iMyanmarHouse.com - Best Property Website for Myanmar
×

အခုလက္ရွိ သီခ်င္းဆိုၿပိဳင္ပြဲေတြမွာ voting စနစ္နဲ႔ပဲ ေ႐ြးခ်ယ္ၾကပါတယ္။ အဆိုရွင္တစ္ေယာက္က အသံဘယ္ေလာက္ေကာင္းေကာင္း voting အေရအတြက္ နည္းတဲ့ အခါၿပိဳင္ပြဲက ဝမ္းနည္းစြာ ထြက္သြားရသူေတြလည္းရွိပါတယ္။ ဒီလိုမ်ိဳး ျဖစ္ေနတာေတြအေပၚ ေတးသံရွင္ ႏြဲ႕ယဥ္ဝင္း ေဝဖန္ျပသြားတာကို ေဖာက္သည္ခ် ေျပာျပေပးသြားမွာပါ။

အန္တီ ႏြဲ႕ယဥ္ဝင္းက Melody World ၿပိဳင္ပြဲရဲ႕ အကဲျဖတ္ ဒိုင္တစ္ဦးလည္းျဖစ္ပါတယ္။ Melody World ၿပိဳင္ပြဲက voting စနစ္နဲ႔ မသြားဘဲ ဒိုင္လူႀကီးေတြ အျမင္နဲ႔ပဲ ၿပိဳင္ပြဲမွာ အႏိုင္ရသူကို ေ႐ြးခ်ယ္ပါတယ္။ voting စနစ္ကတကယ့္အရည္အခ်င္းရွိတဲ့လူကို မထုတ္ေပးႏိုင္ဘူးဆိုတဲ့ အျမင္ကို ခုလိုေျပာျပသြားပါတယ္။

“အန္တီကအမွန္ေျပာရမယ္ဆိုရင္ voting မႀကိဳက္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ voting ဆိုတာက ဥပမာ – လူတစ္ေယာက္က ဒီ႐ြာကထြက္တဲ့သူဆိုရင္ တစ္႐ြာလုံးက သူ႔ကိုပဲေပးမွာေပါ့။ သူေကာင္းေကာင္း မေကာင္းေကာင္း ကိုယ့္လူကို ေပးမွာေလ။ မိသားစုထဲကလည္း ၿပိဳင္တယ္ဆိုရင္ ကိုယ့္မိသားစုဝင္က အဆိုမေကာင္းဘူး ႐ြဲေနလည္းေပးမွာပဲ။ အဲ့ေတာ့ ၁၀၀ % မမွန္ႏိုင္ဘူး။

အန္တီတို႔MelodyWorldကေတာ့အစစ္အမွန္အေကာင္းကိုပဲထုတ္ပါတယ္။အသံကိုပဲေကာင္းၿပီး ဒီကေလးတစ္ေယာက္က ေရွ႕ကို ဘယ္လိုတက္လွမ္းမလဲသူ႔မွာအလားအလာ ေကာင္းမေကာင္းေပၚမူတည္ၿပီးေ႐ြးတာပါ။ အန္တီကေတာ့ voting ကို အထူးအားမေပးပါဘူး။

ပစၥည္း ေၾကာ္ျငာတာကိုလူသိေစခ်င္လို႔ voting လုပ္တာဆိုရင္ေတာ့ မသိေပမဲ့ လုံးဝ အဆိုရွင္ေကာင္းေကာင္းထြက္ေစခ်င္တယ္ဆိုရင္ ေတာ့ voting က ၁၀၀ % မမွန္ႏိုင္ဘူး။” ဆိုၿပီး ေဝဖန္ျပသြားပါတယ္။

Credit: LuckyMyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
အခုလက်ရှိ သီချင်းဆိုပြိုင်ပွဲတွေမှာ voting စနစ်နဲ့ပဲ ရွေးချယ်ကြပါတယ်။ အဆိုရှင်တစ်ယောက်က အသံဘယ်လောက်ကောင်းကောင်း voting အရေအတွက် နည်းတဲ့ အခါပြိုင်ပွဲက ဝမ်းနည်းစွာ ထွက်သွားရသူတွေလည်းရှိပါတယ်။ ဒီလိုမျိုး ဖြစ်နေတာတွေအပေါ် တေးသံရှင် နွဲ့ယဉ်ဝင်း ဝေဖန်ပြသွားတာကို ဖောက်သည်ချ ပြောပြပေးသွားမှာပါ။

အန်တီ နွဲ့ယဉ်ဝင်းက Melody World ပြိုင်ပွဲရဲ့ အကဲဖြတ် ဒိုင်တစ်ဦးလည်းဖြစ်ပါတယ်။ Melody World ပြိုင်ပွဲက voting စနစ်နဲ့ မသွားဘဲ ဒိုင်လူကြီးတွေ အမြင်နဲ့ပဲ ပြိုင်ပွဲမှာ အနိုင်ရသူကို ရွေးချယ်ပါတယ်။ voting စနစ်ကတကယ့်အရည်အချင်းရှိတဲ့လူကို မထုတ်ပေးနိုင်ဘူးဆိုတဲ့ အမြင်ကို ခုလိုပြောပြသွားပါတယ်။

“အန်တီကအမှန်ပြောရမယ်ဆိုရင် voting မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ voting ဆိုတာက ဥပမာ – လူတစ်ယောက်က ဒီရွာကထွက်တဲ့သူဆိုရင် တစ်ရွာလုံးက သူ့ကိုပဲပေးမှာပေါ့။ သူကောင်းကောင်း မကောင်းကောင်း ကိုယ့်လူကို ပေးမှာလေ။ မိသားစုထဲကလည်း ပြိုင်တယ်ဆိုရင် ကိုယ့်မိသားစုဝင်က အဆိုမကောင်းဘူး ရွဲနေလည်းပေးမှာပဲ။ အဲ့တော့ ၁၀၀ % မမှန်နိုင်ဘူး။

အန်တီတို့MelodyWorldကတော့အစစ်အမှန်အကောင်းကိုပဲထုတ်ပါတယ်။အသံကိုပဲကောင်းပြီး ဒီကလေးတစ်ယောက်က ရှေ့ကို ဘယ်လိုတက်လှမ်းမလဲသူ့မှာအလားအလာ ကောင်းမကောင်းပေါ်မူတည်ပြီးရွေးတာပါ။ အန်တီကတော့ voting ကို အထူးအားမပေးပါဘူး။

ပစ္စည်း ကြော်ငြာတာကိုလူသိစေချင်လို့ voting လုပ်တာဆိုရင်တော့ မသိပေမဲ့ လုံးဝ အဆိုရှင်ကောင်းကောင်းထွက်စေချင်တယ်ဆိုရင် တော့ voting က ၁၀၀ % မမှန်နိုင်ဘူး။” ဆိုပြီး ဝေဖန်ပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: LuckyMyanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top