iMyanmarHouse.com - Best Property Website for Myanmar
×

လင္နဲ႔ မယား လွ်ာနဲ႔သြား ျဖစ္တဲ့အတြက္ အိမ္ေထာင္ဖက္ေတြၾကားက ခဏတာ အဆင္မေျပမႈေတြေၾကာင့္ ေယာင္းမေလးေတြ စိတ္ခုသြားမွာမ်ိဳးကို ေရွာင္ရွားတတ္ပါေစေနာ္။

ေယာင္းမေတြ အခ်င္းခ်င္းၾကားမွာ ေကာင္းတဲ့ ဆက္ဆံေရးကို တည္ေဆာက္ပါ

ေရႊခ်စ္သူ ရဲ႕ ေမာင္ႏွံေလးတို႔ေရ တကယ္လို႔ ကိုယ့္အိမ္ေထာင္ဖက္မွာ ညီမေတြ အမေတြ ရွိလို႔ မတည့္မွာ အဆင္မေျပမွာကို ေတြးမပူနဲ႔ေနာ္။ ေဆြမ်ိဳးေတြ မ်ားမ်ား ပိုရေတာ့ ေပ်ာ္ရတယ္ လို႔ပဲ မွတ္ေပးပါေနာ္။ အခု ေျပာျပေပးခ်င္တာကေတာ့ ေယာင္းမေတြ အခ်င္းခ်င္းၾကားမွာ အဆင္ေျပတဲ့ဆက္ဆံေရးေလး ျဖစ္ေအာင္ ဘယ္လို ျပဳမူရမလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။ အိမ္ေထာင္ေရးရယ္လို႔ ျဖစ္လာရင္လည္း ခ်စ္သူေတြတုန္းကလို အခ်ိန္ယူဖုိ႔ကိုလည္း သတိရေပးပါေနာ္။

သိပ္အေရာ မဝင္ပါနဲ႔

ေရာလြန္းတာကေတာ့ မလိုအပ္တဲ့ အရာေတြကို ျဖစ္ေပၚလာတတ္တာကို သတိရေပးေနာ္။ မေလ်ာ့မတင္း ေစာင္းေလညင္းဆိုတဲ့ စကားပံုေလး အတိုင္းပါပဲ။ ဆက္ဆံေရး စစခ်င္း ကတည္းက အထိုက္အေလ်ာက္ပဲ ဆက္ဆံပါေနာ္။ သိပ္အေရာတဝင္ ျပဴမူေနထိုင္တာကလည္း မေကာင္းသလို ကင္းကင္းရွင္းရွင္း ရွိလြန္းတာကလည္း မေကာင္းတာမို႔လို႔ပါ။ ေတာ္သင့္တဲ့ ဆက္ဆံေရးကို အရင္ဆံုးတည္ေဆာက္ၾကည့္ပါ။ တကယ္လို႔ စိတ္တူကိုယ္တူ ေယာင္းမမ်ိဳး ရရင္ေတာ့ သူငယ္ခ်င္းေကာင္း ေယာင္းမ အျဖစ္ကို ဆက္လက္ တက္လွမ္းႏိုင္မွာပါ။ ေယာကၡမ၊ ေယာက္ဖနဲ႔ ေယာင္းမေတြ ဆိုတာ ျပႆနာလူသားေတြလား ဆိုတာကိုလည္း ဖတ္ၾကည့္ေပးပါေနာ္။

