iMyanmarHouse.com - Best Property Website for Myanmar
×

 ေရွးတုန္းက အမ်ိဳးသမီးေတြက လိင္ဆက္ဆံၿပီးတိုင္း ဘူး (သို႔မဟုတ္) ခြက္ တစ္ခုခုထဲကေန ေရကို အားနဲ႔ပက္ၿပီး ေဆးေၾကာတတ္ၾကတယ္။ သန္႔ရွင္းမႈအတြက္ဆိုတာထက္ သုတ္ရည္ အႂကြင္းအက်န္ေတြ က်န္မေနဖို႔ ကေလး မရ,ရဖို႔ ေရေဆးခ်လိုက္တဲ့သေဘာပါပဲ။ ဒီလိုလုပ္ျခင္းအားျဖင့္ ကိုယ္ဝန္တားေစတယ္လို႔ အထင္မွား၊ အျမင္မွား ယူဆၾကပါတယ္။

ဆပ္ျပာရည္ေတြ ေရအားျပင္းျပင္းနဲ႔ အထဲကို ထိုးသြင္း သန္႔စင္တာဟာ သားအိမ္ဝနဲ႔ အသားေျမႇးေတြကို ထိခိုက္ေစတဲ့အျပင္ သဘာဝ အရံအတားတစ္ခုကိုပါ ပ်က္ျပားေစပါသတဲ့။

သဘာဝ အရံအတားဆိုတာ သားအိမ္ေခါင္းနဲ႔ ေမြးလမ္းေၾကာင္းမွာ တည္ရွိေနတဲ့ လက္တိုဘက္ဆလပ္ပိုးေလးေတြပါ။ အက္ဆစ္သဘာဝ ထုတ္လုပ္ေပးၿပီး မွ်ေျခထိန္းညႇိေပးျခင္းျဖင့္ ျပင္ပေရာဂါပိုးေတြကို ကာကြယ္ေပးေနပါတယ္။

ေနာက္ထပ္ အကာအကြယ္ေလးေတြအေၾကာင္း ထပ္ေျပာျပပါဦးမယ္။

အပ်ိဳေျမႇးဆိုတာ

•        ေမြးလမ္းေၾကာင္းကို တစ္ပိုင္းတစ္ဖုံုး အုပ္ေနတဲ့ အသားေျမႇးေလး ျဖစ္ပါတယ္။ ဒါေလးကိုၾကည့္ၿပီး အပ်ိဳ စစ္၊ မစစ္ ၾကည့္ဖို႔က သိပ္မေသခ်ာလွတဲ့ကိစၥပါ။

●        အပ်ိဴေျမႇးေလးက အမ်ိဳးသားနဲ႔ေနမွ ေပါက္သြားတာမဟုတ္ဘဲ မိန္းမေတြ တစ္ကိုယ္ရည္ အာသာေျဖျခင္း၊ ထိခိုက္ဒဏ္ရာရျခင္းေတြကေနလည္း စုတ္ၿပဲသြားတတ္ပါတယ္။

●        အပ်ိဳေျမႇးက ပံုမွန္ဆိုရင္ လက္ညႇိဳးဖ်ားေလးပဲ သြင္းလို႔ မရတရပါ။ သူ႔မွာ အေပါက္ေလး ပါ,ပါတယ္။ အဲဒီအေပါက္ေလးကေန ရာသီေသြး ျဖတ္သန္းစီးဆင္းပါတယ္။ အဲဒီအေပါက္ေလးဟာ အမ်ိဳးသားနဲ႔ ေနေနရင္း က်ယ္သြားတတ္တာ မွန္ပါတယ္။ ေသြးအနည္းငယ္ပါ ဆင္းလာတတ္ပါတယ္။

●        ေယာက်ာ္းနဲ႔ အတူေနတိုင္း အပ်ိဳေျမႇး က်ယ္သြား၊ ျပတ္သြား၊ ေပါက္သြားတာ အခါတိုင္း မျဖစ္ႏိုင္ပါဘူး။  စိတ္ အလြန္ထက္သန္ေနတဲ့အခါ ေခါင္းခြၽဲအမ်ားအျပား ထြက္တာေၾကာင့္ အေပါက္က်ဥ္းေလးဟာ ေခ်ာေမြ႕ေပ်ာ့ဆင္းသြားတတ္လို႔  ထိုးသြင္းတိုင္း က်ယ္သင့္သေလာက္ က်ယ္မသြားဘဲ နဂိုအတုိင္းေလး က်န္ရွိေနတတ္ပါေသးတယ္။

သားအိမ္ေခါင္းကင္ဆာ စစ္တဲ့အခါ စိတ္ပူေနမိသလား?

