iMyanmarHouse.com - Best Property Website for Myanmar
×

လက္ရွိမွာ အမႈရင္ဆိုင္ေနရတဲ့ ေမာ္ဒယ္စူးရွထက္တစ္ေယာက္ သူမ ယခင္က႐ိုက္ကူးခဲ့တဲ့ အလွဓာတ္ပုံေတြနဲ႔ပက္သက္ၿပီး ေဝဖန္မႈေတြမ်ားေနတာ ေၾကာင့္ လက္ရွိမွာ စိတ္အေႏွာက္အယွက္ျဖစ္ေနရတဲ့ အေျခအေနကိုရင္ဆိုင္ေနရတာျဖစ္ပါတယ္။ သူမဟာ မတရားမုဒိန္းက်င့္ႏွိပ္စက္ခံရတဲ့ျဖစ္စဥ္ နဲ႔ အဆိုေတာ္အစၥဏီကို တရားစြဲဆိုထားၿပီး လက္ရွိမွာအမႈရင္ဆိုင္ေနဆဲကာလျဖစ္ပါတယ္။အခုအခ်ိန္မွာေတာ့ စူးရွထက္တစ္ေယာက္ နည္းမ်ိဳးစုံနဲ႔ တိုက္ခိုက္ခံေနရတဲ့ သူမဘဝကို ပရိသတ္ေတြသိေအာင္ခ်ျပလိုက္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းအတြင္းက စူးရွထက္တစ္ေယာက္ သူမကို တိုက္ခိုက္ခံရတဲ့ အေၾကာင္းကို သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။ နည္းမ်ိဳးစုံနဲ႔ တိုက္ခိုက္မယ္ဆိုတာ သိထားတယ္၊က်မလည္းအဆိုးဆုံးအခ်ိန္ထိ ေတာင့္ခံ တင္းခံေနအုန္းမွာပါ အသိုင္းအဝိုင္း အင္အားေကာင္းေကာင္းနဲ႔တိုက္ခိုက္ၾကပါ ရပါတယ္ အမွန္တရားအတြက္ရွင္တို႔ရဲ႕ ေအာက္တန္းက်လြန္းတဲ့ လုပ္ရပ္ေတြကိုျငင္းဆိုပိုင္ခြင့္ေလးေတာ့ေပးပါ

အတိတ္က က်မfree style ဝတ္ခဲ့ သြားခဲ့ စားခဲ့ ေနထိုင္ခဲ့တာေတြကို personal attackအေနနဲ႔လုပ္လို႔ရေပမဲ့တရား႐ုံးမွာ လက္ခံစဥ္းစားမွာ မဟုတ္ဘူးဆိုတာရွင္တို႔သိရင္ အဆင့္အတန္ရွိရွိ တိုက္ခိုက္ၾကပါလားလို႔ေအာက္ပါအေကာင့္မ်ားႏွင့္pageအေကာင့္မ်ားသည္ မြစိမသုံးပါေၾကာင္းႏွင့္အတုမ်ားသာျဖစ္ပါေၾကာင္းအသိေပးပါသည္။ ” ဆိုၿပီး သူမပုံေတြကို တင္ၿပီး အလြဲသုံးစားလုပ္ေနတဲ့ Page ေတြကို ေဖာ္ျပထားတာ ကို ေတြ႕ရပါတယ္။

စူးရွထက္တစ္ေယာက္ အခုအခ်ိန္မွာ ရယ္ႏိုင္ၿပဳံးႏိုင္လာေနေပမယ့္ သူမပုံေတြကို တင္ၿပီး တိုက္ခိုက္ေနတဲ့ Page ေတြေပၚကပုံေတြေၾကာင့္ စိတ္အေႏွင့္အယွက္ျဖစ္ေနရဆဲျဖစ္တယ္လို႔သိရပါတယ္။ မၾကာေသးခင္က အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ေရခ်ိဳးတဲ့ ႐ုပ္ပုံေတြကိုျဖန႔္ေဝခဲ့တာလည္း ဒီ Page ေတြကဘဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ နည္းပညာေတြ တိုးတက္လာတဲ့ ဒီေခတ္ႀကီးမွာ လူတစ္ေယာက္ကို သိကၡာက်ေအာင္ လုပ္ဖို႔လြယ္ကူတယ္လို႔သင္ထင္ပါသလား……. မွတ္ခ်က္မွာ ေျပာျပေပးသြားၾကပါေနာ္။

Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိမှာ အမှုရင်ဆိုင်နေရတဲ့ မော်ဒယ်စူးရှထက်တစ်ယောက် သူမ ယခင်ကရိုက်ကူးခဲ့တဲ့ အလှဓာတ်ပုံတွေနဲ့ပက်သက်ပြီး ဝေဖန်မှုတွေများနေတာ ကြောင့် လက်ရှိမှာ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ အခြေအနေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူမဟာ မတရားမုဒိန်းကျင့်နှိပ်စက်ခံရတဲ့ဖြစ်စဉ် နဲ့ အဆိုတော်အစ္စဏီကို တရားစွဲဆိုထားပြီး လက်ရှိမှာအမှုရင်ဆိုင်နေဆဲကာလဖြစ်ပါတယ်။အခုအချိန်မှာတော့ စူးရှထက်တစ်ယောက် နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံနေရတဲ့ သူမဘဝကို ပရိသတ်တွေသိအောင်ချပြလိုက်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းက စူးရှထက်တစ်ယောက် သူမကို တိုက်ခိုက်ခံရတဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ နည်းမျိုးစုံနဲ့ တိုက်ခိုက်မယ်ဆိုတာ သိထားတယ်၊ကျမလည်းအဆိုးဆုံးအချိန်ထိ တောင့်ခံ တင်းခံနေအုန်းမှာပါ အသိုင်းအဝိုင်း အင်အားကောင်းကောင်းနဲ့တိုက်ခိုက်ကြပါ ရပါတယ် အမှန်တရားအတွက်ရှင်တို့ရဲ့ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်တွေကိုငြင်းဆိုပိုင်ခွင့်လေးတော့ပေးပါ

အတိတ်က ကျမfree style ဝတ်ခဲ့ သွားခဲ့ စားခဲ့ နေထိုင်ခဲ့တာတွေကို personal attackအနေနဲ့လုပ်လို့ရပေမဲ့တရားရုံးမှာ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာရှင်တို့သိရင် အဆင့်အတန်ရှိရှိ တိုက်ခိုက်ကြပါလားလို့အောက်ပါအကောင့်များနှင့်pageအကောင့်များသည် မွစိမသုံးပါကြောင်းနှင့်အတုများသာဖြစ်ပါကြောင်းအသိပေးပါသည်။ ” ဆိုပြီး သူမပုံတွေကို တင်ပြီး အလွဲသုံးစားလုပ်နေတဲ့ Page တွေကို ဖော်ပြထားတာ ကို တွေ့ရပါတယ်။

စူးရှထက်တစ်ယောက် အခုအချိန်မှာ ရယ်နိုင်ပြုံးနိုင်လာနေပေမယ့် သူမပုံတွေကို တင်ပြီး တိုက်ခိုက်နေတဲ့ Page တွေပေါ်ကပုံတွေကြောင့် စိတ်အနှေင့်အယှက်ဖြစ်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ မကြာသေးခင်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရေချိုးတဲ့ ရုပ်ပုံတွေကိုဖြန့်ဝေခဲ့တာလည်း ဒီ Page တွေကဘဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ နည်းပညာတွေ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာ လူတစ်ယောက်ကို သိက္ခာကျအောင် လုပ်ဖို့လွယ်ကူတယ်လို့သင်ထင်ပါသလား……. မှတ်ချက်မှာ ပြောပြပေးသွားကြပါနော်။

Credit: PoPin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top