iMyanmarHouse.com - Best Property Website for Myanmar
×

Justin Bieber ဟာ သူ႔ဘဝတစ္ေလွ်ာက္လုံးခ်စ္လာခဲ့တဲ့ Selena Gomez ကို မေစာင့္ႏိုင္ေတာ့တဲ့ေနာက္ဆုံးမွာေတာ့ ျပတ္ျပတ္သားသားစိတ္ရွင္းရွင္းနဲ႔စြန႔္ခြာခဲ့ၿပီး သူ႔ကိုဘဝတစ္ေလွ်ာက္လုံး စိတ္ရွည္ရွည္နဲ႔ ေစာင့္ေနခဲ့တဲ့ Hailey နဲ႔ပဲလက္တြဲဖို႔ဆုံးျဖတ္ခဲ့ပုံေပၚပါတယ္။ ေယာက္်ားေလးေတြက သူတို႔ကိုုငိုေစတဲ့ မိန္းကေလးကို္ခ်စ္ၾကၿပီး သူတို႔ုကိုရယ္ေစတဲ့မိန္းကေလးနဲ႔ပဲလက္တြဲတတ္ၾကတယ္၊ မိန္းကေလးေတြကေတာ့ သူတို႔ကိုရယ္ေစတဲ့ ေကာင္ေလးေတြကိုခ်စ္ၿပီး သူတို႔ကိုငိုေစတဲ့ ေယာက္်ားေလးေတြနားမွာပဲ ေနခဲ့တတ္ၾကတယ္ဆိုတာက Justin နဲ႔ Hailey အတြက္ေသြးထြက္ေအာင္မွန္ပုံပါပဲ။ Justin အတြက္ Hailey က ႏွစ္ကာလမ်ားစြာ ငိုေႂကြးခဲ့ရတယ္မဟုတ္လားေလ။

ၿပီးခဲ့တဲ့ July လဆန္းမွာ Justin က Hailey ရဲ႕ အေဖကို လူႀကီးလူေကာင္းဆန္ဆန္ အရင္ခြင့္ေတာင္းခဲ့ၿပီး Hailey ကို လက္ထပ္ခြင့္ပန္ခဲ့ပါတယ္။ Hailey ကလည္း အခ်ိန္မဆိ္ု္င္းပဲ ခ်က္ခ်င္းဆိုသလို ေပ်ာ္႐ႊင္ၾကည္ႏူးစြာလက္ခံခဲ့ပါတယ္။ Hailey အတြက္ Justin ျပင္ဆင္ထားခဲ့တဲ့ ေစ့စပ္လက္စြပ္က အေမရိကန္ေဒၚလာ ေလးသိန္းတန္ၿပီး ျမန္မာေငြနဲ႔ဆို ၅၉၁ သန္းေလးသိန္းရွစ္ေသာင္းခန႔္ တန္ေၾကးရွိပါတယ္။ Justin နဲ႔ ရင္းႏွီးသူ သူငယ္ခ်င္းတစ္ဦးကေတာ့ Justin က ႐ုတ္တရက္ခ်က္ခ်င္းဆိုသလို အိပ္မက္ကလန႔္ႏိုးလာၿပီး Hailey ကို လက္ထပ္ခြင့္ေတာင္းလိုက္တာမဟုတ္ေၾကာင္း အခ်ိန္ေတြအၾကာႀကီး Hailey ကို သံေယာဇဥ္ရွိလာခဲ့တာျဖစ္ေၾကာင္းေျေျပာျပထားပါတယ္။

