iMyanmarHouse.com - Best Property Website for Myanmar
×

အသက္(၂၉)ႏွစ္အရြယ္ ကုမၸဏီ၀န္ထမ္း ကုိေမာင္ေမာင္ (အမည္လႊဲ)တစ္ေယာက္ ညဘက္အိပ္မေပ်ာ္ေသာေၾကာင့္ အိပ္ရာေဘးရွိဖုန္းကုိယူကာ ေဖ့စ္ဘြတ္ခ္သုံးေနသည္။ ေဖ့စ္ဘြတ္ခ္ မိတ္ေဆြအခ်ိဳ႕၏ ပုိ႔စ္မ်ားကုိလုိက္လံ ဖတ္႐ႈၿပီး ႀကိဳက္ႏွစ္သက္သည့္အရာမ်ားကုိ Like ေပးေနစဥ္ ဖုန္းမ်က္ႏွာျပင္မွန္သားေပၚ ေျပးလႊားလႈပ္ရွားေနေသာ သူ႔လက္တို႔ ခ်က္ခ်င္းရပ္တန္႔သြားသည္။

ေက်ာ္သြားသည့္ ပုိ႔စ္ကုိ အလ်င္အျမန္ျပန္ၾကည့္လုိက္သည့္အခါ သူ၏ႏွလုံးခုန္သံ ျမန္လာသည္။ ပါတိတ္အဆင္ အစိမ္းေရာင္၀မ္းဆက္ျဖင့္ တုိင္တစ္တိုင္ကုိမွီၿပီး ေမးေထာက္လ်က္ၿပံဳးေနေသာ ဆံပင္အရွည္ႏွင့္ မိန္း ကေလးတစ္ဦးပုံျဖင့္ အေကာင့္က ‘Sex ခ်က္ေပးေနတယ္ရွင့္ တျခား စကားေျပာမွာဆုိ မအားဘူးရွင့္’ ဆုိသည့္ ပုိ႔စ္တစ္ခုက သူ႕အာ႐ုံတစ္ခုလုံးကုိ ဆြဲေဆာင္ခဲ့သည္။

ထုိပုိ႔စ္၏ ဆြဲေဆာင္မႈေၾကာင့္ အဆုိပါ ေဖ့စ္ဘြတ္ခ္အေကာင့္ထဲ ကုိေမာင္ေမာင္တစ္ေယာက္၀င္ေရာက္၍ ေမႊေႏွာက္ရွာၾကည့္ပါေတာ့သည္။ ‘‘တယ္လီေနာ ငါးေထာင္တန္နဲ႔ ယုံယုံၾကည္ၾကည္နဲ႔ VC ေျပာေပး ႏုိင္မယ့္သူ တစ္ေယာက္ေယာက္ ပ်င္းလုိ႔’’၊ ‘’ဒီည မုိးလင္းေပါက္ရွိေနမယ္၊ ဘီလ္ကတ္ေတြ ၀ယ္ထားၾကၿပီး Cb မွာ ေစာင့္ေနၾကၿပီးမွ မေျပာဘူးမလုပ္နဲ႔’’ စသျဖင့္ ပုိ႔စ္မ်ားေရးသားထားသည္ကုိ ေတြ႕ရသည္။

ကုိေမာင္ေမာင္ၾကည့္ေနသည့္ ေဖ့စ္ဘြတ္ခ္အေကာင့္ပုိင္ရွင္သည္ ဖုန္းဘီလ္မ်ားကုိ အခေၾကးေငြအျဖစ္လႊဲေပးပါက ေဖ့စ္ဘြတ္ခ္မက္ဆင္ဂ်ာတြင္ လိင္စိတ္ ႏႈိးဆြေစသည့္အေၾကာင္းမ်ားကုိ ေျပာဆုိေဆြးေႏြးေပးသူဟု ဆုိသည္။ အဆုိပါ ေဖ့စ္ဘြတ္ခ္အေကာင့္ကဲ့သုိ႔ ပကတိကုိယ္လုံးအလွတရားကုိ ပုရိသတို႔ရင္ခုန္ေစရန္ ႐ႈေထာင့္မ်ိဳးစုံျဖင့္ ႐ုိက္ကူးထားေသာ ခႏၶာကုိယ္အသားေပးဓာတ္ပုံမ်ားကုိသုံးကာ တယ္လီေနာ၊ အမ္ပီတီ၊ အူရီးဒူးဖုန္းဘီလ္မ်ား ကုိ ေတာင္း၍ Sex Chat သည့္၀န္ေဆာင္မႈသည္ အမ်ိဳးသားအခ်ိဳ႕အၾကား ယခုေနာက္ပုိင္း ေရပန္းစားလာသည္။

အေစာပုိင္းတြင္ Sex Chat မည္ဆုိသည့္အေကာင့္မ်ားတြင္ Chatting ျပဳလုပ္ေပးမည့္ကာယ ကံရွင္၏ ပုံအမွန္ကုိမတင္ဘဲ ႏုိင္ငံ ျခားသူမ်ား၏ လိင္အသားေပး (Sexy)ပုံမ်ားကိုသံုး၍ ပုရိသတို႔ ဆြဲေဆာင္ၿပီး လိင္စိတ္ႏႈိးဆြသည့္ စာသားမ်ားတင္ကာ ျမႇဴဆြယ္ျခင္းျဖစ္သည္။

သုိ႔ေသာ္ ပ႐ုိဖုိင္ဓာတ္ပုံ အမွန္မတင္သည့္ အေကာင့္မ်ားကုိလည္း အားေပးသူမ်ားလည္းရွိသည္ဟု အင္းစိန္ၿမိဳ႕နယ္ေန ကုိရီးယားဘာသာစကား သင္တန္းတက္ေရာက္ေနေသာ (၃၁) ႏွစ္အရြယ္ လူရြယ္တစ္ဦးက ေျပာသည္။

ယခုအခါတြင္ ခပ္ေဟာ့ေဟာ့ ၀တ္စားဆင္ယင္ၿပီး ခႏၶာကုိယ္အသားေပးဓာတ္ပုံမ်ား ႐ုိက္ကူးထားေသာ ျမန္မာမိန္းမပ်ိဳ အခ်ိဳ႕၏ပုံမ်ားကုိ အသုံးျပဳ၍ အေကာင့္ျပဳလုပ္ကာ ဖုန္းဘီလ္ ေတာင္း၍ Sex ခ်က္မည္ဆုိသည့့္ပုံစံေျပာင္းလာခဲ့ျခင္းျဖစ္သည္။

အဆုိပါ Sex Chat ျပဳလုပ္ျခင္းသည္ ႏုိင္ငံတကာတြင္လည္းရွိေနၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ၊ တရားဥပေဒစုိးမုိးသည့္ႏုိင္ငံမ်ားတြင္ပင္ Sex Chat ကဲ့သုိ႔ျဖစ္စဥ္မွ ေနာက္ဆက္တြဲဆုိးက်ိဳးအျဖစ္ ဆုိက္ဘာရာဇ၀တ္မႈအထိ က်ယ္ျပန္႔လာသည္လည္း ရွိေနသည္။

ထုိ႔ျပင္ အဆုိပါ Sex Chat မ်ားကုိ အေနေ၀းသည့္ သမီးရည္းစားစုံတြဲအခ်ိဳ႕တြင္ပါ အသုံးျပဳမႈရွိလာၿပီး ယင္းစုံတြဲမ်ားအနက္ အဆင္မေျပမႈမ်ားျဖင့္ လမ္းခြဲခဲ့ပါက Sex Chat စဥ္က ဓာတ္ပုံမ်ားကုိ အသုံးျပဳ၍ အရွက္ခြဲျခင္းမ်ားျပဳ လုပ္လာသည္။ အမ်ားအားျဖင့္ ယင္းကိစၥမ်ားတြင္ အမ်ိဳးသမီးမ်ားသာ အထိနာတတ္ေလ့ရွိသည္။

