iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝမွာ သိပ္ခ်စ္ရေပမဲ့ အေၾကာင္းေၾကာင္းေၾကာင့္ ခြဲခြာေနရတဲ့ ခ်စ္သူေတြ ရွိၾကမွာပဲေနာ္။ သူကေတာ့ ဘဝအသစ္တစ္ခုကို ကိုယ္မဟုတ္တဲ့ တျခားမိန္းကေလးတစ္ေယာက္ လက္ကိုတြဲ လွလွပပနဲ႔ ျဖတ္သန္းၿပီး ေနႏိုင္ၿပီဆိုေပမဲ့ ကိုယ္ကေတာ့ ဒဏ္ရာဒဏ္ခ်က္ေပါင္းမ်ားစြာနဲ႔ သူ႔နာမည္ေလး ေလသံေလာက္ ၾကားလိုက္ရံုနဲ႔ ဘယ္ဘက္ရင္အံုတစ္ျခမ္းက ေအာင့္တက္လာတယ္ဆိုရင္ ဒီေဆာင္းပါးထဲမွာပါတဲ့ သီခ်င္း (၆) ပုဒ္ကို ေယာင္လို႔ေတာင္ နားမေထာင္သင့္ပါဘူးေနာ္။

(၁) I don’t wanna see you with her by Maria Mena

‘They say u have a new love. I’m happy for u girl. I just don’t wanna meet her.’ ‘သူတို႔ေတြေျပာၾကတာေတာ့ မင္းမွာ ေကာင္မေလးအသစ္တစ္ေယာက္ရွိေနၿပီ၊ ငါမင္းအတြက္ေပ်ာ္ေပးပါတယ္ ဒါေပမဲ့လည္း သူမကို မင္းနဲ႔အတူမေတြ႔ခ်င္ဘူး။’ အို… ဘယ္လိုေတာင္ ထိရွတဲ့ စာသားေလးလဲ။ သူေပ်ာ္ေနရတာျမင္လို႔ ကိုယ္လည္းေပ်ာ္ေပမဲ့ အဲဒီအၿပံဳးေတြကို ယူေဆာင္ေပးတဲ့ ေကာင္မေလးကိုလည္း ကိုယ္ခ်စ္တဲ့လူနဲ႔ အတူတူတြဲသြား တြဲလာေနတာကို မျမင္ခ်င္ပါဘူးတဲ့။ ဒီခံစားခ်က္ကို ကိုယ္ခ်စ္တဲ့လူ ဘဝအသစ္စေနၿပီဆိုတာ သိတဲ့အခ်ိန္ ခံစားဖူးၾကမွာပါ။

(၂) Happier by Ed Sheeran

ကိုယ့္ရည္းစားက ကိုယ္နဲ႔လမ္းခြဲၿပီး တစ္လေလာက္အၾကာမွာ တျခားတစ္ေယာက္ေဘး ၿပံဳးေပ်ာ္ေနတဲ့ သူ႔မ်က္ႏွာကို ျမင္လိုက္ရတဲ့အခ်ိန္ အလဲလဲအၿပိဳၿပိဳျဖစ္ရတဲ့ သူ႔ခံစားခ်က္ကို ဒီသီခ်င္းထဲမွာ ေရးဖြဲ႕ထားတာျဖစ္ပါတယ္။ ‘ငါမင္းကိုနာက်င္ေစသလိုမ်ိဳး တျခား ဘယ္တစ္ဦးတစ္ေယာက္က နာက်င္ေစမွာမဟုတ္ပါဘူး၊ မင္းက ငါ့ထက္ပိုေကာင္းတဲ့ လူတစ္ေယာက္နဲ႔ ထိုက္တန္တာ ငါသိေပမဲ့ ငါမင္းကိုခ်စ္ေနတုန္းပဲ’ (‘Ain’t nobody hurt u like I hurt u. Ain’t nobody need u like I do. I know that there’s others that deserve u. But darling I’m still in love with u’) ဆိုတဲ့ စာသားေလးအပါအဝင္ တျခားစာသားေလးေတြကလည္း ေယာင္းတို႔ရဲ႕ဘယ္ဘက္ရင္အံုကို ဆစ္ကနဲ ေအာင့္ေစမွာပါ။

