iMyanmarHouse.com - Best Property Website for Myanmar
×

သားဆက္ျခားျခင္းဟာ မိသားစုအတြက္ေရာ မိခင္အတြက္ေရာ ေငြေရးေၾကးေရး လူမႈေရးရာေတြအတြက္ အဆင္အေျပဆံုး လုပ္ကိုလုပ္သင့္တဲ့ကိစၥရပ္ ျဖစ္ပါတယ္။

သားဆက္မျခားလည္း ဘာျဖစ္လဲလို႔ ေမးမယ့္ေမေမေတြ ရွိေနႏိုင္တာမို႔ သုေတသန အေျဖေလးတစ္ခုအေပၚ မူတည္လို႔ ဘာျဖစ္လဲ ေျဖၾကည့္ၾကမယ္။

သားဆက္မျခားတဲ့ ေမေမေတြ အသက္ႀကီးလာရင္ အ႐ိုးျမန္ျမန္ပြသတဲ့။

အမ်ိဳးသမီးေတြ ေသြးဆံုးသြားတဲ့အခါ အသက္ရတာတဲ့အခါ တစ္နည္းနည္းနဲ႔ အ႐ိုးေတြ ပြလာပါတယ္။ အ႐ိုးက်ိဳးလြယ္ ျပန္ေကာင္းဖို႔ မလြယ္ဘဲ အလြယ္တကူ ခ်ိနဲ႔အိုမင္းသြားေစတဲ့ အ႐ိုးပြတာဟာ ေ႐ွာင္လႊဲမရဘဲ အင္မတန္ ေၾကာက္စရာပါ။

 ျမန္ျမန္အ႐ိုးပြေအာင္ တြန္းေပးေနတဲ့ အေၾကာင္းအရာထဲမွာ သားဆက္မျခားတာ ပါေနပါသတဲ့။

1 ႏွစ္ေလာက္ပဲျခားၿပီး ကေလးထပ္ေမြးတဲ့ ေမေမေတြရဲ႕ အ႐ိုးသိပ္သည္းဆကို စစ္ၾကည့္တဲ့အခါ တျခားမိခင္ေတြထက္ ေလးဆခန္႔ ပိုမိုအ႐ိုးပြေနတာကို ေတြ႕ရွိရပါတယ္။

2 ႏွစ္ကေန 5 ႏွစ္အတြင္း ျခားၿပီးမွ ကေလးေတြ ေမြးခဲ့ၾကတဲ့ မိခင္ေတြက်ေတာ့ အ႐ိုးက်န္းမာေရး ေကာင္းေနတာ ေတြ႕ရျပန္ပါတယ္။

ကေလးတစ္ေယာက္နဲ႔ တစ္ေယာက္ သိပ္ကပ္ၿပီး ေမြးမယ္ဆိုရင္ ျမန္ျမန္အိုလာေစမွာ မုခ်ပါပဲလို႔။

ကေလးေမြးတယ္ဆိုတာ စိတ္အားကိုယ္အား ဖိစီးတဲ့အျပင္ ကေလး လြယ္ထားရတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ အ႐ိုးအဆစ္ေတြကို၊ အရြတ္ေတြကို ဒဏ္အၾကာႀကီး ပိေစမယ္ဆိုတာ ေသခ်ာသေလာက္ပါပဲ။ ဒီေတာ့ ဒီလိုဒဏ္ေတြကို ဆယ္လ၊ တစ္ႏွစ္ေလာက္ပဲျခားၿပီး ထပ္ခံခိုင္းမယ္ ဆိုရင္ေတာ့ ခႏၶာကိုယ္အတြက္ ဘယ္လိုမွ မမွ်တပါဘူး။

          မမွ်တေတာ့ ခံႏိုင္ရည္ မရွိေတာ့တာေျကာင့္ အခ်ိန္မတန္ခင္ အ႐ိုး ျမန္ျမန္ပြလာတာနဲ႔ တံု႔ျပန္လိုက္ပါတယ္။ အ႐ိုးပြတာဟာ အမ်ိဳးသမီးေတြအတြက္ ဒုကၡမ်ားတဲ့ေရာဂါတစ္ခုပါ။  အ႐ိုး မေတာ္တဆ က်ိဳးႏိုင္သလို အခ်ိန္မေရြး ေရာင္တာ၊ ကိုက္တာေတြနဲ႔လည္း စိတ္ညစ္ေစမယ့္ေရာဂါပါ။

