iMyanmarHouse.com - Best Property Website for Myanmar
×

“အစ္မ သမီး ဟိုဟာလာေနတာ…အဲဒါ…”

“ညီမေလး…အစ္မ ဟိုဟာလာေနလို႔ေလ…” မိန္းကေလးသူငယ္ခ်င္း အသိမိတ္ေဆြ တစ္ေယာက္ေယာက္ ဒီလိုစကားအစခ်ီၿပီဆို

ကိုယ္ကသိလိုက္ၿပီ…..သူတို႔ဘာဆက္ေမးမယ္ဆိုတာ….။

ေဖ့စ္ဘြတ္ခ္မွာေရာ အျပင္မွာေရာ မိန္းကေလးသူငယ္ခ်င္း အသိမိတ္ေဆြ အေတာ္မ်ားမ်ားေမးေလ့ရွိတဲ့ အေၾကာင္းျပႆနာတစ္ခ်ိဳ႕ရွိတယ္။အဲဒီအထဲမွာ အခုေျပာမယ့္ ရာသီလာခ်ိန္ ဆီးစပ္ကိုက္ ခါးကိုက္တဲ့ကိစၥကလည္း အေမးအမ်ားဆုံးထဲက တစ္ခုပါပဲ။ ဒီေတာ့ ၾကာလာတဲ့ အခါ ကိုယ္က အထာနပ္သြားၿပီေလ…ေဖ့စ္ဘုတ္ CB က လာေမးတဲ့အခါ ေျဖဖို႔ အသင့္စာစီထားလိုက္တယ္…။ ဒီအေၾကာင္းအရာတစ္ခုထဲကိုပဲ တစ္ေယာက္လာေမးတိုင္း တစ္ခါ လက္ေညာင္းခံၿပီး စာ႐ိုက္ေနစရာ မလိုေတာ့ဘူး။ ေရးၿပီးသားေလးကို Copy and Paste လုပ္ၿပီး ေျဖလိုက္႐ုံပဲ။

ဘာေတြေရးထားလဲ? တစ္လတစ္လရာသီလာလို႔ ကိုက္ခဲတဲ့အခါဘာေတြလုပ္မလဲ ဆိုတာအတြက္ အေျဖက ဒီမွာပါ…

(၁) ေရမ်ားမ်ားေသာက္ပါ။ေရလို႔ဆိုရာမွာ ေသာက္ေရ၊ ေရသန္႔အပါအဝင္ သံပုရာရည္၊ လတ္ဆတ္တဲ့သစ္သီးေဖ်ာ္ရည္ အကုန္ပါပါတယ္။ မပါတာကေတာ့ အရက္၊ ဘီယာ၊ ကဖင္းပါဝင္တဲ့ ေသာက္စရာေတြ (ဥပမာ – ေကာ္ဖီ ၊ လက္ဖက္ရည္ စသည္) ။ ေသာက္သင့္တဲ့အရည္ကိုမေသာက္ဘဲ မေသာက္သင့္တဲ့အရည္သြားေသာက္မိရင္ေတာ့ နာက်င္ျခင္း ပိုဆိုးပါလိမ့္မယ္လို႔ တစ္ခါတည္းမွာလိုက္ပါရေစ။

(၂) အဆီအဆိမ့္ေတြ၊ အျပင္စာေတြကို ခဏေလာက္ေရွာင္ၿပီး ဒီလိုအခ်ိန္မ်ိဳးမွာ ဟင္းသီးဟင္း႐ြက္ေလးေတြ ဦးစားေပးစားပါ။

(၃) ေရေႏြးအိတ္ေလး ဆီးစပ္တစ္ဝိုက္နဲ႔ ခါး (ကိုက္တဲ့ေနရာ)ကို ကပ္ေပးပါ။ ဒီနည္းက လြယ္လည္းလြယ္၊ ေတာ္ေတာ္လည္း ထိေရာက္သက္သာေစတဲ့နည္းပါ။

(၄) ကိုက္ေနတဲ့ေနရာတစ္ဝိုက္ကို ဆီေလးလိမ္းၿပီး အသာအယာ ႏွိပ္နယ္ႏိုင္ပါတယ္။ အသာအယာလို႔ ပါပါတယ္ေနာ္။ အတင္းအၾကမ္းႏွိပ္ျခင္း၊ နင္းျခင္း မျပဳလုပ္သင့္ပါ။

(၅)ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ပါ။ Gym မွာ ေဆာ့လို႔ရပါတယ္။ ေသြးလွည့္ပတ္မႈေကာင္းေစၿပီး နာက်င္ျခင္းေဝဒနာကို သိသာစြာ ေလ်ာ့ေစပါလိမ့္မယ္။ ဒီေနရာမွာ တစ္ခါတည္းေျပာခ်င္တာက ရာသီလာေနရင္ ဘာမွမလုပ္ဘဲ အိပ္ရာထဲမွာပဲ ၿငိမ္ၿငိမ္ေလးေနရမယ္ဆိုတဲ့အခ်က္က မွားပါတယ္။

(၆) ေရခပ္ေႏြးေႏြးနဲ႔ ေရခ်ိဳးႏိုင္ပါတယ္။ တကယ္လို႔ အိမ္မွာေရခ်ိဳးကန္ရွိခဲ့မယ္ဆိုရင္ ခပ္ေႏြးေႏြးေရေလးနဲ႔ စိမ္ခ်ိဳးျခင္းက အေညာင္းအညာလည္းေျပ ၊ ကိုက္ခဲျခင္းကိုလည္း ေလ်ာ့ပါးသက္သာေစမွာျဖစ္ပါတယ္။

