iMyanmarHouse.com - Best Property Website for Myanmar
×

ဒီမိန္းကေလးကို ေယာင္းတို႔လည္း ျမင္ဖူးေနမွာပါ…

လူတိုင္းရဲ႕ ငယ္ဘဝမွာ အနည္းနဲ႔အမ်ား အႏိုင္က်င့္ခံရတဲ့ အျဖစ္အပ်က္ကိုယ္စီ ရွိၾကမွာပါ။ ေယာင္းတို့ကိုယ္တိုင္လည္း ကိုယ့္ဘဝရဲ႕ တစ္စိတ္တစ္ေဒသမွာ အႏိုင္က်င့္တာကို ႀကံဳဖူးၾကမွာေပ့ါ..

အႏိုင္က်င့္ျခင္း (bullying)ဆိုတာ ခံရသူ ကာယကံရွင္(victim) အတြက္ေတာ့ အိပ္မက္ဆိုးႀကီးတစ္ခုပါပဲ။ bully လုပ္တာဟာ ခါးသီးစရာေကာင္းလွၿပီး တစ္စံုတစ္ေယာက္ရဲ႕ ရွင္သန္ခ်င္စိတ္ကို ေမွးမွိန္ေစတဲ့အရာ၊ အမုန္းသံသရာရွည္ေစတဲ့ အရာဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။

ဒါေပမဲ့ အာဂအမ်ိဳးသမီး Lizzie Velasquezကေတာ့ ထူးျခားၿပီး ခ်ီးက်ဴးေထာပနာျပဳထိုက္သူတစ္ဦးလို႔ ဆိုရမွာပါပဲ။ ဘာလို႔လဲဆို Lizzieဟာ သူ(မ)ႀကံဳေတြ႕ရတဲ့ အဆိုးရြားဆံုး အႏိုင္က်င့္ခံရမႈေတြအားလံုးကို အင္အားအျဖစ္ ေျပာင္းလဲပစ္ခဲ့လို႔ပါပဲ။

Lizzieဟာ အဆိုးတကာ့ အဆိုးဆံုး bullyမ်ိဳးကို ႀကံဳခဲ့ရပါတယ္။ သူ(မ)ရဲ႕ ဘဝကို ေျပာရမယ္ဆိုရင္ သူ(မ)ဟာ Marpanနဲ႔ Lipodystrophyဆိုတဲ့ ၊ အလြန္ထူးျခားရွားပါးတဲ့ ေရာဂါအေျခအေနႏွစ္မ်ိဳးနဲ႔ ေမြးဖြားလာခဲ့သူပါ။

ဒီလို ထူးဆန္းရွားပါးတဲ့ေရာဂါေၾကာင့္ ထူးျခားတဲ့ မ်က္ႏွာအေနအထားမ်ိဳးကို ပိုင္ဆိုင္ခဲ့ရၿပီး ေမြးတုန္းကဆို ႏွစ္ေပါင္နဲ႔ ဆယ္ေအာင္စပဲရွိၿပီး ဆရာဝန္ေတြက Lizzieေလးကို ဒီတစ္သက္ သာမန္လူေတြလို လမ္းေလၽွာက္၊စကားေျပာတာလုပ္ႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ၾကပါတယ္။

ေနာက္ၿပီး Lizzieဟာ သူ(မ)ေရာဂါရဲ႕ အက်ိဳးဆက္ေတြေၾကာင့္ ဘယ္ေလာက္စားစား ဝိတ္မတက္ဘဲ အရိုးနဲ႔အေရသာ ရွိသူပါ။ အေတာ္ေလးထူးဆန္းတဲ့ မ်က္ႏွာနဲ႔ ပိန္ကပ္ေနတဲ့ အရိုးၿပိဳင္းၿပိဳင္း ခႏၶာကိုယ္ေၾကာင့္ Lizzieဟာ ငယ္ငယ္ေလးတည္းက လူေတြၾကားမွာ ၿငိဳျငင္စရာ၊ ေၾကာက္စရာ ျဖစ္ခဲ့ပါတယ္။

