္ေဆာင္ ဘဝကေန ဝင္ေရာက္လာတဲ့ အကယ္ဒမီ ယြန္းယြန္းကေတာ့ လက္ရွိမွာဆိုရင္ ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာထားေလးေတြေၾကာင့္ လူခ်စ္လူခင္ ေပါမ်ားတဲ့ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမကေတာ့ ကေလးသရုပ္ေဆာင္ ဇာတ္ရုပ္ေတြကို ပီပီျပင္ျပင္ သရုပ္ေဆာင္ရင္း အကယ္ဒမီဆုၾကီးကိုေတာင္ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရထားတဲ့ သရုပ္ေဆာင္လည္း ျဖစ္ပါတယ္။ လက္ရွိျမန္မာနိုင္ငံမွာလည္း ေယာက်ာ္းေလးေတြပါ မက်န္ မိန္းကေလးေတြကပါ ဝန္းရံျခင္းကို ခံေနရတဲ့ ယြန္ယြန္းကေတာ့ သူမရဲ႔ အခ်စ္အေၾကာင္းနဲ႔ ပတ္သက္ျပီး ေျပာၾကားသြားခဲ့ပါတယ္။

အကယ္ဒမီယြန္းယြန္းကေတာ့ SJ နဲ႔အင္တာဗ်ဴးတြင္ သူတက္ေရာက္ခဲ့တဲ့ ပြဲအေပၚ “ဆီဒိုးနားမွာ ညီမပြဲေလးလာတက္ျဖစ္တယ္။ ကိုျငိမ္းကိုလည္းပါပါတယ္။ သူကေတာ့ ညီမအရမ္းရင္းႏွီးတဲ့ ဒီဇိုင္းနာတစ္ေယာက္လည္း ျဖစ္ပါတယ္။ အကိုလိုလည္း ျဖစ္ေနပါျပီ။ ဒါေၾကာင့္သူ႔ရဲ့ပြဲေလးကို လာတက္ျဖစ္တာပါ”

သတို႔သမီးဝတ္စံုနဲ႔ ရႈိးေလ်ာက္ခဲ့ရရတဲ့ ခံစားခ်က္အေပၚမွာေတာ့ “ဒါကေတာ့ ထူးထူးဆန္းဆန္းပါဘဲ ညီမဒီေလာက္ထိၾကီးတဲ့ ဝတ္စံုနဲ႔ တခါမွ မေလ်ာက္ဖူးပါဘူး။ ညီမေတာ္ေတာ္ေလးေတာ့ စိတ္လႈပ္ရွားခဲ့ပါတယ္။ ေနာက္ဆံုးေတာ့လည္း အဆင္ေျပသြားခဲ့ပါတယ္။ ျပီးေတာ့ ဒီဝတ္စံုေလးဟာ အေသးစိတ္လုပ္ထားတဲ့ ဝတ္စံုျဖစ္ပါတယ္။ ေတာ္ေတာ္ေလးလည္း အပင္ပန္းခံထားရတာေၾကာင့္ ပရိသတ္ေတြလည္း နွစ္သက္ၾကမယ္လို႔ ထင္ပါတယ္”

လက္တေလာအႏုပညာ လႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး ယြန္းယြန္းက “ေၾကာ္ျငာေလးေတြ ရိုက္ထားပါတယ္။ ဘန္ေကာက္မွာ ရိုက္ထားတာပါ။ ေၾကာ္ျငာရိုက္ေလးေတြေတာ့ ညီမမွန္မွန္လုပ္ျဖစ္ပါတယ္။ ရုပ္ရွင္ေတြ မရိုက္ျဖစ္ေပမဲ့လည္း ညီမအေနနဲ႔ အႏုပညာလႈပ္ရွားမႈေတြကိုေတာ့ မပ်က္ပါဘူး။ ဇာတ္လမ္းေကာင္းေကာင္းေလးေတြကို ပရိသတ္ေတြကို ခ်ျပခ်င္လို႔ ရုပ္ရွင္နဲ႔ပတ္သက္ျပီး ခဏနားထားတာပါ”

သတို႔သမီးဝတ္စံုဝတ္ခဲ့မယ္ဆိုရင္ ဘယ္လိုေရြးခ်ယ္ျဖစ္မလည္းဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “သိေတာ့မသိေသးပါဘူး။ လိုေတာ့လိုပါေသးတယ္။ စိတ္ကူးထားတဲ့ ပံုစံအရ တခ်ိန္ခ်ိန္ွမွာ wedding လုပ္ျဖစ္မယ္ဆုိပါက အျဖဴေရာင္ေလးကိုဘဲ ရိုးရိုးရွင္းရွင္းနဲ႔ ဝတ္ျဖစ္မွာပါ။ ဂါဝန္ က်ေတာ့ မဝတ္ခ်င္ပါဘူး။ အရမ္းၾကီးကားေနရင္ က်န္တဲ့သူေတြနဲ႔ ေဝးေနလို႔ မၾကိဳက္ပါဘူး”

