iMyanmarHouse.com - Best Property Website for Myanmar
×

မိဘမ်ား ကိုယ့္သမီးေလးေတြ အခုလို မျဖစ္ေစဖုိ႔ မွ်ေ၀ေပးလိုက္ပါတယ္..

က်မဘာလုပ္သင့္သလဲ

(က်မကို ဝိုင္းအေျဖရွာေပးၾကပါ)

( ဒီည ၉:၄၅) က်မတို႔လင္မယားႏွစ္ေယာက္ မိတ္ေဆြေတြနဲ႔ ၅၁လမ္း နဲ႔ ဗိုလ္ခ်ဳပ္လမ္းထိပ္ က “ရွရီ-ကခ်င္စားေသာက္ဆိုင္” ကေန အထြက္ ပလက္ေဖါင္းေဘးရပ္ထားတဲ့ ကား၂စီးၾကားမွာ အမ်ဳိးသမီးငယ္တစ္ေယာက္ နဲ႔ အမ်ဳိးသားတစ္ေယာက္ ပံုပါအေနအထားနဲ႔ ေတြ႕ပါတယ္။

တကယ္ အတြဲပံုစံဆိုရင္ေတာ့ မသိခ်င္ေယာင္ေဆာင္သြားရံုေပါ့။

အခုေတာ့ အမ်ဳိးသမီးက အသိလြတ္ေနတဲ့ပံုစံနဲ႔ ျဖစ္ေနပါတယ္။

အတူပါ က်န္အမ်ဳိးသား၂ေယာက္ကလည္း မလွမ္းမကမ္းမွာ တကၠစီငွါးေနပါတယ္။

က်မလည္း သူတို႔ကိုေက်ာ္သြားၿပီးမွ ေနာက္ျပန္လွည့္ၿပီး “က်မဘာအကူအညီေပးရမလဲ။ ဒီညီမေလး ေနေကာင္းရဲ႕လား”ဆိုေတာ့ “က်ေနာ္တို႔က ေမာင္ႏွမေတြပါ။

ကုမၸဏီမွာလုပ္ပါတယ္။ေမြးေန႔ပြဲမွာ ၂ခြက္ေလာက္ေသာက္လိုက္လို႔ မူးသြားတာပါတဲ့”က်မလည္း အရမ္းစိုးရိမ္သြားၿပီး က်မက အမ်ဳိးသမီးအေရးေဆာင္ရြက္သူပါ။

က်မ ဒီညီမေလးကို အိမ္ျပန္ပို႔ေပးရမလား။ “ညီမေလး၊ညီမေလး” လို႔ေအာ္ေခၚေပမဲ့ ေခါင္းေတာင္မထူႏိုင္ေတာ့ေအာင္ျဖစ္ေနပါတယ္။ေပြ႕ထားတဲ့ လူကဘဲ “ရပါတယ္၊က်ေနာ္တို႔ဘဲ လိုက္ပို႔လိုက္ပါ့မယ္”တဲ့“ဒါဆိုလည္း ဒီညီမေလးနာမည္ေျပာပါ။ ဖံုးနံပါတ္ေပးပါလို႔”ေျပာေတာ့ ညီမေလးနာမည္လို႔ယူဆရတဲ့နာမည္တစ္ခုေျပာပါတယ္။ ဖံုးနံပါတ္က ဖံုးထဲမွာဘဲရွိတယ္”တဲ့။

ကားငွါးတာလည္း ရေနၿပီမို႔ က်န္၂ေယာက္ကလည္း သြားရေအာင္ေခၚေနတယ္။ က်မက “ဒီအတိုင္းေတာ့ သြားလို႔မရဘူး။ ရွင္တို႔ကို ဓါတ္ပံု႐ိုက္ထားမယ္။ ဆိုၿပီးေျပာလည္းေျပာ။၂ပံုေလာက္ ျမန္ျမန္႐ိုက္ပလိုက္ပါတယ္။

အမ”မ႐ိုက္ပါနဲ႔”လို႔ေတာ့ အဲ့လူက လက္ကာတားပါတယ္။ က်မကလည္း ခပ္တည္တည္နဲ႔ သူတို႔ကို ၿခိမ္းေျခာက္တာေတာ့ လုပ္လိုက္ေသး။

ကမန္းကတမ္းနဲ ့”ရတယ္၊ရတယ္”ဆိုၿပီး တကၠစီေပၚ အမ်ဳိူးသမီးငယ္ကို တြဲလို႔ ၄ေယာက္သား တက္သြားၾကတယ္။

က်မ ေနရာမွာ မိတ္ေဆြတို႔ဆိုရင္ေရာ ဘာလုပ္မလဲ။ က်မအခုလို လုပ္လိုက္တာ လြန္သလား။မွားသလား။ ပုဂၢလိက လြတ္လပ္ခြင့္ကို ခ်ဳိးေဖါက္ရာေရာက္သလား။ သိခ်င္ပါတယ္။

စာေရးေနတဲ့အခ်ိန္ထိ က်မ ငိုခ်င္သလိုလို၊စိတ္မေကာင္းသလိုလို၊ေဒါသထြက္သလိုလို။ ခံစားမႈက အစံု။အစံု။

အႏၲရာယ္ကင္းပါေစ ညီမငယ္ေရေပ်ာ္တတ္ရင္ေတာင္ စိတ္ခ်ရတဲ့ အေဖၚ။သူငယ္ခ်င္းေကာင္းရေအာင္ရွာၿပီး ေပ်ာ္တတ္ပါေစလို႔။

(သမီးအကူအညီ နဲ႔ ကာယကံရွင္မ်ားရဲ႕ဓါတ္ပံုကို ျပဳျပင္ထားပါတယ္။)

Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
မိဘများ ကိုယ့်သမီးလေးတွေ အခုလို မဖြစ်စေဖို့ မျှဝေပေးလိုက်ပါတယ်..

