iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ခ်တဲ့ အေၾကာင္း ေျပာရင္းေခါင္းထဲေပၚလာတာေလး ေရးမယ္ေနာ္..။

ကၽြန္မတို႔ ပတ္ဝန္းက်င္မွာ (မိသားစု၊ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္၊ သူငယ္ခ်င္း၊ အိမ္နီးခ်င္း စသျဖင့္) တခိ်ဳ႕ေတြဝၾကတယ္။

ကၽြန္မ ဝတဲ့အေၾကာင္းကို ၂ မိ်ဳး ခဲြေျပာပါမယ္။

ပထမ တမိ်ဳးက အလြန္အမင္းဝတာပါ။ ၾကည့္လိုက္တာႏွင့္ မ်က္ႏွာကေန ေျခေထာက္ထိ အကုန္ဝေနတာမိ်ဳး။

ဒါမိ်ဳးကို ဝတယ္ လို႔ ပတ္ဝန္းက်င္ကေရာ သူကိုယ္တိုင္က ပါလက္ခံထားပါတယ္။

အဲ့လို လူမ်ိဳးေတြကို ကၽြန္မ အၿမဲ ဝိတ္ခ်ဖို႔တိုက္တြန္း တတ္ပါတယ္။ ဒါကို တခိ်ဳ႕က သူကပိန္ေတာ့ ငါဝတာကို နွိမ္တယ္ ထင္ၾကတယ္။

ငါ့ဖာသာ ဝတာ သူ႔အပူလား။ ငါဖာသာ စားႏိုင္ေသာက္ႏိုင္လို႔ ဝတာ ဆိုၿပီး ညိဳညင္ၾကပါတယ္။ အမွန္ေတာ့ ကၽြန္မက ခ်စ္လို႔ေျပာတာပါ။

ကၽြန္မက မခ်စ္ရင္ မခင္ရင္ ဟန္ေဆာင္ၿပီးေတာင္ စကားေျပာတတ္တဲ့ သူမဟုတ္ပါဘူး။

လူ႔ဘဝတိုတိုေလးကို မခ်စ္သူေတြ အတြက္ အခိ်န္မေပးႏိုင္ဘူးေလ။

ဒါ့ေၾကာင့္ ဒီေနရာက တခါတည္းေျပာပါမယ္..။ ဝ သည္ျဖစ္ေစ ပိန္သည္ ျဖစ္ေစ သင့္အ႐ိုးက ဒီအ႐ိုးပါပဲ။

အ႐ိုးက ဝ မလာပါဘူး။ ဒီလိုပါပဲ ပိန္ရင္လဲ အ႐ိုးက လိုက္မပိန္ပါဘူး။

ကဲ ဒီေတာ့ သာမာန္ လူတေယာက္ရဲ႕ ခႏၶာကိုယ္က အသားေတြ အဆီေတြကို သတ္သတ္ ခဲြထုတ္လိုက္ရင္ ဆန္အိတ္ တအိတ္စာ ရွိတယ္ ဆိုပါေတာ့.. ။

အဲ့ေတာ့ သူ႔အ႐ိုးက ဆန္အိတ္တအိတ္စာ ေန႔စဥ္ ထမ္းထားရတာေပါ့။

အကယ္၍ သူက အဝလြန္ၿပီး ဆန္အိတ္ ၅ အိတ္စာ ျဖစ္ေနတယ္ဆိုရင္ ဒီအ႐ိုးက ပဲ ဆန္အိတ္ ၅ အိတ္ထမ္းရမွာ။

ဆန္အိတ္ကမွ ပင္ပန္းရင္ ေအာက္ခ်ထားလို႔ရတယ္။ လူကိုယ္က အဆီေတြက ခဏျဖဳတ္ထားလို႔ မရဘူး။

စားစား သြားသြား၊ အိပ္တာျဖစ္ျဖစ္၊ ေရခိ်ဳး၊ ေက်ာင္းသြား၊ လိုင္းကားစီး၊ ဆိုက္ကားစီး ၊ ေနာက္ဆံုး အိမ္သာတက္တာေတာင္ သယ္ထားရတာ မဟုတ္လား?