ထုိကဲ့သုိ႔ Sex Chat သည့္အေကာင့္မ်ားကုိ ေလ့လာၾကည့္မည္ဆုိပါက ဆယ္ေက်ာ္သက္လူငယ္မ်ား ၎တို႔၏ Friend List ထဲတြင္ရွိေနသည္ကုိ ေတြ႕ျမင္ရသည္။ Sex Chat ေပးသည္ဆုိသည့္အေကာင့္မွ ‘‘ ဒီည တစ္ည လုံးအားတယ္။ ဘယ္သူေတြ ဘီလ္ကုိုင္ၿပီး လာခဲ့မလဲေဟ့’’ဆုိသည့္ စာသားတင္ထားသည့္ ေအာက္တြင္ Chatting ျပဳလုပ္လုိ ေၾကာင္း မွတ္ခ်က္မ်ား၀င္ေပးၾကသည္ကုိေတြ႕ရသည္။

သုိ႔ေသာ္ အဆုိပါအေကာင့္မ်ားမွ အမ်ိဳးသမီးမ်ား၏လိင္အသားေပးပုံမ်ားတင္သည့္အခါ၌ မူလပ႐ုိဖုိင္ပုံအျဖစ္တင္ထားသည့္ အမ်ိဳးသမီးမ်ား၏ပုံႏွင့္မတူ ကြဲျပားမႈမ်ားရွိေနတတ္သည္။

ပုံမွန္ဆုိပါက အဆုိပါအေကာင့္မ်ားသုိ႔ ဖုန္းဘီလ္လႊဲေပးလုိက္ပါက Chat Box မွတစ္ဆင့္ လိင္စိတ္ႏႈိးႂကြေစသည့္စကားမ်ားကုိ ျပန္လည္ေျပာဆုိ၍ ၀န္ေဆာင္မႈေပးျခင္းျဖစ္ေၾကာင္း ဖုန္းဘီလ္ ေပးကာ Sex Chat ဖူးသူတစ္ဦးက ေျပာသည္။

‘‘ဘီလ္ရၿပီးရင္ တခ်ိဳ႕က ဘေလာ့သြားၾကတာေတြရွိတယ္။ ဘယ္လုိ႔တုံးဆုိရင္ အသံေလးၾကားခ်င္တယ္ဆုိလုိ႔ရွိရင္ ဆက္မခ်က္ေတာ့ဘူး။ ဘေလာ့သြားတယ္။ အခုေနာက္ပိုင္းကေတာ့ ခံရတာမ်ားလုိ႔လားမသိဘူး။ အရင္ဆုံး မက္ဆင္ဂ်ာမွာ အသံနဲ႔စကားေျပာၾကည့္မယ္ဆုိၿပီး ေျပာတယ္။ မိန္းကေလးအသံေသခ်ာမွ ဘီလ္ေပးမယ္ဆုိတဲ့သေဘာေတြ လုပ္လာၾကတယ္။ ဒါေပမဲ့လည္း အဲဒီအေကာင့္ေတြက အဲဒီလုိေျပာရင္ ဘေလာ့သြားတာမ်ားပါတယ္’’ ဟု Sex Chat ရန္ ဖုန္းဘီလ္ငါးေထာင္ေပးခဲ့ဖူးသူ ကမာရြတ္ၿမိဳ႕နယ္ေန အသက္(၃၀)အရြယ္လူတစ္ဦးက ေျပာသည္။

‘‘Video Call ေျပာရင္ ကြၽန္ေတာ့္ပုံျပစရာ မလုိဘူးလုိ႔ ေမးလုိက္ေတာ့ သူက ရွင္ျပစရာမလုိဘူး။ ကြၽန္မပဲ ျပမယ္ဆုိၿပီးေတာ့ အုိေကၿပီဆုိၿပီး ဘီလ္ငါးေထာင္ (တယ္လီေနာ) ပုိ႔ေပးလုိက္တယ္။ အဲဒီေနာက္ ကြၽန္ေတာ္က ဘီလ္ ငါးေထာင္ပုိ႔လုိက္တယ္။ သူက အားရင္ hi ျပခဲ့ဆုိလုိ႔ ကြၽန္ေတာ္ hi လုိက္တယ္’’ ဟု ၎ကဆုိသည္။

ထုိသုိ႔ေျပာဆုိဆက္သြယ္ၿပီးေနာက္ အဆုိပါအေကာင့္မွေန၍ ႐ႈေထာင့္မ်ိဳးစုံမွ ႐ုိက္ကူးထားေသာ၀တ္လစ္စားလစ္ပုံမ်ားကုိပုိ႔ေပးသည္ဟု လွည္းတန္းေနအသက္(၃၀)အရြယ္ Sex Chat ဖူးသူတစ္ဦးက ဆုိသည္။

‘‘ကြၽန္ေတာ္က အဲဒါအစ္မပုံလည္းမဟုတ္ဘူး။ အစ္မတင္ထားတဲ့ပုံနဲ႔က လြဲေနတယ္လုိ႔ေျပာလုိက္ေတာ့ ကြၽန္ေတာ့္ကုိ ဘေလာ့သြားတယ္။ ဘီလ္ငါးေထာင္ဆုံးတယ္’’ ဟု ၎၏ အေတြ႕အႀကံဳကုိ ေျပာသည္။ ထုိသုိ႔ေသာ ျဖစ္စဥ္မ်ား လည္း အမွန္တကယ္ျဖစ္ေပၚေန ေသာေၾကာင့္ အဆုိပါ Sex Chat မည္ဆုိသည့္အေကာင့္မ်ားကုိ မယုံမိေစရန္လုိအပ္ေၾကာင္း လူငယ္မ်ားကဆုိသည္။

‘‘ျပည့္တန္ဆာေတြ Sex chat တယ္ဆုိတာေတာ့ မၾကားဖူးဘူး။ အဲဒီလုိမ်ိဳးမရွိေလာက္ဘူး။ ဖုန္းနဲ႔ခ်ိတ္ၿပီးေတာ့ပဲ လုပ္ၾကတာမ်ားတယ္’’ ဟု ျပည့္တန္ဆာတစ္ဦးက ေျပာသည္။

‘‘အဲဒီကိစၥေတြက အြန္လုိင္းမွာ ၾကားရတယ္။ ကုိယ့္ေဘးက သူငယ္ခ်င္းတခ်ိဳ႕လည္း အဲဒီလုိ ၾကားတာေတြရွိတယ္။ Sex Chat လုပ္ရမယ္။ တစ္မိနစ္ကုိ ဘယ္ေလာက္ရမယ္ေပါ့ေနာ္။ မ်က္ႏွာ ျပစရာမလုိဘူးဆုိၿပီးေတာ့ ၾကားထဲက ပြဲစားလုိမ်ိဳး အမ်ိဳးသမီးတစ္ေယာက္ကခုိင္းတယ္။ ခုိင္းေတာ့ chat ၾကတယ္။ chat တဲ့သူေတြကသာ chat ၾကတာ။ ရလာတဲ့ပိုက္ဆံကုိ အဲဒီအမ်ိဳးသမီးက ယူၿပီးလစ္ေျပးတာေတြရွိတယ္ဆုိၿပီး ၾကားရတယ္’’ ဟု Sexy ေမာ္ဒယ္ဇြန္သၪၨာက ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ဦးေနဘုန္းလတ္ကမူ ယင္းကိစၥမွာ အလြန္႐ိုးရွင္းသည့္ လိမ္နည္းဟု သတိေပးသည္။

sex chat တြင္ ၾကားပြဲစားမ်ားလည္းရွိသည္။ (ဓာတ္ပံု-ေဂ်ေမာင္ေမာင္(အမရပူရ)

‘‘ဒီကိစၥေတြက သည္းေျခႀကိဳက္ကိစၥေတြပဲ။ ဒီလုိသည္းေျခႀကိဳက္ေတြကုိ အခြင့္ေကာင္းယူၿပီး ေတာ့ ပုိက္ဆံရွာမယ့္သူေတြ၊ လိမ္မယ့္သူေတြေပၚလာမွာပဲ။ အဓိကက အသိပညာပဲ။ အင္တာနက္နဲ႔ ပတ္သက္တဲ့အသိပညာကုိ သိေနရင္ အဲဒီလုိအလိမ္မခံရဘူး။ ကုိယ့္ဆီက ငါးေထာင္ေတာင္းတယ္။