ေက်ာင္းမွာဆိုလည္း သူ(မ)နဲ႔ေပါင္းခ်င္တဲ့သူ သိပ္မရွိသလို ကေလးပီပီပန္းၿခံမွာ သြားေဆာ့ကစားတဲ့အခါမွာလည္း လူေတြက သူ(မ)မ်က္ႏွာကို ျမင္တာနဲ႔ အနားကေန ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကပါတယ္။

Lizzieဟာ သူ(မ)ရဲ႕ ခႏၶာကိုယ္သြင္ျပင္ေၾကာင့္ ပတ္ဝန္းက်င္ရဲ႕ အႏိုင္က်င့္တာကို တစ္ခ်ိန္လံုး ခံခဲ့ရၿပီး တစ္ရက္မွာေတာ့ Lizzie ကို ေႏြေခါင္ေခါင္မွာ မိုးႀကိဳးပစ္လိုက္သလို ခံစားသြားရေစတဲ့၊ အဆိုးတကာ့ အဆိုးဆံုးကိစၥ တစ္ခု ျဖစ္သြားခဲ့ပါတယ္။

အဲဒါကေတာ့ သူ(မ)ပံုကို ” ကမာၻ႕ ရုပ္အဆိုးဆံုး အမ်ိဳးသမီး” ဆိုတဲ့ ေခါင္းစဥ္နဲ႔ လူတစ္ေယာက္က Youtube မွာ တင္ခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာေသာ youtubeအသံုးျပဳသူေတြက သူ(မ)ကို ေစာ္ကားတိုက္ခိုက္ခဲ့ၾကတာပါပဲ။

ၾကည့္ရႈသူ သန္းနဲ႔ခ်ီသြားတဲ့ အဲဒီ videoမွာ ကမၻာတစ္ဝွမ္းက လူေတြဟာ ” ဆိုးလိုက္တဲ့ရုပ္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသဖို႔သာ ေကာင္းေတာ့တယ္” “ဘာလို႔မ်ား သူ႔မိဘေတြက သူ႔လိုသမီးကို ေစာင့္ေရွာက္ေနတာပါလိမ့္” စတဲ့ မွတ္ခ်က္ေတြကို ရက္ရက္စက္စက္ေပးခဲ့ပါတယ္။

အဲဒီတုန္းက သူ(မ) အသက္ ၁၇ႏွစ္ပဲရွိပါေသးတယ္။ ၁၇ႏွစ္အရြယ္ ကေလးမေလးတစ္ေယာက္အေနနဲ႔ ဒီလို ကမၻာသိ အရွက္ခြဲခံရတာမို႔ ဘယ္လိုမွ ေျဖမဆည္ႏိုင္ခဲ့ပါဘူး။ ေထာင္ေပါင္းမ်ားစြာေသာ လူေတြရဲ႕ ၾကမ္းတမ္းရက္စက္တဲ့ စကားလံုးေတြဟာ သူ(မ)ကို အႀကီးအက်ယ္ ထိတ္လန္႔ေစခဲ့ပါတယ္။

သူ(မ)ဟာ ရွက္ရြံ႕နာက်င္လြန္းလို႔ ညတိုင္းငိုေႂကြးခဲ့ၿပီး “ငါ့ဘဝေတာ့ ပ်က္ၿပီ” လို႔ေတာင္ ေတြးခဲ့ပါတယ္တဲ့။ ရွက္လြန္းလို႔၊ ခါးသီးလြန္းလို႔ သူမခံစားေနရတဲ့ ျပႆနာကို ဘယ္သူ႔မွ ဖြင့္မေျပာႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ Lizzieမွာ ကံေကာင္းတာက သူ(မ)မွာ သူ(မ)လုပ္သမၽွ အရာတိုင္းကို ေမတၱာအျပည့္နဲ႔ အားေပးေနတဲ့ မိသားစုရွိေနတာပါပဲ။ သူ(မ)ဟာ မူမမွန္ၿပီး ခ်ဴခ်ာတဲ့ ကေလးေပမဲ့ မိဘေတြက ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ စိတ္မကြက္ဘဲ ပ်ိဳးေထာင္လာခဲ့တာ မဟုတ္လား..