ကျမဘာလုပ်သင့်သလဲ

(ကျမကို ဝိုင်းအဖြေရှာပေးကြပါ)

( ဒီည ၉:၄၅) ကျမတို့လင်မယားနှစ်ယောက် မိတ်ဆွေတွေနဲ့ ၅၁လမ်း နဲ့ ဗိုလ်ချုပ်လမ်းထိပ် က “ရှရီ-ကချင်စားသောက်ဆိုင်” ကနေ အထွက် ပလက်ဖေါင်းဘေးရပ်ထားတဲ့ ကား၂စီးကြားမှာ အမျိုးသမီးငယ်တစ်ယောက် နဲ့ အမျိုးသားတစ်ယောက် ပုံပါအနေအထားနဲ့ တွေ့ပါတယ်။

တကယ် အတွဲပုံစံဆိုရင်တော့ မသိချင်ယောင်ဆောင်သွားရုံပေါ့။

အခုတော့ အမျိုးသမီးက အသိလွတ်နေတဲ့ပုံစံနဲ့ ဖြစ်နေပါတယ်။

အတူပါ ကျန်အမျိုးသား၂ယောက်ကလည်း မလှမ်းမကမ်းမှာ တက္ကစီငှါးနေပါတယ်။

ကျမလည်း သူတို့ကိုကျော်သွားပြီးမှ နောက်ပြန်လှည့်ပြီး “ကျမဘာအကူအညီပေးရမလဲ။ ဒီညီမလေး နေကောင်းရဲ့လား”ဆိုတော့ “ကျနော်တို့က မောင်နှမတွေပါ။

ကုမ္ပဏီမှာလုပ်ပါတယ်။မွေးနေ့ပွဲမှာ ၂ခွက်လောက်သောက်လိုက်လို့ မူးသွားတာပါတဲ့”ကျမလည်း အရမ်းစိုးရိမ်သွားပြီး ကျမက အမျိုးသမီးအရေးဆောင်ရွက်သူပါ။

ကျမ ဒီညီမလေးကို အိမ်ပြန်ပို့ပေးရမလား။ “ညီမလေး၊ညီမလေး” လို့အော်ခေါ်ပေမဲ့ ခေါင်းတောင်မထူနိုင်တော့အောင်ဖြစ်နေပါတယ်။ပွေ့ထားတဲ့ လူကဘဲ “ရပါတယ်၊ကျနော်တို့ဘဲ လိုက်ပို့လိုက်ပါ့မယ်”တဲ့“ဒါဆိုလည်း ဒီညီမလေးနာမည်ပြောပါ။ ဖုံးနံပါတ်ပေးပါလို့”ပြောတော့ ညီမလေးနာမည်လို့ယူဆရတဲ့နာမည်တစ်ခုပြောပါတယ်။ ဖုံးနံပါတ်က ဖုံးထဲမှာဘဲရှိတယ်”တဲ့။

ကားငှါးတာလည်း ရနေပြီမို့ ကျန်၂ယောက်ကလည်း သွားရအောင်ခေါ်နေတယ်။ ကျမက “ဒီအတိုင်းတော့ သွားလို့မရဘူး။ ရှင်တို့ကို ဓါတ်ပုံရိုက်ထားမယ်။ ဆိုပြီးပြောလည်းပြော။၂ပုံလောက် မြန်မြန်ရိုက်ပလိုက်ပါတယ်။

အမ”မရိုက်ပါနဲ့”လို့တော့ အဲ့လူက လက်ကာတားပါတယ်။ ကျမကလည်း ခပ်တည်တည်နဲ့ သူတို့ကို ခြိမ်းခြောက်တာတော့ လုပ်လိုက်သေး။

ကမန်းကတမ်းနဲ့”ရတယ်၊ရတယ်”ဆိုပြီး တက္ကစီပေါ် အမျိုူးသမီးငယ်ကို တွဲလို့ ၄ယောက်သား တက်သွားကြတယ်။

ကျမ နေရာမှာ မိတ်ဆွေတို့ဆိုရင်ရော ဘာလုပ်မလဲ။ ကျမအခုလို လုပ်လိုက်တာ လွန်သလား။မှားသလား။ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ချိုးဖေါက်ရာရောက်သလား။ သိချင်ပါတယ်။

စာရေးနေတဲ့အချိန်ထိ ကျမ ငိုချင်သလိုလို၊စိတ်မကောင်းသလိုလို၊ဒေါသထွက်သလိုလို။ ခံစားမှုက အစုံ။အစုံ။

အန္တရာယ်ကင်းပါစေ ညီမငယ်ရေပျော်တတ်ရင်တောင် စိတ်ချရတဲ့ အဖေါ်။သူငယ်ချင်းကောင်းရအောင်ရှာပြီး ပျော်တတ်ပါစေလို့။

(သမီးအကူအညီ နဲ့ ကာယကံရှင်များရဲ့ဓါတ်ပုံကို ပြုပြင်ထားပါတယ်။)

Credit: PoPin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top