(၃) Feel Me by Selena Gomez

လူငယ္ေတြ အသည္းစြဲ ကမာၻေက်ာ္အဆိုေတာ္တစ္ဦးရဲ႕ ရည္းစားေဟာင္းျဖစ္တဲ့ Selena ေလးကလည္း ဒီသီခ်င္းကို တရားဝင္မထုတ္ထားေပမဲ့ ရႈိးပြဲတစ္ခုမွာ သူ႔ရင္တြင္းခံစားခ်က္ အလံုးစံုကို ေပ်ာ္ဝင္ၿပီး ႏွလံုးသားနဲ႔ ရငး္ ေရးထားတာပါလို႔ ေျပာခဲ့ပါတယ္။ တျခားရင္ခြင္ထဲမွာ ေပ်ာ္ေနမယ့္ ခ်စ္သူကို သူ(မ)မဟုတ္တဲ့ တျခားမိန္းကေလးတစ္ေယာက္ရဲ႕ ႏႈတ္ခမ္းေတြ နမ္းတဲ့အခ်ိန္၊ သူ(မ)မဟုတ္တဲ့ တျခားမိန္းကေလးတစ္ေယာက္နဲ႔ တြဲကတဲ့အခ်ိန္ အဲ့ဒီလိုအခ်ိန္ေတြမွာ သူမရင္ထဲကိုဝင္ၿပီး ခဏခံစားၾကည့္ေပးပါ (Everytime your lips touch another, I want u to feel me. Everytime u dance with somebody, I want u to feel me)လို႔ ဆိုထားပါတယ္။ နင့္ေနေအာင္ခံစားေနရတဲ့ သူ႔ရင္ဘတ္ႀကီးကို ခဏငွားလိုက္ခ်င္ပံုပါပဲ။

(၄) Stay by Miley Cyrus

‘Well I tried to live without u, but tears fall from my eyes. I’m alone & I feel empty. God I’m torn apart inside’ (မင္း မရွိတဲ့ဘဝတစ္ခုမွာ ငါေနတတ္ေအာင္ေနဖို႔ ႀကိဳးစားခဲ့ေပမဲ့ မ်က္ရည္ေတြကေတာ့ တစ္လိမ့္လိမ့္က်ေနတုန္းပဲ၊ ငါအရမ္းအထီးက်န္ၿပီး ရင္ဘတ္ထဲမွာလည္း စုတ္ျပတ္သတ္ေနတာပဲကြာ။) ဒီသီခ်င္းေလးကေတာ့ မိုင္ေလးရဲ႕ သီခ်င္းေဟာင္းဆိုေပမဲ့ ေတာ္ေတာ္ကို အဓိပၸာယ္ရွိတဲ့ သီခ်င္းေလးပါ။ ကိုယ့္အမွားေတြေၾကာင့္ သူ႔ကို ဆံုးရႈံးလိုက္ရေပမဲ့ တစ္ရက္ထက္ တစ္ရက္ သူ႔ကိုပိုခ်စ္ၿပီး သူမရွိရင္ မေနတတ္ေတာ့တဲ့ဘဝမွာ ေနသားမက်ေတာ့တဲ့အေၾကာင္း၊ ေတာင္းဆုတစ္ခုျပဳရရင္ သူ႔ကိုပဲ ျပန္လိုခ်င္ေၾကာင္း ဆို႔နင္႔ၿပီး ေရးဖြဲ႔ထားတဲ့ သီခ်င္းေကာင္းေလး ျဖစ္ပါတယ္။ မိုင္ေလး အသံကလည္း သီခ်င္းထဲမွာ အက္ကြဲကြဲနဲ႔မို႔ ႏွင္းေတာင္နားေထာင္ရင္း မ်က္ရည္ေတြဝဲလာရတယ္။

