iMyanmarHouse.com - Best Property Website for Myanmar
×

အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီးမွာ သေႏၶတားဖို႔အတြက္ အႏၲရာယ္အကင္းဆုံးနည္းလမ္းကေတာ့ အေရးေပၚ သေႏၶတားနည္း EC (Emergency contraception) ကို အသုံးျပဳျခင္းပဲ ျဖစ္ပါတယ္။ အေရးေပၚ သေႏၶတားနည္း (EC) အမ်ိဳးမ်ိဳးရွိပါတယ္။ တစ္ခ်ိဳသေႏၶတားနည္းေတြက တစ္ခ်ိဳ႕နည္းလမ္းေတြထက္ ပိုၿပီး စိတ္ခ်ရပါတယ္။

အေရးေပၚ သေႏၶတားနည္း (EC) ဘယ္ႏွစ္မ်ိဳးေလာက္ရွိပါသလဲ။

အကာအကြယ္မပါဘဲ လိင္ဆက္ဆံၿပီးမွ သေႏၶတားခ်င္တယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ေ႐ြးခ်ယ္စရာ နည္းလမ္း (၂) နည္းရွိပါတယ္။

နည္းလမ္း (၁)

အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီး နာရီေပါင္း ၁၂၀ (၅ရက္) အတြင္း ParaGard IUD ကို အသုံးျပဳျခင္း။ သားအိမ္အတြင္း ထည့္သြင္းရတဲ့ ပဋိသေႏၶတားပစၥည္း intrauterine devices (IUDs) ေတြမွာဆိုရင္ ၂ မ်ိဳးထပ္ရွိပါေသးတယ္။ အဲ့ဒါေတြကေတာ့ ေဟာ္မုန္းပါတဲ့ IUD နဲ႔ ေဟာ္မုန္းမပါတဲ့ IUD တို႔ပါပဲ။ ဒီ IUD ႏွစ္ခုရဲ႕ တူညီတဲ့အခ်က္ကေတာ့ ႏွစ္မ်ိဳးလုံးဟာ အင္မတန္ ထိေရာက္မႈရွိၿပီး တစ္ႏွစ္နဲ႔ အထက္ သေႏၶတားခ်င္တဲ့ အမ်ိဳးသမီးေတြအသုံးျပဳသင့္ဆုံးနည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ParaGard IUD ဟာ ေဟာ္မုန္းမပါဝင္တဲ့ IUD ျဖစ္ပါတယ္။ အေမရိကန္က အမ်ိဳးသမီးဆရာဝန္ေတြအမ်ားစုနဲ႔ ေဆးပညာေလာက ကအမ်ိဳးသမီး အမ်ားစုက IUD ေတြကို သေႏၶတားနည္း တစ္ခုအျဖစ္အမ်ားဆုံး အသုံးျပဳၾကပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ ဆရာဝန္အမ်ားစုဟာ IUD က စိတ္ခ်ရၿပီး ကိရကထ မမ်ားတဲ့အျပင္ အလြန္ထိေရာက္တဲ့ သေႏၶတားနည္းမွန္းသိတဲ့အတြက္ ျဖစ္ပါတယ္။

နည္းလမ္း (၂)

(emergency contraceptive) EC ေဆးမ်ားကို အကာအကြယ္မပါဘဲ လိင္ဆက္ဆံၿပီးေနာက္ နာရီေပါင္း ၁၂၀ (၅) ရက္အတြင္း ေသာက္သုံးျခင္း။ ဒီေဆးေတြကို morning-after pill လို႔လည္းေခၚဆိုၾကပါတယ္။ ဒီ EC ေဆးေတာင့္ေတြမွာလည္း ၂ မ်ိဳးထပ္ရွိပါတယ္။ အဲ့ဒါေတြ ကေတာ့-

(၁) Ulipristal Acetate ဓာတု ဓာတ္ေပါင္းပါဝင္တဲ့ Ella တံဆိပ္ အေရးေပၚ သေႏၶတားနည္းေဆးေတာင့္။ Ella ကိုဝယ္ယူႏိုင္ဖိုအတြက္ဆိုရင္ သူနာျပဳဆရာမ တစ္ေယာက္ (သို႔) ဆရာဝန္တစ္ေယာက္ထံမွ ေဆးၫြန္းစာ႐ြက္လိုအပ္ပါတယ္။ Ella ေဆးေတာင့္ဟာ morning-after pill ေဆးေတာင့္ေတြထဲမွာ အစြမ္းထက္ဆုံး ေဆးလည္း ျဖစ္ပါတယ္။ Ella ကို အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီး နာရီေပါင္း ၁၂၀ (၅ ရက္) အၾကာမွာ အသုံးျပဳႏိုင္ပါတယ္။ ၅ ရက္အၾကာမွ ေသာက္လည္း ခ်က္ျခင္းေသာက္တဲ့ေန႔လိုပဲ ေဆးအာနိသင္က တူတူပါပဲ။ ဒါေပမဲ့ ကိုယ္က အကာအကြယ္မပါဘဲ လိင္ဆက္ဆံမိလို႔ အေရးေပၚ ပဋိသေႏၶတားနည္းအသုံးျပဳမယ္ဆိုရင္ IUD ေတြက Ella ထက္ပိုေကာင္းတဲ့ နည္းလမ္းေတြ ျဖစ္ပါတယ္။

levonorgestrel ေဟာ္မုန္းေဆးမ်ား

levonorgestrel ဆိုတာ ေဟာ္မုန္း ေဆးဝါးတစ္မ်ိဳးျဖစ္ၿပီး သေႏၶတားနည္းလမ္း အမ်ိဳးမ်ိဳးမွာ အသုံးျပဳၾကပါတယ္။ တံဆိပ္ေတြကေတာ့  Plan B One Step, Next Choice One Dose, Take Action, My Way, AfterPill စသျဖင့္ တံဆိပ္ အမ်ိဳးမ်ိဳးရွိပါတယ္။ ဒီေဆးေတြ ၅ ရက္ (နာရီေပါင္း ၁၂၀) အတြင္း ေသာက္သုံးရတဲ့ ေဆးေတြ ျဖစ္ၿပီး အခ်ိန္ၾကာသြားေလ ထိေရာက္မႈနည္းေလပါပဲ။ ဒါ့အျပင္ ဒီေဆးေတြဟာ ပဋိသေႏၶမရေသးခင္ဘဲ ကာကြယ္ႏိုင္တာျဖစ္ပါတယ္။ ကိုယ္ဝန္ရၿပီးသားဆိုရင္ေတာ့ မကာကြယ္ႏိုင္ပါဘူး။ ကိုယ္ဝန္ရခ်ိန္ ေသာက္သုံးမိတယ္ဆိုရင္လည္း သေႏၶသားကို ထိခိုက္ႏိုင္ေၾကာင္း အေထာက္အထားေတြေတာ့ မရွိပါဘူး။ ဒီေဆးေတြဟာ မ်ိဴးဥေႂကြျခင္းကို တားဆီးလိုက္ၿပီး သုတ္ေကာင္ မဝင္ေရာက္ႏိုင္ေစရန္ သားအိမ္ေခါင္းကို ပိတ္ဆို႔လိုက္ျခင္းျဖင့္ သေႏၶတားေပးတာ ျဖစ္ပါတယ္။ သင့္အေနနဲ႔ ႏိုင္ငံအႏွံ႔က ေဆးဆိုင္ေတြနဲ႔ စတိုးဆိုင္ေတြမွာ morning-after pills ေတြကို ဆရာဝန္ရဲ႕ ေဆးေထာက္ခံစာမပါဘဲ ဝယ္ယူႏိုင္ပါတယ္။ ဒီလို morning-after pills ေဆးအမ်ိဳးအစားေတြက အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီး ၇၂နာရီ (၃ ရက္) မွာ အာနိသင္ အထိေရာက္ဆုံးျဖစ္ၿပီး သက္တမ္းအရဆိုရင္ေတာ့ ၅ ရက္ေလာက္အထိ အသုံးျပဳႏိုင္ပါတယ္။ ဒါေပမဲ့အျမန္ဆုံးေသာက္သုံးေလ အာနိသင္အထိေရာက္ဆုံး ျဖစ္ေလဆိုတာ သတိရထားဖို႔လိုပါတယ္။