သားအိမ္ဝကို ကိရိယာေလးနဲ႔ဖြင့္ ပိုးသတ္ထားတဲ့ ေရခဲေခ်ာင္း တုတ္ေခ်ာင္းလိုဟာေလးနဲ႔ အသားစ ယူတာပါ။ နည္းနည္း မသက္မသာျဖစ္ေပမယ့္ နာက်င္မႈ အနည္းဆံုးပါ။ အပ်ိဳေျမႇးအတြက္ စိတ္မပူဘဲ စိတ္ေလွ်ာ့ထားျခင္းျဖင့္ ပိုမိုေခ်ာေမြ႕ ျမန္ဆန္စြာ ၿပီးသြားပါလိမ့္မယ္။

အျဖဴဆင္းတဲ့အခါ ...

ေဆးပညာပုဂၢိဳလ္ေတြအေနနဲ႔ မ်ားေသာအားျဖင့္ အပ်ိဳေတြကိုု လက္ေခ်ာင္းထိုးသြင္း စမ္းသပ္တာ မလုပ္ၾကပါဘူး။ အျဖဴဆင္းတဲ့အခါ အေရာင္နဲ႔ အနံ႔သိေစဖို႔ မိန္းမကိုယ္ႏႈတ္ခမ္းႀကီးကို အသာဖြင့္လွစ္ ၾကည့္႐ႈတာမ်ိဳးသာ  လုပ္ေလ့ ရွိပါတယ္။ ထမီေအာက္ လက္သြင္းလိုက္တိုင္း မေၾကာက္ပါနဲ႔။ အထဲကို ထိုးသြင္းစမ္းသပ္တာေတြ မလုပ္ၾကပါဘူး။  အျဖဴဆင္းလို႔ ေဆးခန္းျပမယ္ဆို မေၾကာက္ၾကဖို႔၊ စိတ္ေအးဖို႔  အသိေပးလိုက္တာပါ။

အပ်ိဳေလးေတြ၊ အပ်ိဳႀကီးေတြ၊ မမေတြေရာ၊ ညီမေတြေရာ၊ ကိုကိုေတြပါမက်န္ သိသင့္သမွ်ေလးေတြ က်န္းမာေရး႐ႈေထာင့္ကေန မွ်ေပးလိုက္တာမို႔ အသံုးခ် အဆင္ေျပၾကပါေစ။

Credit: မာလာခင္ (စိန္ပန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
 ရှေးတုန်းက အမျိုးသမီးတွေက လိင်ဆက်ဆံပြီးတိုင်း ဘူး (သို့မဟုတ်) ခွက် တစ်ခုခုထဲကနေ ရေကို အားနဲ့ပက်ပြီး ဆေးကြောတတ်ကြတယ်။ သန့်ရှင်းမှုအတွက်ဆိုတာထက် သုတ်ရည် အကြွင်းအကျန်တွေ ကျန်မနေဖို့ ကလေး မရ,ရဖို့ ရေဆေးချလိုက်တဲ့သဘောပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဝန်တားစေတယ်လို့ အထင်မှား၊ အမြင်မှား ယူဆကြပါတယ်။

ဆပ်ပြာရည်တွေ ရေအားပြင်းပြင်းနဲ့ အထဲကို ထိုးသွင်း သန့်စင်တာဟာ သားအိမ်ဝနဲ့ အသားမြှေးတွေကို ထိခိုက်စေတဲ့အပြင် သဘာဝ အရံအတားတစ်ခုကိုပါ ပျက်ပြားစေပါသတဲ့။

သဘာဝ အရံအတားဆိုတာ သားအိမ်ခေါင်းနဲ့ မွေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ လက်တိုဘက်ဆလပ်ပိုးလေးတွေပါ။ အက်ဆစ်သဘာဝ ထုတ်လုပ်ပေးပြီး မျှခြေထိန်းညှိပေးခြင်းဖြင့် ပြင်ပရောဂါပိုးတွေကို ကာကွယ်ပေးနေပါတယ်။