Sex Chat တယ္ဆုိတာကမေသခ်ာဘူးေလ။ ကုုိယ္က ငါးေထာင္ေပးလုိက္ရတာ။ ဒါကသိပ္ကုိ႐ုိးရွင္းလြန္းတဲ့ လိမ္နည္းပါ’’ ဟု ဘေလာ့ဂါတစ္ဦးလည္းျဖစ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ျဖစ္သူ ဦးေနဘုန္းလတ္က Sex Chat ျခင္းကိစၥႏွင့္ပတ္သက္ၿပီး သုံးသပ္ ေျပာဆုိသည္။

ျမန္မာႏုိင္ငံတြင္ ေဖ့စ္ဘြတ္ခ္တရား၀င္သုံးစြဲသူဦးေရ ၁၁ သန္း ေက်ာ္ရွိေၾကာင္း internetworlds tats.com တြင္ေဖာ္ျပထားၿပီး မုိဘုိင္းဖုန္းအသုံးျပဳသူဦးေရ သန္း ၃၀ ခန္႔ရွိသည္ဟု ခန္႔မွန္းထားသည္။

လက္ရွိတြင္ ေက်းလက္ေဒသမ်ားအထိပါ မုိဘုိင္းဖုန္းသုံးစြဲမႈမ်ားရွိလာၿပီျဖစ္၍ ငယ္စဥ္အခါက လူႀကီးမိဘမ်ားမသိေအာင္ခုိးဖတ္ခဲ့ရေသာ လိင္စိတ္ႏုိးႂကြေစသည့္ စာေပမ်ားကုိ အင္တာနက္ဖြင့္လုိက္႐ုံျဖင့္ အလြယ္တကူရွာေဖြ ဖတ္႐ႈႏုိင္လာၿပီျဖစ္သည္။

ထုိနည္းအတူ လိင္စိတ္ႏုိးၾကြေစေသာ ဗီဒီယုိဇာတ္လမ္းမ်ား၊ ကာတြန္းမ်ား၊ စာအုပ္မ်ားအျပင္ အေဖာ္အခြၽတ္ပုံမ်ားကုိလည္း အလြယ္တကူၾကည့္႐ႈႏုိင္သည္။

လိင္စိတ္ႏုိးႂကြေစမည့္ စာသားမ်ား၊ စကားမ်ားသည္ လူမႈကြန္ရက္တြင္ ၿပီးျပတ္သြားမည္ဆုိပါက ျပႆနာမဟုတ္ေသာ္လည္း အဆုိပါကိစၥရပ္မ်ားကုိ အျပင္လူ႕ေလာကသုိ႔ သယ္ေဆာင္မည္ဆုိပါက မုဒိမ္းမႈမ်ား မျဖစ္ေပၚေစရန္ ထိန္းသိမ္းကာကြယ္ရန္ လုိအပ္မည္ျဖစ္ေၾကာင္း ဥပေဒပညာရွင္မ်ားက ေျပာဆုိသုံးသပ္ၾကသည္။ ‘‘ကြၽန္ေတာ္တိုု႔ အင္တာနက္ကေနတစ္ဆင့္ ျဖစ္ေပၚလာမယ့္ မႈခင္းဆုိးက်ိဳးေတြကုိ တားဆီးဖုိ႔အတြက္ကုိ ေတာ္ေတာ္ ခက္ခဲေနတယ္။

အဲဒီလုိခက္ခဲတဲ့အထဲမွာ လိင္စိတ္ေၾကာင့္ျဖစ္ေပၚလာတဲ့ မႈခင္းေတြရဲ႕ ဆုိးက်ိဳးေတြကုိ ဂ႐ုျပဳဖုိ႔လုိုပါတယ္။ ဒါေတြ ေလ်ာ့နည္းသြားေအာင္ ဘယ္လုိတားဆီးမလဲ၊ ဘယ္လုိအေရးယူ ေဆာင္ရြက္မလဲ ဆုိတာေတြကုိေတာ့ ကြၽန္ေတာ္တို႔ ေဆာင္ရြက္ထားဖုိ႔ လုိပါတယ္’’ ဟု စီးပြားေရး ႏွင့္ ဥပေဒအႀကံေပး ဦးတင္သန္းဦးက ေျပာသည္။ ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာတြင္ Sex Chat မည္ဆုိကာ လိမ္လည္ေနသည့္အေကာင့္မ်ားကုိ အေရးယူ၍ရၿပီးယင္းကဲ့သုိ႔ ေဆာင္ရြက္ေနသူမ်ားကုိ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ တရားစြဲဆုိမည္ဆုိက စြဲဆုိ၍ရ ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာသည္။

‘‘အဲဒီလုိလုပ္တာက ၆၆(ဃ) နဲ႔တည့္တည့္ကုိက်တာပဲ’’ ဟု ၎ ကဆုိသည္။

အသစ္ျပန္လည္ျပင္ဆင္ေရးဆြဲထားသည့္ ဆက္သြယ္ေရးဥပေဒပါ ပုဒ္မ ၆၆(ဃ)တြင္ ဆက္သြယ္ေရးကြန္ရက္တစ္ခုခုကုိ အသုံးျပဳ၍ ပုဂိၢဳလ္တစ္ဦးဦးအား ေျခာက္လွန္႔ေတာင္းယူျခင္း၊ အ ႏုိင္အထက္ျပဳျခင္း၊ မတရားတား ဆီးကန္႔ကြက္ျခင္း၊ အသေရဖ်က္ ျခင္း၊ ေႏွာင့္ယွက္ျခင္း၊ မေလ်ာ္ဩဇာသုံးျခင္း (သုိ႔မဟုတ္)ၿခိမ္းေျခာက္ျခင္းတို႔ကုိ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ခံရပါက သုံး ႏွစ္ထက္ မပုိေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းထားသည္။

လူငယ္မ်ားအေနျဖင့္ လိင္စိတ္ႏုိးႂကြေစမည့္ ကိစၥရပ္မ်ားကုိ အင္တာနက္တြင္ ရွာေဖြအသုံးျပဳ ေနျခင္းသည္ ရာဂစိတ္မ်ားႏုိးႂကြေစၿပီး မုဒိမ္းမႈမ်ားျဖစ္လာႏုိင္ေသာေၾကာင့္ ဆင္ျခင္သင့္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာ ဘတ္စန္းေအာင္က ေျပာသည္။

‘‘အင္တာနက္က ပညာရွာဖုိ႔ဆုိရင္ သိပ္ေကာင္းတဲ့အရာပါ။ အဲဒါကုိ တလြဲလုပ္လုိ႔ရွိရင္ ဘ၀နိဂုံးခ်ဳပ္မလွဘဲနဲ႔ အဆုံးသတ္သြား ႏုိင္တယ္။ ေနာက္ၿပီးေတာ့ ၿခိမ္းေျခာက္ေငြေတာင္းယူမႈေတြျဖစ္ ၿပီးေတာ့ အခ်ဳပ္ေထာင္ကုိျမန္းရ တတ္တယ္။ အဲဒါေတြေၾကာင့္ ဒါေတြကုိ ေရွာင္ၾကဥ္ဖုိ႔လုိတယ္’’ ဟု ဦးေရာဘတ္စန္းေအာင္က ေျပာ ၾကားသည္။

ေဖ့စ္ဘြတ္ခ္၊ ဗုိက္ဘာစေသာ လူမႈကြန္ရက္တြင္ လိင္ကိစၥအတြက္ ခ်ိန္းဆုိမႈမ်ားျပဳလုပ္ၿပီးေနာက္ မႈခင္းက်ဴးလြန္မႈမ်ားရွိေသာ္လည္း ရဲတပ္ဖြဲ႕အေနျဖင့္ လုယက္မႈ၊ လူသတ္မႈျဖင့္သာ အမႈ ဖြင့္အေရးယူေၾကာင္း ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာ သည္။

သုိ႔ေသာ္ Sex Chat ၀န္ ေဆာင္မႈရယူၿပီး ေနာက္ဆက္တြဲ ျပႆနာျဖစ္၍ ျဖစ္ေသာအမႈအခင္းလာအမႈဖြင့္သည္ကုိ မႀကံဳ ေတြ႕ဖူးေသးေၾကာင္း ၎ကဆက္ေျပာသည္။