အဲ့ေတာ့ ကိုယ့္အ႐ိုးကို သနားရင္ ေလ်ာ့က်ပါ။ ဝတာၾကာလာရင္ Metabolism က်လာၿပီး ပိုဝလာမယ္။

ဝိတ္ခ်ဖို႔ ပိုခက္မယ္။ အဆိုးဆံုးက စားသမွ် အဆီပဲ ျဖစ္ေနၿပီး အားမျဖစ္ေတာ့ မူးလာမယ္၊ အားနည္းမယ္။

က်ားကိုးစီး စားမကုန္ပဲ မူးေနေသးတယ္လို႔ လူေတြက တမိ်ဳးထင္မယ္။ လူပိန္းစကားေျပာရရင္ metabolism က ကိုယ္ထဲက အဆီေတြ၊

အသားေတြ ကို energy (အားအင္) ျဖစ္ဖို႔ ေလာင္ကၽြမ္းေပးတာပါ။ energy ဆိုတာက လမ္းေလ်ာက္တာ၊ အိပ္တာ ကအစ အကုန္လံုးမွာ လိုအပ္ေနတယ္။

ကားအင္ဂ်င္လိုေပါ့။ လူေတြ အသက္ရွင္ဖို႔ energy လိုအပ္ေနတယ္ေလ။

ဒီ Metabolism က က်လာၿပီဆိုရင္ သူက burning လုပ္ဖို႔ ရွာမေတြ႕ေတာ့ဘူး။ အစာအိမ္တခုပဲ သူသိေတာ့တယ္။

အစာအိမ္ထဲက အစာကို ေခ်ဖ်က္မယ္။ အစာကုန္သြားရင္ မဖ်က္ေတာ့ဘူး။ တျခားေနရာက အဆီေတြ အသားေတြ ကို မေတြ႕ေတာ့ဘူး။

အဲ့အဆီအသားေတြက လဲ သူကပဲ အစာထဲကေန စုပ္ယူၿပီ ကိုယ္ထဲသိမ္းထားတာ။ ဒါေပမယ့္ သူက အတိတ္ေမ့သြားတယ္။

တျဖည္းျဖည္း သူက အစာေတြစုလိုက္ ဆာလိုက္ burning လုပ္ဖို႔မေတြ႕ေတာ့ မူးလိုက္ေမာ္လိုက္၊ ေခၽြးေတြထြက္လိုက္၊

လူကလဲ စားမွ သက္သာတယ္ဆိုၿပီး ထပ္စားလိုက္၊ အသားထပ္တက္လိုက္ႏွင့္ သံသရာလည္ေတာ့တာေပါ့။ အဲ့ အဆင့္မေရာက္ခင္ ကိုယ့္ ဝိတ္ကိုယ္ခ်ေပးပါ။

ကိုယ္လက္ ေလ့က်င့္ခန္းလုပ္ေပးျခင္းက Metabolism ကိုတိုးတက္ေစတဲ့ အတြက္ ဝိတ္မခ်ခ်င္ရင္ေတာင္

အနည္းဆံုး တပတ္ ၃ ရက္ေလာက္ေတာ့ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေပးပါ။

တခိ်ဳ႕က ဘယ္သူက ဝခ်င္မလဲ။ ဘယ္လိုခ်ခ် မရလို႔ေပါ့ ဆိုတာ ရွိေသးတယ္။ တကယ္မျဖစ္ခ်င္ေသးလို႔ပါ လို႔ပဲ ေျပာပါရေစ။

တကယ္ျဖစ္ခ်င္ျဖစ္ပါတယ္။ အပင္ပန္း မခံႏိုင္လို႔ တို႔၊ အခိ်န္မအားလို႔ ဆိုတာ အေၾကာင္းျပခ်က္ေတြပါ။

Facebook သံုးဖို႔၊ TV ၾကည့္ဖို႔ အခိ်န္ေပးႏိုင္ၾကတယ္။ ေလ့က်င့္ခန္းလုပ္ဖို႔ အခိ်န္မေပးႏိုင္တာ အံ့ၾသလြန္းလို႔ပါ။

ေန႔တိုင္း ေရခိ်ဳးၾကပါတယ္။ ေရမခိ်ဳးခင္ျဖစ္ေစ။ ေရခိ်ဳးခန္းထဲ ျဖစ္ေစ ထိုင္ထ လုပ္တာမိ်ဴး ၅ မိနစ္ ေလာက္လုပ္ၾကည့္ရင္း

အစပိ်ဳးလိုက္ရင္ တျဖည္းျဖည္း အက်င့္ရသြားပါလိမ့္မယ္။ ေရမခိ်ဳးရင္ေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။ ဒါက အရမ္းဝသူေတြ အတြက္ပါ။

