iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာမိန္းကေလးပရိသတ္ေတြအားေပးမႈကို အျပည့္ဝရရွိထားတဲ့ ေမာ္ဒယ္ပိုင္တံခြန္ကေတာ့ သူ႔ကို Gay တစ္ေယာက္လို႔ ေဝဖန္ေျပာဆိုေနတာေတြနဲ႔ ပတ္သက္ျပီး ေျပာၾကားသြားခဲ့ပါတယ္။ ပိုင္တံခြန္ကေတာ့ အရပ္ျမင့္ျမင့္ ဗလေတာင့္ေတာင့္နဲ႔ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးေတြ ရွိတာေၾကာင့္ မိန္းကေလး ပရိသတ္ေတြ ဝန္းရံခံေနရတဲ့ ေမာ္ဒယ္တစ္ေယာက္ပါ။ ဒါေပမဲ့လည္း တခါတေလမွာေတာ့ ယခုေခတ္မွာ ေရပန္းစားလာတဲ့ ေယာက်ာ္းအခ်င္းခ်င္းၾကိဳက္တတ္ၾကတဲ့ ကိစၥေတြနဲ႔ ပတ္သက္ျပီး ေမာ္ဒယ္ေလာကမွ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားကေတာ့ ေဝဖန္ခံေနရတာ ျဖစ္တယ္။

MC 7 အင္တာဗ်ဴးမွာေတာ့ ပိုင္တံခြန္က “ဒီလိုေဝဖန္တာေတြက ပံုမွန္ပါဘဲ။ ကြ်န္ေတာ္ အဓိကေျပာခ်င္တာကေတာ့ ကြ်န္ေတာ္ကို Homo တို႔ Gay တို႔ အေျခာက္တို႔ ေျပာေနတာကို ေျပာခ်င္တာပါ။ ကြ်န္ေတာ္ပံုအတုနဲ႔ အေကာင့္ေတြကို ေတာ္ေတာ္မ်ားမ်ားက လုပ္ထားၾကတယ္။ ကြ်န္ေတာ္ကို မုန္းလို႔ လုပ္တာေတြက စိတ္ၾကိဳက္လုပ္ ကြ်န္ေတ္ာဘားမွ မျဖစ္ဘူး။ အဲ့ဒါနဲ႔ ပတ္သက္ျပီး ကြ်န္ေတာ္ ဘာဆိုဘားမွ မျဖစ္တာ တကယ္ကုိဘားမျဖစ္တာပါ။ ကြ်န္ေတာ္အေကာင့္တုလုပ္ျပီး တျခားမသိတဲ့ေဖ့စ္ဘုတ္ သံုးေနတဲ့သူေတြကုိ မလိမ္ညာေစခ်င္ဘူး။ ေငြေတြကိ္ုလည္း မလိမ္ေစခ်င္ဘူး။ ဖုန္းေဘေတြကိုလည္း မေတာင္းေစခ်င္ဘူး။ နားမလည္တဲ့သူေတြကို ဂ်င္းမထည့္ေစခ်င္ဘူးေပါ့။ တခ်ိဳ႔အေကာင့္ေတြက ပိုင္တံခြန္အေနနဲ႔ ေငြယူတာတို႔၊ ဖုန္းေဘယူတာတို႔၊ Sex chat တာတို႔လုပ္တာေတြ အမ်ားၾကီး ၾကံဳေတြ႔ေနရတယ္။