ထုိ႔အျပင္ အင္တာနက္အသုံး ျပဳေနသည့္ လူငယ္မ်ားအေနျဖင့္ နည္းပညာမ်ားကုိ ထိေရာက္စြာအသုံးျပဳရမည္ျဖစ္ၿပီး လိင္မႈဆုိင္ရာကိစၥမ်ားႏွင့္ ေမြ႕ေလ်ာ္ေနသည္မွာ ေကာင္းမြန္သည့္ အခ်က္မဟုတ္ေၾကာင္း ဦးေနဘုန္းလတ္က အႀကံျပဳသည္။

အင္တာနက္ကုိ ရည္မွန္းခ်က္မ်ားေအာင္ျမင္ရန္ လက္နက္တစ္ခုအျဖစ္သာ အသုံးခ်သင့္ေၾကာင္း ၎ကေျပာသည္။ ‘‘ကြၽန္ ေတာ္တို႔က အင္တာနက္ကုိသုံးေနတာလား၊ အင္တာနက္က ကြၽန္ေတာ္တို႔ကုိ ျပန္သုံးေနတာလားသုံး သပ္ဖုိ႔လုိတယ္။ တခ်ိဳ႕ေတြကအင္တာနက္ေပၚမွာ Sex Page ၾကည့္ေနတာနဲ႔၊ Sex Chat မယ္ ဆုိတာေတြနဲ႔ ဒါေတြနဲ႔ပဲ အခ်ိန္ေတြကုန္တယ္ဆုိရင္ေတာ့ မေကာင္းဘူး’’ ဟု ဦးေနဘုန္းလတ္က ဆက္လက္ေျပာသည္။

လူငယ္မ်ား အေနျဖင့္ အင္တာနက္နည္းပညာကုိ ေကာင္းမြန္စြာ အသုံးခ်ႏုိင္ေရးေက်ာင္းပညာေရးစနစ္တြင္ ထည့္သြင္းသင္ၾကားေပးျခင္းက အေျခခံေကာင္းတစ္ခုကုိ ရရွိမည္ျဖစ္ေၾကာင္း ဦးေနဘုန္းလတ္က ေျပာသည္။

‘‘ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေတြေပၚမွာ အေကာင့္တိုင္းကုိယုံၾကည္တာမ်ိဳးမဟုတ္ဘဲနဲ႔ ကုိယ့္ဘာသာ ကုိယ္စဥ္းစားခ်င့္ခ်ိန္ဖုိ႔ လုိအပ္တယ္လုိ႔ထင္ပါတယ္’’ ဟု Sexy ေမာ္ဒယ္ ဇြန္သၪၨာကလည္း ေျပာသည္။

မိန္းကေလးမ်ား အေနျဖင့္လည္း ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ပုံမ်ားတင္ရာ၌ စိတ္ဓာတ္မေကာင္းသူမ်ားက ထုိပုံမ်ားကုိယူ၍ မေကာင္းသည့္ အြန္လုိင္းစာမ်က္ႏွာမ်ားတြင္ သုံးတတ္ေသာ ေၾကာင့္ သတိထားတင္ၾကရန္ လုိ အပ္ေၾကာင္း ဇြန္သၪၨာက အႀကံျပဳ သည္။

‘‘မိန္းကေလးေတြက ပုံေတြကုိ Public ေတြလုပ္ထားၾကတယ္။ ဆယ္လီေတြအေနနဲ႔ ျပႆနာ မဟုတ္ဘဲနဲ႔ မိန္းကေလးပုံေတြ ယူသုံးခံရတာေတြက လူမႈပတ္၀န္းက်င္မွာ အထင္အျမင္လြဲတာေတြ အမ်ားႀကီး ျဖစ္ႏုိင္ပါတယ္’’ ဟု ဇြန္သၪၨာကဆုိသည္။

အာရွႏုိင္ငံမ်ားထဲ အင္တာနက္ကတစ္ဆင့္ လိင္အေၾကာင္းအရာမ်ားကုိ ျပသရာ၌ ဂ်ပန္ႏုိင္ငံသည္ အေက်ာ္ၾကားဆံုးျဖစ္သည္။ ဂ်ပန္ႏုိင္ငံတြင္မူ ထုတ္လႊင့္ျပသေနသည့္ Porn ဇာတ္ကားမ်ား၊ လိင္စိတ္ႏုိးႂကြေစသည့္ စာအုပ္ မ်ား၊ ကာတြန္းမ်ားကုိ တရား၀င္ ျပသခြင့္ရွိေသာ္လည္း တ႐ုတ္ႏုိင္ငံတြင္မူ အဆုိပါ၀က္ဘ္ဆိုက္မ်ားကုိ ပိတ္ပင္ထားေၾကာင္း ၀ီကီမီဒီယာတြင္ ေဖာ္ျပထားသည္။

ျမန္မာႏုိင္ငံတြင္ လိင္စိတ္ႏုိးၾကြေစသည့္ အေၾကာင္းအရာမ်ားပါ၀င္သည့္ အင္တာနက္၀က္ဘ္ဆိုက္မ်ားကုိ အစုိးရက ပိတ္ပင္သင့္ေၾကာင္း သားသမီး သုံးဦး၏ မိခင္ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒၚခင္ေစာေ၀က ေျပာသည္။

‘‘မိဘေတြက သားသမီးေတြကုိ တစ္ခ်ိန္လုံးမၾကည့္ႏုိင္ဘူး။ အရြယ္ေရာက္တဲ့ကေလးေတြက ဖုန္းေလးေတြကုိယ္စီနဲ႔ မဟုတ္တဲ့ အေၾကာင္းေတြကုိ ၾကည့္ၾကမယ္၊ စူးစမ္းၾကည့္ၾကမွာပဲ။ ကေလးေတြ က အတုျမင္အတတ္သင္တာေတြ ရွိလာမယ္။ ဒီဟာေတြက ကေလး ေတြအတြက္ မေကာင္းဘူး။အဓမၼက်င့္တဲ့ မႈခင္းေတြ ျဖစ္လာႏုိင္တယ္။ ဒါေၾကာင့္ အစုိးရကလည္း ဒီလုိမၾကည့္သင့္၊ မၾကည့္ထုိက္တဲ့ အရာေတြကုိ တ႐ုတ္ႏုိင္ငံလုိပဲ ပိတ္ပင္သင့္ပါတယ္’’ ဟု ၎က သုံးသပ္ေျပာဆုိသည္။

‘‘ဒီဟာက ဥပေဒမရွိတဲ့အတြက္ သူတို႔လုပ္ခ်င္သလုိ လုပ္ေနၾကမွာပဲ။ စိတ္ထင္ရင္ ထင္သလုိလုပ္ၾကေတာ့ လူငယ္ေတြမွာ ေရာဂါအႏၲရာယ္က်ေရာက္မႈက အနည္းနဲ႔အမ်ား ရွိလာႏုိင္တယ္။ ဂႏုိရီးယားလုိျဖစ္မယ္။ အဲဒီထက္ ပုိအေရးႀကီးတာက HIV/AIDSလုိ မ်ိဳးေတြ ျဖစ္လာႏုိင္တယ္။ ေနာက္တစ္ခုက ဒီလုိလူငယ္ေတြထဲမွာ မ်ားေသာအားျဖင့္ က်န္းမာေရးအသိနည္းတဲ့အခါက်ေတာ့ ကြန္ဒုံး ေတြ မသုံးမိလုိက္ရင္ ဆုိးက်ိဳးေတြ ရသြားႏုိင္တယ္’’ ဟု အမ်ိဳးသား လႊတ္ေတာ္က်န္းမာေရးျမႇင့္တင္မႈ ေကာ္မရွင္အတြင္းေရးမွဴး အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာ စန္းေမာင္ေမာင္က ေျပာသည္။

