iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာပရိသတ္ေတြ အဝင္းမွအဝင္းတစ္ဝင္းထဲဝင္းခဲ့ၾကတဲ့ေန႔ရက္ေတြကုိ မွတ္မိၾကဦးမယ္ထင္ပါတယ္။ အင္တာဗ်ဴးေျဖတဲ့ပံုေလးေတြ စကားေျပာဆိုပံုေလးေတြက ခ်စ္ဖုိ႔ေကာင္းလြန္းလို႔ အဝင္းရယ္လုိ႔ ျမန္မာပရိသတ္ေတြပါးစပ္ဖ်ားမွာ တဖြဖြတသသျဖစ္ေနခဲ့ရတဲ့ ဂ်ပန္နုိင္ငံသားျမန္မာလူမ်ိဳးေလး မိုရီဆာကီဝင္းဟာ အနုပညာနယ္ပယ္မွဆိုရင္ ဂ်ပန္မွာေရာ ျမန္မာမွာပါ အဆိုေတာ္သရုပ္ေဆာင္အျဖစ္နဲ႔ ေအာင္ျမင္မႈသတင္းပ်ံ႕ေမႊးသူေလးျဖစ္ပါတယ္။ ျမန္မာ-ဂ်ပန္ခ်စ္ၾကည္ေရးဇာတ္ကားၾကီးထဲမွာ အဝင္းပါဝင္မယ္သရုပ္ေဆာင္မယ္ဆိုတဲ့ သတင္းထြက္လာျပန္ေတာ့လည္း ပရိသတ္ေတြက ဇာတိေျမဇာတ္ကားကုိ ၾကည့္ဖုိ႔မေစာင့္နုိင္ေတာ့ေလာက္ေအာင္ကုိ ဝမ္းသာအားရျဖစ္ခဲ့ၾကရပါတယ္။

အဝင္းဆိုတာက ဂ်ပန္နုိင္ငံမွာ PrizmaX ဆိုတဲ့ အဆိုေတာ္အဖြဲ႕နဲ႔အတူလွ်မ္းလ်ွမ္းေတာက္ေအာင္ျမင္ျပီးသားျဖစ္တဲ့အျပင္ Kamen Rider W ထဲမွာလည္းပါဝင္သရုပ္ေဆာင္ျပီး သရုုပ္ေဆာင္အျဖစ္ နာမည္ၾကီးထားသူျဖစ္ပါတယ္။ဒါ့အျပင္ ေနာက္ပုိင္းနွစ္ေတြမွာဆိုရင္လည္း Hollywood က ထိပ္တန္းဒါရုိ္က္တာတစ္ဦးျဖစ္တဲ့ Steven Spielberg နဲ႔ အတူ လက္တြဲျပီး တစ္ကမၻာလံုးရဲ႕သည္းသည္းလႈပ္အားေပးမႈရထားတဲ့ Ready Player One ရုပ္ရွင္ကားၾကီးမွာလည္း ပါဝင္သရုပ္ေဆာင္ထားတဲ့ Hollywood အထိေပါက္ေရာက္တဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္လို႔ေနပါျပီ။ ေျပာရမယ္ဆိုရင္ မိုရီဆာကီဝင္းဆိုတာဘယ္သူပါဆိုျပီး ဘယ္နုိင္ငံမွာမွ အထူးတလည္မိတ္ဆက္ေပးစရာမလိုေအာင္ ကမၻာအနွံ႔အျပားက သိတဲ့သရုပ္ေဆာင္တစ္ဦးျဖစ္ေနျပီလို႔ေျပာရမွာပါ။

ဒါေပမယ့္ ဇာတိေျမဇာတ္ကားၾကီးရံုမတင္ခင္မွာပဲ ဇာတ္ကားေပါက္ၾကားျပန္႔ပြားမႈျဖစ္ခဲ့တဲ့အျပင္ အဝင္းရဲ႕ဇာတ္ဝင္ခန္းေတြက Trailer မွာပါသေလာက္ေလးပဲ ပါဝင္တာမုိ႔ အဝင္းနာမည္ကုိသံုးျပီး ဇာတ္ကားေအာင္ျမင္ေအာင္္လုပ္တယ္၊ပရိသတ္ကုိဂ်င္းထည့္တယ္ဆိုတဲ့ ေဝဖန္ခ်က္ေတြက ဟုိကသည္က အမ်ားအျပား ထြက္ေပၚလာခဲ့ပါတယ္။ ဇာတိေျမရဲ႕ဒါရိုက္တာ ၾကည္ျဖဴသွ်င္က ဒီေဝဖန္ခ်က္ေတြနဲ႔ပတ္သက္ျပီး Interview တစ္ခုမွာ ရွင္းျပေျဖၾကားထားတာေလးေတြကုိ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ေဖာ္ျပေပးလိုက္ရပါတယ္။