စိတ္ကူးထဲက သတို႔သားနဲ႔ ပတ္သက္ျပီး “ညီမထက္ မေခ်ာတဲ့သူကိုဘဲ ေရြးခ်င္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူ႔ကိုဘဲလိုက္ၾကည့္ေနၾကမွာဆိုးလို႔ပါ။ ေခ်ာေတာ့ေခ်ာေပါ့ ညီမထက္ပိုမေခ်ာနဲ႔ေပါ့။ အခ်စ္ေရးမွာေတာ့ Single ပါ။ ညီမ မၾကံဳဖူးေသးပါဘူး။ သူမ်ားေတြညီမအရြယ္မွာ ရည္းစားထားျပီး အေတြ႔အၾကံဳေတြလည္း မ်ားၾကတယ္။ ညီမကေတာ့ မၾကံဳဖူေသးဘူး။ ၾကံဳေတာ့ၾကံဳခ်င္ပါတယ္။ ညီမကထားရင္လည္း တကယ္ကိုလက္တြဲမယ့္သူကိုဘဲ ထားခ်င္တာဆိုေတာ့ေလ အခုထိေတာ့ မေတြ႔ေသးပါဘူး” ဟု ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalagyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာအနုပညာလောကကိုတော့ ကလေးသရုပ်ဆောင် ဘဝကနေ ဝင်ရောက်လာတဲ့ အကယ်ဒမီ ယွန်းယွန်းကတော့ လက်ရှိမှာဆိုရင် ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားလေးတွေကြောင့် လူချစ်လူခင် ပေါများတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ ကလေးသရုပ်ဆောင် ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ရင်း အကယ်ဒမီဆုကြီးကိုတောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရထားတဲ့ သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာလည်း ယောကျာ်းလေးတွေပါ မကျန် မိန်းကလေးတွေကပါ ဝန်းရံခြင်းကို ခံနေရတဲ့ ယွန်ယွန်းကတော့ သူမရဲ့ အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။

အကယ်ဒမီယွန်းယွန်းကတော့ SJ နဲ့အင်တာဗျူးတွင် သူတက်ရောက်ခဲ့တဲ့ ပွဲအပေါ် “ဆီဒိုးနားမှာ ညီမပွဲလေးလာတက်ဖြစ်တယ်။ ကိုငြိမ်းကိုလည်းပါပါတယ်။ သူကတော့ ညီမအရမ်းရင်းနှီးတဲ့ ဒီဇိုင်းနာတစ်ယောက်လည်း ဖြစ်ပါတယ်။ အကိုလိုလည်း ဖြစ်နေပါပြီ။ ဒါကြောင့်သူ့ရဲ့ပွဲလေးကို လာတက်ဖြစ်တာပါ”

သတို့သမီးဝတ်စုံနဲ့ ရှိုးလျောက်ခဲ့ရရတဲ့ ခံစားချက်အပေါ်မှာတော့ “ဒါကတော့ ထူးထူးဆန်းဆန်းပါဘဲ ညီမဒီလောက်ထိကြီးတဲ့ ဝတ်စုံနဲ့ တခါမှ မလျောက်ဖူးပါဘူး။ ညီမတော်တော်လေးတော့ စိတ်လှုပ်ရှားခဲ့ပါတယ်။ နောက်ဆုံးတော့လည်း အဆင်ပြေသွားခဲ့ပါတယ်။ ပြီးတော့ ဒီဝတ်စုံလေးဟာ အသေးစိတ်လုပ်ထားတဲ့ ဝတ်စုံဖြစ်ပါတယ်။ တော်တော်လေးလည်း အပင်ပန်းခံထားရတာကြောင့် ပရိသတ်တွေလည်း နှစ်သက်ကြမယ်လို့ ထင်ပါတယ်”

လက်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ယွန်းယွန်းက “ကြော်ငြာလေးတွေ ရိုက်ထားပါတယ်။ ဘန်ကောက်မှာ ရိုက်ထားတာပါ။ ကြော်ငြာရိုက်လေးတွေတော့ ညီမမှန်မှန်လုပ်ဖြစ်ပါတယ်။ ရုပ်ရှင်တွေ မရိုက်ဖြစ်ပေမဲ့လည်း ညီမအနေနဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ မပျက်ပါဘူး။ ဇာတ်လမ်းကောင်းကောင်းလေးတွေကို ပရိသတ်တွေကို ချပြချင်လို့ ရုပ်ရှင်နဲ့ပတ်သက်ပြီး ခဏနားထားတာပါ”

သတို့သမီးဝတ်စုံဝတ်ခဲ့မယ်ဆိုရင် ဘယ်လိုရွေးချယ်ဖြစ်မလည်းဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “သိတော့မသိသေးပါဘူး။ လိုတော့လိုပါသေးတယ်။ စိတ်ကူးထားတဲ့ ပုံစံအရ တချိန်ချိန်ှမှာ wedding လုပ်ဖြစ်မယ်ဆိုပါက အဖြူရောင်လေးကိုဘဲ ရိုးရိုးရှင်းရှင်းနဲ့ ဝတ်ဖြစ်မှာပါ။ ဂါဝန် ကျတော့ မဝတ်ချင်ပါဘူး။ အရမ်းကြီးကားနေရင် ကျန်တဲ့သူတွေနဲ့ ဝေးနေလို့ မကြိုက်ပါဘူး”

စိတ်ကူးထဲက သတို့သားနဲ့ ပတ်သက်ပြီး “ညီမထက် မချောတဲ့သူကိုဘဲ ရွေးချင်ပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ကိုဘဲလိုက်ကြည့်နေကြမှာဆိုးလို့ပါ။ ချောတော့ချောပေါ့ ညီမထက်ပိုမချောနဲ့ပေါ့။ အချစ်ရေးမှာတော့ Single ပါ။ ညီမ မကြုံဖူးသေးပါဘူး။ သူများတွေညီမအရွယ်မှာ ရည်းစားထားပြီး အတွေ့အကြုံတွေလည်း များကြတယ်။ ညီမကတော့ မကြုံဖူသေးဘူး။ ကြုံတော့ကြုံချင်ပါတယ်။ ညီမကထားရင်လည်း တကယ်ကိုလက်တွဲမယ့်သူကိုဘဲ ထားချင်တာဆိုတော့လေ အခုထိတော့ မတွေ့သေးပါဘူး” ဟု ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalagyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top