ဒုတိယတမိ်ဳးကေတာ့ အဆီမ်ားတဲ့ေနရာေတြပဲ ကြက္ဝတာ။ ဗိုက္၊ ခါး၊ တင္၊ ေပါင္၊ လက္ေမာင္း စသည္ျဖင့္ေပါ့။

တခိ်ဳ႕က လူပိန္တယ္ တေနရာတည္းကြက္ဝတာ။ အမ်ားစုက ဗိုက္ပူတာေပါ့ေလ။ ကၽြန္မဆို ဗိုက္ပူတာ မွန္ေပမယ့္ ဗိုက္ထက္ပို အဆီစုတာက လက္ျပင္။

weight တက္ၿပီဆို စတက္တာ လက္ျပင္ ၿပီးရင္ ခါး အေနာက္ဘက္က အဆီျပင္ ေနာက္မွ ဗိုက္တက္တာ။

ဒါမိ်ဳးလူေတြက ခ်ဖို႔ပိုပ်င္းၾကတယ္ဆို ယံုမလား?

မွန္ေရွ႕ရပ္ၿပီး ေအာ္ ငါဗိုက္ပူေနပါလား။ ခ်ရမယ္လို႔ ေတြးေပမယ္။ မွန္ေရွ႕က ခြာတာႏွင့္ ေအာ္ငါက ဗိုက္ေလးပဲ ပူတာပါ က်န္တာက လွၿပီးသား ျဖစ္သြားေရာ။

ဒီလိုလူေတြက ေတာ့ ပိန္ဖို႔ အာရံုမစိုက္ပဲ က်န္းမာဖို႔ အာရံုစိုက္ပါ။

ကိုယ့္ကိုယ္ကိုအသိဆံုးပါ။ ခါးနာလား ဒူးနာေနလား ဆိုတဲ့ ေရာဂါေတြ အျပင္ အသက္ကို ၾကည့္ပါ။

ငါႏွင့္ Level တန္းမွာ ငါ့အေျခအေနက ဘယ္လိုလဲ။ ၿပိဳင္ဖို႔ေျပာတာ မဟုတ္ဘူး။ ကိုယ့္က်န္းမာေရးကို ဆန္းစစ္ဖို႔ေျပာတာ။

ကၽြန္မတို႔ ခႏၶာကိုယ္က ကၽြန္မတို႔ ရဲ႕ ဖြားဖက္ေတာ္ပါ။ ေမြးကတည္းက အတူႀကီးလာတာ။

တခါမွ ခဲြခြာ မေနဖူးသလို။ တခါမွလဲ spare parts မလဲခဲ့ပါဘူး။ လဲစရာလဲ အပို မပါပါဘူး။

ဒီေတာ့ ကိုယ့္ခႏၶာကိုယ္ကို ကိုယ္မွ ဂ႐ုမစိုက္ခ်င္ရင္ ဘယ္သူက ဂ႐ုစိုက္ပါ့မလဲ?။

ေငြကို အသည္းအသန္ ရွာၾကတယ္။ က်န္းမာေရးကေနာက္မွ။ ေနမေကာင္းျဖစ္ေတာ့မွ လူမေသ ေငြမရွားဆိုၿပီး ရွာထားသမွ် ကုန္ေအာင္ ကုၾကျပန္ေရာ။

ေကာင္းသြားေတာ့ ေငြျပန္ရွာၾကျပန္ေရာ။ Steve Jobs ကိုၾကည့္။ သူ႔ေလာက္ခ်မ္းသာ ေအာင္ရွာႏိုင္ရင္ေတာင္ သူလိုပဲ ေသႏိုင္ေသးတာပဲေလ။

သူ႔ေငြေတြက သူ႔ကိုယ္ မကယ္ႏိုင္ဘူး။

ေနာက္တခုက က်န္းမာေရးႏွင့္ အလွအပ က တိုက္႐ိုက္အခိ်ဳးက်တယ္ေနာ္။ ဘယ္ေလာက္ပဲ မိတ္ကပ္ေတြ လိမ္း၊

Skin care ေတြလုပ္၊body spa ေတြသြားေနလဲ မက်န္းမာရင္ မ်က္ကြင္းႀကီးညိဳၿပီး ေမ်ာက္အိုမႀကီးလို ျဖစ္ေနတတ္တယ္။