ထုိ႔ျပင္ အဆုိပါကိစၥႏွင့္ပတ္သက္ၿပီး လူငယ္မ်ားကုိ ဗဟုသုတ ရရွိေစေရး အၿမိဳ႕ၿမိဳ႕ အနယ္နယ္တိုင္းတြင္ က်န္းမာေရးအသိပညာ ေပးရန္လုိအပ္မည္ ျဖစ္ေၾကာင္း ၎ကအႀကံျပဳေျပာဆုိသည္။

‘‘ဥပေဒေတြ ျပ႒ာန္းဖုိ႔ဆုိတာကလည္း လူငယ္ေတြက တင္းလြန္းျပန္ရင္လည္း မေကာင္းျပန္ဘူး။ တင္းက်ပ္လြန္းအားႀကီးလုိ႔ ေပါက္ကြဲထြက္လာရင္ အဓမၼက်င့္မႈေတြ ျဖစ္လာႏုိင္တယ္။ တျဖည္း ျဖည္းေတာ့ ကြၽန္ေတာ္တို႔လုပ္ယူရ မယ္။ ကြၽန္ေတာ္တို႔ေတြ လူငယ္ ေတြရဲ႕ စာရိတၱပုိင္းကုိ ျမႇင့္တင္မႈ ေတြြေဆာင္ရြက္ဖုိ႔အတြက္ ႀကိဳး စားၿပီးေတာ့ ေဆာင္ရြက္သြားဖုိ႔ လုိအပ္ပါတဟု ေဒါက္တာ စန္းေမာင္ေမာင္က ေျပာသည္။

စိတ္ေရာဂါကု ဆရာ၀န္ ေဒါက္တာခင္ျမင့္က ‘‘အဲဒီကိစၥက ခႏၶာကုိယ္ျပင္းျပမႈကတစ္ခု၊ စိတ္ဆႏၵျပင္းျပမႈက တစ္ခုဆုိတာရွိတယ္။ ဒါေတြကုိခ်ည္းပဲလုပ္ေနမယ္ဆုိရင္စိတ္ဆႏၵေတြ၊ လုိအင္ဆႏၵေတြျပင္းျပလာမယ္။ အဓိက အဲဒီလုိလူအမ်ားစုဟာ စိတ္ပုိင္းဆုိင္ရာနဲ႔ ကုိယ္က်င့္တရားမွာ အမွားအမွန္ခြဲျခားမႈေတြကအားနည္းလာတယ္။ ဒါေတြ မ်ားလာရင္ မသင့္ေတာ္တဲ့ ကိစၥေတြမွာ က်ဴးလြန္မႈေတြ၊ ေဖာက္ဖ်က္မႈေတြလုပ္ေဆာင္လာႏုိင္တယ္’’ ဟု သုံးသပ္သည္။

အဆိုပါကိစၥမ်ားသည္ လူငယ္မ်ားအၾကား ျဖစ္တတ္သည္မွာ မွန္ေသာ္လည္း မိဘမ်ားက ၎တို႔၏ကေလးမ်ားကုိယ္က်င့္ တရားထိန္းသိမ္းေရးဆုံးမရန္လုိအပ္ေၾကာင္း ၎က အဆုိပါကိစၥမ်ားႏွင့္ပတ္သက္ၿပီး အႀကံျပဳသည္။

‘‘လူငယ္ေတြအတြက္ မူးယစ္ေဆး၀ါးသက္သက္အတြက္ မၾကည့္ၾကဘဲနဲ႔ လူငယ္ေတြအတြက္ မေကာင္းတဲ့အရာေတြ စူးစမ္းခ်င္တဲ့စိတ္ေတြကုိ ဆရာ၊ ဆရာမေတြက ထိန္းေက်ာင္းေပးဖုိ႔လုိအပ္မယ္’’ ဟု ေဒါက္တာခင္ျမင့္က ေျပာသည္။

Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၂၉)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း ကိုမောင်မောင် (အမည်လွှဲ)တစ်ယောက် ညဘက်အိပ်မပျော်သောကြောင့် အိပ်ရာဘေးရှိဖုန်းကိုယူကာ ဖေ့စ်ဘွတ်ခ်သုံးနေသည်။ ဖေ့စ်ဘွတ်ခ် မိတ်ဆွေအချို့၏ ပို့စ်များကိုလိုက်လံ ဖတ်ရှုပြီး ကြိုက်နှစ်သက်သည့်အရာများကို Like ပေးနေစဉ် ဖုန်းမျက်နှာပြင်မှန်သားပေါ် ပြေးလွှားလှုပ်ရှားနေသော သူ့လက်တို့ ချက်ချင်းရပ်တန့်သွားသည်။

ကျော်သွားသည့် ပို့စ်ကို အလျင်အမြန်ပြန်ကြည့်လိုက်သည့်အခါ သူ၏နှလုံးခုန်သံ မြန်လာသည်။ ပါတိတ်အဆင် အစိမ်းရောင်ဝမ်းဆက်ဖြင့် တိုင်တစ်တိုင်ကိုမှီပြီး မေးထောက်လျက်ပြုံးနေသော ဆံပင်အရှည်နှင့် မိန်း ကလေးတစ်ဦးပုံဖြင့် အကောင့်က ‘Sex ချက်ပေးနေတယ်ရှင့် တခြား စကားပြောမှာဆို မအားဘူးရှင့်’ ဆိုသည့် ပို့စ်တစ်ခုက သူ့အာရုံတစ်ခုလုံးကို ဆွဲဆောင်ခဲ့သည်။

ထိုပို့စ်၏ ဆွဲဆောင်မှုကြောင့် အဆိုပါ ဖေ့စ်ဘွတ်ခ်အကောင့်ထဲ ကိုမောင်မောင်တစ်ယောက်ဝင်ရောက်၍ မွှေနှောက်ရှာကြည့်ပါတော့သည်။ ‘‘တယ်လီနော ငါးထောင်တန်နဲ့ ယုံယုံကြည်ကြည်နဲ့ VC ပြောပေး နိုင်မယ့်သူ တစ်ယောက်ယောက် ပျင်းလို့’’၊ ‘’ဒီည မိုးလင်းပေါက်ရှိနေမယ်၊ ဘီလ်ကတ်တွေ ဝယ်ထားကြပြီး Cb မှာ စောင့်နေကြပြီးမှ မပြောဘူးမလုပ်နဲ့’’ စသဖြင့် ပို့စ်များရေးသားထားသည်ကို တွေ့ရသည်။

ကိုမောင်မောင်ကြည့်နေသည့် ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်သည် ဖုန်းဘီလ်များကို အခကြေးငွေအဖြစ်လွှဲပေးပါက ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာတွင် လိင်စိတ် နှိုးဆွစေသည့်အကြောင်းများကို ပြောဆိုဆွေးနွေးပေးသူဟု ဆိုသည်။ အဆိုပါ ဖေ့စ်ဘွတ်ခ်အကောင့်ကဲ့သို့ ပကတိကိုယ်လုံးအလှတရားကို ပုရိသတို့ရင်ခုန်စေရန် ရှုထောင့်မျိုးစုံဖြင့် ရိုက်ကူးထားသော ခန္ဓာကိုယ်အသားပေးဓာတ်ပုံများကိုသုံးကာ တယ်လီနော၊ အမ်ပီတီ၊ အူရီးဒူးဖုန်းဘီလ်များ ကို တောင်း၍ Sex Chat သည့်ဝန်ဆောင်မှုသည် အမျိုးသားအချို့အကြား ယခုနောက်ပိုင်း ရေပန်းစားလာသည်။

အစောပိုင်းတွင် Sex Chat မည်ဆိုသည့်အကောင့်များတွင် Chatting ပြုလုပ်ပေးမည့်ကာယ ကံရှင်၏ ပုံအမှန်ကိုမတင်ဘဲ နိုင်ငံ ခြားသူများ၏ လိင်အသားပေး (Sexy)ပုံများကိုသုံး၍ ပုရိသတို့ ဆွဲဆောင်ပြီး လိင်စိတ်နှိုးဆွသည့် စာသားများတင်ကာ မြှူဆွယ်ခြင်းဖြစ်သည်။