(၅) My Immortal by Evanescence
အမ်ိဳးသမီး Rock အဆိုရွင္ Evanescence ရဲ႕ အသည္းကြဲ သီခ်င္းတစ္ပုဒ္ပါ။ ‘မင္းထြက္သြားၿပီဆိုတာကို လက္ခံဖို႔ ငါ့ကိုယ္ငါ အႀကိမ္ေပါင္းေထာင္ေသာင္းမက ေျပာခဲ့ေပမဲ့ ငါ့အေတြးထဲမွာေတာ့ မငး္ကို ငါနဲ႔အတူရွိေနသလိုပဲခံစားေနရေသးတယ္။’ (I’ve tried so hard to tell myself that u’re gone. But though u’re still with me. I’ve been alone all along) အဲဒီစာသားအရေတာ့ အျပင္မွာ ကိုယ္က သူ႔အနားရွိမေနႏိုင္ေတာ့ေပမဲ့ အေတြးထဲမွာေတာ့ သူ႔အနားပဲ ကပ္တြယ္ေနမိတာေၾကာင့္ ရူးမတတ္ စိတ္ထိခိုက္ေနတဲ့အေၾကာင္း ေျပာထားတာပါ။ သီခ်င္းေခါင္းစဥ္ My Immortal ဆိုတဲ့စကားလံုးကလည္း ‘ငါ့ရဲ႕ ထာဝရမေသႏိုင္ေသာ’ တဲ့။

(၆) My Dilemma by Selena Gomez
 ‘Here’s my dilemma. One half of me wants ya. And the other half wants to forget’ (မင္းကငါ့ရဲ႕ ေဝခြဲမရတဲ့ နာက်င္မႈပါပဲ။ တစ္ဘက္မွာေတာ့ မင္းဆီက ေျပးထြက္ခ်င္ေပမဲ့ တစ္ဘက္မွာေတာ့ မင္းကိုငါ မခြဲခြာႏိုင္ျဖစ္ေနတယ္။) ဆက္သြားရမလား၊ ေရာက္တဲ့ေနရာမွာ တန္႔ေနရမလားဆိုၿပီး ေဝခြဲမရတဲ့ ဒြိဟၾကားမွာ တစ္ေယာက္တည္း တဝဲလည္လည္ျဖစ္ေနတယ္ဆိုတဲ့အေၾကာင္း စပ္ဆိုထားတာပါ။ ကိုယ့္ကို လိမ္ေနမွန္း သိသိရက္နဲ႔ ကိုယ့္ကို ထိခိုက္မွာဆိုးလို႔ လိမ္ခဲ့တာဆိုၿပီး အေကာင္းအဆိုး ၾကား ဗ်ာမ်ားေနတဲ့ ေကာင္မေလးတစ္ေယာက္က သူ႔ရင္တြင္းခံစားခ်က္ေတြကို သူမ်ားတစ္ေယာက္ကို ရင္ဖြင့္သလို ဆိုထားတာျဖစ္ပါတယ္။

ဒီသီခ်င္း (၆) ပုဒ္ကေတာ့ သိပ္မေက်ာ္ၾကားခဲ့တဲ့ ေက်ာက္ရိုင္းတံုး သီခ်င္းေတြပါ။ ကိုယ္ခ်စ္တဲ့လူက တျခားမိန္းကေလးတစ္ေယာက္နဲ႔ ေပ်ာ္ေနတာကို ေတြ႔ရတဲ့ဒုကၡ၊ သံေယာဇဥ္ မကုန္ေသးတဲ့ဘဝမွာ သူ႔ကို အရင္လို အနားမွာျပန္ရွိေစခ်င္တဲ့ ဒုကၡ၊ သူနဲ႔ကိုယ္ ကြဲကြာေနၿပီျဖစ္ေပမဲ့ ကိုယ့္ႏွလံုးသားထဲမွာ သူကအျမစ္တြယ္ၿပီး စိုက္ေနဆဲ ျဖစ္တဲ့ဒုကၡေတြကို ေရးဖြဲ႔ထားတာမို႔ စကားလံုးတစ္လံုးခ်င္းစီက ကိုယ့္ရင္ဘတ္ထဲကို စူးနစ္ၿပီးဝင္လာမွာပါ။ ဒါေၾကာင့္ အတိတ္ႏြံထဲကေန ရုန္းမထြက္ႏိုင္ေသးဘဲ သက္ဆိုင္သူကို သတိရေနေသးတယ္ဆိုရင္ ဒီသီခ်င္းေတြကို နားမေထာင္ပါနဲ႔ေနာ္။ ေနာက္ၿပီး ဒီဒုကၡေတြထဲကေန မၾကာခင္ လြတ္ေျမာက္ႏိ္ုင္ပါေစလို႔လည္း ႏွင္းက ဆုေတာင္းေပးပါတယ္။ ေပ်ာ္ရႊင္ပါေစေယာင္းေလး။

