iMyanmarHouse.com - Best Property Website for Myanmar
×
ဗဟုသုတ ကြွယ်ဝပါ
ဉာဏ်ပညာ ပြည့်ဝနေပါစေ
 တန်ဖိုးထားပါ
Credit: Marry
# Unicode Version ဖြင့် ဖတ်ပါ #
နားလည်မှုဆိုတာက ရင့်ကျက်ခြင်း၊ သဘောထားကြီးခြင်းတွေအပေါ်မှာ အခြေခံထားတာပါ။ အချင်းချင်း ပိုပြီးနားလည်မှု ပေးနိုင်မယ့် အချက်လေးတွေကို Marry ကနေ  ပြောပြပေးချင်တယ်နော်။
လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပြည့်အဝနားလည်မှုပေးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး။သည်းခံပြီး နားလည်ပေးလိုက်တာဆိုတာမျိုးမှာလည်း အတိုင်းအတာ တစ်ခုရှိပါတယ်။ နားလည်မှုဆိုတာက ရင့်ကျက်ခြင်း၊ သဘောထားကြီးခြင်းတွေအပေါ်မှာ အခြေခံထားတာပါ။ အချင်းချင်း ပိုပြီးနားလည်မှု ပေးနိုင်မယ့် အချက်လေးတွေကို Marry ကနေ  ပြောပြပေးချင်တယ်နော်။
ဗဟုသုတ ကြွယ်ဝပါ
ဗဟုသုတရှိခြင်းကလည်း နားလည်မှုပေးနိုင်ခြင်းရဲ့ပထမဆုံးအချက်ပါ။ စာများများဖတ်ပါ။ များများ နားထောင်ပါ ။ ပြန်လှန် စဉ်းစားပါ။ ဥပမာ လူတစ်ယောက်ကို ပိုပြီးနားလည်ချင်တယ်ဆိုရင် သူနဲ့စကားများများပြောပေးပါ။ သူ့ဘဝအကြောင်း ပိုသိလာတယ်ဆိုရင် အချင်းချင်း ပိုနားလည်ဖို့ လွယ်ကူသွားပါပြီ။
အခြေခံအချက်လေးတွေ သတ်မှတ်ထားပါ
အချင်းချင်း စကားပြောခြင်း၊ တစ်ယောက်အကြောင်းကို တစ်ယောက်လေ့လာခြင်းတာကလည်း အခြေခံစိတ်နေစိတ်ထားများကို ပိုမို သိရှိထားသောကြောင့် သူ့ကို နားလည်မှုပိုပေးနိုင်မှာပါ။
ဉာဏ်ပညာ ပြည့်ဝနေပါစေ
ဉာဏ်ပညာဆိုတာကတော့ မှန်ကန်စွာ ဆုံးဖြတ်ခြင်း၊ လူတစ်ယောက်ရဲ့အသိပညာ၊ နားလည်မှုတွေအပေါ်မှာ မူတည်ပါတယ်။ဘယ်ဟာက မှန်တယ်၊ မှားတယ် ခွဲခြားတတ်ဖို့ဆိုတာ ဉာဏ်ပညာရှိဖို့လည်း လိုအပ်ပါတယ်။
 တန်ဖိုးထားပါ
တန်ဖိုးဆိုတာ တန်ဖိုးထားတတ်သူတွေ အတွက်ပါ။ မိမိဆုံးဖြတ်ထားတဲ့ အပေါ်မှာ ယုံကြည်ပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းအပေါ် ရပ်တည်ပါ။ တစ်ယောက်အပေါ်တစ်ယောက် တန်ဖိုးထားပြီး ဆက်ဆံပေးပါ။
 အချင်းချင်း အရေးတယူ ပြုမူပါ
လူတစ်ယောက်ကို နားလည်ဖို့ ကြိုးစားတယ်ဆိုရင် အချင်းချင်း စကားမပြောမီ မိမိဘာပြောမလဲဆိုတာ ကြိုတင် စဉ်းစားထားပါ။ အချင်းချင်းကို ယုံကြည်ပေးပါ။
Credit: Marry
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top