ဒါေပမဲ့လည္း လက္ရွိ္ျဖစ္တာကေတာ့ ေယာက္က်ာ္းအခ်င္းခ်င္း ခ်စ္ေၾကာင္းၾကိဳက္ေၾကာင္းေတြကို လာစျပီးေျပာေနၾကတာပါ။ ကြ်န္ေတာ္အလုပ္လုပ္ဖို႔ ဖုန္းဖြင့္လိုက္ျပီဆိုရင္ ဒါေတြဘဲ ျမင္ေနရတာေၾကာင့္ စိတ္ညစ္တယ္။ ဘယ္လိုလုပ္ရမလည္းေပါ့။ ခဏခဏ ျဖစ္လာေတာ့လည္း အာရံုေနာက္လာတယ္။ ျပီးေတာ့ မသိတဲ့လူေတြကလည္း ဆဲခ်င္တယ္။ ေျပာခ်င္တယ္။ ဒါေပမဲ့လည္း မသိတဲ့သူေတြကေတာ့ သူတို႔ အမွား မဟုတ္ပါဘူး။ သူတို႔ကေတာ့ ကုိယ္ဘဲထင္ေနတာေလ။ တခ်ိဳ႔ကေတာ့ အားေပးပါတယ္။ စိုင္းစိုင္းခမ္းလိႈင္လိုမ်ိဳးဘဲ လုပ္ပါတဲ့။ ကြ်န္ေတာ္ကေတာ့ ဒီလိုမက်င့္သံုးနိုင္ဘူးဗ်ာ။ စိုင္းစိုင္း၊ ကိုေနတိုး၊ ေျပတီဦးတို႔က်ေတာ့ တကယ့္ကို နိုင္ငံရဲ့ Cover ေတြ၊ သူတို႔က်ေတာ့ တကယ့္ကိုိ နိုင္ငံမွာ နာမည္ၾကီး မင္းသားေတြ လူတိုင္းနီးပါးသိတယ္။ သူတို႔အေကာင့္တုေတြကို ၾကည့္လိုက္တာနဲ႔ Follower ၁ သာင္းေလာက္ဘဲရွိရင္ေတာင္ ဒါသူတို႔မျဖစ္နိုင္ပါဘူးဆိုတာ တန္းသိပါတယ္။

ကြ်န္ေတာ္တို႔က်ေတာ့ အခုမွတက္သစ္စဆိုေတာ့ မသိတဲ့သူေတြ အမ်ားၾကီးဘဲ။ Follower တစ္ေယာက္မွမရွိတဲ့ ကြ်န္ေတာ္တို႔ ပံုနဲ႔အေကာင့္ေတာင္မွ ပရိသတ္ေတြက အစစ္လို႔ ထင္ေနၾကတာ။အဲ့ေတာ့ မသိတဲ့သူေတြကို လိမ္တာေတြ လုပ္တယ္ေပါ့ေနာ္။ မျဖစ္ေစခ်င္ပါဘူး။ နာမည္ျဖတ္မယ္ဆိုရင္ ကြ်န္ေတာ္တို႔ တိုက္ရုိက္နာမည္ ျဖတ္ေပါ့ေနာ္။ ျပီးေတာ့ ကြ်န္ေတာ့္ကို Gay လို႔ေျပာၾကတယ္ေပါ့။ အျမဲတမ္းလည္း ၾကံဳေနရတယ္။ ကြ်န္ေတာ္အဲ့လိုဟုတ္မဟုတ္ဆိုတာလည္း ကြ်န္ေတာ္ကိုသိတဲ့သူတိုင္း သိပါတယ္။ ဒီအတြက္က်ေတာ့ ကြ်န္ေတာ္အရမ္းၾကီး ဒီကိစၥကို မေျဖရွင္းခ်င္ေတာ့ဘူး။ အဲ့ဒါမွမဟုတ္ ဟုတ္ကိုဟုတ္ပါတယ္လို႔ ေျပာေနတဲ့သူေတြ မယံုရင္ကြ်န္ေတာ္အိမ္မွာဘဲ ၁ လေလာက္ လာေနၾကည့္ပါ သိပါလိမ့္မယ္။

လြန္ခဲ့တဲ့ ၃ နွစ္ေလာက္က တခါျဖစ္ဖူးတယ္။ ကြ်န္ေတာ္ကို ဘလိုင္းၾကီးလာဖဲ့လို႔ ကြ်န္ေတာ္ကလည္း ျပန္ဆဲတယ္။ ေနာက္ပိုင္းက်ေတာ့ ဒီလိုေတြလုပ္တာက အေရးမပါဘူးဆိုတာကို သိလာပါတယ္။ ဦးေနွာက္ထဲမွာကို မရွိေတာ့ဘူး။ကြ်န္ေတာ္ဆီမွာလည္း Gay သူငယ္ခ်င္းေတြ Homo သူငယ္ခ်င္းေတြ အေျခာက္သူငယ္ခ်င္းေတြ အမ်ားၾကီးရွိတယ္။ ဒါေပမဲ့လည္း သူတို႔ကို ၾကည့္ေတာ့ အဆင္ကိုေျပလို႔ ကြ်န္ေတာ္တုိိ႔ အလုပ္ကေတာ့ အားလံုးနဲ႔ ပတ္သက္ေနရတာ ျဖစ္တာေၾကာင့္ အကုန္လံုးနဲ႔ အဆင္ေျပေအာင္ ေနရပါတယ္။ တကယ္လည္း ဘာျပသနာမွ ရွိမေနပါဘူး။ အားလံုးေအးေဆးပါဘဲ” ဟု ေျပာၾကားသြားခဲ့ပါတယ္။