မိတ္ကပ္အားကိုးလြန္းရင္လဲ အေရးအေၾကာင္းေတြ ပိုၿပီးေစာေစာ ေပၚလာတတ္တယ္။ မိတ္ကပ္မပါရင္ ႀကည့္မေကာင္းေတာ့ဘူး။

ဒီေတာ့ အသက္ရလာတာႏွင့္ အမွ် သဘာဝ အတိုင္းေလး လွေနဖို႔ အသက္ ႏွင့္အညီ ရင့္က်က္တဲ့ အလွေပၚလြင္ဖို႔က

ကိုယ္တြင္းကိုယ္ျပင္ စိတ္တြင္းစိတ္ျပင္ က်န္းမာဖို႔ အေရးအႀကီးဆံုးပါလို႔ ေျပာရင္း…။

ႀကိဳးစားပါဦးမည္

Credit: DMY
# Unicode Version ျဖင့္ ဖတ္ပါ #


ဝိတ်ချတဲ့ အကြောင်း ပြောရင်းခေါင်းထဲပေါ်လာတာလေး ရေးမယ်နော်..။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ (မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ အိမ်နီးချင်း စသဖြင့်) တချို့တွေဝကြတယ်။

ကျွန်မ ဝတဲ့အကြောင်းကို ၂ မျိုး ခွဲပြောပါမယ်။

ပထမ တမျိုးက အလွန်အမင်းဝတာပါ။ ကြည့်လိုက်တာနှင့် မျက်နှာကနေ ခြေထောက်ထိ အကုန်ဝနေတာမျိုး။

ဒါမျိုးကို ဝတယ် လို့ ပတ်ဝန်းကျင်ကရော သူကိုယ်တိုင်က ပါလက်ခံထားပါတယ်။

အဲ့လို လူမျိုးတွေကို ကျွန်မ အမြဲ ဝိတ်ချဖို့တိုက်တွန်း တတ်ပါတယ်။ ဒါကို တချို့က သူကပိန်တော့ ငါဝတာကို နှိမ်တယ် ထင်ကြတယ်။

ငါ့ဖာသာ ဝတာ သူ့အပူလား။ ငါဖာသာ စားနိုင်သောက်နိုင်လို့ ဝတာ ဆိုပြီး ညိုညင်ကြပါတယ်။ အမှန်တော့ ကျွန်မက ချစ်လို့ပြောတာပါ။

ကျွန်မက မချစ်ရင် မခင်ရင် ဟန်ဆောင်ပြီးတောင် စကားပြောတတ်တဲ့ သူမဟုတ်ပါဘူး။

လူ့ဘဝတိုတိုလေးကို မချစ်သူတွေ အတွက် အချိန်မပေးနိုင်ဘူးလေ။

ဒါ့ကြောင့် ဒီနေရာက တခါတည်းပြောပါမယ်..။ ဝ သည်ဖြစ်စေ ပိန်သည် ဖြစ်စေ သင့်အရိုးက ဒီအရိုးပါပဲ။

အရိုးက ဝ မလာပါဘူး။ ဒီလိုပါပဲ ပိန်ရင်လဲ အရိုးက လိုက်မပိန်ပါဘူး။

ကဲ ဒီတော့ သာမာန် လူတယောက်ရဲ့ ခန္ဓာကိုယ်က အသားတွေ အဆီတွေကို သတ်သတ် ခွဲထုတ်လိုက်ရင် ဆန်အိတ် တအိတ်စာ ရှိတယ် ဆိုပါတော့.. ။

အဲ့တော့ သူ့အရိုးက ဆန်အိတ်တအိတ်စာ နေ့စဉ် ထမ်းထားရတာပေါ့။

အကယ်၍ သူက အဝလွန်ပြီး ဆန်အိတ် ၅ အိတ်စာ ဖြစ်နေတယ်ဆိုရင် ဒီအရိုးက ပဲ ဆန်အိတ် ၅ အိတ်ထမ်းရမှာ။

ဆန်အိတ်ကမှ ပင်ပန်းရင် အောက်ချထားလို့ရတယ်။ လူကိုယ်က အဆီတွေက ခဏဖြုတ်ထားလို့ မရဘူး။

စားစား သွားသွား၊ အိပ်တာဖြစ်ဖြစ်၊ ရေချိုး၊ ကျောင်းသွား၊ လိုင်းကားစီး၊ ဆိုက်ကားစီး ၊ နောက်ဆုံး အိမ်သာတက်တာတောင် သယ်ထားရတာ မဟုတ်လား?