သင့္အေနနဲ႔ ဒီ EC ( အေရးေပၚသေႏၶတားနည္း) ေတြကို ဒီလို အျဖစ္မ်ိဳးေတြ ႀကဳံလာရတဲ့ အခ်ိန္ေတြမွာ အသုံးျပဳႏိုင္ပါတယ္။

    သင္ဟာ  ကြန္ဒုံး (သို႔ )တစ္ျခား သေႏၶတားနည္းေတြကို အသုံးမျပဳဘဲ လိင္ဆက္ဆံခဲ့မယ္ဆိုရင္
    သင္ရဲ႕ ပုံမွန္ အသုံးျပဳေနၾက သေႏၶတားနည္းေတြျဖစ္တဲ့ သေႏၶတား ေဆးေတာင့္ေတြ ( EC မဟုတ္ပါ) ေသာက္ဖို႔ေမ့သြားရင္၊ သေႏၶတား Patch ေတြ သုံးဖို႔ ေမ့သြားမယ္ဆိုရင္
    သင့္ရဲ႕ ကြန္ဒုံးက သုတ္ထြက္အၿပီး ကြၽတ္သြားတာမ်ိဳး၊ ေပါက္ၿပဲသြားတာမ်ိဳး ျဖစ္ခဲ့မယ္ဆိုရင္
    အကာအကြယ္မပါဘဲ အတင္း အဓမၼလိင္ဆက္ဆံ ခံခဲ့ရမယ္ဆိုရင္ ဒီေဆးေတြကို မွီဝဲႏိုင္ပါတယ္။

သင္ဟာ အကာအကြယ္မပါဘဲလိင္ဆက္ဆံခဲ့ၿပီးေနာက္ ဒီလို EC ( အေရးေပၚ သေႏၶတားနည္း) ေတြကို မွန္မွန္ကန္ကန္အသုံးျပဳမယ္ဆိုရင္ ကိုယ္ဝန္ရႏိုင္ေျခ အခြင့္အလမ္းေတြ နည္းပါးသြားပါတယ္။ ဒီေနရာမွာ မွန္မွန္ကန္ကန္ဆိုတာ EC အေရးေပၚ သေႏၶတားနည္းေတြကို အခ်ိန္မွီေသာက္သုံးတာမ်ိဳး၊ သက္တမ္းမကုန္ေသးတဲ့ ေဆးကိုေသာက္သုံးတာမ်ိဳးကိုဆိုလိုတာပါ။ ဒါေပမဲ့ တစ္ခုတည္းေသာ သေႏၶတားနည္းအျဖစ္ EC (အေရးေပၚ သေႏၶတားနည္း) ေဆးေတြကိုပဲ မမွီခိုပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလို EC ေတြဟာ ပုံမွန္အေရးေပၚမဟုတ္တဲ့ သေႏၶတားနည္းေတြျဖစ္တဲ့ IUD တို႔၊ သေႏၶတားေဆးတို႔ ( EC မဟုတ္ပါ)၊ ကြန္ဒုံးတို႔ေလာက္ မထိေရာက္လို႔ျဖစ္ပါတယ္။

ကြၽန္မအတြက္ ဘယ္လိုအေရးေပၚ သေႏၶတားနည္းက အေကာင္းဆုံးျဖစ္မလဲ

သင့္အတြက္ အေကာင္းဆုံး အေရးေပၚ သေႏၶတားနည္းကို ဘယ္လိုေ႐ြးခ်ယ္မလဲဆိုတာ ေအာက္ပါအခ်က္ေတြၾကည့္ၿပီး ဆုံးျဖတ္ႏိုင္ပါတယ္။

    သင္ဟာ အကာအကြယ္မပါဘဲ လိင္ဆက္ဆံမိခဲ့မယ္ဆိုရင္၊
     ဘယ္လို EC မ်ိဳးက သင့္နဲ႔ လက္လွမ္းမီလဲဆိုတာရယ္၊
     BMI (BODY MASS INDEX) လို႔ေခၚတဲ့ သင့္အရပ္နဲ႔ ကိုယ္အေလးခ်ိန္ရယ္၊
    ရင္ေသြးကို ႏို႔ခ်ိဳတိုက္ေကြၽးေနသလားဆိုတာရယ္၊
    EC မဟုတ္တဲ့ သေႏၶတားေဆး ေတြ၊ သေႏၶတား Patch ေတြ၊ အမ်ိဳးသမီးေမြးလမ္းေၾကာင္းအတြင္း တပ္ဆင္ရတဲ့ သေႏၶတား Ring ေတြကို လြန္ခဲ့တဲ့ ၅ ရက္အတြင္း သုံးထားသလားဆိုတာေတြ အေပၚမူတည္ၿပီး ေ႐ြးခ်ယ္ႏိုင္ပါတယ္။