Credit: Nanmalagyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာမိန်းကလေးပရိသတ်တွေအားပေးမှုကို အပြည့်ဝရရှိထားတဲ့ မော်ဒယ်ပိုင်တံခွန်ကတော့ သူ့ကို Gay တစ်ယောက်လို့ ဝေဖန်ပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။ ပိုင်တံခွန်ကတော့ အရပ်မြင့်မြင့် ဗလတောင့်တောင့်နဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ ရှိတာကြောင့် မိန်းကလေး ပရိသတ်တွေ ဝန်းရံခံနေရတဲ့ မော်ဒယ်တစ်ယောက်ပါ။ ဒါပေမဲ့လည်း တခါတလေမှာတော့ ယခုခေတ်မှာ ရေပန်းစားလာတဲ့ ယောကျာ်းအချင်းချင်းကြိုက်တတ်ကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မော်ဒယ်လောကမှ ယောကျာ်းလေးတော်တော်များများကတော့ ဝေဖန်ခံနေရတာ ဖြစ်တယ်။

MC 7 အင်တာဗျူးမှာတော့ ပိုင်တံခွန်က “ဒီလိုဝေဖန်တာတွေက ပုံမှန်ပါဘဲ။ ကျွန်တော် အဓိကပြောချင်တာကတော့ ကျွန်တော်ကို Homo တို့ Gay တို့ အခြောက်တို့ ပြောနေတာကို ပြောချင်တာပါ။ ကျွန်တော်ပုံအတုနဲ့ အကောင့်တွေကို တော်တော်များများက လုပ်ထားကြတယ်။ ကျွန်တော်ကို မုန်းလို့ လုပ်တာတွေက စိတ်ကြိုက်လုပ် ကျွန်တေ်ာဘားမှ မဖြစ်ဘူး။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာဆိုဘားမှ မဖြစ်တာ တကယ်ကိုဘားမဖြစ်တာပါ။ ကျွန်တော်အကောင့်တုလုပ်ပြီး တခြားမသိတဲ့ဖေ့စ်ဘုတ် သုံးနေတဲ့သူတွေကို မလိမ်ညာစေချင်ဘူး။ ငွေတွေကိုလည်း မလိမ်စေချင်ဘူး။ ဖုန်းဘေတွေကိုလည်း မတောင်းစေချင်ဘူး။ နားမလည်တဲ့သူတွေကို ဂျင်းမထည့်စေချင်ဘူးပေါ့။ တချို့အကောင့်တွေက ပိုင်တံခွန်အနေနဲ့ ငွေယူတာတို့၊ ဖုန်းဘေယူတာတို့၊ Sex chat တာတို့လုပ်တာတွေ အများကြီး ကြုံတွေ့နေရတယ်။