သို့သော် ပရိုဖိုင်ဓာတ်ပုံ အမှန်မတင်သည့် အကောင့်များကိုလည်း အားပေးသူများလည်းရှိသည်ဟု အင်းစိန်မြို့နယ်နေ ကိုရီးယားဘာသာစကား သင်တန်းတက်ရောက်နေသော (၃၁) နှစ်အရွယ် လူရွယ်တစ်ဦးက ပြောသည်။

ယခုအခါတွင် ခပ်ဟော့ဟော့ ဝတ်စားဆင်ယင်ပြီး ခန္ဓာကိုယ်အသားပေးဓာတ်ပုံများ ရိုက်ကူးထားသော မြန်မာမိန်းမပျို အချို့၏ပုံများကို အသုံးပြု၍ အကောင့်ပြုလုပ်ကာ ဖုန်းဘီလ် တောင်း၍ Sex ချက်မည်ဆိုသည့်ပုံစံပြောင်းလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ Sex Chat ပြုလုပ်ခြင်းသည် နိုင်ငံတကာတွင်လည်းရှိနေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ တရားဥပဒေစိုးမိုးသည့်နိုင်ငံများတွင်ပင် Sex Chat ကဲ့သို့ဖြစ်စဉ်မှ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဆိုက်ဘာရာဇဝတ်မှုအထိ ကျယ်ပြန့်လာသည်လည်း ရှိနေသည်။

ထို့ပြင် အဆိုပါ Sex Chat များကို အနေဝေးသည့် သမီးရည်းစားစုံတွဲအချို့တွင်ပါ အသုံးပြုမှုရှိလာပြီး ယင်းစုံတွဲများအနက် အဆင်မပြေမှုများဖြင့် လမ်းခွဲခဲ့ပါက Sex Chat စဉ်က ဓာတ်ပုံများကို အသုံးပြု၍ အရှက်ခွဲခြင်းများပြု လုပ်လာသည်။ အများအားဖြင့် ယင်းကိစ္စများတွင် အမျိုးသမီးများသာ အထိနာတတ်လေ့ရှိသည်။

ထိုကဲ့သို့ Sex Chat သည့်အကောင့်များကို လေ့လာကြည့်မည်ဆိုပါက ဆယ်ကျော်သက်လူငယ်များ ၎င်းတို့၏ Friend List ထဲတွင်ရှိနေသည်ကို တွေ့မြင်ရသည်။ Sex Chat ပေးသည်ဆိုသည့်အကောင့်မှ ‘‘ ဒီည တစ်ည လုံးအားတယ်။ ဘယ်သူတွေ ဘီလ်ကိုင်ပြီး လာခဲ့မလဲဟေ့’’ဆိုသည့် စာသားတင်ထားသည့် အောက်တွင် Chatting ပြုလုပ်လို ကြောင်း မှတ်ချက်များဝင်ပေးကြသည်ကိုတွေ့ရသည်။

သို့သော် အဆိုပါအကောင့်များမှ အမျိုးသမီးများ၏လိင်အသားပေးပုံများတင်သည့်အခါ၌ မူလပရိုဖိုင်ပုံအဖြစ်တင်ထားသည့် အမျိုးသမီးများ၏ပုံနှင့်မတူ ကွဲပြားမှုများရှိနေတတ်သည်။

ပုံမှန်ဆိုပါက အဆိုပါအကောင့်များသို့ ဖုန်းဘီလ်လွှဲပေးလိုက်ပါက Chat Box မှတစ်ဆင့် လိင်စိတ်နှိုးကြွစေသည့်စကားများကို ပြန်လည်ပြောဆို၍ ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း ဖုန်းဘီလ် ပေးကာ Sex Chat ဖူးသူတစ်ဦးက ပြောသည်။

‘‘ဘီလ်ရပြီးရင် တချို့က ဘလော့သွားကြတာတွေရှိတယ်။ ဘယ်လို့တုံးဆိုရင် အသံလေးကြားချင်တယ်ဆိုလို့ရှိရင် ဆက်မချက်တော့ဘူး။ ဘလော့သွားတယ်။ အခုနောက်ပိုင်းကတော့ ခံရတာများလို့လားမသိဘူး။ အရင်ဆုံး မက်ဆင်ဂျာမှာ အသံနဲ့စကားပြောကြည့်မယ်ဆိုပြီး ပြောတယ်။ မိန်းကလေးအသံသေချာမှ ဘီလ်ပေးမယ်ဆိုတဲ့သဘောတွေ လုပ်လာကြတယ်။ ဒါပေမဲ့လည်း အဲဒီအကောင့်တွေက အဲဒီလိုပြောရင် ဘလော့သွားတာများပါတယ်’’ ဟု Sex Chat ရန် ဖုန်းဘီလ်ငါးထောင်ပေးခဲ့ဖူးသူ ကမာရွတ်မြို့နယ်နေ အသက်(၃၀)အရွယ်လူတစ်ဦးက ပြောသည်။

‘‘Video Call ပြောရင် ကျွန်တော့်ပုံပြစရာ မလိုဘူးလို့ မေးလိုက်တော့ သူက ရှင်ပြစရာမလိုဘူး။ ကျွန်မပဲ ပြမယ်ဆိုပြီးတော့ အိုကေပြီဆိုပြီး ဘီလ်ငါးထောင် (တယ်လီနော) ပို့ပေးလိုက်တယ်။ အဲဒီနောက် ကျွန်တော်က ဘီလ် ငါးထောင်ပို့လိုက်တယ်။ သူက အားရင် hi ပြခဲ့ဆိုလို့ ကျွန်တော် hi လိုက်တယ်’’ ဟု ၎င်းကဆိုသည်။

ထိုသို့ပြောဆိုဆက်သွယ်ပြီးနောက် အဆိုပါအကောင့်မှနေ၍ ရှုထောင့်မျိုးစုံမှ ရိုက်ကူးထားသောဝတ်လစ်စားလစ်ပုံများကိုပို့ပေးသည်ဟု လှည်းတန်းနေအသက်(၃၀)အရွယ် Sex Chat ဖူးသူတစ်ဦးက ဆိုသည်။

‘‘ကျွန်တော်က အဲဒါအစ်မပုံလည်းမဟုတ်ဘူး။ အစ်မတင်ထားတဲ့ပုံနဲ့က လွဲနေတယ်လို့ပြောလိုက်တော့ ကျွန်တော့်ကို ဘလော့သွားတယ်။ ဘီလ်ငါးထောင်ဆုံးတယ်’’ ဟု ၎င်း၏ အတွေ့အကြုံကို ပြောသည်။ ထိုသို့သော ဖြစ်စဉ်များ လည်း အမှန်တကယ်ဖြစ်ပေါ်နေ သောကြောင့် အဆိုပါ Sex Chat မည်ဆိုသည့်အကောင့်များကို မယုံမိစေရန်လိုအပ်ကြောင်း လူငယ်များကဆိုသည်။

‘‘ပြည့်တန်ဆာတွေ Sex chat တယ်ဆိုတာတော့ မကြားဖူးဘူး။ အဲဒီလိုမျိုးမရှိလောက်ဘူး။ ဖုန်းနဲ့ချိတ်ပြီးတော့ပဲ လုပ်ကြတာများတယ်’’ ဟု ပြည့်တန်ဆာတစ်ဦးက ပြောသည်။

‘‘အဲဒီကိစ္စတွေက အွန်လိုင်းမှာ ကြားရတယ်။ ကိုယ့်ဘေးက သူငယ်ချင်းတချို့လည်း အဲဒီလို ကြားတာတွေရှိတယ်။ Sex Chat လုပ်ရမယ်။ တစ်မိနစ်ကို ဘယ်လောက်ရမယ်ပေါ့နော်။ မျက်နှာ ပြစရာမလိုဘူးဆိုပြီးတော့ ကြားထဲက ပွဲစားလိုမျိုး အမျိုးသမီးတစ်ယောက်ကခိုင်းတယ်။ ခိုင်းတော့ chat ကြတယ်။ chat တဲ့သူတွေကသာ chat ကြတာ။ ရလာတဲ့ပိုက်ဆံကို အဲဒီအမျိုးသမီးက ယူပြီးလစ်ပြေးတာတွေရှိတယ်ဆိုပြီး ကြားရတယ်’’ ဟု Sexy မော်ဒယ်ဇွန်သဉ္ဇာက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်ကမူ ယင်းကိစ္စမှာ အလွန်ရိုးရှင်းသည့် လိမ်နည်းဟု သတိပေးသည်။

sex chat တွင် ကြားပွဲစားများလည်းရှိသည်။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

