iMyanmarHouse.com - Best Property Website for Myanmar
×





Source: Shwe Htoo’s FB

Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေအတွက် သီချင်းကောင်းတွေကို ဖန်တီးရေးဖွဲ့သီဆိုလေ့ရှိတဲ့ ရွှေထူးကတော့ အနုပညာအလုပ်တွေကို မနားတမ်းဆောင်ရွက်နေရတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရွှေထူးကတော့ သြဂုတ်လ (၅)ရက်နေ့မှာ ဘန်ကောက်မြို့ဧတချိုင် (14)လမ်း ဘုန်းကြီးကျောင်းမှာ ဖျော်ဖြေဖို့အတွက် သွားရောက်ခဲ့ပြီး အခက်အခဲအချို့ကြောင့် ပရိသတ်တွေနဲ့ မတွေ့နိုင်ပဲ လေဆိပ်ကနေ ပြန်လာခဲ့ရတယ်လို့ သိရပါတယ်။

ရွှေထူးကတော့ “တကယ်ပါတညလုံးမအိပ်ပဲကျွန်တော်ရော Yzet တို့ရော Flightကအစောကြီးမို့ မမှီမှာစိုးပြီးတောင်မအိပ်ပဲထိုင်စောင့်နေကြတာပါ… ပွဲဆိုဖို့ လေဆိပ်ထိရောက်ခဲ့ပီးမှ passport errorလေးတခုကြောင့်ဘာမှမတတ်နိုင်ပဲ လေဆိပ်ကနေပြန်လာခဲ့ရပါတယ် .. ကျွန်တော်အမှားပါပဲ …အနူးညွှန့်တောင်းပန်ပါတယ်ဗျာ…”လို့ရေးသားပြီး ပရိသတ်တွေကို တောင်းပန်ထားတာဖြစ်ပါတယ်။

ရွှေထူးရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုဖို့အတွက် အလုပ်ဖျက်ပြီး အချိန်ကုန်ခံ၊လာရောက်စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေကိုတော့ ရွှေထူးက “စောင့်မျှော်နေတဲ့ပရိသတ်ကြီးရဲ့ နားလည်ပေးမှုမှတပါး ကျွန်တော့်မှာမျှော်လင့်စရာမရှိပါ… ဆဲချင်လဲ ကျွန်တော့်ပဲဆဲကြပါခင်ဗျာ… ကျွန်တော့်အမှားအတွက် ကျွန်တော်ခံယူဖို့အသင့်ပါ…”လို့ ဖေစ်ဘုတ်ပေါ်မှာ ရေးပြီး ပြောထားတာဖြစ်ပါတယ်။

ရွှေထူးကတော့ ပွဲစီစဉ်သူတွေနဲ့ တိုင်ပင်ပြီးတဲ့အခါ ပြန်လည်ဖျော်ဖြေပေးသွားမယ်လို့လည်း ပရိသတ်တွေကို ပြောထားပါတယ်။

Source: Shwe Htoo’s FB

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top