ေစ့စပ္ၿပီးကတည္းက တပူးတြဲတြဲနဲ႔ခြဲလို႔မရခဲ့တဲ့ Justin တို႔စုံတြဲရဲ႕လက္ထပ္ပြဲကို ပရိသတ္ေတြက ဒီေန႔လားမနက္ျဖန္လားဆိုၿပီးရင္တထိတ္ထိတ္နဲ႔ေစာင့္စားေမွ်ာ္လင့္ခဲ့ၾကေပမယ့္ Justin ကေတာ့ လက္ထပ္ပြဲကိုအလ်င္စလိုလုပ္စရာမလိုဘူးလို႔ခံယူထားေၾကာင္္း TMZ Media က ေဖာ္ျပလာခဲ့ပါတယ္။ Justin က သူတို႔နစ္ဦးရဲ႕လက္ထပ္ပြဲကို အစစအရာရာျပင္ဆင္ၿပီး ၿပီးျပည့္စုံၿပီဆိုတဲ့အခ်ိန္က်မွ ေအးေအးလူလူလုပ္ခ်င္တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ Justin နဲ႔ Hailey တို႔ရဲ႕လက္ထပ္ပြဲဟာ 2019 ေလာက္မွလုပ္ျဖစ္ၾကမွာပါ။ သူတို႔ႏွစ္ဦးစလုံးက တစ္ေယာက္နဲ႔တစ္ေယာက္တစ္သက္စာအတြက္ရည္႐ြယ္ၿပီးျဖစ္တာေၾကာင့္ လက္ထပ္တယ္ လက္မထပ္ဘူးဆိုတာေတြက အေရးမႀကီးပဲ သူတို႔ကတစ္သက္လုံး အတူရွိေနၾကမွာလို ႔ယုံၾကည္ထားၾကပါတယ္တဲ့။ ဒီေတာ့ လက္ထပ္မယ္ဆိုရင္လည္း အစစအရာရာၿပီးျပည့္စုံတဲ့ လက္ထပ္ပြဲႀကီးကိုအမွတ္တရျဖစ္ေအာင္က်င္းပခ်င္တာလည္းျဖစ္နိင္ပါတယ္။

ဒါေပမယ့္ သိိၾကတဲ့အတိုင္း Justin က မေျပာမဆို စြတ္စြတ္လုပ္တတ္တဲ့ စိ္တ္အေျပာင္းအလဲျမန္သူတစ္ဦးျဖစ္တဲ့အျပင္ Hailey ဆိုသည္မွာလည္း Justin စိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီးလိုက္ေလ်ာတတ္သူတစ္ဦးျဖစ္တာေၾကာင့္ 2019 မွလက္ထပ္မယ္ေျပာၿပီး မနက္ျဖန္ထယူခ်င္လည္းယူၾကတာမ်ိဳးျဖစ္ႏို္င္ေသးတာေၾကာင့္ စိတ္ခ်လက္ခ်ေနလို႔ေတာ့မရေသးဘူးပဲေျပာရမွာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ.. Justin တို႔စုံတြဲက အရာရာအဆင္သင့္ျဖစ္မွ လက္ထပ္ခ်င္တာလား။ ဒါမွမဟုတ္ Selena က Justin ကိုျမန္ျမန္လက္ထပ္ေစခ်င္တာေၾကာင့္ Justin က တမင္အ႐ြဲ႕တိုက္ၿပီး အခ်ိန္ေတြၾကာမွ လက္ထပ္ဖို႔ျပင္ေနတာေရာမျဖစ္ႏိုင္ဘူးလား။ ဘယ္လိုျမင္လဲ..ေျပာခဲ့ၾကဦးေနာ္။

credit : nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
Justin Bieber ဟာ သူ့ဘဝတစ်လျှောက်လုံးချစ်လာခဲ့တဲ့ Selena Gomez ကို မစောင့်နိုင်တော့တဲ့နောက်ဆုံးမှာတော့ ပြတ်ပြတ်သားသားစိတ်ရှင်းရှင်းနဲ့စွန့်ခွာခဲ့ပြီး သူ့ကိုဘဝတစ်လျှောက်လုံး စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တဲ့ Hailey နဲ့ပဲလက်တွဲဖို့ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။ ယောက်ျားလေးတွေက သူတို့ကိုငိုစေတဲ့ မိန်းကလေးကိုချစ်ကြပြီး သူတို့ကိုရယ်စေတဲ့မိန်းကလေးနဲ့ပဲလက်တွဲတတ်ကြတယ်၊ မိန်းကလေးတွေကတော့ သူတို့ကိုရယ်စေတဲ့ ကောင်လေးတွေကိုချစ်ပြီး သူတို့ကိုငိုစေတဲ့ ယောက်ျားလေးတွေနားမှာပဲ နေခဲ့တတ်ကြတယ်ဆိုတာက Justin နဲ့ Hailey အတွက်သွေးထွက်အောင်မှန်ပုံပါပဲ။ Justin အတွက် Hailey က နှစ်ကာလများစွာ ငိုကြွေးခဲ့ရတယ်မဟုတ်လားလေ။