‘‘ဒီကိစ္စတွေက သည်းခြေကြိုက်ကိစ္စတွေပဲ။ ဒီလိုသည်းခြေကြိုက်တွေကို အခွင့်ကောင်းယူပြီး တော့ ပိုက်ဆံရှာမယ့်သူတွေ၊ လိမ်မယ့်သူတွေပေါ်လာမှာပဲ။ အဓိကက အသိပညာပဲ။ အင်တာနက်နဲ့ ပတ်သက်တဲ့အသိပညာကို သိနေရင် အဲဒီလိုအလိမ်မခံရဘူး။ ကိုယ့်ဆီက ငါးထောင်တောင်းတယ်။

Sex Chat တယ်ဆိုတာကမသေချာဘူးလေ။ ကိုယ်က ငါးထောင်ပေးလိုက်ရတာ။ ဒါကသိပ်ကိုရိုးရှင်းလွန်းတဲ့ လိမ်နည်းပါ’’ ဟု ဘလော့ဂါတစ်ဦးလည်းဖြစ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးနေဘုန်းလတ်က Sex Chat ခြင်းကိစ္စနှင့်ပတ်သက်ပြီး သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်တရားဝင်သုံးစွဲသူဦးရေ ၁၁ သန်း ကျော်ရှိကြောင်း internetworlds tats.com တွင်ဖော်ပြထားပြီး မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ သန်း ၃၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

လက်ရှိတွင် ကျေးလက်ဒေသများအထိပါ မိုဘိုင်းဖုန်းသုံးစွဲမှုများရှိလာပြီဖြစ်၍ ငယ်စဉ်အခါက လူကြီးမိဘများမသိအောင်ခိုးဖတ်ခဲ့ရသော လိင်စိတ်နိုးကြွစေသည့် စာပေများကို အင်တာနက်ဖွင့်လိုက်ရုံဖြင့် အလွယ်တကူရှာဖွေ ဖတ်ရှုနိုင်လာပြီဖြစ်သည်။

ထိုနည်းအတူ လိင်စိတ်နိုးကြွစေသော ဗီဒီယိုဇာတ်လမ်းများ၊ ကာတွန်းများ၊ စာအုပ်များအပြင် အဖော်အချွတ်ပုံများကိုလည်း အလွယ်တကူကြည့်ရှုနိုင်သည်။

လိင်စိတ်နိုးကြွစေမည့် စာသားများ၊ စကားများသည် လူမှုကွန်ရက်တွင် ပြီးပြတ်သွားမည်ဆိုပါက ပြဿနာမဟုတ်သော်လည်း အဆိုပါကိစ္စရပ်များကို အပြင်လူ့လောကသို့ သယ်ဆောင်မည်ဆိုပါက မုဒိမ်းမှုများ မဖြစ်ပေါ်စေရန် ထိန်းသိမ်းကာကွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက ပြောဆိုသုံးသပ်ကြသည်။ ‘‘ကျွန်တော်တို့ အင်တာနက်ကနေတစ်ဆင့် ဖြစ်ပေါ်လာမယ့် မှုခင်းဆိုးကျိုးတွေကို တားဆီးဖို့အတွက်ကို တော်တော် ခက်ခဲနေတယ်။

အဲဒီလိုခက်ခဲတဲ့အထဲမှာ လိင်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ မှုခင်းတွေရဲ့ ဆိုးကျိုးတွေကို ဂရုပြုဖို့လိုပါတယ်။ ဒါတွေ လျော့နည်းသွားအောင် ဘယ်လိုတားဆီးမလဲ၊ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ ဆိုတာတွေကိုတော့ ကျွန်တော်တို့ ဆောင်ရွက်ထားဖို့ လိုပါတယ်’’ ဟု စီးပွားရေး နှင့် ဥပဒေအကြံပေး ဦးတင်သန်းဦးက ပြောသည်။ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် Sex Chat မည်ဆိုကာ လိမ်လည်နေသည့်အကောင့်များကို အရေးယူ၍ရပြီးယင်းကဲ့သို့ ဆောင်ရွက်နေသူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုမည်ဆိုက စွဲဆို၍ရ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

‘‘အဲဒီလိုလုပ်တာက ၆၆(ဃ) နဲ့တည့်တည့်ကိုကျတာပဲ’’ ဟု ၎င်း ကဆိုသည်။

အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အ နိုင်အထက်ပြုခြင်း၊ မတရားတား ဆီးကန့်ကွက်ခြင်း၊ အသရေဖျက် ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း (သို့မဟုတ်)ခြိမ်းခြောက်ခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက သုံး နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

လူငယ်များအနေဖြင့် လိင်စိတ်နိုးကြွစေမည့် ကိစ္စရပ်များကို အင်တာနက်တွင် ရှာဖွေအသုံးပြု နေခြင်းသည် ရာဂစိတ်များနိုးကြွစေပြီး မုဒိမ်းမှုများဖြစ်လာနိုင်သောကြောင့် ဆင်ခြင်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရော ဘတ်စန်းအောင်က ပြောသည်။

‘‘အင်တာနက်က ပညာရှာဖို့ဆိုရင် သိပ်ကောင်းတဲ့အရာပါ။ အဲဒါကို တလွဲလုပ်လို့ရှိရင် ဘဝနိဂုံးချုပ်မလှဘဲနဲ့ အဆုံးသတ်သွား နိုင်တယ်။ နောက်ပြီးတော့ ခြိမ်းခြောက်ငွေတောင်းယူမှုတွေဖြစ် ပြီးတော့ အချုပ်ထောင်ကိုမြန်းရ တတ်တယ်။ အဲဒါတွေကြောင့် ဒါတွေကို ရှောင်ကြဉ်ဖို့လိုတယ်’’ ဟု ဦးရောဘတ်စန်းအောင်က ပြော ကြားသည်။

ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဘာစသော လူမှုကွန်ရက်တွင် လိင်ကိစ္စအတွက် ချိန်းဆိုမှုများပြုလုပ်ပြီးနောက် မှုခင်းကျူးလွန်မှုများရှိသော်လည်း ရဲတပ်ဖွဲ့အနေဖြင့် လုယက်မှု၊ လူသတ်မှုဖြင့်သာ အမှု ဖွင့်အရေးယူကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြော သည်။

သို့သော် Sex Chat ဝန် ဆောင်မှုရယူပြီး နောက်ဆက်တွဲ ပြဿနာဖြစ်၍ ဖြစ်သောအမှုအခင်းလာအမှုဖွင့်သည်ကို မကြုံ တွေ့ဖူးသေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် အင်တာနက်အသုံး ပြုနေသည့် လူငယ်များအနေဖြင့် နည်းပညာများကို ထိရောက်စွာအသုံးပြုရမည်ဖြစ်ပြီး လိင်မှုဆိုင်ရာကိစ္စများနှင့် မွေ့လျော်နေသည်မှာ ကောင်းမွန်သည့် အချက်မဟုတ်ကြောင်း ဦးနေဘုန်းလတ်က အကြံပြုသည်။

အင်တာနက်ကို ရည်မှန်းချက်များအောင်မြင်ရန် လက်နက်တစ်ခုအဖြစ်သာ အသုံးချသင့်ကြောင်း ၎င်းကပြောသည်။ ‘‘ကျွန် တော်တို့က အင်တာနက်ကိုသုံးနေတာလား၊ အင်တာနက်က ကျွန်တော်တို့ကို ပြန်သုံးနေတာလားသုံး သပ်ဖို့လိုတယ်။ တချို့တွေကအင်တာနက်ပေါ်မှာ Sex Page ကြည့်နေတာနဲ့၊ Sex Chat မယ် ဆိုတာတွေနဲ့ ဒါတွေနဲ့ပဲ အချိန်တွေကုန်တယ်ဆိုရင်တော့ မကောင်းဘူး’’ ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။