ဒီလိုျပႆနာေတြ ရင္ဆိုင္လာတဲ့အခါမွာ သူ(မ) မိဘေတြက သူ(မ)ကို စိတ္ဓာတ္မက်ဘဲ ေခါင္းေမာ့ၿပီး အၿမဲၿပံဳးေနဖို႔ အားေပးခဲ့ပါတယ္။ ဒီလိုနဲ႔ Lizzieဟာ bullyလုပ္ခံရတာေၾကာင့္ အခ်ိန္အေတာ္ၾကာေပ်ာက္ဆံုးေနတဲ့ သူ(မ)ရဲ႕ သတၱိနဲ႔ ယံုၾကည္မႈကို စတင္တည္ေဆာက္လာခဲ့ပါတယ္။

အဲဒါေၾကာင့္ပဲ Lizzie ဟာ သူ(မ)ရဲ႕ ျဖစ္တည္မႈကို လူအမ်ားေရွ႕ သတၱိရွိရွိ ေဖာ္ျပခဲ့ၿပီး သူ(မ)ရဲ႕ ျဖတ္သန္းလာရတဲ့ ဘဝအေတြ႕အႀကံဳေတြကို စင္ျမင့္ထက္မွာ ရဲရဲဝ့ံဝံ့ ေဝမၽွလာခဲ့ပါတယ္။
စင္ျမင့္ထက္က

သူ(မ)ဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ခ်လိုက္တာလို႔ ဆိုရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူ(မ)ရဲ႕ အရွိတရားနဲ႔ သတၱိကို အားေပးခ်ီးေျမႇာက္ၾကတဲ့ လူေတြ ေပၚထြက္လာခဲ့ၿပီး သူ(မ)လိုပဲ အႏိုင္က်င့္ခံရတဲ့ ဘဝတူေတြကို သူ(မ)ရဲ႕ ခံယူခ်က္နဲ႔ ဘဝအျဖစ္အပ်က္ကေန တစ္ဆင့္ စိတ္ခြန္အားေတြ ေပးႏိုင္ခဲ့တာေၾကာင့္ေပါ့…

“ကၽြန္မ လူေတြကို ေျပာခ်င္တဲ့ တစ္ခုတည္းေသာ အရာကေတာ့ သူတို႔ဟာ ကၽြန္မရဲ႕ ျဖစ္တည္မႈကို သတ္မွတ္ႏိုင္တဲ့သူေတြ မဟုတ္ပါဘူး။ ဘာလို႔လဲဆို ကၽြန္မဟာ ကိုယ့္ကိုယ္ကို အရင္ကထက္ ပိုေတာ္တဲ့သူတစ္ေယာက္ ျဖစ္ေအာင္ လုပ္သြားမွာမို႔ပါပဲ”လို႔ Lizzieက ဆိုခဲ့ပါတယ္။

အခုဆုိရင္ Lizzieဟာ ေအာင္ျမင္တဲ့ motivational speaker (စိတ္ဓာတ္ခြန္အားေပးမိန္႔ခြန္းေျပာၾကားသူ) တစ္ေယာက္ျဖစ္ေနပါၿပီ။ Lizzieဟာ followerသံုးသိန္းရွိတဲ့ ကိုယ္ပိုင္ Youtube channel တစ္ခု ပိုင္ဆိုင္ထားၿပီး အက္ဒ္မင္တို႔ေတြ ကိုယ့္ရဲ႕ အရွိတရားကို ခ်စ္ျမတ္ႏိုးဖို႔၊ လက္ခံဖို႔ သူမရဲ႕ youtubeကေန သင္ၾကားေပးေနပါတယ္။

