iMyanmarHouse.com - Best Property Website for Myanmar
×




Photo – M Seng Lu

Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကျော်စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး Mဆိုင်းလူတစ်ယောက် အမျိုး သမီးထုအတွက် အကြီးစားစိမ်ခေါ်မှုတစ်ရပ်ကို လုပ်လိုက်တာပဲဖြစ်ပါတယ်။ လူမှုကွန် ယက်မှာ တော်တော်များများက လှလှပပပြင်ဆင်ပြီး ပုံလေးတွေတင်လေ့ရှိကြပေမယ့် ဒီတစ်ခေါက်မှာတော့ ဆိုင်းလူတစ်ယောက် အလှအပြင်ပဲ ကိုယ့်ရဲ့ပင်ကိုယ်သဘာ၀ အလှ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ဖို့ Challenge လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

မိန်းကလေးတိုင်းမှာ သဘာဝအလှကိုယ်စီရှိကြတဲ့အတွက် သူမက ဒီ Challenge လေး ကို လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ အမျိုးသားအများစု ကတော့ ဒီ Challenge ကို လိုက် မလုပ်ကြဖို့ စနောက်ခဲ့ကြပါသေးတယ်။ မိတ်ကပ်မပါပေမယ့် ဆိုင်းလူတစ်ယောက် ချစ်စရာ ကောင်းနေဆဲပါပဲ။ ဒီ Challenge ကိုတော့ အခုချိန်ထိ လိုက်မလုပ်ကြသေးပေမယ့် နောက်ပိုင်းမှာတော့ ခေတ်စားလာနိုင်ချေရှိပါတယ်။

ဒီ Challenge လေးကို သူမက ” မိတ်ကပ်မလိမ်းထားလည်း လူတိုင်းမှာ အလှတရား ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် မိတ်ကပ်မပါပဲ Selfie ရိုက်ပြီး သတ္တိရှိရှိ ပုံတင်ကြရ အောင်… ဒါကိုလက်ခံတယ်ဆိုရင် မိမိရဲ့ မိတ်ကပ်မပါပဲ Selfie ရိုက်ထားတဲ့ပုံကိုတင်ပြီး #HonorForBrave Selfie Challenge မှာ ပါဝင်လိုက်ကြပါစို့.. ဆိုင်းလူ ရဲ့ သူငယ်ချင်းတွေ နဲ့ Fan တွေလည်း ဒီ Challenge မှာ ပါဝင်ပြီး ကိုယ့်ရဲ့ သဘာဝအလှတွေကို ဖော်ထုတ် လိုက်ကြရအောင် ” ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ သူမရဲ့မိတ်ကပ်မပါတဲ့ နဂိုပုံစံလေး ကိုလည်း တင်ထားပါသေးတယ်။ ပရိသတ်ကြီးလည်း စိတ်ဝင်စားရင် ဒီ Challenge လေးကို ပါဝင်လို့ရတယ်နော်။

Photo – M Seng Lu

Credit: MMFeed
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top