လူငယ်များ အနေဖြင့် အင်တာနက်နည်းပညာကို ကောင်းမွန်စွာ အသုံးချနိုင်ရေးကျောင်းပညာရေးစနစ်တွင် ထည့်သွင်းသင်ကြားပေးခြင်းက အခြေခံကောင်းတစ်ခုကို ရရှိမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

‘‘ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အကောင့်တိုင်းကိုယုံကြည်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာ ကိုယ်စဉ်းစားချင့်ချိန်ဖို့ လိုအပ်တယ်လို့ထင်ပါတယ်’’ ဟု Sexy မော်ဒယ် ဇွန်သဉ္ဇာကလည်း ပြောသည်။

မိန်းကလေးများ အနေဖြင့်လည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပုံများတင်ရာ၌ စိတ်ဓာတ်မကောင်းသူများက ထိုပုံများကိုယူ၍ မကောင်းသည့် အွန်လိုင်းစာမျက်နှာများတွင် သုံးတတ်သော ကြောင့် သတိထားတင်ကြရန် လို အပ်ကြောင်း ဇွန်သဉ္ဇာက အကြံပြု သည်။

‘‘မိန်းကလေးတွေက ပုံတွေကို Public တွေလုပ်ထားကြတယ်။ ဆယ်လီတွေအနေနဲ့ ပြဿနာ မဟုတ်ဘဲနဲ့ မိန်းကလေးပုံတွေ ယူသုံးခံရတာတွေက လူမှုပတ်ဝန်းကျင်မှာ အထင်အမြင်လွဲတာတွေ အများကြီး ဖြစ်နိုင်ပါတယ်’’ ဟု ဇွန်သဉ္ဇာကဆိုသည်။

အာရှနိုင်ငံများထဲ အင်တာနက်ကတစ်ဆင့် လိင်အကြောင်းအရာများကို ပြသရာ၌ ဂျပန်နိုင်ငံသည် အကျော်ကြားဆုံးဖြစ်သည်။ ဂျပန်နိုင်ငံတွင်မူ ထုတ်လွှင့်ပြသနေသည့် Porn ဇာတ်ကားများ၊ လိင်စိတ်နိုးကြွစေသည့် စာအုပ် များ၊ ကာတွန်းများကို တရားဝင် ပြသခွင့်ရှိသော်လည်း တရုတ်နိုင်ငံတွင်မူ အဆိုပါဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားကြောင်း ဝီကီမီဒီယာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လိင်စိတ်နိုးကြွစေသည့် အကြောင်းအရာများပါဝင်သည့် အင်တာနက်ဝက်ဘ်ဆိုက်များကို အစိုးရက ပိတ်ပင်သင့်ကြောင်း သားသမီး သုံးဦး၏ မိခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

‘‘မိဘတွေက သားသမီးတွေကို တစ်ချိန်လုံးမကြည့်နိုင်ဘူး။ အရွယ်ရောက်တဲ့ကလေးတွေက ဖုန်းလေးတွေကိုယ်စီနဲ့ မဟုတ်တဲ့ အကြောင်းတွေကို ကြည့်ကြမယ်၊ စူးစမ်းကြည့်ကြမှာပဲ။ ကလေးတွေ က အတုမြင်အတတ်သင်တာတွေ ရှိလာမယ်။ ဒီဟာတွေက ကလေး တွေအတွက် မကောင်းဘူး။အဓမ္မကျင့်တဲ့ မှုခင်းတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အစိုးရကလည်း ဒီလိုမကြည့်သင့်၊ မကြည့်ထိုက်တဲ့ အရာတွေကို တရုတ်နိုင်ငံလိုပဲ ပိတ်ပင်သင့်ပါတယ်’’ ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

‘‘ဒီဟာက ဥပဒေမရှိတဲ့အတွက် သူတို့လုပ်ချင်သလို လုပ်နေကြမှာပဲ။ စိတ်ထင်ရင် ထင်သလိုလုပ်ကြတော့ လူငယ်တွေမှာ ရောဂါအန္တရာယ်ကျရောက်မှုက အနည်းနဲ့အများ ရှိလာနိုင်တယ်။ ဂနိုရီးယားလိုဖြစ်မယ်။ အဲဒီထက် ပိုအရေးကြီးတာက HIV/AIDSလို မျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ဒီလိုလူငယ်တွေထဲမှာ များသောအားဖြင့် ကျန်းမာရေးအသိနည်းတဲ့အခါကျတော့ ကွန်ဒုံး တွေ မသုံးမိလိုက်ရင် ဆိုးကျိုးတွေ ရသွားနိုင်တယ်’’ ဟု အမျိုးသား လွှတ်တော်ကျန်းမာရေးမြှင့်တင်မှု ကော်မရှင်အတွင်းရေးမှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်က ပြောသည်။

ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လူငယ်များကို ဗဟုသုတ ရရှိစေရေး အမြို့မြို့ အနယ်နယ်တိုင်းတွင် ကျန်းမာရေးအသိပညာ ပေးရန်လိုအပ်မည် ဖြစ်ကြောင်း ၎င်းကအကြံပြုပြောဆိုသည်။

‘‘ဥပဒေတွေ ပြဋ္ဌာန်းဖို့ဆိုတာကလည်း လူငယ်တွေက တင်းလွန်းပြန်ရင်လည်း မကောင်းပြန်ဘူး။ တင်းကျပ်လွန်းအားကြီးလို့ ပေါက်ကွဲထွက်လာရင် အဓမ္မကျင့်မှုတွေ ဖြစ်လာနိုင်တယ်။ တဖြည်း ဖြည်းတော့ ကျွန်တော်တို့လုပ်ယူရ မယ်။ ကျွန်တော်တို့တွေ လူငယ် တွေရဲ့ စာရိတ္တပိုင်းကို မြှင့်တင်မှု တွေဆောင်ရွက်ဖို့အတွက် ကြိုး စားပြီးတော့ ဆောင်ရွက်သွားဖို့ လိုအပ်ပါတဟု ဒေါက်တာ စန်းမောင်မောင်က ပြောသည်။

စိတ်ရောဂါကု ဆရာဝန် ဒေါက်တာခင်မြင့်က ‘‘အဲဒီကိစ္စက ခန္ဓာကိုယ်ပြင်းပြမှုကတစ်ခု၊ စိတ်ဆန္ဒပြင်းပြမှုက တစ်ခုဆိုတာရှိတယ်။ ဒါတွေကိုချည်းပဲလုပ်နေမယ်ဆိုရင်စိတ်ဆန္ဒတွေ၊ လိုအင်ဆန္ဒတွေပြင်းပြလာမယ်။ အဓိက အဲဒီလိုလူအများစုဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ကျင့်တရားမှာ အမှားအမှန်ခွဲခြားမှုတွေကအားနည်းလာတယ်။ ဒါတွေ များလာရင် မသင့်တော်တဲ့ ကိစ္စတွေမှာ ကျူးလွန်မှုတွေ၊ ဖောက်ဖျက်မှုတွေလုပ်ဆောင်လာနိုင်တယ်’’ ဟု သုံးသပ်သည်။

အဆိုပါကိစ္စများသည် လူငယ်များအကြား ဖြစ်တတ်သည်မှာ မှန်သော်လည်း မိဘများက ၎င်းတို့၏ကလေးများကိုယ်ကျင့် တရားထိန်းသိမ်းရေးဆုံးမရန်လိုအပ်ကြောင်း ၎င်းက အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အကြံပြုသည်။

‘‘လူငယ်တွေအတွက် မူးယစ်ဆေးဝါးသက်သက်အတွက် မကြည့်ကြဘဲနဲ့ လူငယ်တွေအတွက် မကောင်းတဲ့အရာတွေ စူးစမ်းချင်တဲ့စိတ်တွေကို ဆရာ၊ ဆရာမတွေက ထိန်းကျောင်းပေးဖို့လိုအပ်မယ်’’ ဟု ဒေါက်တာခင်မြင့်က ပြောသည်။

Credit: 7daydaily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top