ဒါပေမဲ့လည်း လက်ရှိဖြစ်တာကတော့ ယောက်ကျာ်းအချင်းချင်း ချစ်ကြောင်းကြိုက်ကြောင်းတွေကို လာစပြီးပြောနေကြတာပါ။ ကျွန်တော်အလုပ်လုပ်ဖို့ ဖုန်းဖွင့်လိုက်ပြီဆိုရင် ဒါတွေဘဲ မြင်နေရတာကြောင့် စိတ်ညစ်တယ်။ ဘယ်လိုလုပ်ရမလည်းပေါ့။ ခဏခဏ ဖြစ်လာတော့လည်း အာရုံနောက်လာတယ်။ ပြီးတော့ မသိတဲ့လူတွေကလည်း ဆဲချင်တယ်။ ပြောချင်တယ်။ ဒါပေမဲ့လည်း မသိတဲ့သူတွေကတော့ သူတို့ အမှား မဟုတ်ပါဘူး။ သူတို့ကတော့ ကိုယ်ဘဲထင်နေတာလေ။ တချို့ကတော့ အားပေးပါတယ်။ စိုင်းစိုင်းခမ်းလှိုင်လိုမျိုးဘဲ လုပ်ပါတဲ့။ ကျွန်တော်ကတော့ ဒီလိုမကျင့်သုံးနိုင်ဘူးဗျာ။ စိုင်းစိုင်း၊ ကိုနေတိုး၊ ပြေတီဦးတို့ကျတော့ တကယ့်ကို နိုင်ငံရဲ့ Cover တွေ၊ သူတို့ကျတော့ တကယ့်ကို နိုင်ငံမှာ နာမည်ကြီး မင်းသားတွေ လူတိုင်းနီးပါးသိတယ်။ သူတို့အကောင့်တုတွေကို ကြည့်လိုက်တာနဲ့ Follower ၁ သာင်းလောက်ဘဲရှိရင်တောင် ဒါသူတို့မဖြစ်နိုင်ပါဘူးဆိုတာ တန်းသိပါတယ်။

ကျွန်တော်တို့ကျတော့ အခုမှတက်သစ်စဆိုတော့ မသိတဲ့သူတွေ အများကြီးဘဲ။ Follower တစ်ယောက်မှမရှိတဲ့ ကျွန်တော်တို့ ပုံနဲ့အကောင့်တောင်မှ ပရိသတ်တွေက အစစ်လို့ ထင်နေကြတာ။အဲ့တော့ မသိတဲ့သူတွေကို လိမ်တာတွေ လုပ်တယ်ပေါ့နော်။ မဖြစ်စေချင်ပါဘူး။ နာမည်ဖြတ်မယ်ဆိုရင် ကျွန်တော်တို့ တိုက်ရိုက်နာမည် ဖြတ်ပေါ့နော်။ ပြီးတော့ ကျွန်တော့်ကို Gay လို့ပြောကြတယ်ပေါ့။ အမြဲတမ်းလည်း ကြုံနေရတယ်။ ကျွန်တော်အဲ့လိုဟုတ်မဟုတ်ဆိုတာလည်း ကျွန်တော်ကိုသိတဲ့သူတိုင်း သိပါတယ်။ ဒီအတွက်ကျတော့ ကျွန်တော်အရမ်းကြီး ဒီကိစ္စကို မဖြေရှင်းချင်တော့ဘူး။ အဲ့ဒါမှမဟုတ် ဟုတ်ကိုဟုတ်ပါတယ်လို့ ပြောနေတဲ့သူတွေ မယုံရင်ကျွန်တော်အိမ်မှာဘဲ ၁ လလောက် လာနေကြည့်ပါ သိပါလိမ့်မယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က တခါဖြစ်ဖူးတယ်။ ကျွန်တော်ကို ဘလိုင်းကြီးလာဖဲ့လို့ ကျွန်တော်ကလည်း ပြန်ဆဲတယ်။ နောက်ပိုင်းကျတော့ ဒီလိုတွေလုပ်တာက အရေးမပါဘူးဆိုတာကို သိလာပါတယ်။ ဦးနှောက်ထဲမှာကို မရှိတော့ဘူး။ကျွန်တော်ဆီမှာလည်း Gay သူငယ်ချင်းတွေ Homo သူငယ်ချင်းတွေ အခြောက်သူငယ်ချင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့လည်း သူတို့ကို ကြည့်တော့ အဆင်ကိုပြေလို့ ကျွန်တော်တို့ အလုပ်ကတော့ အားလုံးနဲ့ ပတ်သက်နေရတာ ဖြစ်တာကြောင့် အကုန်လုံးနဲ့ အဆင်ပြေအောင် နေရပါတယ်။ တကယ်လည်း ဘာပြသနာမှ ရှိမနေပါဘူး။ အားလုံးအေးဆေးပါဘဲ” ဟု ပြောကြားသွားခဲ့ပါတယ်။

Credit: Nanmalagyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top