သင္အေနနဲ႔ အကာအကြယ္မပါဘဲ လိင္ဆက္ဆံမိခဲ့မယ္ဆိုရင္ အထိေရာက္ဆုံး အေရးေပၚသေႏၶတားနည္းေတြ သုံးတာ အေကာင္းဆုံးပါပဲ။ ဒါေပမဲ့ အေရးေပၚ သေႏၶတားနည္းေတြထဲမွာ အထိေရာက္ဆုံးျဖစ္တဲ့ IUD နဲ႔ Ella တို႔က အလြယ္တကူရဖို႔ မလြယ္ကူပါဘူး။ IUD ဆိုရင္လည္း သူနာျပဳဆရာမ တစ္ေယာက္ ဒါမွမဟုတ္ ဆရာဝန္တစ္ေယာက္ ထည့္သြင္းေပးမွရတာပါ။ Ella ဆိုရင္လည္း ဝယ္ဖို႔အတြက္ ဆရာဝန္ရဲ႕ ေဆးစာလိုအပ္ပါတယ္။ ဒီေတာ့ ဒီ ၂ ခုကိုသုံးဖို႔ဆိုရင္ကိုယ္က ဘယ္ေလာက္ အခ်ိန္က အကာအကြယ္မပါဘဲ လိင္ဆက္ဆံထားလဲဆိုတဲ့အခ်ိန္ကို ၾကည့္ၿပီး အခ်ိန္မွီေသာက္သုံးရမွာ ျဖစ္ပါတယ္။

levonorgestrel ေဟာ္မုန္းေဆးေတြျဖစ္တဲ့ Plan B တို႔လို ေဆးေတြဟာ သင္အကာအကြယ္မပါဘဲ လိင္ဆက္ဆံခဲ့ၿပီးေနာက္ ၃ ရက္ေက်ာ္သြားမယ္ဆိုရင္၊ ေသာက္သုံးမယ့္သူက BMI တန္ဖိုးျမင့္ေနတယ္ဆိုရင္ IUD နဲ႔ Ella တို႔ေလာက္ကို မထိေရာက္ေတာ့ပါဘူး။ ဒါေပမဲ့ Plan B နဲ႔ တစ္ျခား levonorgestrel ေဟာ္မုန္းေဆးေတြက ဝယ္ရအလြယ္ဆုံးပါပဲ။ ဒါေတြဝယ္ဖို႔အတြက္ သင့္အေနနဲ႔ ဆရာဝန္ေဆးစာ မလိုအပ္ပဲ ႏိုင္ငံအႏွံ႔ ကေဆးဆိုင္ေတြမွာ အသက္အ႐ြယ္မေ႐ြး၊ က်ားမ မေ႐ြး ဝယ္ယူႏိုင္ပါတယ္။

ပဋိသေႏၶတားေဆး ေတြေသာက္ဖို႔ေမ့တာပဲ ျဖစ္ျဖစ္၊ သေႏၶတား Patch ေတြ၊ Ring ေတြသုံးထားၿပီး ရက္ေက်ာ္သြားတာပဲျဖစ္ျဖစ္ သေႏၶတားေဆးေသာက္မယ္ဆိုရင္ Ella က Plan B ေတြေလာက္မထိေရာက္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အရင္သုံးထားတဲ့ သေႏၶတားနည္းလမ္းေတြမွ ေဟာ္မုန္းအက်န္ေတြက Ella ရဲ႕ အလုပ္လုပ္တဲ့ပုံစံကိုသြားေႏွာင့္ယွက္လို႔ပါ။ တကယ္လို႔ သင္လည္း ဘယ္လို EC အေရးေပၚသေႏၶတားနည္း ေတြသုံးရမလဲဆိုတာ ေဝခြဲမရျဖစ္ေနတယ္ဆိုရင္ ဆရာဝန္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။သတိထားဖို႔တစ္ခုကေတာ့ Ella တို႔ Plan B တို႔လိုမတူတဲ့ morning-after pills ႏွစ္မ်ိဴးကို ၅ ရက္ေလာက္မျခားဘဲ သြားမသုံးမိပါေစနဲ႔။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီေဆးႏွစ္မ်ိဳးက အခ်င္ခ်င္း တုံ႔ျပန္ၿပီး သေႏၶတားေပးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

ဒါ့အျပင္ ကိုယ္ဝန္မရႏိုင္ေအာင္ဆိုၿပီး morning-after pill တစ္မ်ိဳးတည္းကိုပဲ တစ္လုံးထက္ ပိုေသာက္တာမ်ိဴးလည္း မလုပ္ပါနဲ႔။ ဒါဟာ သင့္ကို ပိုၿပီး သေႏၶတားေပးႏိုင္မွာ မဟုတ္တဲ့အျပင္ သင့္ကို ပိုၿပီး ေနထိုင္မေကာင္းသာ ျဖစ္ေစမွာပါ။ ဒါေပမဲ့ သင့္အေနနဲ႔ ဘယ္လို အေရးေပၚ သေႏၶတားနည္းက အေကာင္းဆုံးလဲဆိုတာ စဥ္းစားလို႔မရဘူးဆိုရင္လည္း ဘာသေႏၶတားေဆးမွ မေသာက္ထားတာထက္ အေရးေပၚ သေႏၶတားနည္းတစ္ခုခု သုံးလိုက္တာက ပိုေကာင္းပါတယ္။ ဒါ့အျပင္ အေရးေပၚ သေႏၶတားေဆးေတြမွာ အခ်ိန္မွီျဖစ္ဖို႔က အရမ္းအေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ အေရးေပၚ သေႏၶတားေဆးေတြ အသုံးျပဳမယ္ဆိုရင္  နာရီေပါင္း ၁၂၀ (၅ ရက္) အတြင္းေသာက္သုံးသင့္ပါတယ္။

အေရးေပၚ သေႏၶတားနည္းေတြကို ဘယ္ေလာက္ အခ်ိန္အတြင္း ေသာက္သုံးသင့္လဲ။

အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီး နာရီေပါင္း ၁၂၀ ( ၅ ရက္ ) အတြင္းမွာ ParaGard IUD နဲ႔ Ella တို႔ကို အသုံးျပဳမယ္ဆိုရင္ ပဋိသေႏၶကို တားဆီးေပးႏိုင္ပါတယ္။ ဒါေပမဲ့ Plan B My Way, Next Choice တို႔လို တစ္ျခား  levonorgestrel ေဟာ္မုန္းေဆးေတြကေတာ့ အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီး အျမန္ဆုံးေသာက္သုံးေလ အထိေရာက္ဆုံး ျဖစ္ေလျဖစ္ၿပီး အခ်ိန္အားျဖင့္ေတာ့ ၇၂ နာရီ (၃ ရက္) အတြင္း ေသာက္သုံးတာ အေကာင္းဆုံး ျဖစ္ပါတယ္။ ၅ ရက္ေလာက္အထိ ေသာက္သုံးႏိုင္တယ္ဆိုေပမဲ့ ေစာေစာေသာက္သုံးထားတာ ေလာက္ထိေတာ့ ထိေရာက္မွာ မဟုတ္ပါဘူး။

morning-after pill သေႏၶတားေဆးေတြက စိတ္ခ်ရရဲ႕လား။

အေရးေပၚ သေႏၶတားနည္း (EC) တို႔က စိတ္ခ်ရပါတယ္။ လူသန္းေပါင္းမ်ားစြာက အေရးေပၚ သေႏၶတားနည္း (EC) အမ်ိဳးမ်ိဳးကို ႏွစ္ေပါင္း ၃၀ ေလာက္အထိ အသုံးျပဳခဲ့ၾကၿပီးပါၿပီ။ အခုခ်ိန္အထိ အေရးေပၚ သေႏၶတားနည္းသုံးလို႔ ေရာဂါသစ္ထပ္တိုးတယ္ဆိုတာမ်ိဳးေတာ့ မရွိပါဘူး။