ဒါ့အျပင္ “A Brave heart: The Lizzie Velasque Story”ဆိုတဲ့ ေခါင္းစဥ္နဲ႔ သူ(မ)ရဲ႕ ဘဝဇာတ္လမ္းကို ရိုက္ကူးထားတဲ့ documentaryဟာ Austin SXSW festivalမွာ ျပသျခင္းခံရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။Lizzieဟာ ခုလည္း ပထမဆံုး ျပည္ေထာင္စုအဆင့္ anti-bullying ဥပေဒအတြက္ တိုက္ပြဲဝင္ေနသူပါ။

ရွင္သန္လာတဲ့ ကာလတစ္ေလၽွာက္လံုး အဆိုးရြားဆံုး အႏိုင္က်င့္ခံရေပမဲ့ Lizzieရဲ႕ေနာက္မွာ သူ(မ)ကို အၿမဲေထာက္ခံအားေပးေနမယ့္ အေကာင္းဆံုး မိသားစုဝင္ေတြ ရွိေနတဲ့အတြက္ ဒါေတြဟာ သူမကို မၿဖိဳလဲႏိုင္ခဲ့ပါဘူး။ မိသားစုဝင္ေတြရဲ႕ ခ်စ္ျခင္းေမတၱာကလည္း လူတစ္ေယာက္ စိတ္ဓာတ္ႀကံ့ခိုင္လာဖို႔ အေရးပါတယ္ဆိုတာ Lizzieက သက္ေသျပခဲ့ပါတယ္။

အခုဆုိ Lizzieတစ္ေယာက္ အသက္ ၂၉ရွိေနၿပီ ျဖစ္ၿပီး ေပါင္က ၆၀ ဝန္းက်င္ပဲရွိပါတယ္။ သူ(မ)ခံစားရတဲ့ ေရာဂါေၾကာင့္ အလ်င္အျမန္ အိုမင္းတဲ့ျပႆနာနဲ႔ အျခားက်န္းမာေရး ျပႆနာေပါင္း မ်ားစြာကို ခံစားေနရၿပီး မ်က္လံုးတစ္လံုးကလည္း ကြယ္ခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမဲ့ ဘယ္လိုအရာကမွ စိတ္ဓာတ္ႀကံ့ခိုင္ၿပီး အေကာင္းဆံုး မိသားစုတစ္ခု ပိုင္ဆိုင္ထားတဲ့သူ႕ကို ရပ္တန္႔ေအာင္ တားဆီးႏိုင္မွာမဟုတ္ဘူးဆိုတာ Lizzieရဲ႕ ဘဝျဖတ္သန္းမႈနဲ႔ ခံယူခ်က္ေတြက သက္ေသျပခဲ့ပါတယ္။

Lizzie Velasqueတစ္ေယာက္ သူမပန္းတိုင္ကို ေရာက္ပါေစလို႔ ဆုေတာင္းရင္း…

Credit : Mia(For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီမိန်းကလေးကို ယောင်းတို့လည်း မြင်ဖူးနေမှာပါ…

လူတိုင်းရဲ့ ငယ်ဘဝမှာ အနည်းနဲ့အများ အနိုင်ကျင့်ခံရတဲ့ အဖြစ်အပျက်ကိုယ်စီ ရှိကြမှာပါ။ ယောင်းတို့ကိုယ်တိုင်လည်း ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ဒေသမှာ အနိုင်ကျင့်တာကို ကြုံဖူးကြမှာပေ့ါ..

