
ပည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးပြည့်ပြည့်မောင်ကလည်း Winner ဆုရှင် ဖြိုးမြတ်အောင်အတွက် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ အကြောင်းလေးကို သူမရဲ့ဖေ့စ်ဘွတ်ပေ့ခ်ျကနေ ရင်ဖွင့်ရေးသားထားတာ တွေ့ရပါတယ်..။
Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေကြား အရမ်းကိုရေပန်းစားနေကြတဲ့ MNTV ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ Myanmar Idol ပြိုင်ပွဲကြီးကတော့ ပရိသတ်တွေနဲ့လူမှုကွန်ယက်မှာ အရမ်းကိုရေပန်းစားသလို ပရိသတ်တွေသာမက အနုပညာရှင်တော်တော်များများကလည်း အားပေးစောင့်ကြည့်နေကြတာ တွေ့ရပါတယ်..။
ပြိုင်ပွဲဝင်တိုင်းမှာ သူ့ပရိသတ်နဲ့သူရှိကြသလို ပြည်တွင်းမှာသာမက ပြည်ပကပါ အားပေးနေကြတဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ရဲ့ ပြည်သူပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကတော့ တကယ်ကိုအံ့မခန်းပါပဲ..။
Myanmar Idol Season-3 ရဲ့ Grand Final ပွဲကြီးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ပြောစရာလေးတွေဖြစ်ခဲ့ပြီး ကျန်းမာရေးကြောင့် မယှဉ်ပြိုင်နိုင်တော့တဲ့ ချမ်းမြေ့မောင်ချိုအတွက် စိတ်မကောင်းဖြစ်ကြရသလို Winner ဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောာင်အတွက်လည်း စိတ်မကောင်းစရာတွေ ဖြစ်ခဲ့ပါတယ်..။
အဆိုပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပရိသတ်များနဲ့ အနုပညာရှင်များကလည်း ကျန်းမာရေးကြောင့် ပြိုင်ပွဲမယှဉ်ပြိုင်နိုင်တော့တဲ့ မောင်ချိုအတွက်စိတ်မကောင်းဖြစ်ကြရပြီး ဖြိုးမြတ်အောင်အတွက်လည်း ဂုဏ်လည်းယူရသလို စိတ်မကောင်းလည်းဖြစ်ခဲ့ကြတာ တွေ့ရပါတယ်..။
ပည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးပြည့်ပြည့်မောင်ကလည်း Winner ဆုရှင် ဖြိုးမြတ်အောင်အတွက် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ အကြောင်းလေးကို သူမရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေ ရင်ဖွင့်ရေးသားထားတာ တွေ့ရပါတယ်..။
“7အတွက် ဂုဏ်ယူပါတယ်.. ထိုက်လဲထိုက်တန်ပါတယ်.. ဒါပေမဲ့စင်ပေါ်က လုပ်ရပ်တွေကိုကြည့်ပြီး 7အတွက်စိတ်မကောင်းဖြစ်မိတယ်.. လူကြီးကလူကြီးပီသနိုင်ကြပါစေ..(ဒိုင်တွေကိုပြောခြင်မဟုတ်ပါ..) ..” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်..။
Credit: MMFeed