morning-after pill ေဆးေတြကို ဘယ္ႏွစ္ႀကိမ္ေလာက္အထိ သုံးစြဲႏိုင္လဲ။

morning-after pill ေတြကို ဘယ္အခ်ိန္အထိပဲ ျဖစ္ျဖစ္ အသုံးျပဳတာက သင့္က်န္းမာေရးကို မထိခိုက္ႏိုင္ပါဘူး။ ဒါေပမဲ့ morning-after pill ေဆးေတြကို ပုံမွန္ သေႏၶတားနည္းအျဖစ္ ေတာ့ တစ္ခ်ိဳ႕အေၾကာင္းေတြေၾကာင့္ မမွီဝဲသင့္ပါဘူး။ ေအာက္မွာေတာ့ ဒီအခ်က္ေတြကို ေဖာ္ျပထားပါတယ္။

    morning-after pill ေဆးေတြဟာ တျခားသေႏၶတားနည္းေတြ ျဖစ္တဲ့ IUD, implant, pill, shot, ring တို႔ေလာက္ သေႏၶကို ထိထိေရာက္ေရာက္ မတားဆီးႏိုင္ပါဘူး။
     morning-after pill ကိုပဲ ထပ္ခါ ထပ္ခါ သုံးစြဲေနတာမ်ိဳးက တစ္ျခားပုံမွန္ သေႏၶတားနည္းေတြထက္ ေဈးႀကီးပါတယ္။
    morning-after pill ေဆးေသာက္လို႔ ျဖစ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြက ယာယီသာ ျဖစ္ၿပီး အႏၲရာယ္ မရွိဘူးဆိုေပမဲ့ ဓမၼတာအတြင္း ေသြးသြန္ျခင္းနဲ႔ မအီမသာ ျဖစ္ျခင္းတို႔ ျဖစ္ႏိုင္တဲ့အတြက္ စိတ္ရႈပ္စရာေကာင္းပါတယ္။
    morning-after pill ေဆးေတြကို ဘယ္ႏွစ္ႀကိမ္ပဲ သုံးသည္ျဖစ္ေစ စိတ္ခ်ရပါတယ္။ ဒီနည္းက ေရရွည္သုံးလို႔ေကာင္းတဲ့ နည္းလမ္း မဟုတ္တာ တစ္ခုပါပဲ။ လိင္မဆက္ဆံခင္နဲ႔ ဆက္ဆံစဥ္အတြင္း သုံးရတဲ့ IUD, implant, pill နဲ႔ ကြန္ဒုံးတို႔လိုမ်ိဳး သေႏၶတားနည္းေတြဟာ ပိုထိေရာက္မႈရွိၿပီး ေဈးသက္သာတဲ့အျပင္ အလြယ္တကူလည္း ရရွိႏိုင္ပါတယ္။ ParaGard IUD ကို အေရးေပၚ သေႏၶတားနည္းအျဖစ္ အသုံးျပဳသင့္တဲ့အခ်က္က ဒီ IUD ဟာ သေႏၶတားတဲ့ ေနရာမွာ စိတ္ခ်ရႏိုင္ၿပီး မထုတ္မခ်င္း ၁၂ ႏွစ္အထိ အလုပ္ေကာင္းေကာင္း လုပ္ႏိုင္ပါတယ္။

အေရးေပၚ သေႏၶတားနည္း (EC) ေတြက ဘယ္လိုအလုပ္လုပ္လဲ။

ကိုယ္ဝန္ဆိုတာ လိင္ဆက္ဆံအၿပီး ခ်က္ျခင္းတန္းျဖစ္လာတာမဟုတ္ပါဘူး။ ဒါေၾကာင့္ သေႏၶတားခ်င္တယ္ဆိုရင္ လိင္ဆက္ဆံအၿပီး ရက္အနည္းငယ္အတြင္းမွာ တားဆီးသင့္တာပါ။ ဒီေနရာမွာ အခ်ိန္က အလြန္စကားေျပာပါတယ္။

သုတ္ေကာင္ေတြဟာ သင့္ရဲ႕ ခႏၶာကိုယ္ထဲမွာ အမ်ားဆုံး ၆ ရက္ခန႔္အထိ ေနထိုင္ႏိုင္ၿပီး မ်ိဳးဥေႂကြမယ့္ အခ်ိန္ကို ေစာင့္ေနၾကတာပါ။ အဲ့အခ်ိန္မွာ သင္က မ်ိဳးဥေႂကြမယ္ဆိုရင္ေတာ့ သုတ္ေကာင္ေတြက မ်ိဳးဥအိမ္ဆီသြားၿပီး သေႏၶတည္ႏိုင္ပါတယ္။ morning-after pill ေဆးေတြဟာ သင့္ရဲ႕ မ်ိဳးဥအိမ္ကို မ်ိဳးဥ မေႂကြေစဖို႔ အတြက္ ယာယီတားဆီးေပးျခင္းျဖစ္ပါတယ္။ မ်က္လုံးထဲျမင္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ မ်ိဳးဥအိမ္မွ မ်ိဳးဥမေႂကြေစဖို႔အတြက္ အေရးေပၚ ဘရိတ္ ဆြဲထားတဲ့ ပုံစံပါပဲ။ သင္က ဓမၼတာ လာေနတဲ့အခ်ိန္ morning-after pill ေဆးကို ေသာက္သုံးမယ္ဆိုရင္ သူတို႔ရဲ႕ သေႏၶတားႏိုင္စြမ္းကို ထိခိုက္ေစပါတယ္။ morning-after pill ေတြက မ်ိဳးဥေႂကြႏွင့္ၿပီးသားဆို အလုပ္မလုပ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ အခ်ိန္ကိုက္ျဖစ္ဖို႔ အေရးႀကီးတယ္လို႔ေျပာတာပါ။ အမ်ိဳးသမီး အမ်ားစုက သူတို႔ ဘယ္အခ်ိန္ မ်ိဳးဥေႂကြတယ္ဆိုတာကို မသိၾကပါဘူး။ ဒီလိုမ်ိဳးဆိုရင္ေတာ့ အေရးေပၚ သေႏၶတားနည္း (EC) ေတြကို အျမန္ဆုံး အသုံးျပဳတာက အေကာင္းဆုံး ျဖစ္ပါတယ္။