အဝင္းပါတဲ့အခန္းေတြနည္းပါးတဲ့ကိစၥနဲ႔ ပတ္သက္ျပီး ၾကည္ျဖဴသ်ွင္က “ေျပာရမယ္ဆိုရင္ အခ်ိဳ႕ေတြက အစ္မတို႔ကုိ ေဝဖန္တာရွိတယ္။ အဝင္းကိုနည္းနည္းေလးထည့္ျပီးေတာ့ ဘာလို႔ရိုက္ထားတာလဲေပါ့။ အစကတည္းက မရိုက္ပါနဲ႔လားေပါ့။ ေျပာရမယ္ဆိုရင္ေတာ့ အဝင္းနာမည္သံုးျပီးေတာ့ေပါ့၊အစ္မတုိ႔ေျပာခ်င္တာက အဝင္းဆိုတာ ဒီဇာတ္ကားရဲ႕ Press show က်မွလူေတြသိၾကတာပါ။ ဒီဇာတ္ကားရဲ႕ Press show ကေနျပီးေတာ့မွ အဝင္းဆုိျပီးေတာ့ေပါက္သြားတာပါ။ ေျပာရမယ္ဆိုရင္ေတာ့ ဒီဇာတ္ကားရဲ႕ Press show ကေနတစ္ဆင့္ ဒီဇာတ္ကား Interview ကေန တစ္ဆင့္ ပရိသတ္ရင္ထဲကိုေရာက္သြားတာပါ။ ဆိုေတာ့ အစ္မတို႔က ဒီဇာတ္ကားကိုဖန္တီးကတည္းကိုက အဝင္းအခန္းေတြသည္ဒီေလာက္ပဲ ဆိုတာကုိ အစကတည္းက ေျပာျပီးသား လုပ္ျပီးသားေပါ့ေနာ္။” လို႔ ေျပာျပထားပါတယ္။

ဒါ့အျပင္ ဒီလို ေဝဖန္ခ်က္ေတြကုိၾကိဳတင္ေမွ်ာ္လင့္ျပီးသားျဖစ္တဲ့အျပင္ အဝင္းနဲ႔လည္းတိုင္ပင္ျပီးသားျဖစ္ေၾကာင္းကုိ “ေျပာရမယ္ဆိုရင္ အခုေတြ႕ရတဲ့တံု႔ျပန္မႈေတြကုိ ၾကိဳဳတင္ျပီးေတာ့ ေမွ်ာ္လင့္ထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စာနယ္ဇင္းပြဲမွာ အဝင္းအရမ္းေပါက္သြားတယ္။ ေပါက္သြားျပီးေတာ့မွ ေတာက္ေလွ်ာက္ရုိက္တဲ့အခ်ိန္မွာလည္း အဝင္းအဝင္းအဝင္းအရမ္းျဖစ္တဲ့အခါမွာ ငါတို႔ေတာ့ ဒုကၡပဲ ရံုတင္လို႔ အဝင္းအခန္းက သူတို႔ေမ်ွာ္လင့္ထားသေလာက္ျဖစ္မလာရင္ေျပာၾကမွာပဲဆိုျပီး အစ္မေတာင္အဝင္းကုိေျပာေသးတယ္ အဝင္းေရ အစ္မတို႔ေတာ့ ရံုတင္ရင္ေျပာခံထိေတာ့မွာပဲဆိုေတာ့ သူက အစ္မရယ္တဲ့ မဆိုင္ဘူးေလတဲ့ ဒါအစကတည္းက ဒီေလာက္ပဲဆိုတာေျပာျပီးသားပဲေလတဲ့။ ဇာတ္တစ္ခုကုိ တစ္ခုခုေၾကာင့္ေျပာင္းလိုက္တာမ်ိဳးကုိ မလုပ္ရဘူးေလ အစ္မရယ္တဲ့။အစ္မသိတယ္။အစ္မတို႔နားလည္တယ္။ ဒါေပမယ့္ ပရိသတ္က်ေတာ့ သူတို႔အျမင္တစ္မ်ိဳးျဖစ္မွာစုိးတယ္ေပါ့ေနာ္” လို႔ ေျဖၾကားထားပါတယ္။