အနိုင်ကျင့်ခြင်း (bullying)ဆိုတာ ခံရသူ ကာယကံရှင်(victim) အတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပါပဲ။ bully လုပ်တာဟာ ခါးသီးစရာကောင်းလှပြီး တစ်စုံတစ်ယောက်ရဲ့ ရှင်သန်ချင်စိတ်ကို မှေးမှိန်စေတဲ့အရာ၊ အမုန်းသံသရာရှည်စေတဲ့ အရာဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ဒါပေမဲ့ အာဂအမျိုးသမီး Lizzie Velasquezကတော့ ထူးခြားပြီး ချီးကျူးထောပနာပြုထိုက်သူတစ်ဦးလို့ ဆိုရမှာပါပဲ။ ဘာလို့လဲဆို Lizzieဟာ သူ(မ)ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး အနိုင်ကျင့်ခံရမှုတွေအားလုံးကို အင်အားအဖြစ် ပြောင်းလဲပစ်ခဲ့လို့ပါပဲ။

Lizzieဟာ အဆိုးတကာ့ အဆိုးဆုံး bullyမျိုးကို ကြုံခဲ့ရပါတယ်။ သူ(မ)ရဲ့ ဘဝကို ပြောရမယ်ဆိုရင် သူ(မ)ဟာ Marpanနဲ့ Lipodystrophyဆိုတဲ့ ၊ အလွန်ထူးခြားရှားပါးတဲ့ ရောဂါအခြေအနေနှစ်မျိုးနဲ့ မွေးဖွားလာခဲ့သူပါ။

ဒီလို ထူးဆန်းရှားပါးတဲ့ရောဂါကြောင့် ထူးခြားတဲ့ မျက်နှာအနေအထားမျိုးကို ပိုင်ဆိုင်ခဲ့ရပြီး မွေးတုန်းကဆို နှစ်ပေါင်နဲ့ ဆယ်အောင်စပဲရှိပြီး ဆရာဝန်တွေက Lizzieလေးကို ဒီတစ်သက် သာမန်လူတွေလို လမ်းလျှောက်၊စကားပြောတာလုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

နောက်ပြီး Lizzieဟာ သူ(မ)ရောဂါရဲ့ အကျိုးဆက်တွေကြောင့် ဘယ်လောက်စားစား ဝိတ်မတက်ဘဲ အရိုးနဲ့အရေသာ ရှိသူပါ။ အတော်လေးထူးဆန်းတဲ့ မျက်နှာနဲ့ ပိန်ကပ်နေတဲ့ အရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်ကြောင့် Lizzieဟာ ငယ်ငယ်လေးတည်းက လူတွေကြားမှာ ငြိုငြင်စရာ၊ ကြောက်စရာ ဖြစ်ခဲ့ပါတယ်။

ကျောင်းမှာဆိုလည်း သူ(မ)နဲ့ပေါင်းချင်တဲ့သူ သိပ်မရှိသလို ကလေးပီပီပန်းခြံမှာ သွားဆော့ကစားတဲ့အခါမှာလည်း လူတွေက သူ(မ)မျက်နှာကို မြင်တာနဲ့ အနားကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

Lizzieဟာ သူ(မ)ရဲ့ ခန္ဓာကိုယ်သွင်ပြင်ကြောင့် ပတ်ဝန်းကျင်ရဲ့ အနိုင်ကျင့်တာကို တစ်ချိန်လုံး ခံခဲ့ရပြီး တစ်ရက်မှာတော့ Lizzie ကို နွေခေါင်ခေါင်မှာ မိုးကြိုးပစ်လိုက်သလို ခံစားသွားရစေတဲ့၊ အဆိုးတကာ့ အဆိုးဆုံးကိစ္စ တစ်ခု ဖြစ်သွားခဲ့ပါတယ်။

အဲဒါကတော့ သူ(မ)ပုံကို ” ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ လူတစ်ယောက်က Youtube မှာ တင်ခဲ့ပြီး ထောင်ပေါင်းများစွာသော youtubeအသုံးပြုသူတွေက သူ(မ)ကို စော်ကားတိုက်ခိုက်ခဲ့ကြတာပါပဲ။