ParaGard IUD ေတြကေတာ့ အကာအကြယ္မပါဘဲ လိင္ဆက္ဆံအၿပီး ၅ ရက္ အထိ သေႏၶတားေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သုတ္ေကာင္ေတြက ေၾကးနီကို မႀကိဳက္လို႔ပါ။ ParaGard IUD ထဲမွာပါဝင္တဲ့ ေၾကးနီက သုတ္ေကာင္ေတြကို မ်ိဳးဥအိမ္ဆီသို႔ ကူးခတ္ျခင္းကို တားဆီးေပးပါတယ္။morning-after pill ေတြက ကိုယ္ဝန္ဖ်က္ခ်တဲ့ ေဆးေတြျဖစ္တဲ့ RU-486 တို႔လိုမဟုတ္ပါဘူး။ morning-after pill ေဆးေတြက သေႏၶ မပ်က္က်ေစပါဘူး။ ဒါ့အျပင္ ကိုယ္ဝန္ေဆာင္ေနၿပီးသားဆိုလည္း အလုပ္မလုပ္ပါဘူး။ ကိုယ္ဝန္ေဆာင္ေနတဲ့ အခ်ိန္ ေသာက္သုံးမယ္ဆိုရင္လည္း သေႏၶသားကို မထိခိုက္ေစႏိုင္ပါဘူး။ အေရးေပၚ သေႏၶတားနည္း (EC) ေတြဟာ သေႏၶတားေပးတာျဖစ္ပါတယ္။ ပ်က္က်ေစတာ မဟုတ္ပါဘူး။

morning-after pill နဲ႔ copper IUD  တို႔က ဘယ္ေလာက္ တန္ဖိုးရွိလဲ။

morning-after pill ေဆးေတြရဲ႕ ေဈးႏႈန္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။ အေမရိကန္ႏိုင္ငံမွာဆိုရင္ Plan B One-Step က ေဒၚလာ ၄၀ -၅၀ ေလာက္အထိ က်သင့္မွာ ျဖစ္ၿပီး Next Choice One Dose, Take Action နဲ႔ My Way တို႔ကေတာ့ ေဒၚလာ ၁၅ – ၄၅ ေဒၚလာ ေလာက္အထိသာက်သင့္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ဒီလိုသေႏၶတားေဆးေတြက ျမန္မာက်ပ္ ၁၀၀၀ ကေန ၃၀၀၀ အၾကားသာ က်သင့္ပါတယ္။ Ella ကေတာ့ ေဒၚလာ ၅၀ ကေန အထက္ က်သင့္ပါတယ္။ IUD ကေတာ့ အျမင့္ဆုံး ေဒၚလာ ၁၀၀၀ ေလာက္အထိ ရွိတတ္ၿပီး အေမရိကန္ႏိုင္ငံမွာဆိုရင္ေတာ့ က်န္းမာေရး အာမခံနဲ႔ဆိုရင္ အခမဲ့ တပ္ဆင္ႏိုင္ပါတယ္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီးမှာ သန္ဓေတားဖို့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ အရေးပေါ် သန္ဓေတားနည်း EC (Emergency contraception) ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးရှိပါတယ်။ တစ်ချိုသန္ဓေတားနည်းတွေက တစ်ချို့နည်းလမ်းတွေထက် ပိုပြီး စိတ်ချရပါတယ်။

အရေးပေါ် သန္ဓေတားနည်း (EC) ဘယ်နှစ်မျိုးလောက်ရှိပါသလဲ။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးမှ သန္ဓေတားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ ရွေးချယ်စရာ နည်းလမ်း (၂) နည်းရှိပါတယ်။

နည်းလမ်း (၁)

အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ (၅ရက်) အတွင်း ParaGard IUD ကို အသုံးပြုခြင်း။ သားအိမ်အတွင်း ထည့်သွင်းရတဲ့ ပဋိသန္ဓေတားပစ္စည်း intrauterine devices (IUDs) တွေမှာဆိုရင် ၂ မျိုးထပ်ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ဟော်မုန်းပါတဲ့ IUD နဲ့ ဟော်မုန်းမပါတဲ့ IUD တို့ပါပဲ။ ဒီ IUD နှစ်ခုရဲ့ တူညီတဲ့အချက်ကတော့ နှစ်မျိုးလုံးဟာ အင်မတန် ထိရောက်မှုရှိပြီး တစ်နှစ်နဲ့ အထက် သန္ဓေတားချင်တဲ့ အမျိုးသမီးတွေအသုံးပြုသင့်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ParaGard IUD ဟာ ဟော်မုန်းမပါဝင်တဲ့ IUD ဖြစ်ပါတယ်။ အမေရိကန်က အမျိုးသမီးဆရာဝန်တွေအများစုနဲ့ ဆေးပညာလောက ကအမျိုးသမီး အများစုက IUD တွေကို သန္ဓေတားနည်း တစ်ခုအဖြစ်အများဆုံး အသုံးပြုကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဆရာဝန်အများစုဟာ IUD က စိတ်ချရပြီး ကိရကထ မများတဲ့အပြင် အလွန်ထိရောက်တဲ့ သန္ဓေတားနည်းမှန်းသိတဲ့အတွက် ဖြစ်ပါတယ်။

နည်းလမ်း (၂)

(emergency contraceptive) EC ဆေးများကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် နာရီပေါင်း ၁၂၀ (၅) ရက်အတွင်း သောက်သုံးခြင်း။ ဒီဆေးတွေကို morning-after pill လို့လည်းခေါ်ဆိုကြပါတယ်။ ဒီ EC ဆေးတောင့်တွေမှာလည်း ၂ မျိုးထပ်ရှိပါတယ်။ အဲ့ဒါတွေ ကတော့-

(၁) Ulipristal Acetate ဓာတု ဓာတ်ပေါင်းပါဝင်တဲ့ Ella တံဆိပ် အရေးပေါ် သန္ဓေတားနည်းဆေးတောင့်။ Ella ကိုဝယ်ယူနိုင်ဖိုအတွက်ဆိုရင် သူနာပြုဆရာမ တစ်ယောက် (သို့) ဆရာဝန်တစ်ယောက်ထံမှ ဆေးညွန်းစာရွက်လိုအပ်ပါတယ်။ Ella ဆေးတောင့်ဟာ morning-after pill ဆေးတောင့်တွေထဲမှာ အစွမ်းထက်ဆုံး ဆေးလည်း ဖြစ်ပါတယ်။ Ella ကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ (၅ ရက်) အကြာမှာ အသုံးပြုနိုင်ပါတယ်။ ၅ ရက်အကြာမှ သောက်လည်း ချက်ခြင်းသောက်တဲ့နေ့လိုပဲ ဆေးအာနိသင်က တူတူပါပဲ။ ဒါပေမဲ့ ကိုယ်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိလို့ အရေးပေါ် ပဋိသန္ဓေတားနည်းအသုံးပြုမယ်ဆိုရင် IUD တွေက Ella ထက်ပိုကောင်းတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