အိမ္ေထာင္ဖက္ရဲ႕ မေကာင္းေၾကာင္းကို မေျပာမိပါေစနဲ႔

ေယာင္းမ ဆိုတာကေတာ့ အိမ္ေထာင္ဖက္ေၾကာင့္ ေတာ္လိုက္ရတဲ့ အမ်ိဳးဆိုတာကို သတိရေပးပါေနာ္။ မိန္းမဆိုတာက ရင္ဖြင့္စရာလူ လိုအပ္တတ္ပါတယ္။ ဒီလို အခ်ိန္မွာ ကိုယ့္အိမ္ေထာင္ဖက္နဲ႔ ပတ္သက္တာကို အိမ္ေထာင္ဖက္ရဲ႕ ညီမေတြ အစ္မေတြ ျဖစ္တဲ့ ေယာင္းမေတြကို သြားရင္မဖြင့္ပါနဲ႔ေနာ္။ ဘယ္ေလာက္ပဲ ရင္းႏွီးတဲ့ သမီးေယာင္းမ ဆက္ဆံေရးမ်ိဳးပဲ ျဖစ္ေနပါေစ။ ကိုယ့္အစ္ကို ကိုယ့္ေမာင္ အေၾကာင္း လာေျပာတယ္ ဆိုတဲ့စိတ္ေၾကာင့္ ေနာင္အတြက္မွာ အဆင္မေျပမႈေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ လင္နဲ႔ မယား လွ်ာနဲ႔သြား ဆိုသလို အိမ္ေထာင္ဖက္ အခ်င္းခ်င္းက ခဏဆိုရင္ ျပန္လည္ အဆင္ေျပသြားတတ္တဲ့အတြက္မို႔လို႔ အိမ္ေထာင္ဖက္ေတြၾကားက ခဏတာ အဆင္မေျပမႈေတြေၾကာင့္ ေယာင္းမေလးေတြ စိတ္ခုသြားမွာမ်ိဳးကို ေရွာင္ရွားတတ္ပါေစေနာ္။

ဒီအခ်က္ေလးေတြကိုသာ လိုက္နာေပးမယ္ဆိုရင္ သမီးေယာင္းမေတြ ၾကားက ဆက္ဆံေရးေလးက အဆင္ေျပေနမွာ ေသခ်ာပါတယ္ေနာ္။ေရႊခ်စ္သူ ရဲ႕ ေမာင္ႏွံေလးေတြတိုင္း အိမ္ေထာင္ေရးေလးရဲ႕ ေန႔ရက္ေလးေတြတိုင္းကုိ သာယာ ေပ်ာ္ရႊင္မႈေတြနဲ႔ ျပည့္ႏွက္ေနပါေစလို႔  ဆုေတာင္းေပးလိုက္ရပါတယ္။အိမ္ေထာင္ေရး ပိုၿပီး သာယာဖို႔ ထိန္းခ်ဳပ္ရမယ့္ အခ်က္ေလးေတြကိုလည္း သိထားေပးပါေနာ္။

Credit: Marry
# Unicode Version ျဖင့္ ဖတ္ပါ #
 လင်နဲ့ မယား လျှာနဲ့သွား ဖြစ်တဲ့အတွက် အိမ်ထောင်ဖက်တွေကြားက ခဏတာ အဆင်မပြေမှုတွေကြောင့် ယောင်းမလေးတွေ စိတ်ခုသွားမှာမျိုးကို ရှောင်ရှားတတ်ပါစေနော်။

ယောင်းမတွေ အချင်းချင်းကြားမှာ ကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ

ရွှေချစ်သူ ရဲ့ မောင်နှံလေးတို့ရေ တကယ်လို့ ကိုယ့်အိမ်ထောင်ဖက်မှာ ညီမတွေ အမတွေ ရှိလို့ မတည့်မှာ အဆင်မပြေမှာကို တွေးမပူနဲ့နော်။ ဆွေမျိုးတွေ များများ ပိုရတော့ ပျော်ရတယ် လို့ပဲ မှတ်ပေးပါနော်။ အခု ပြောပြပေးချင်တာကတော့ ယောင်းမတွေ အချင်းချင်းကြားမှာ အဆင်ပြေတဲ့ဆက်ဆံရေးလေး ဖြစ်အောင် ဘယ်လို ပြုမူရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင်လည်း ချစ်သူတွေတုန်းကလို အချိန်ယူဖို့ကိုလည်း သတိရပေးပါနော်။