ကြည့်ရှုသူ သန်းနဲ့ချီသွားတဲ့ အဲဒီ videoမှာ ကမ္ဘာတစ်ဝှမ်းက လူတွေဟာ ” ဆိုးလိုက်တဲ့ရုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့သာ ကောင်းတော့တယ်” “ဘာလို့များ သူ့မိဘတွေက သူ့လိုသမီးကို စောင့်ရှောက်နေတာပါလိမ့်” စတဲ့ မှတ်ချက်တွေကို ရက်ရက်စက်စက်ပေးခဲ့ပါတယ်။

အဲဒီတုန်းက သူ(မ) အသက် ၁၇နှစ်ပဲရှိပါသေးတယ်။ ၁၇နှစ်အရွယ် ကလေးမလေးတစ်ယောက်အနေနဲ့ ဒီလို ကမ္ဘာသိ အရှက်ခွဲခံရတာမို့ ဘယ်လိုမှ ဖြေမဆည်နိုင်ခဲ့ပါဘူး။ ထောင်ပေါင်းများစွာသော လူတွေရဲ့ ကြမ်းတမ်းရက်စက်တဲ့ စကားလုံးတွေဟာ သူ(မ)ကို အကြီးအကျယ် ထိတ်လန့်စေခဲ့ပါတယ်။

သူ(မ)ဟာ ရှက်ရွံ့နာကျင်လွန်းလို့ ညတိုင်းငိုကြွေးခဲ့ပြီး “ငါ့ဘဝတော့ ပျက်ပြီ” လို့တောင် တွေးခဲ့ပါတယ်တဲ့။ ရှက်လွန်းလို့၊ ခါးသီးလွန်းလို့ သူမခံစားနေရတဲ့ ပြဿနာကို ဘယ်သူ့မှ ဖွင့်မပြောနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ Lizzieမှာ ကံကောင်းတာက သူ(မ)မှာ သူ(မ)လုပ်သမျှ အရာတိုင်းကို မေတ္တာအပြည့်နဲ့ အားပေးနေတဲ့ မိသားစုရှိနေတာပါပဲ။ သူ(မ)ဟာ မူမမှန်ပြီး ချူချာတဲ့ ကလေးပေမဲ့ မိဘတွေက ချစ်ခြင်းမေတ္တာအပြည့်နဲ့ စိတ်မကွက်ဘဲ ပျိုးထောင်လာခဲ့တာ မဟုတ်လား..

ဒီလိုပြဿနာတွေ ရင်ဆိုင်လာတဲ့အခါမှာ သူ(မ) မိဘတွေက သူ(မ)ကို စိတ်ဓာတ်မကျဘဲ ခေါင်းမော့ပြီး အမြဲပြုံးနေဖို့ အားပေးခဲ့ပါတယ်။ ဒီလိုနဲ့ Lizzieဟာ bullyလုပ်ခံရတာကြောင့် အချိန်အတော်ကြာပျောက်ဆုံးနေတဲ့ သူ(မ)ရဲ့ သတ္တိနဲ့ ယုံကြည်မှုကို စတင်တည်ဆောက်လာခဲ့ပါတယ်။

အဲဒါကြောင့်ပဲ Lizzie ဟာ သူ(မ)ရဲ့ ဖြစ်တည်မှုကို လူအများရှေ့ သတ္တိရှိရှိ ဖော်ပြခဲ့ပြီး သူ(မ)ရဲ့ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေကို စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ ဝေမျှလာခဲ့ပါတယ်။
စင်မြင့်ထက်က

သူ(မ)ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချလိုက်တာလို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ သူ(မ)ရဲ့ အရှိတရားနဲ့ သတ္တိကို အားပေးချီးမြှောက်ကြတဲ့ လူတွေ ပေါ်ထွက်လာခဲ့ပြီး သူ(မ)လိုပဲ အနိုင်ကျင့်ခံရတဲ့ ဘဝတူတွေကို သူ(မ)ရဲ့ ခံယူချက်နဲ့ ဘဝအဖြစ်အပျက်ကနေ တစ်ဆင့် စိတ်ခွန်အားတွေ ပေးနိုင်ခဲ့တာကြောင့်ပေါ့…