အဲ့တော့ ကိုယ့်အရိုးကို သနားရင် လျော့ကျပါ။ ဝတာကြာလာရင် Metabolism ကျလာပြီး ပိုဝလာမယ်။

ဝိတ်ချဖို့ ပိုခက်မယ်။ အဆိုးဆုံးက စားသမျှ အဆီပဲ ဖြစ်နေပြီး အားမဖြစ်တော့ မူးလာမယ်၊ အားနည်းမယ်။

ကျားကိုးစီး စားမကုန်ပဲ မူးနေသေးတယ်လို့ လူတွေက တမျိုးထင်မယ်။ လူပိန်းစကားပြောရရင် metabolism က ကိုယ်ထဲက အဆီတွေ၊

အသားတွေ ကို energy (အားအင်) ဖြစ်ဖို့ လောင်ကျွမ်းပေးတာပါ။ energy ဆိုတာက လမ်းလျောက်တာ၊ အိပ်တာ ကအစ အကုန်လုံးမှာ လိုအပ်နေတယ်။

ကားအင်ဂျင်လိုပေါ့။ လူတွေ အသက်ရှင်ဖို့ energy လိုအပ်နေတယ်လေ။

ဒီ Metabolism က ကျလာပြီဆိုရင် သူက burning လုပ်ဖို့ ရှာမတွေ့တော့ဘူး။ အစာအိမ်တခုပဲ သူသိတော့တယ်။

အစာအိမ်ထဲက အစာကို ချေဖျက်မယ်။ အစာကုန်သွားရင် မဖျက်တော့ဘူး။ တခြားနေရာက အဆီတွေ အသားတွေ ကို မတွေ့တော့ဘူး။

အဲ့အဆီအသားတွေက လဲ သူကပဲ အစာထဲကနေ စုပ်ယူပြီ ကိုယ်ထဲသိမ်းထားတာ။ ဒါပေမယ့် သူက အတိတ်မေ့သွားတယ်။

တဖြည်းဖြည်း သူက အစာတွေစုလိုက် ဆာလိုက် burning လုပ်ဖို့မတွေ့တော့ မူးလိုက်မော်လိုက်၊ ချွေးတွေထွက်လိုက်၊

လူကလဲ စားမှ သက်သာတယ်ဆိုပြီး ထပ်စားလိုက်၊ အသားထပ်တက်လိုက်နှင့် သံသရာလည်တော့တာပေါ့။ အဲ့ အဆင့်မရောက်ခင် ကိုယ့် ဝိတ်ကိုယ်ချပေးပါ။

ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပေးခြင်းက Metabolism ကိုတိုးတက်စေတဲ့ အတွက် ဝိတ်မချချင်ရင်တောင်

အနည်းဆုံး တပတ် ၃ ရက်လောက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။

တချို့က ဘယ်သူက ဝချင်မလဲ။ ဘယ်လိုချချ မရလို့ပေါ့ ဆိုတာ ရှိသေးတယ်။ တကယ်မဖြစ်ချင်သေးလို့ပါ လို့ပဲ ပြောပါရစေ။

တကယ်ဖြစ်ချင်ဖြစ်ပါတယ်။ အပင်ပန်း မခံနိုင်လို့ တို့၊ အချိန်မအားလို့ ဆိုတာ အကြောင်းပြချက်တွေပါ။

Facebook သုံးဖို့၊ TV ကြည့်ဖို့ အချိန်ပေးနိုင်ကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တာ အံ့သြလွန်းလို့ပါ။

နေ့တိုင်း ရေချိုးကြပါတယ်။ ရေမချိုးခင်ဖြစ်စေ။ ရေချိုးခန်းထဲ ဖြစ်စေ ထိုင်ထ လုပ်တာမျိူး ၅ မိနစ် လောက်လုပ်ကြည့်ရင်း

အစပျိုးလိုက်ရင် တဖြည်းဖြည်း အကျင့်ရသွားပါလိမ့်မယ်။ ရေမချိုးရင်တော့ မပြောတတ်ဘူးပေါ့နော်။ ဒါက အရမ်းဝသူတွေ အတွက်ပါ။

ဒုတိယတမျိုးကတော့ အဆီများတဲ့နေရာတွေပဲ ကွက်ဝတာ။ ဗိုက်၊ ခါး၊ တင်၊ ပေါင်၊ လက်မောင်း စသည်ဖြင့်ပေါ့။

