iMyanmarHouse.com - Best Property Website for Myanmar
×
လိုအပ်တာ ဆိုတာကတော့
Credit: Marry
# Unicode Version ဖြင့် ဖတ်ပါ #
လိုအပ်တာတွေကိုတော့ မလုပ်ဘဲ လိုချင်တာချည်းကို အရင်ဆုံး လိုက်လုပ်နေမယ် ဆိုရင်တော့ လိုအပ်ချက်တွေ များလာတဲ့ အိမ်ထောင်ရေးလေးမှာ အဆင်မပြေမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။
အိမ်ထောင်ရေး သာယာဖို့ အတွက်ကတော့ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားတတ်ဖို့
ချစ်သူ အဆင့်ကနေ အိမ်ထောင်ရေးလေးကို ပြောင်းလဲသွားတဲ့အချိန် အိမ်ထောင်တစ်ခု သာယာဖို့ အတွက်ကတော့ ဘဝနေနည်းတွေ သိဖို့ အရေးကြီးလာပါတယ်။ ချစ်သူတွေ အချိန်တုန်းကဆိုရင် ချစ်တာ တစ်ခုတည်းနဲ့ လုံလောက်ခဲ့ပေမယ့် အိမ်ထောင်ရေးရယ်လို့ ဖြစ်လာတဲ့အချိန်မှာတော့ ပတ်ဝန်းကျင်ကပါ ပါလာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး သာယာဖို့ အတွက်ကတော့ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားတတ်ဖို့ အရေးကြီးကြောင်းကို ပြောပြပေးလိုက်ရပါတယ်နော်။ အိမ်ထောင်ရေးမှာ အိမ်အလုပ်တွေကို ဘယ်လို လုပ်ရမလဲ ဆိုတာကိုလည်း ဖတ်ကြည့်ပေးပါဦး။
လိုအပ်တာ ဆိုတာကတော့
နေ့စဉ် လူနေမှုဘဝမှာ လိုအပ်တဲ့အရာတွေ များပြားလှပါတယ်။ လိုအပ်တဲ့အရာတွေအတွက် လိုအပ်တာကို လိုအပ်သလို ဖြည့်ဆည်းနိုင်မှသာ နေ့ရက်တွေက လှပနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တာတွေကို ဖြည့်ဖို့ အတွက်ဆိုတာကလည်း ဝင်ငွေ ထွက်ငွေကို အကောင်းဆုံး ထိန်းချုပ်တတ်ဖို့ လိုပါတယ်။ ဝင်ငွေ ထွက်ငွေကို အကောင်းဆုံး အသုံးချနိုင်မှသာ လိုအပ်တာတွေအတွက် အသုံးစရိတ်ကို ချန်ထားနိုင်မှာပါ။
ပျော်စရာ အချိန်လေးတွေနဲ့ အိမ်ထောင်ရေးရဲ့ နေ့ရက်လေးတွေကို ဖန်တီးမယ်
လိုချင်တာဆိုတာကို နောက်ထားပါ
လူဆိုတာကတော့ အလှမက်တယ်။ ကောင်းတာ မက်တယ်။ ဈေးကြီးတာကို ပိုလိုချင်တယ် ဆိုတာ အမှန်ပါ။ အိမ်ထောင်ရေးရယ်လို ဖြစ်လာတဲ့အချိန်မှာ လိုအပ်တာကို ဦးစားပေးပါ။ လိုအပ်တာတွေ ပြည့်စုံနေတယ် ဆိုရင်တော့ လိုချင်တာကို ပြုလုပ်လို့ ရပါတယ်။ လိုအပ်တာတွေကိုတော့ မလုပ်ဘဲ လိုချင်တာချည်းကို အရင်ဆုံး လိုက်လုပ်နေမယ်ဆိုရင်တော့ လိုအပ်ချက်တွေ များလာတဲ့ အိမ်ထောင်ရေးလေးမှာ အဆင်မပြေမှုတွေက မပျေ်ာရွှင်မှုလေးတွေကို တဖြည်းဖြည်းချင်း ခေါ်ဆောင်လာနိုင်ပါတယ်။
သိပ်ချစ်ရတဲ့ ချစ်သူလေးနဲ့ အတူတကွ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေးမှာတော့ သာယာ ပျော်ရွှင်မှုတွေကိုပဲ အိမ်ထောင်ရှင်တိုင်းက မက်မောကြပါတယ်။ ပြည့်စုံနေတဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့ အတွက်ကတော့ လိုအပ်ချက်တွေကို လိုချင်တာတွေထက် ပိုပြီး ဦးစားပေးပါလို့ ဝေမျှလိုက်ရပါတယ်။
Credit: Marry
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top