ပရိသတ္ၾကီးေရာ.. အဝင္းေလးကုိခ်စ္လား။ ဇာတိေျမဇာတ္ကားၾကီးကိုေရာ သြားေရာက္အားေပးျပီးသြားျပီလား.. အဝင္းေလးကုိၾကည့္ျပီးစိတ္ေတြေရာ ခုန္ခဲ့ရဲ႕လားဆိုတာ ရင္ခုန္နႈန္းေတြကုိမွ်ေဝခဲ့ၾကဦးေနာ္။

Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာပရိသတ်တွေ အဝင်းမှအဝင်းတစ်ဝင်းထဲဝင်းခဲ့ကြတဲ့နေ့ရက်တွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အင်တာဗျူးဖြေတဲ့ပုံလေးတွေ စကားပြောဆိုပုံလေးတွေက ချစ်ဖို့ကောင်းလွန်းလို့ အဝင်းရယ်လို့ မြန်မာပရိသတ်တွေပါးစပ်ဖျားမှာ တဖွဖွတသသဖြစ်နေခဲ့ရတဲ့ ဂျပန်နိုင်ငံသားမြန်မာလူမျိုးလေး မိုရီဆာကီဝင်းဟာ အနုပညာနယ်ပယ်မှဆိုရင် ဂျပန်မှာရော မြန်မာမှာပါ အဆိုတော်သရုပ်ဆောင်အဖြစ်နဲ့ အောင်မြင်မှုသတင်းပျံ့မွှေးသူလေးဖြစ်ပါတယ်။ မြန်မာ-ဂျပန်ချစ်ကြည်ရေးဇာတ်ကားကြီးထဲမှာ အဝင်းပါဝင်မယ်သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းထွက်လာပြန်တော့လည်း ပရိသတ်တွေက ဇာတိမြေဇာတ်ကားကို ကြည့်ဖို့မစောင့်နိုင်တော့လောက်အောင်ကို ဝမ်းသာအားရဖြစ်ခဲ့ကြရပါတယ်။

အဝင်းဆိုတာက ဂျပန်နိုင်ငံမှာ PrizmaX ဆိုတဲ့ အဆိုတော်အဖွဲ့နဲ့အတူလျှမ်းလျှမ်းတောက်အောင်မြင်ပြီးသားဖြစ်တဲ့အပြင် Kamen Rider W ထဲမှာလည်းပါဝင်သရုပ်ဆောင်ပြီး သရုပ်ဆောင်အဖြစ် နာမည်ကြီးထားသူဖြစ်ပါတယ်။ဒါ့အပြင် နောက်ပိုင်းနှစ်တွေမှာဆိုရင်လည်း Hollywood က ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်တဲ့ Steven Spielberg နဲ့ အတူ လက်တွဲပြီး တစ်ကမ္ဘာလုံးရဲ့သည်းသည်းလှုပ်အားပေးမှုရထားတဲ့ Ready Player One ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ Hollywood အထိပေါက်ရောက်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့နေပါပြီ။ ပြောရမယ်ဆိုရင် မိုရီဆာကီဝင်းဆိုတာဘယ်သူပါဆိုပြီး ဘယ်နိုင်ငံမှာမှ အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် ကမ္ဘာအနှံ့အပြားက သိတဲ့သရုပ်ဆောင်တစ်ဦးဖြစ်နေပြီလို့ပြောရမှာပါ။

ဒါပေမယ့် ဇာတိမြေဇာတ်ကားကြီးရုံမတင်ခင်မှာပဲ ဇာတ်ကားပေါက်ကြားပြန့်ပွားမှုဖြစ်ခဲ့တဲ့အပြင် အဝင်းရဲ့ဇာတ်ဝင်ခန်းတွေက Trailer မှာပါသလောက်လေးပဲ ပါဝင်တာမို့ အဝင်းနာမည်ကိုသုံးပြီး ဇာတ်ကားအောင်မြင်အောင်လုပ်တယ်၊ပရိသတ်ကိုဂျင်းထည့်တယ်ဆိုတဲ့ ဝေဖန်ချက်တွေက ဟိုကသည်က အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ ဇာတိမြေရဲ့ဒါရိုက်တာ ကြည်ဖြူသျှင်က ဒီဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး Interview တစ်ခုမှာ ရှင်းပြဖြေကြားထားတာလေးတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ရပါတယ်။