Credit : Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဘဝမှာ သိပ်ချစ်ရပေမဲ့ အကြောင်းကြောင်းကြောင့် ခွဲခွာနေရတဲ့ ချစ်သူတွေ ရှိကြမှာပဲနော်။ သူကတော့ ဘဝအသစ်တစ်ခုကို ကိုယ်မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက် လက်ကိုတွဲ လှလှပပနဲ့ ဖြတ်သန်းပြီး နေနိုင်ပြီဆိုပေမဲ့ ကိုယ်ကတော့ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ သူ့နာမည်လေး လေသံလောက် ကြားလိုက်ရုံနဲ့ ဘယ်ဘက်ရင်အုံတစ်ခြမ်းက အောင့်တက်လာတယ်ဆိုရင် ဒီဆောင်းပါးထဲမှာပါတဲ့ သီချင်း (၆) ပုဒ်ကို ယောင်လို့တောင် နားမထောင်သင့်ပါဘူးနော်။

(၁) I don’t wanna see you with her by Maria Mena

‘They say u have a new love. I’m happy for u girl. I just don’t wanna meet her.’ ‘သူတို့တွေပြောကြတာတော့ မင်းမှာ ကောင်မလေးအသစ်တစ်ယောက်ရှိနေပြီ၊ ငါမင်းအတွက်ပျော်ပေးပါတယ် ဒါပေမဲ့လည်း သူမကို မင်းနဲ့အတူမတွေ့ချင်ဘူး။’ အို… ဘယ်လိုတောင် ထိရှတဲ့ စာသားလေးလဲ။ သူပျော်နေရတာမြင်လို့ ကိုယ်လည်းပျော်ပေမဲ့ အဲဒီအပြုံးတွေကို ယူဆောင်ပေးတဲ့ ကောင်မလေးကိုလည်း ကိုယ်ချစ်တဲ့လူနဲ့ အတူတူတွဲသွား တွဲလာနေတာကို မမြင်ချင်ပါဘူးတဲ့။ ဒီခံစားချက်ကို ကိုယ်ချစ်တဲ့လူ ဘဝအသစ်စနေပြီဆိုတာ သိတဲ့အချိန် ခံစားဖူးကြမှာပါ။

(၂) Happier by Ed Sheeran

ကိုယ့်ရည်းစားက ကိုယ်နဲ့လမ်းခွဲပြီး တစ်လလောက်အကြာမှာ တခြားတစ်ယောက်ဘေး ပြုံးပျော်နေတဲ့ သူ့မျက်နှာကို မြင်လိုက်ရတဲ့အချိန် အလဲလဲအပြိုပြိုဖြစ်ရတဲ့ သူ့ခံစားချက်ကို ဒီသီချင်းထဲမှာ ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ‘ငါမင်းကိုနာကျင်စေသလိုမျိုး တခြား ဘယ်တစ်ဦးတစ်ယောက်က နာကျင်စေမှာမဟုတ်ပါဘူး၊ မင်းက ငါ့ထက်ပိုကောင်းတဲ့ လူတစ်ယောက်နဲ့ ထိုက်တန်တာ ငါသိပေမဲ့ ငါမင်းကိုချစ်နေတုန်းပဲ’ (‘Ain’t nobody hurt u like I hurt u. Ain’t nobody need u like I do. I know that there’s others that deserve u. But darling I’m still in love with u’) ဆိုတဲ့ စာသားလေးအပါအဝင် တခြားစာသားလေးတွေကလည်း ယောင်းတို့ရဲ့ဘယ်ဘက်ရင်အုံကို ဆစ်ကနဲ အောင့်စေမှာပါ။

