iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ ဥကၠာမင္းေမာင္ဟာ ရုတ္တရက္ကြယ္လြန္သြားခဲ႔တဲ႔ ခင္ပြန္းျဖစ္သူရဲ႕ေမြ႔ကို နွစ္စဥ္နွစ္တိုင္းမေမ့ခဲ႔ပါဘူးတဲ႔ ။ ေကာင္းကင္ဘံုမွာ ေမြးေန့က်င္းပခဲ႔တာေတာင္ ၃ႏွစ္ရွိေနပါျပီလို့လဲေရးသားခဲ႔ကား သူ ထာဝရေအးခ်မ္းပါေစ ၊ေမြးေန႔မွာေပ်ာ္ရႊင္ပါေစ ၊ကၽြန္ေတာ့္ရဲ႕ ဆုေတာင္းေတြ သူ႔ဆီေရာက္ပါေစ… တေန႔ေန႔တခ်ိန္ခ်ိန္ေတာ့ ျပန္ဆံုခ်င္ဆံုမွာေပါ့ေလ ဆိုကာ သူ့ရဲ႕ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာေတာ့ ဆုေတာင္းစကားေလးနဲ႕အတူ စာတစ္ခ်ို့ ေရးသားထားပါတယ္။

သူေရးသားခဲ႔တာက ” ဘာလိုလိုနဲ႔ Aug 7 ဆိုတဲ့ ရက္ကို တႏွစ္ျပန္လည္လာၿပီ…သူေကာင္းကင္ဘံုမွာ ေမြးေန႔က်င္းပတာ ၃ ႏွစ္ေတာင္ရွိသြားၿပီ.. သူႀကိဳက္တဲ့ Red Velvet Cake ေပၚ ဖေယာင္းတိုင္ေလးေတြထြန္းၿပီး Angel ေတြနဲ႔ အတူ သူ႔ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းေနမိပါတယ္.. ကၽြန္ေတာ္ သတိရပါတယ္.. ကၽြန္ေတာ့္ အေပၚ အရမ္းခြင့္လႊတ္နားလည္သည္းခံေပးခဲ့သူ.. ကၽြန္ေတာ့္ကိုလဲ အရမ္းခ်စ္ဂရုစိုက္ခဲ့သူ.. လူခ်စ္လူခင္အရမ္းေပါတဲ့ သူတစ္ေယာက္ သူလူ႔ေလာကႀကီး ကေန ထြက္ခြာခဲ့တဲ့ ေန႔.. သူ႔ေဘးမွာ ဘယ္သူမွ မရွိေနခဲ့ဘူး.. ”

”သူ႔မဆံုးခင္ ၃ နာရီအလိုမွာ ဖုန္းေျပာခဲ့တာဟာ သူ႔အသံကို ေနာက္ဆံုးၾကားျခင္းဆိုတာ ကၽြန္ေတာ္မသိခဲ့ဘူး.. ကၽြန္ေတာ့္ကို love you honey လို႔ေနာက္ဆံုးေျပာၿပီး ဖုန္းခ်သြားတယ္.. သူလူ႔ေလာကႀကီး ကေန မထြက္ခြာခင္ အခ်ိန္ထိ ကၽြန္ေတာ့္အေပၚခ်စ္သြားတာကိုေတြးမိေလ သူ႔ႏွလံုးရပ္သြားတဲ့အခ်ိန္ကၽြန္ေတာ္သူ႔ေဘးမွာ မရွိခဲ့တာကို ယူၾကံဳးမရေလပါပဲ.. သူ႔အသံအခုခ်ိန္ထိၾကားေနဆဲပါ.. ကၽြန္ေတာ္ သတိရတိုင္းလဲ ငိုေနဆဲပဲ.. တခါတေလ ကၽြန္ေတာ္သူ႔ကို ေမ့မွာစိုးလို႔ ထင္တယ္.. အိမ္မက္ေတြေပးတတ္တယ္.. တျခားနိမိတ္ေလးေတြျပတတ္တယ္.. အဲ့လိုထူးဆန္းတဲ့ အရာေတြကို ကိုယ္အရမ္းခ်စ္တဲ့သူေတြကို ဆံုးရံႉးၿပီးတဲ့ အခါက်မွ ကိုယ္တိုင္ၾကံဳေတြ႕လာရတယ္.. ”

” ကၽြန္ေတာ္မေမ့ပါဘူး.. ကၽြန္ေတာ့္ရင္ထဲ သူအျမဲရွိေနပါတယ္.. မေမ့ႏိုင္တဲ့ အမွတ္တရေပါင္းမ်ားစြာနဲ႔ ျပန္လမ္းမရွိတဲ့ ေနရာတခုဆီထြက္ခြာသြားတဲ့ ကၽြန္ေတာ့္ဘဝရဲ႕ လက္တြဲေဖာ္အိမ္ေထာင္ဘက္ ေကာင္းတစ္ေယာက္.. သူ ထာဝရေအးခ်မ္းပါေစ.. ေမြးေန႔မွာေပ်ာ္ရႊင္ပါေစ.. ကၽြန္ေတာ့္ရဲ႕ ဆုေတာင္းေတြ သူ႔ဆီေရာက္ပါေစ… တေန႔ေန႔တခ်ိန္ခ်ိန္ေတာ့ ျပန္ဆံုခ်င္ဆံုမွာေပါ့ေလ… ” တဲ႔။

Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့မွေ့ကို နှစ်စဉ်နှစ်တိုင်းမမေ့ခဲ့ပါဘူးတဲ့ ။ ကောင်းကင်ဘုံမှာ မွေးနေ့ကျင်းပခဲ့တာတောင် ၃နှစ်ရှိနေပါပြီလို့လဲရေးသားခဲ့ကား သူ ထာဝရအေးချမ်းပါစေ ၊မွေးနေ့မှာပျော်ရွှင်ပါစေ ၊ကျွန်တော့်ရဲ့ ဆုတောင်းတွေ သူ့ဆီရောက်ပါစေ… တနေ့နေ့တချိန်ချိန်တော့ ပြန်ဆုံချင်ဆုံမှာပေါ့လေ ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာတော့ ဆုတောင်းစကားလေးနဲ့အတူ စာတစ်ချို့ ရေးသားထားပါတယ်။

သူရေးသားခဲ့တာက ” ဘာလိုလိုနဲ့ Aug 7 ဆိုတဲ့ ရက်ကို တနှစ်ပြန်လည်လာပြီ…သူကောင်းကင်ဘုံမှာ မွေးနေ့ကျင်းပတာ ၃ နှစ်တောင်ရှိသွားပြီ.. သူကြိုက်တဲ့ Red Velvet Cake ပေါ် ဖယောင်းတိုင်လေးတွေထွန်းပြီး Angel တွေနဲ့ အတူ သူ့မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ကျွန်တော်ဆုတောင်းနေမိပါတယ်.. ကျွန်တော် သတိရပါတယ်.. ကျွန်တော့် အပေါ် အရမ်းခွင့်လွှတ်နားလည်သည်းခံပေးခဲ့သူ.. ကျွန်တော့်ကိုလဲ အရမ်းချစ်ဂရုစိုက်ခဲ့သူ.. လူချစ်လူခင်အရမ်းပေါတဲ့ သူတစ်ယောက် သူလူ့လောကကြီး ကနေ ထွက်ခွာခဲ့တဲ့ နေ့.. သူ့ဘေးမှာ ဘယ်သူမှ မရှိနေခဲ့ဘူး.. ”

”သူ့မဆုံးခင် ၃ နာရီအလိုမှာ ဖုန်းပြောခဲ့တာဟာ သူ့အသံကို နောက်ဆုံးကြားခြင်းဆိုတာ ကျွန်တော်မသိခဲ့ဘူး.. ကျွန်တော့်ကို love you honey လို့နောက်ဆုံးပြောပြီး ဖုန်းချသွားတယ်.. သူလူ့လောကကြီး ကနေ မထွက်ခွာခင် အချိန်ထိ ကျွန်တော့်အပေါ်ချစ်သွားတာကိုတွေးမိလေ သူ့နှလုံးရပ်သွားတဲ့အချိန်ကျွန်တော်သူ့ဘေးမှာ မရှိခဲ့တာကို ယူကြုံးမရလေပါပဲ.. သူ့အသံအခုချိန်ထိကြားနေဆဲပါ.. ကျွန်တော် သတိရတိုင်းလဲ ငိုနေဆဲပဲ.. တခါတလေ ကျွန်တော်သူ့ကို မေ့မှာစိုးလို့ ထင်တယ်.. အိမ်မက်တွေပေးတတ်တယ်.. တခြားနိမိတ်လေးတွေပြတတ်တယ်.. အဲ့လိုထူးဆန်းတဲ့ အရာတွေကို ကိုယ်အရမ်းချစ်တဲ့သူတွေကို ဆုံးရံှူးပြီးတဲ့ အခါကျမှ ကိုယ်တိုင်ကြုံတွေ့လာရတယ်.. ”

” ကျွန်တော်မမေ့ပါဘူး.. ကျွန်တော့်ရင်ထဲ သူအမြဲရှိနေပါတယ်.. မမေ့နိုင်တဲ့ အမှတ်တရပေါင်းများစွာနဲ့ ပြန်လမ်းမရှိတဲ့ နေရာတခုဆီထွက်ခွာသွားတဲ့ ကျွန်တော့်ဘဝရဲ့ လက်တွဲဖော်အိမ်ထောင်ဘက် ကောင်းတစ်ယောက်.. သူ ထာဝရအေးချမ်းပါစေ.. မွေးနေ့မှာပျော်ရွှင်ပါစေ.. ကျွန်တော့်ရဲ့ ဆုတောင်းတွေ သူ့ဆီရောက်ပါစေ… တနေ့နေ့တချိန်ချိန်တော့ ပြန်ဆုံချင်ဆုံမှာပေါ့လေ… ” တဲ့။

Credit: PoPin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top