အဝင်းပါတဲ့အခန်းတွေနည်းပါးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြည်ဖြူသျှင်က “ပြောရမယ်ဆိုရင် အချို့တွေက အစ်မတို့ကို ဝေဖန်တာရှိတယ်။ အဝင်းကိုနည်းနည်းလေးထည့်ပြီးတော့ ဘာလို့ရိုက်ထားတာလဲပေါ့။ အစကတည်းက မရိုက်ပါနဲ့လားပေါ့။ ပြောရမယ်ဆိုရင်တော့ အဝင်းနာမည်သုံးပြီးတော့ပေါ့၊အစ်မတို့ပြောချင်တာက အဝင်းဆိုတာ ဒီဇာတ်ကားရဲ့ Press show ကျမှလူတွေသိကြတာပါ။ ဒီဇာတ်ကားရဲ့ Press show ကနေပြီးတော့မှ အဝင်းဆိုပြီးတော့ပေါက်သွားတာပါ။ ပြောရမယ်ဆိုရင်တော့ ဒီဇာတ်ကားရဲ့ Press show ကနေတစ်ဆင့် ဒီဇာတ်ကား Interview ကနေ တစ်ဆင့် ပရိသတ်ရင်ထဲကိုရောက်သွားတာပါ။ ဆိုတော့ အစ်မတို့က ဒီဇာတ်ကားကိုဖန်တီးကတည်းကိုက အဝင်းအခန်းတွေသည်ဒီလောက်ပဲ ဆိုတာကို အစကတည်းက ပြောပြီးသား လုပ်ပြီးသားပေါ့နော်။” လို့ ပြောပြထားပါတယ်။

ဒါ့အပြင် ဒီလို ဝေဖန်ချက်တွေကိုကြိုတင်မျှော်လင့်ပြီးသားဖြစ်တဲ့အပြင် အဝင်းနဲ့လည်းတိုင်ပင်ပြီးသားဖြစ်ကြောင်းကို “ပြောရမယ်ဆိုရင် အခုတွေ့ရတဲ့တုံ့ပြန်မှုတွေကို ကြိုုတင်ပြီးတော့ မျှော်လင့်ထားတယ်။ ဘာကြောင့်လဲဆိုတော့ စာနယ်ဇင်းပွဲမှာ အဝင်းအရမ်းပေါက်သွားတယ်။ ပေါက်သွားပြီးတော့မှ တောက်လျှောက်ရိုက်တဲ့အချိန်မှာလည်း အဝင်းအဝင်းအဝင်းအရမ်းဖြစ်တဲ့အခါမှာ ငါတို့တော့ ဒုက္ခပဲ ရုံတင်လို့ အဝင်းအခန်းက သူတို့မျှော်လင့်ထားသလောက်ဖြစ်မလာရင်ပြောကြမှာပဲဆိုပြီး အစ်မတောင်အဝင်းကိုပြောသေးတယ် အဝင်းရေ အစ်မတို့တော့ ရုံတင်ရင်ပြောခံထိတော့မှာပဲဆိုတော့ သူက အစ်မရယ်တဲ့ မဆိုင်ဘူးလေတဲ့ ဒါအစကတည်းက ဒီလောက်ပဲဆိုတာပြောပြီးသားပဲလေတဲ့။ ဇာတ်တစ်ခုကို တစ်ခုခုကြောင့်ပြောင်းလိုက်တာမျိုးကို မလုပ်ရဘူးလေ အစ်မရယ်တဲ့။အစ်မသိတယ်။အစ်မတို့နားလည်တယ်။ ဒါပေမယ့် ပရိသတ်ကျတော့ သူတို့အမြင်တစ်မျိုးဖြစ်မှာစိုးတယ်ပေါ့နော်” လို့ ဖြေကြားထားပါတယ်။

ပရိသတ်ကြီးရော.. အဝင်းလေးကိုချစ်လား။ ဇာတိမြေဇာတ်ကားကြီးကိုရော သွားရောက်အားပေးပြီးသွားပြီလား.. အဝင်းလေးကိုကြည့်ပြီးစိတ်တွေရော ခုန်ခဲ့ရဲ့လားဆိုတာ ရင်ခုန်နှုန်းတွေကိုမျှဝေခဲ့ကြဦးနော်။

Credit: nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top