(၃) Feel Me by Selena Gomez

လူငယ်တွေ အသည်းစွဲ ကမ္ဘာကျော်အဆိုတော်တစ်ဦးရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Selena လေးကလည်း ဒီသီချင်းကို တရားဝင်မထုတ်ထားပေမဲ့ ရှိုးပွဲတစ်ခုမှာ သူ့ရင်တွင်းခံစားချက် အလုံးစုံကို ပျော်ဝင်ပြီး နှလုံးသားနဲ့ ရင်း ရေးထားတာပါလို့ ပြောခဲ့ပါတယ်။ တခြားရင်ခွင်ထဲမှာ ပျော်နေမယ့် ချစ်သူကို သူ(မ)မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းတွေ နမ်းတဲ့အချိန်၊ သူ(မ)မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်နဲ့ တွဲကတဲ့အချိန် အဲ့ဒီလိုအချိန်တွေမှာ သူမရင်ထဲကိုဝင်ပြီး ခဏခံစားကြည့်ပေးပါ (Everytime your lips touch another, I want u to feel me. Everytime u dance with somebody, I want u to feel me)လို့ ဆိုထားပါတယ်။ နင့်နေအောင်ခံစားနေရတဲ့ သူ့ရင်ဘတ်ကြီးကို ခဏငှားလိုက်ချင်ပုံပါပဲ။

(၄) Stay by Miley Cyrus

‘Well I tried to live without u, but tears fall from my eyes. I’m alone & I feel empty. God I’m torn apart inside’ (မင်း မရှိတဲ့ဘဝတစ်ခုမှာ ငါနေတတ်အောင်နေဖို့ ကြိုးစားခဲ့ပေမဲ့ မျက်ရည်တွေကတော့ တစ်လိမ့်လိမ့်ကျနေတုန်းပဲ၊ ငါအရမ်းအထီးကျန်ပြီး ရင်ဘတ်ထဲမှာလည်း စုတ်ပြတ်သတ်နေတာပဲကွာ။) ဒီသီချင်းလေးကတော့ မိုင်လေးရဲ့ သီချင်းဟောင်းဆိုပေမဲ့ တော်တော်ကို အဓိပ္ပာယ်ရှိတဲ့ သီချင်းလေးပါ။ ကိုယ့်အမှားတွေကြောင့် သူ့ကို ဆုံးရှုံးလိုက်ရပေမဲ့ တစ်ရက်ထက် တစ်ရက် သူ့ကိုပိုချစ်ပြီး သူမရှိရင် မနေတတ်တော့တဲ့ဘဝမှာ နေသားမကျတော့တဲ့အကြောင်း၊ တောင်းဆုတစ်ခုပြုရရင် သူ့ကိုပဲ ပြန်လိုချင်ကြောင်း ဆို့နင့်ပြီး ရေးဖွဲ့ထားတဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။ မိုင်လေး အသံကလည်း သီချင်းထဲမှာ အက်ကွဲကွဲနဲ့မို့ နှင်းတောင်နားထောင်ရင်း မျက်ရည်တွေဝဲလာရတယ်။