levonorgestrel ဟော်မုန်းဆေးများ

levonorgestrel ဆိုတာ ဟော်မုန်း ဆေးဝါးတစ်မျိုးဖြစ်ပြီး သန္ဓေတားနည်းလမ်း အမျိုးမျိုးမှာ အသုံးပြုကြပါတယ်။ တံဆိပ်တွေကတော့  Plan B One Step, Next Choice One Dose, Take Action, My Way, AfterPill စသဖြင့် တံဆိပ် အမျိုးမျိုးရှိပါတယ်။ ဒီဆေးတွေ ၅ ရက် (နာရီပေါင်း ၁၂၀) အတွင်း သောက်သုံးရတဲ့ ဆေးတွေ ဖြစ်ပြီး အချိန်ကြာသွားလေ ထိရောက်မှုနည်းလေပါပဲ။ ဒါ့အပြင် ဒီဆေးတွေဟာ ပဋိသန္ဓေမရသေးခင်ဘဲ ကာကွယ်နိုင်တာဖြစ်ပါတယ်။ ကိုယ်ဝန်ရပြီးသားဆိုရင်တော့ မကာကွယ်နိုင်ပါဘူး။ ကိုယ်ဝန်ရချိန် သောက်သုံးမိတယ်ဆိုရင်လည်း သန္ဓေသားကို ထိခိုက်နိုင်ကြောင်း အထောက်အထားတွေတော့ မရှိပါဘူး။ ဒီဆေးတွေဟာ မျိူးဥကြွေခြင်းကို တားဆီးလိုက်ပြီး သုတ်ကောင် မဝင်ရောက်နိုင်စေရန် သားအိမ်ခေါင်းကို ပိတ်ဆို့လိုက်ခြင်းဖြင့် သန္ဓေတားပေးတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ နိုင်ငံအနှံ့က ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ morning-after pills တွေကို ဆရာဝန်ရဲ့ ဆေးထောက်ခံစာမပါဘဲ ဝယ်ယူနိုင်ပါတယ်။ ဒီလို morning-after pills ဆေးအမျိုးအစားတွေက အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး ၇၂နာရီ (၃ ရက်) မှာ အာနိသင် အထိရောက်ဆုံးဖြစ်ပြီး သက်တမ်းအရဆိုရင်တော့ ၅ ရက်လောက်အထိ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့အမြန်ဆုံးသောက်သုံးလေ အာနိသင်အထိရောက်ဆုံး ဖြစ်လေဆိုတာ သတိရထားဖို့လိုပါတယ်။

သင့်အနေနဲ့ ဒီ EC ( အရေးပေါ်သန္ဓေတားနည်း) တွေကို ဒီလို အဖြစ်မျိုးတွေ ကြုံလာရတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။

    သင်ဟာ  ကွန်ဒုံး (သို့ )တစ်ခြား သန္ဓေတားနည်းတွေကို အသုံးမပြုဘဲ လိင်ဆက်ဆံခဲ့မယ်ဆိုရင်
    သင်ရဲ့ ပုံမှန် အသုံးပြုနေကြ သန္ဓေတားနည်းတွေဖြစ်တဲ့ သန္ဓေတား ဆေးတောင့်တွေ ( EC မဟုတ်ပါ) သောက်ဖို့မေ့သွားရင်၊ သန္ဓေတား Patch တွေ သုံးဖို့ မေ့သွားမယ်ဆိုရင်
    သင့်ရဲ့ ကွန်ဒုံးက သုတ်ထွက်အပြီး ကျွတ်သွားတာမျိုး၊ ပေါက်ပြဲသွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်
    အကာအကွယ်မပါဘဲ အတင်း အဓမ္မလိင်ဆက်ဆံ ခံခဲ့ရမယ်ဆိုရင် ဒီဆေးတွေကို မှီဝဲနိုင်ပါတယ်။

သင်ဟာ အကာအကွယ်မပါဘဲလိင်ဆက်ဆံခဲ့ပြီးနောက် ဒီလို EC ( အရေးပေါ် သန္ဓေတားနည်း) တွေကို မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ အခွင့်အလမ်းတွေ နည်းပါးသွားပါတယ်။ ဒီနေရာမှာ မှန်မှန်ကန်ကန်ဆိုတာ EC အရေးပေါ် သန္ဓေတားနည်းတွေကို အချိန်မှီသောက်သုံးတာမျိုး၊ သက်တမ်းမကုန်သေးတဲ့ ဆေးကိုသောက်သုံးတာမျိုးကိုဆိုလိုတာပါ။ ဒါပေမဲ့ တစ်ခုတည်းသော သန္ဓေတားနည်းအဖြစ် EC (အရေးပေါ် သန္ဓေတားနည်း) ဆေးတွေကိုပဲ မမှီခိုပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို EC တွေဟာ ပုံမှန်အရေးပေါ်မဟုတ်တဲ့ သန္ဓေတားနည်းတွေဖြစ်တဲ့ IUD တို့၊ သန္ဓေတားဆေးတို့ ( EC မဟုတ်ပါ)၊ ကွန်ဒုံးတို့လောက် မထိရောက်လို့ဖြစ်ပါတယ်။

ကျွန်မအတွက် ဘယ်လိုအရေးပေါ် သန္ဓေတားနည်းက အကောင်းဆုံးဖြစ်မလဲ

သင့်အတွက် အကောင်းဆုံး အရေးပေါ် သန္ဓေတားနည်းကို ဘယ်လိုရွေးချယ်မလဲဆိုတာ အောက်ပါအချက်တွေကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

    သင်ဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိခဲ့မယ်ဆိုရင်၊
     ဘယ်လို EC မျိုးက သင့်နဲ့ လက်လှမ်းမီလဲဆိုတာရယ်၊
     BMI (BODY MASS INDEX) လို့ခေါ်တဲ့ သင့်အရပ်နဲ့ ကိုယ်အလေးချိန်ရယ်၊
    ရင်သွေးကို နို့ချိုတိုက်ကျွေးနေသလားဆိုတာရယ်၊
    EC မဟုတ်တဲ့ သန္ဓေတားဆေး တွေ၊ သန္ဓေတား Patch တွေ၊ အမျိုးသမီးမွေးလမ်းကြောင်းအတွင်း တပ်ဆင်ရတဲ့ သန္ဓေတား Ring တွေကို လွန်ခဲ့တဲ့ ၅ ရက်အတွင်း သုံးထားသလားဆိုတာတွေ အပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။