တချို့က လူပိန်တယ် တနေရာတည်းကွက်ဝတာ။ အများစုက ဗိုက်ပူတာပေါ့လေ။ ကျွန်မဆို ဗိုက်ပူတာ မှန်ပေမယ့် ဗိုက်ထက်ပို အဆီစုတာက လက်ပြင်။

weight တက်ပြီဆို စတက်တာ လက်ပြင် ပြီးရင် ခါး အနောက်ဘက်က အဆီပြင် နောက်မှ ဗိုက်တက်တာ။

ဒါမျိုးလူတွေက ချဖို့ပိုပျင်းကြတယ်ဆို ယုံမလား?

မှန်ရှေ့ရပ်ပြီး အော် ငါဗိုက်ပူနေပါလား။ ချရမယ်လို့ တွေးပေမယ်။ မှန်ရှေ့က ခွာတာနှင့် အော်ငါက ဗိုက်လေးပဲ ပူတာပါ ကျန်တာက လှပြီးသား ဖြစ်သွားရော။

ဒီလိုလူတွေက တော့ ပိန်ဖို့ အာရုံမစိုက်ပဲ ကျန်းမာဖို့ အာရုံစိုက်ပါ။

ကိုယ့်ကိုယ်ကိုအသိဆုံးပါ။ ခါးနာလား ဒူးနာနေလား ဆိုတဲ့ ရောဂါတွေ အပြင် အသက်ကို ကြည့်ပါ။

ငါနှင့် Level တန်းမှာ ငါ့အခြေအနေက ဘယ်လိုလဲ။ ပြိုင်ဖို့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကျန်းမာရေးကို ဆန်းစစ်ဖို့ပြောတာ။

ကျွန်မတို့ ခန္ဓာကိုယ်က ကျွန်မတို့ ရဲ့ ဖွားဖက်တော်ပါ။ မွေးကတည်းက အတူကြီးလာတာ။

တခါမှ ခွဲခွာ မနေဖူးသလို။ တခါမှလဲ spare parts မလဲခဲ့ပါဘူး။ လဲစရာလဲ အပို မပါပါဘူး။

ဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မှ ဂရုမစိုက်ချင်ရင် ဘယ်သူက ဂရုစိုက်ပါ့မလဲ?။

ငွေကို အသည်းအသန် ရှာကြတယ်။ ကျန်းမာရေးကနောက်မှ။ နေမကောင်းဖြစ်တော့မှ လူမသေ ငွေမရှားဆိုပြီး ရှာထားသမျှ ကုန်အောင် ကုကြပြန်ရော။

ကောင်းသွားတော့ ငွေပြန်ရှာကြပြန်ရော။ Steve Jobs ကိုကြည့်။ သူ့လောက်ချမ်းသာ အောင်ရှာနိုင်ရင်တောင် သူလိုပဲ သေနိုင်သေးတာပဲလေ။

သူ့ငွေတွေက သူ့ကိုယ် မကယ်နိုင်ဘူး။

နောက်တခုက ကျန်းမာရေးနှင့် အလှအပ က တိုက်ရိုက်အချိုးကျတယ်နော်။ ဘယ်လောက်ပဲ မိတ်ကပ်တွေ လိမ်း၊

Skin care တွေလုပ်၊body spa တွေသွားနေလဲ မကျန်းမာရင် မျက်ကွင်းကြီးညိုပြီး မျောက်အိုမကြီးလို ဖြစ်နေတတ်တယ်။

မိတ်ကပ်အားကိုးလွန်းရင်လဲ အရေးအကြောင်းတွေ ပိုပြီးစောစော ပေါ်လာတတ်တယ်။ မိတ်ကပ်မပါရင် ကြည့်မကောင်းတော့ဘူး။

ဒီတော့ အသက်ရလာတာနှင့် အမျှ သဘာဝ အတိုင်းလေး လှနေဖို့ အသက် နှင့်အညီ ရင့်ကျက်တဲ့ အလှပေါ်လွင်ဖို့က

ကိုယ်တွင်းကိုယ်ပြင် စိတ်တွင်းစိတ်ပြင် ကျန်းမာဖို့ အရေးအကြီးဆုံးပါလို့ ပြောရင်း…။

ကြိုးစားပါဦးမည်

Credit: DMY
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top