(၅) My Immortal by Evanescence

အမျိုးသမီး Rock အဆိုရှင် Evanescence ရဲ့ အသည်းကွဲ သီချင်းတစ်ပုဒ်ပါ။ ‘မင်းထွက်သွားပြီဆိုတာကို လက်ခံဖို့ ငါ့ကိုယ်ငါ အကြိမ်ပေါင်းထောင်သောင်းမက ပြောခဲ့ပေမဲ့ ငါ့အတွေးထဲမှာတော့ မင်းကို ငါနဲ့အတူရှိနေသလိုပဲခံစားနေရသေးတယ်။’ (I’ve tried so hard to tell myself that u’re gone. But though u’re still with me. I’ve been alone all along) အဲဒီစာသားအရတော့ အပြင်မှာ ကိုယ်က သူ့အနားရှိမနေနိုင်တော့ပေမဲ့ အတွေးထဲမှာတော့ သူ့အနားပဲ ကပ်တွယ်နေမိတာကြောင့် ရူးမတတ် စိတ်ထိခိုက်နေတဲ့အကြောင်း ပြောထားတာပါ။ သီချင်းခေါင်းစဉ် My Immortal ဆိုတဲ့စကားလုံးကလည်း ‘ငါ့ရဲ့ ထာဝရမသေနိုင်သော’ တဲ့။

(၆) My Dilemma by Selena Gomez

‘Here’s my dilemma. One half of me wants ya. And the other half wants to forget’ (မင်းကငါ့ရဲ့ ဝေခွဲမရတဲ့ နာကျင်မှုပါပဲ။ တစ်ဘက်မှာတော့ မင်းဆီက ပြေးထွက်ချင်ပေမဲ့ တစ်ဘက်မှာတော့ မင်းကိုငါ မခွဲခွာနိုင်ဖြစ်နေတယ်။) ဆက်သွားရမလား၊ ရောက်တဲ့နေရာမှာ တန့်နေရမလားဆိုပြီး ဝေခွဲမရတဲ့ ဒွိဟကြားမှာ တစ်ယောက်တည်း တဝဲလည်လည်ဖြစ်နေတယ်ဆိုတဲ့အကြောင်း စပ်ဆိုထားတာပါ။ ကိုယ့်ကို လိမ်နေမှန်း သိသိရက်နဲ့ ကိုယ့်ကို ထိခိုက်မှာဆိုးလို့ လိမ်ခဲ့တာဆိုပြီး အကောင်းအဆိုး ကြား ဗျာများနေတဲ့ ကောင်မလေးတစ်ယောက်က သူ့ရင်တွင်းခံစားချက်တွေကို သူများတစ်ယောက်ကို ရင်ဖွင့်သလို ဆိုထားတာဖြစ်ပါတယ်။

ဒီသီချင်း (၆) ပုဒ်ကတော့ သိပ်မကျော်ကြားခဲ့တဲ့ ကျောက်ရိုင်းတုံး သီချင်းတွေပါ။ ကိုယ်ချစ်တဲ့လူက တခြားမိန်းကလေးတစ်ယောက်နဲ့ ပျော်နေတာကို တွေ့ရတဲ့ဒုက္ခ၊ သံယောဇဉ် မကုန်သေးတဲ့ဘဝမှာ သူ့ကို အရင်လို အနားမှာပြန်ရှိစေချင်တဲ့ ဒုက္ခ၊ သူနဲ့ကိုယ် ကွဲကွာနေပြီဖြစ်ပေမဲ့ ကိုယ့်နှလုံးသားထဲမှာ သူကအမြစ်တွယ်ပြီး စိုက်နေဆဲ ဖြစ်တဲ့ဒုက္ခတွေကို ရေးဖွဲ့ထားတာမို့ စကားလုံးတစ်လုံးချင်းစီက ကိုယ့်ရင်ဘတ်ထဲကို စူးနစ်ပြီးဝင်လာမှာပါ။ ဒါကြောင့် အတိတ်နွံထဲကနေ ရုန်းမထွက်နိုင်သေးဘဲ သက်ဆိုင်သူကို သတိရနေသေးတယ်ဆိုရင် ဒီသီချင်းတွေကို နားမထောင်ပါနဲ့နော်။ နောက်ပြီး ဒီဒုက္ခတွေထဲကနေ မကြာခင် လွတ်မြောက်နိုင်ပါစေလို့လည်း နှင်းက ဆုတောင်းပေးပါတယ်။ ပျော်ရွှင်ပါစေယောင်းလေး။

Credit : Hnin Ei Oo (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top