သင်အနေနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိခဲ့မယ်ဆိုရင် အထိရောက်ဆုံး အရေးပေါ်သန္ဓေတားနည်းတွေ သုံးတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အရေးပေါ် သန္ဓေတားနည်းတွေထဲမှာ အထိရောက်ဆုံးဖြစ်တဲ့ IUD နဲ့ Ella တို့က အလွယ်တကူရဖို့ မလွယ်ကူပါဘူး။ IUD ဆိုရင်လည်း သူနာပြုဆရာမ တစ်ယောက် ဒါမှမဟုတ် ဆရာဝန်တစ်ယောက် ထည့်သွင်းပေးမှရတာပါ။ Ella ဆိုရင်လည်း ဝယ်ဖို့အတွက် ဆရာဝန်ရဲ့ ဆေးစာလိုအပ်ပါတယ်။ ဒီတော့ ဒီ ၂ ခုကိုသုံးဖို့ဆိုရင်ကိုယ်က ဘယ်လောက် အချိန်က အကာအကွယ်မပါဘဲ လိင်ဆက်ဆံထားလဲဆိုတဲ့အချိန်ကို ကြည့်ပြီး အချိန်မှီသောက်သုံးရမှာ ဖြစ်ပါတယ်။

levonorgestrel ဟော်မုန်းဆေးတွေဖြစ်တဲ့ Plan B တို့လို ဆေးတွေဟာ သင်အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့ပြီးနောက် ၃ ရက်ကျော်သွားမယ်ဆိုရင်၊ သောက်သုံးမယ့်သူက BMI တန်ဖိုးမြင့်နေတယ်ဆိုရင် IUD နဲ့ Ella တို့လောက်ကို မထိရောက်တော့ပါဘူး။ ဒါပေမဲ့ Plan B နဲ့ တစ်ခြား levonorgestrel ဟော်မုန်းဆေးတွေက ဝယ်ရအလွယ်ဆုံးပါပဲ။ ဒါတွေဝယ်ဖို့အတွက် သင့်အနေနဲ့ ဆရာဝန်ဆေးစာ မလိုအပ်ပဲ နိုင်ငံအနှံ့ ကဆေးဆိုင်တွေမှာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဝယ်ယူနိုင်ပါတယ်။

ပဋိသန္ဓေတားဆေး တွေသောက်ဖို့မေ့တာပဲ ဖြစ်ဖြစ်၊ သန္ဓေတား Patch တွေ၊ Ring တွေသုံးထားပြီး ရက်ကျော်သွားတာပဲဖြစ်ဖြစ် သန္ဓေတားဆေးသောက်မယ်ဆိုရင် Ella က Plan B တွေလောက်မထိရောက်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင်သုံးထားတဲ့ သန္ဓေတားနည်းလမ်းတွေမှ ဟော်မုန်းအကျန်တွေက Ella ရဲ့ အလုပ်လုပ်တဲ့ပုံစံကိုသွားနှောင့်ယှက်လို့ပါ။ တကယ်လို့ သင်လည်း ဘယ်လို EC အရေးပေါ်သန္ဓေတားနည်း တွေသုံးရမလဲဆိုတာ ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သတိထားဖို့တစ်ခုကတော့ Ella တို့ Plan B တို့လိုမတူတဲ့ morning-after pills နှစ်မျိူးကို ၅ ရက်လောက်မခြားဘဲ သွားမသုံးမိပါစေနဲ့။ ဘာကြောင့်လဲ ဆိုတော့ ဒီဆေးနှစ်မျိုးက အချင်ချင်း တုံ့ပြန်ပြီး သန္ဓေတားပေးနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် ကိုယ်ဝန်မရနိုင်အောင်ဆိုပြီး morning-after pill တစ်မျိုးတည်းကိုပဲ တစ်လုံးထက် ပိုသောက်တာမျိူးလည်း မလုပ်ပါနဲ့။ ဒါဟာ သင့်ကို ပိုပြီး သန္ဓေတားပေးနိုင်မှာ မဟုတ်တဲ့အပြင် သင့်ကို ပိုပြီး နေထိုင်မကောင်းသာ ဖြစ်စေမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ ဘယ်လို အရေးပေါ် သန္ဓေတားနည်းက အကောင်းဆုံးလဲဆိုတာ စဉ်းစားလို့မရဘူးဆိုရင်လည်း ဘာသန္ဓေတားဆေးမှ မသောက်ထားတာထက် အရေးပေါ် သန္ဓေတားနည်းတစ်ခုခု သုံးလိုက်တာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရေးပေါ် သန္ဓေတားဆေးတွေမှာ အချိန်မှီဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အရေးပေါ် သန္ဓေတားဆေးတွေ အသုံးပြုမယ်ဆိုရင်  နာရီပေါင်း ၁၂၀ (၅ ရက်) အတွင်းသောက်သုံးသင့်ပါတယ်။

အရေးပေါ် သန္ဓေတားနည်းတွေကို ဘယ်လောက် အချိန်အတွင်း သောက်သုံးသင့်လဲ။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး နာရီပေါင်း ၁၂၀ ( ၅ ရက် ) အတွင်းမှာ ParaGard IUD နဲ့ Ella တို့ကို အသုံးပြုမယ်ဆိုရင် ပဋိသန္ဓေကို တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ Plan B My Way, Next Choice တို့လို တစ်ခြား  levonorgestrel ဟော်မုန်းဆေးတွေကတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး အမြန်ဆုံးသောက်သုံးလေ အထိရောက်ဆုံး ဖြစ်လေဖြစ်ပြီး အချိန်အားဖြင့်တော့ ၇၂ နာရီ (၃ ရက်) အတွင်း သောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ၅ ရက်လောက်အထိ သောက်သုံးနိုင်တယ်ဆိုပေမဲ့ စောစောသောက်သုံးထားတာ လောက်ထိတော့ ထိရောက်မှာ မဟုတ်ပါဘူး။

morning-after pill သန္ဓေတားဆေးတွေက စိတ်ချရရဲ့လား။

အရေးပေါ် သန္ဓေတားနည်း (EC) တို့က စိတ်ချရပါတယ်။ လူသန်းပေါင်းများစွာက အရေးပေါ် သန္ဓေတားနည်း (EC) အမျိုးမျိုးကို နှစ်ပေါင်း ၃၀ လောက်အထိ အသုံးပြုခဲ့ကြပြီးပါပြီ။ အခုချိန်အထိ အရေးပေါ် သန္ဓေတားနည်းသုံးလို့ ရောဂါသစ်ထပ်တိုးတယ်ဆိုတာမျိုးတော့ မရှိပါဘူး။

morning-after pill ဆေးတွေကို ဘယ်နှစ်ကြိမ်လောက်အထိ သုံးစွဲနိုင်လဲ။

morning-after pill တွေကို ဘယ်အချိန်အထိပဲ ဖြစ်ဖြစ် အသုံးပြုတာက သင့်ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ morning-after pill ဆေးတွေကို ပုံမှန် သန္ဓေတားနည်းအဖြစ် တော့ တစ်ချို့အကြောင်းတွေကြောင့် မမှီဝဲသင့်ပါဘူး။ အောက်မှာတော့ ဒီအချက်တွေကို ဖော်ပြထားပါတယ်။