ပြီးခဲ့တဲ့ July လဆန်းမှာ Justin က Hailey ရဲ့ အဖေကို လူကြီးလူကောင်းဆန်ဆန် အရင်ခွင့်တောင်းခဲ့ပြီး Hailey ကို လက်ထပ်ခွင့်ပန်ခဲ့ပါတယ်။ Hailey ကလည်း အချိန်မဆိုင်းပဲ ချက်ချင်းဆိုသလို ပျော်ရွှင်ကြည်နူးစွာလက်ခံခဲ့ပါတယ်။ Hailey အတွက် Justin ပြင်ဆင်ထားခဲ့တဲ့ စေ့စပ်လက်စွပ်က အမေရိကန်ဒေါ်လာ လေးသိန်းတန်ပြီး မြန်မာငွေနဲ့ဆို ၅၉၁ သန်းလေးသိန်းရှစ်သောင်းခန့် တန်ကြေးရှိပါတယ်။ Justin နဲ့ ရင်းနှီးသူ သူငယ်ချင်းတစ်ဦးကတော့ Justin က ရုတ်တရက်ချက်ချင်းဆိုသလို အိပ်မက်ကလန့်နိုးလာပြီး Hailey ကို လက်ထပ်ခွင့်တောင်းလိုက်တာမဟုတ်ကြောင်း အချိန်တွေအကြာကြီး Hailey ကို သံယောဇဉ်ရှိလာခဲ့တာဖြစ်ကြောင်းေြပြောပြထားပါတယ်။

စေ့စပ်ပြီးကတည်းက တပူးတွဲတွဲနဲ့ခွဲလို့မရခဲ့တဲ့ Justin တို့စုံတွဲရဲ့လက်ထပ်ပွဲကို ပရိသတ်တွေက ဒီနေ့လားမနက်ဖြန်လားဆိုပြီးရင်တထိတ်ထိတ်နဲ့စောင့်စားမျှော်လင့်ခဲ့ကြပေမယ့် Justin ကတော့ လက်ထပ်ပွဲကိုအလျင်စလိုလုပ်စရာမလိုဘူးလို့ခံယူထားကြောင်း TMZ Media က ဖော်ပြလာခဲ့ပါတယ်။ Justin က သူတို့နစ်ဦးရဲ့လက်ထပ်ပွဲကို အစစအရာရာပြင်ဆင်ပြီး ပြီးပြည့်စုံပြီဆိုတဲ့အချိန်ကျမှ အေးအေးလူလူလုပ်ချင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် Justin နဲ့ Hailey တို့ရဲ့လက်ထပ်ပွဲဟာ 2019 လောက်မှလုပ်ဖြစ်ကြမှာပါ။ သူတို့နှစ်ဦးစလုံးက တစ်ယောက်နဲ့တစ်ယောက်တစ်သက်စာအတွက်ရည်ရွယ်ပြီးဖြစ်တာကြောင့် လက်ထပ်တယ် လက်မထပ်ဘူးဆိုတာတွေက အရေးမကြီးပဲ သူတို့ကတစ်သက်လုံး အတူရှိနေကြမှာလို့ယုံကြည်ထားကြပါတယ်တဲ့။ ဒီတော့ လက်ထပ်မယ်ဆိုရင်လည်း အစစအရာရာပြီးပြည့်စုံတဲ့ လက်ထပ်ပွဲကြီးကိုအမှတ်တရဖြစ်အောင်ကျင်းပချင်တာလည်းဖြစ်နိင်ပါတယ်။

ဒါပေမယ့် သိကြတဲ့အတိုင်း Justin က မပြောမဆို စွတ်စွတ်လုပ်တတ်တဲ့ စိတ်အပြောင်းအလဲမြန်သူတစ်ဦးဖြစ်တဲ့အပြင် Hailey ဆိုသည်မှာလည်း Justin စိတ်ချမ်းသာရင်ပြီးရောဆိုပြီးလိုက်လျောတတ်သူတစ်ဦးဖြစ်တာကြောင့် 2019 မှလက်ထပ်မယ်ပြောပြီး မနက်ဖြန်ထယူချင်လည်းယူကြတာမျိုးဖြစ်နိုင်သေးတာကြောင့် စိတ်ချလက်ချနေလို့တော့မရသေးဘူးပဲပြောရမှာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. Justin တို့စုံတွဲက အရာရာအဆင်သင့်ဖြစ်မှ လက်ထပ်ချင်တာလား။ ဒါမှမဟုတ် Selena က Justin ကိုမြန်မြန်လက်ထပ်စေချင်တာကြောင့် Justin က တမင်အရွဲ့တိုက်ပြီး အချိန်တွေကြာမှ လက်ထပ်ဖို့ပြင်နေတာရောမဖြစ်နိုင်ဘူးလား။ ဘယ်လိုမြင်လဲ..ပြောခဲ့ကြဦးနော်။

credit : nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top