ဒါေၾကာင့္ အေမရိကန္ႏိုင္ငံ ေကာ္နီကပ္ ေယးလ္တကၠသိုလ္က သိပၸံပညာ႐ွင္ေတြရဲ႕ သုေတသန အေျဖေလးကို ဗဟုသုတ မွတ္သားၿပီး 2 ႏွစ္ကေန 5 ႏွစ္ထိ သားဆက္ျခားၿပီးမွ ေနာက္ကေလးယူျခင္းျဖင့္ အ႐ိုးပြမယ့္ အႏၲရာယ္ကေန ေဝးေဝးေနၾကရေအာင္။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သားဆက်ခြားခြင်းဟာ မိသားစုအတွက်ရော မိခင်အတွက်ရော ငွေရေးကြေးရေး လူမှုရေးရာတွေအတွက် အဆင်အပြေဆုံး လုပ်ကိုလုပ်သင့်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။

သားဆက်မခြားလည်း ဘာဖြစ်လဲလို့ မေးမယ့်မေမေတွေ ရှိနေနိုင်တာမို့ သုတေသန အဖြေလေးတစ်ခုအပေါ် မူတည်လို့ ဘာဖြစ်လဲ ဖြေကြည့်ကြမယ်။

သားဆက်မခြားတဲ့ မေမေတွေ အသက်ကြီးလာရင် အရိုးမြန်မြန်ပွသတဲ့။

အမျိုးသမီးတွေ သွေးဆုံးသွားတဲ့အခါ အသက်ရတာတဲ့အခါ တစ်နည်းနည်းနဲ့ အရိုးတွေ ပွလာပါတယ်။ အရိုးကျိုးလွယ် ပြန်ကောင်းဖို့ မလွယ်ဘဲ အလွယ်တကူ ချိနဲ့အိုမင်းသွားစေတဲ့ အရိုးပွတာဟာ ရှောင်လွှဲမရဘဲ အင်မတန် ကြောက်စရာပါ။

 မြန်မြန်အရိုးပွအောင် တွန်းပေးနေတဲ့ အကြောင်းအရာထဲမှာ သားဆက်မခြားတာ ပါနေပါသတဲ့။

1 နှစ်လောက်ပဲခြားပြီး ကလေးထပ်မွေးတဲ့ မေမေတွေရဲ့ အရိုးသိပ်သည်းဆကို စစ်ကြည့်တဲ့အခါ တခြားမိခင်တွေထက် လေးဆခန့် ပိုမိုအရိုးပွနေတာကို တွေ့ရှိရပါတယ်။

2 နှစ်ကနေ 5 နှစ်အတွင်း ခြားပြီးမှ ကလေးတွေ မွေးခဲ့ကြတဲ့ မိခင်တွေကျတော့ အရိုးကျန်းမာရေး ကောင်းနေတာ တွေ့ရပြန်ပါတယ်။

ကလေးတစ်ယောက်နဲ့ တစ်ယောက် သိပ်ကပ်ပြီး မွေးမယ်ဆိုရင် မြန်မြန်အိုလာစေမှာ မုချပါပဲလို့။

ကလေးမွေးတယ်ဆိုတာ စိတ်အားကိုယ်အား ဖိစီးတဲ့အပြင် ကလေး လွယ်ထားရတာကြောင့် ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေကို၊ အရွတ်တွေကို ဒဏ်အကြာကြီး ပိစေမယ်ဆိုတာ သေချာသလောက်ပါပဲ။ ဒီတော့ ဒီလိုဒဏ်တွေကို ဆယ်လ၊ တစ်နှစ်လောက်ပဲခြားပြီး ထပ်ခံခိုင်းမယ် ဆိုရင်တော့ ခန္ဓာကိုယ်အတွက် ဘယ်လိုမှ မမျှတပါဘူး။

          မမျှတတော့ ခံနိုင်ရည် မရှိတော့တာကြောင့် အချိန်မတန်ခင် အရိုး မြန်မြန်ပွလာတာနဲ့ တုံ့ပြန်လိုက်ပါတယ်။ အရိုးပွတာဟာ အမျိုးသမီးတွေအတွက် ဒုက္ခများတဲ့ရောဂါတစ်ခုပါ။  အရိုး မတော်တဆ ကျိုးနိုင်သလို အချိန်မရွေး ရောင်တာ၊ ကိုက်တာတွေနဲ့လည်း စိတ်ညစ်စေမယ့်ရောဂါပါ။

ဒါကြောင့် အမေရိကန်နိုင်ငံ ကော်နီကပ် ယေးလ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ သုတေသန အဖြေလေးကို ဗဟုသုတ မှတ်သားပြီး 2 နှစ်ကနေ 5 နှစ်ထိ သားဆက်ခြားပြီးမှ နောက်ကလေးယူခြင်းဖြင့် အရိုးပွမယ့် အန္တရာယ်ကနေ ဝေးဝေးနေကြရအောင်။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top