    morning-after pill ဆေးတွေဟာ တခြားသန္ဓေတားနည်းတွေ ဖြစ်တဲ့ IUD, implant, pill, shot, ring တို့လောက် သန္ဓေကို ထိထိရောက်ရောက် မတားဆီးနိုင်ပါဘူး။
     morning-after pill ကိုပဲ ထပ်ခါ ထပ်ခါ သုံးစွဲနေတာမျိုးက တစ်ခြားပုံမှန် သန္ဓေတားနည်းတွေထက် ဈေးကြီးပါတယ်။
    morning-after pill ဆေးသောက်လို့ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ယာယီသာ ဖြစ်ပြီး အန္တရာယ် မရှိဘူးဆိုပေမဲ့ ဓမ္မတာအတွင်း သွေးသွန်ခြင်းနဲ့ မအီမသာ ဖြစ်ခြင်းတို့ ဖြစ်နိုင်တဲ့အတွက် စိတ်ရှုပ်စရာကောင်းပါတယ်။
    morning-after pill ဆေးတွေကို ဘယ်နှစ်ကြိမ်ပဲ သုံးသည်ဖြစ်စေ စိတ်ချရပါတယ်။ ဒီနည်းက ရေရှည်သုံးလို့ကောင်းတဲ့ နည်းလမ်း မဟုတ်တာ တစ်ခုပါပဲ။ လိင်မဆက်ဆံခင်နဲ့ ဆက်ဆံစဉ်အတွင်း သုံးရတဲ့ IUD, implant, pill နဲ့ ကွန်ဒုံးတို့လိုမျိုး သန္ဓေတားနည်းတွေဟာ ပိုထိရောက်မှုရှိပြီး ဈေးသက်သာတဲ့အပြင် အလွယ်တကူလည်း ရရှိနိုင်ပါတယ်။ ParaGard IUD ကို အရေးပေါ် သန္ဓေတားနည်းအဖြစ် အသုံးပြုသင့်တဲ့အချက်က ဒီ IUD ဟာ သန္ဓေတားတဲ့ နေရာမှာ စိတ်ချရနိုင်ပြီး မထုတ်မချင်း ၁၂ နှစ်အထိ အလုပ်ကောင်းကောင်း လုပ်နိုင်ပါတယ်။

အရေးပေါ် သန္ဓေတားနည်း (EC) တွေက ဘယ်လိုအလုပ်လုပ်လဲ။

ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံအပြီး ချက်ခြင်းတန်းဖြစ်လာတာမဟုတ်ပါဘူး။ ဒါကြောင့် သန္ဓေတားချင်တယ်ဆိုရင် လိင်ဆက်ဆံအပြီး ရက်အနည်းငယ်အတွင်းမှာ တားဆီးသင့်တာပါ။ ဒီနေရာမှာ အချိန်က အလွန်စကားပြောပါတယ်။

သုတ်ကောင်တွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အများဆုံး ၆ ရက်ခန့်အထိ နေထိုင်နိုင်ပြီး မျိုးဥကြွေမယ့် အချိန်ကို စောင့်နေကြတာပါ။ အဲ့အချိန်မှာ သင်က မျိုးဥကြွေမယ်ဆိုရင်တော့ သုတ်ကောင်တွေက မျိုးဥအိမ်ဆီသွားပြီး သန္ဓေတည်နိုင်ပါတယ်။ morning-after pill ဆေးတွေဟာ သင့်ရဲ့ မျိုးဥအိမ်ကို မျိုးဥ မကြွေစေဖို့ အတွက် ယာယီတားဆီးပေးခြင်းဖြစ်ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင်တော့ မျိုးဥအိမ်မှ မျိုးဥမကြွေစေဖို့အတွက် အရေးပေါ် ဘရိတ် ဆွဲထားတဲ့ ပုံစံပါပဲ။ သင်က ဓမ္မတာ လာနေတဲ့အချိန် morning-after pill ဆေးကို သောက်သုံးမယ်ဆိုရင် သူတို့ရဲ့ သန္ဓေတားနိုင်စွမ်းကို ထိခိုက်စေပါတယ်။ morning-after pill တွေက မျိုးဥကြွေနှင့်ပြီးသားဆို အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် အချိန်ကိုက်ဖြစ်ဖို့ အရေးကြီးတယ်လို့ပြောတာပါ။ အမျိုးသမီး အများစုက သူတို့ ဘယ်အချိန် မျိုးဥကြွေတယ်ဆိုတာကို မသိကြပါဘူး။ ဒီလိုမျိုးဆိုရင်တော့ အရေးပေါ် သန္ဓေတားနည်း (EC) တွေကို အမြန်ဆုံး အသုံးပြုတာက အကောင်းဆုံး ဖြစ်ပါတယ်။

ParaGard IUD တွေကတော့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး ၅ ရက် အထိ သန္ဓေတားပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုတ်ကောင်တွေက ကြေးနီကို မကြိုက်လို့ပါ။ ParaGard IUD ထဲမှာပါဝင်တဲ့ ကြေးနီက သုတ်ကောင်တွေကို မျိုးဥအိမ်ဆီသို့ ကူးခတ်ခြင်းကို တားဆီးပေးပါတယ်။morning-after pill တွေက ကိုယ်ဝန်ဖျက်ချတဲ့ ဆေးတွေဖြစ်တဲ့ RU-486 တို့လိုမဟုတ်ပါဘူး။ morning-after pill ဆေးတွေက သန္ဓေ မပျက်ကျစေပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေပြီးသားဆိုလည်း အလုပ်မလုပ်ပါဘူး။ ကိုယ်ဝန်ဆောင်နေတဲ့ အချိန် သောက်သုံးမယ်ဆိုရင်လည်း သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။ အရေးပေါ် သန္ဓေတားနည်း (EC) တွေဟာ သန္ဓေတားပေးတာဖြစ်ပါတယ်။ ပျက်ကျစေတာ မဟုတ်ပါဘူး။

morning-after pill နဲ့ copper IUD  တို့က ဘယ်လောက် တန်ဖိုးရှိလဲ။

morning-after pill ဆေးတွေရဲ့ ဈေးနှုန်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် Plan B One-Step က ဒေါ်လာ ၄၀ -၅၀ လောက်အထိ ကျသင့်မှာ ဖြစ်ပြီး Next Choice One Dose, Take Action နဲ့ My Way တို့ကတော့ ဒေါ်လာ ၁၅ – ၄၅ ဒေါ်လာ လောက်အထိသာကျသင့်ပါတယ်။ မြန်မာနိုင်ငံမှာတော့ဒီလိုသန္ဓေတားဆေးတွေက မြန်မာကျပ် ၁၀၀၀ ကနေ ၃၀၀၀ အကြားသာ ကျသင့်ပါတယ်။ Ella ကတော့ ဒေါ်လာ ၅၀ ကနေ အထက် ကျသင့်ပါတယ်။ IUD ကတော့ အမြင့်ဆုံး ဒေါ်လာ ၁၀၀၀ လောက်အထိ ရှိတတ်ပြီး အမေရိကန်နိုင်ငံမှာဆိုရင်တော့ ကျန်းမာရေး အာမခံနဲ့ဆိုရင် အခမဲ့ တပ်ဆင်နိုင်ပါတယ်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top