သိပ်အရော မဝင်ပါနဲ့

ရောလွန်းတာကတော့ မလိုအပ်တဲ့ အရာတွေကို ဖြစ်ပေါ်လာတတ်တာကို သတိရပေးနော်။ မလျော့မတင်း စောင်းလေညင်းဆိုတဲ့ စကားပုံလေး အတိုင်းပါပဲ။ ဆက်ဆံရေး စစချင်း ကတည်းက အထိုက်အလျောက်ပဲ ဆက်ဆံပါနော်။ သိပ်အရောတဝင် ပြူမူနေထိုင်တာကလည်း မကောင်းသလို ကင်းကင်းရှင်းရှင်း ရှိလွန်းတာကလည်း မကောင်းတာမို့လို့ပါ။ တော်သင့်တဲ့ ဆက်ဆံရေးကို အရင်ဆုံးတည်ဆောက်ကြည့်ပါ။ တကယ်လို့ စိတ်တူကိုယ်တူ ယောင်းမမျိုး ရရင်တော့ သူငယ်ချင်းကောင်း ယောင်းမ အဖြစ်ကို ဆက်လက် တက်လှမ်းနိုင်မှာပါ။ ယောက္ခမ၊ ယောက်ဖနဲ့ ယောင်းမတွေ ဆိုတာ ပြဿနာလူသားတွေလား ဆိုတာကိုလည်း ဖတ်ကြည့်ပေးပါနော်။

အိမ်ထောင်ဖက်ရဲ့ မကောင်းကြောင်းကို မပြောမိပါစေနဲ့

ယောင်းမ ဆိုတာကတော့ အိမ်ထောင်ဖက်ကြောင့် တော်လိုက်ရတဲ့ အမျိုးဆိုတာကို သတိရပေးပါနော်။ မိန်းမဆိုတာက ရင်ဖွင့်စရာလူ လိုအပ်တတ်ပါတယ်။ ဒီလို အချိန်မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ ပတ်သက်တာကို အိမ်ထောင်ဖက်ရဲ့ ညီမတွေ အစ်မတွေ ဖြစ်တဲ့ ယောင်းမတွေကို သွားရင်မဖွင့်ပါနဲ့နော်။ ဘယ်လောက်ပဲ ရင်းနှီးတဲ့ သမီးယောင်းမ ဆက်ဆံရေးမျိုးပဲ ဖြစ်နေပါစေ။ ကိုယ့်အစ်ကို ကိုယ့်မောင် အကြောင်း လာပြောတယ် ဆိုတဲ့စိတ်ကြောင့် နောင်အတွက်မှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လင်နဲ့ မယား လျှာနဲ့သွား ဆိုသလို အိမ်ထောင်ဖက် အချင်းချင်းက ခဏဆိုရင် ပြန်လည် အဆင်ပြေသွားတတ်တဲ့အတွက်မို့လို့ အိမ်ထောင်ဖက်တွေကြားက ခဏတာ အဆင်မပြေမှုတွေကြောင့် ယောင်းမလေးတွေ စိတ်ခုသွားမှာမျိုးကို ရှောင်ရှားတတ်ပါစေနော်။

ဒီအချက်လေးတွေကိုသာ လိုက်နာပေးမယ်ဆိုရင် သမီးယောင်းမတွေ ကြားက ဆက်ဆံရေးလေးက အဆင်ပြေနေမှာ သေချာပါတယ်နော်။ရွှေချစ်သူ ရဲ့ မောင်နှံလေးတွေတိုင်း အိမ်ထောင်ရေးလေးရဲ့ နေ့ရက်လေးတွေတိုင်းကို သာယာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပါစေလို့  ဆုတောင်းပေးလိုက်ရပါတယ်။အိမ်ထောင်ရေး ပိုပြီး သာယာဖို့ ထိန်းချုပ်ရမယ့် အချက်လေးတွေကိုလည်း သိထားပေးပါနော်။

Credit: Marry
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top