“ကျွန်မ လူတွေကို ပြောချင်တဲ့ တစ်ခုတည်းသော အရာကတော့ သူတို့ဟာ ကျွန်မရဲ့ ဖြစ်တည်မှုကို သတ်မှတ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ ဘာလို့လဲဆို ကျွန်မဟာ ကိုယ့်ကိုယ်ကို အရင်ကထက် ပိုတော်တဲ့သူတစ်ယောက် ဖြစ်အောင် လုပ်သွားမှာမို့ပါပဲ”လို့ Lizzieက ဆိုခဲ့ပါတယ်။

အခုဆိုရင် Lizzieဟာ အောင်မြင်တဲ့ motivational speaker (စိတ်ဓာတ်ခွန်အားပေးမိန့်ခွန်းပြောကြားသူ) တစ်ယောက်ဖြစ်နေပါပြီ။ Lizzieဟာ followerသုံးသိန်းရှိတဲ့ ကိုယ်ပိုင် Youtube channel တစ်ခု ပိုင်ဆိုင်ထားပြီး အက်ဒ်မင်တို့တွေ ကိုယ့်ရဲ့ အရှိတရားကို ချစ်မြတ်နိုးဖို့၊ လက်ခံဖို့ သူမရဲ့ youtubeကနေ သင်ကြားပေးနေပါတယ်။

ဒါ့အပြင် “A Brave heart: The Lizzie Velasque Story”ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ(မ)ရဲ့ ဘဝဇာတ်လမ်းကို ရိုက်ကူးထားတဲ့ documentaryဟာ Austin SXSW festivalမှာ ပြသခြင်းခံရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။Lizzieဟာ ခုလည်း ပထမဆုံး ပြည်ထောင်စုအဆင့် anti-bullying ဥပဒေအတွက် တိုက်ပွဲဝင်နေသူပါ။

ရှင်သန်လာတဲ့ ကာလတစ်လျှောက်လုံး အဆိုးရွားဆုံး အနိုင်ကျင့်ခံရပေမဲ့ Lizzieရဲ့နောက်မှာ သူ(မ)ကို အမြဲထောက်ခံအားပေးနေမယ့် အကောင်းဆုံး မိသားစုဝင်တွေ ရှိနေတဲ့အတွက် ဒါတွေဟာ သူမကို မဖြိုလဲနိုင်ခဲ့ပါဘူး။ မိသားစုဝင်တွေရဲ့ ချစ်ခြင်းမေတ္တာကလည်း လူတစ်ယောက် စိတ်ဓာတ်ကြံ့ခိုင်လာဖို့ အရေးပါတယ်ဆိုတာ Lizzieက သက်သေပြခဲ့ပါတယ်။

အခုဆို Lizzieတစ်ယောက် အသက် ၂၉ရှိနေပြီ ဖြစ်ပြီး ပေါင်က ၆၀ ဝန်းကျင်ပဲရှိပါတယ်။ သူ(မ)ခံစားရတဲ့ ရောဂါကြောင့် အလျင်အမြန် အိုမင်းတဲ့ပြဿနာနဲ့ အခြားကျန်းမာရေး ပြဿနာပေါင်း များစွာကို ခံစားနေရပြီး မျက်လုံးတစ်လုံးကလည်း ကွယ်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုအရာကမှ စိတ်ဓာတ်ကြံ့ခိုင်ပြီး အကောင်းဆုံး မိသားစုတစ်ခု ပိုင်ဆိုင်ထားတဲ့သူ့ကို ရပ်တန့်အောင် တားဆီးနိုင်မှာမဟုတ်ဘူးဆိုတာ Lizzieရဲ့ ဘဝဖြတ်သန်းမှုနဲ့ ခံယူချက်တွေက သက်သေပြခဲ့ပါတယ်။

Lizzie Velasqueတစ်ယောက် သူမပန်းတိုင်ကို ရောက်ပါစေလို့ ဆုတောင်းရင်း…

Credit : Mia(For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top