(၇) အထက္ပါနည္းလမ္းေတြနဲ႔ မသက္သာေတာ့ဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီး ဆရာဝန္ၫႊန္ၾကားတဲ့ အကိုက္အခဲေပ်ာက္ေဆးေသာက္သုံးျခင္း၊ လိုအပ္တဲ့ စမ္းသပ္စစ္ေဆးမႈခံယူျခင္းမ်ား လိုက္နာျပဳလုပ္သင့္ပါတယ္။

Credit: ေမ@ေဆး-၂ (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #


“အစ်မ သမီး ဟိုဟာလာနေတာ…အဲဒါ…”

“ညီမလေး…အစ်မ ဟိုဟာလာနေလို့လေ…” မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေ တစ်ယောက်ယောက် ဒီလိုစကားအစချီပြီဆို

ကိုယ်ကသိလိုက်ပြီ…..သူတို့ဘာဆက်မေးမယ်ဆိုတာ….။

ဖေ့စ်ဘွတ်ခ်မှာရော အပြင်မှာရော မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေ အတော်များများမေးလေ့ရှိတဲ့ အကြောင်းပြဿနာတစ်ချို့ရှိတယ်။အဲဒီအထဲမှာ အခုပြောမယ့် ရာသီလာချိန် ဆီးစပ်ကိုက် ခါးကိုက်တဲ့ကိစ္စကလည်း အမေးအများဆုံးထဲက တစ်ခုပါပဲ။ ဒီတော့ ကြာလာတဲ့ အခါ ကိုယ်က အထာနပ်သွားပြီလေ…ဖေ့စ်ဘုတ် CB က လာမေးတဲ့အခါ ဖြေဖို့ အသင့်စာစီထားလိုက်တယ်…။ ဒီအကြောင်းအရာတစ်ခုထဲကိုပဲ တစ်ယောက်လာမေးတိုင်း တစ်ခါ လက်ညောင်းခံပြီး စာရိုက်နေစရာ မလိုတော့ဘူး။ ရေးပြီးသားလေးကို Copy and Paste လုပ်ပြီး ဖြေလိုက်ရုံပဲ။

ဘာတွေရေးထားလဲ? တစ်လတစ်လရာသီလာလို့ ကိုက်ခဲတဲ့အခါဘာတွေလုပ်မလဲ ဆိုတာအတွက် အဖြေက ဒီမှာပါ…

(၁) ရေများများသောက်ပါ။ရေလို့ဆိုရာမှာ သောက်ရေ၊ ရေသန့်အပါအဝင် သံပုရာရည်၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည် အကုန်ပါပါတယ်။ မပါတာကတော့ အရက်၊ ဘီယာ၊ ကဖင်းပါဝင်တဲ့ သောက်စရာတွေ (ဥပမာ – ကော်ဖီ ၊ လက်ဖက်ရည် စသည်) ။ သောက်သင့်တဲ့အရည်ကိုမသောက်ဘဲ မသောက်သင့်တဲ့အရည်သွားသောက်မိရင်တော့ နာကျင်ခြင်း ပိုဆိုးပါလိမ့်မယ်လို့ တစ်ခါတည်းမှာလိုက်ပါရစေ။

(၂) အဆီအဆိမ့်တွေ၊ အပြင်စာတွေကို ခဏလောက်ရှောင်ပြီး ဒီလိုအချိန်မျိုးမှာ ဟင်းသီးဟင်းရွက်လေးတွေ ဦးစားပေးစားပါ။

(၃) ရေနွေးအိတ်လေး ဆီးစပ်တစ်ဝိုက်နဲ့ ခါး (ကိုက်တဲ့နေရာ)ကို ကပ်ပေးပါ။ ဒီနည်းက လွယ်လည်းလွယ်၊ တော်တော်လည်း ထိရောက်သက်သာစေတဲ့နည်းပါ။

(၄) ကိုက်နေတဲ့နေရာတစ်ဝိုက်ကို ဆီလေးလိမ်းပြီး အသာအယာ နှိပ်နယ်နိုင်ပါတယ်။ အသာအယာလို့ ပါပါတယ်နော်။ အတင်းအကြမ်းနှိပ်ခြင်း၊ နင်းခြင်း မပြုလုပ်သင့်ပါ။

(၅)ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ Gym မှာ ဆော့လို့ရပါတယ်။ သွေးလှည့်ပတ်မှုကောင်းစေပြီး နာကျင်ခြင်းဝေဒနာကို သိသာစွာ လျော့စေပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခါတည်းပြောချင်တာက ရာသီလာနေရင် ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်လေးနေရမယ်ဆိုတဲ့အချက်က မှားပါတယ်။

(၆) ရေခပ်နွေးနွေးနဲ့ ရေချိုးနိုင်ပါတယ်။ တကယ်လို့ အိမ်မှာရေချိုးကန်ရှိခဲ့မယ်ဆိုရင် ခပ်နွေးနွေးရေလေးနဲ့ စိမ်ချိုးခြင်းက အညောင်းအညာလည်းပြေ ၊ ကိုက်ခဲခြင်းကိုလည်း လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

(၇) အထက်ပါနည်းလမ်းတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးသောက်သုံးခြင်း၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုခံယူခြင်းများ လိုက်နာပြုလုပ်သင့်ပါတယ်။

Credit: မေ@ဆေး-၂ (ရိုးရာလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top