နောက်ထပ် အကာအကွယ်လေးတွေအကြောင်း ထပ်ပြောပြပါဦးမယ်။

အပျိုမြှေးဆိုတာ

•        မွေးလမ်းကြောင်းကို တစ်ပိုင်းတစ်ဖုံး အုပ်နေတဲ့ အသားမြှေးလေး ဖြစ်ပါတယ်။ ဒါလေးကိုကြည့်ပြီး အပျို စစ်၊ မစစ် ကြည့်ဖို့က သိပ်မသေချာလှတဲ့ကိစ္စပါ။

●        အပျိူမြှေးလေးက အမျိုးသားနဲ့နေမှ ပေါက်သွားတာမဟုတ်ဘဲ မိန်းမတွေ တစ်ကိုယ်ရည် အာသာဖြေခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတွေကနေလည်း စုတ်ပြဲသွားတတ်ပါတယ်။

●        အပျိုမြှေးက ပုံမှန်ဆိုရင် လက်ညှိုးဖျားလေးပဲ သွင်းလို့ မရတရပါ။ သူ့မှာ အပေါက်လေး ပါ,ပါတယ်။ အဲဒီအပေါက်လေးကနေ ရာသီသွေး ဖြတ်သန်းစီးဆင်းပါတယ်။ အဲဒီအပေါက်လေးဟာ အမျိုးသားနဲ့ နေနေရင်း ကျယ်သွားတတ်တာ မှန်ပါတယ်။ သွေးအနည်းငယ်ပါ ဆင်းလာတတ်ပါတယ်။

●        ယောကျာ်းနဲ့ အတူနေတိုင်း အပျိုမြှေး ကျယ်သွား၊ ပြတ်သွား၊ ပေါက်သွားတာ အခါတိုင်း မဖြစ်နိုင်ပါဘူး။  စိတ် အလွန်ထက်သန်နေတဲ့အခါ ခေါင်းချွဲအများအပြား ထွက်တာကြောင့် အပေါက်ကျဉ်းလေးဟာ ချောမွေ့ပျော့ဆင်းသွားတတ်လို့  ထိုးသွင်းတိုင်း ကျယ်သင့်သလောက် ကျယ်မသွားဘဲ နဂိုအတိုင်းလေး ကျန်ရှိနေတတ်ပါသေးတယ်။

သားအိမ်ခေါင်းကင်ဆာ စစ်တဲ့အခါ စိတ်ပူနေမိသလား?

သားအိမ်ဝကို ကိရိယာလေးနဲ့ဖွင့် ပိုးသတ်ထားတဲ့ ရေခဲချောင်း တုတ်ချောင်းလိုဟာလေးနဲ့ အသားစ ယူတာပါ။ နည်းနည်း မသက်မသာဖြစ်ပေမယ့် နာကျင်မှု အနည်းဆုံးပါ။ အပျိုမြှေးအတွက် စိတ်မပူဘဲ စိတ်လျှော့ထားခြင်းဖြင့် ပိုမိုချောမွေ့ မြန်ဆန်စွာ ပြီးသွားပါလိမ့်မယ်။

အဖြူဆင်းတဲ့အခါ ...

ဆေးပညာပုဂ္ဂိုလ်တွေအနေနဲ့ များသောအားဖြင့် အပျိုတွေကို လက်ချောင်းထိုးသွင်း စမ်းသပ်တာ မလုပ်ကြပါဘူး။ အဖြူဆင်းတဲ့အခါ အရောင်နဲ့ အနံ့သိစေဖို့ မိန်းမကိုယ်နှုတ်ခမ်းကြီးကို အသာဖွင့်လှစ် ကြည့်ရှုတာမျိုးသာ  လုပ်လေ့ ရှိပါတယ်။ ထမီအောက် လက်သွင်းလိုက်တိုင်း မကြောက်ပါနဲ့။ အထဲကို ထိုးသွင်းစမ်းသပ်တာတွေ မလုပ်ကြပါဘူး။  အဖြူဆင်းလို့ ဆေးခန်းပြမယ်ဆို မကြောက်ကြဖို့၊ စိတ်အေးဖို့  အသိပေးလိုက်တာပါ။

အပျိုလေးတွေ၊ အပျိုကြီးတွေ၊ မမတွေရော၊ ညီမတွေရော၊ ကိုကိုတွေပါမကျန် သိသင့်သမျှလေးတွေ ကျန်းမာရေးရှုထောင့်ကနေ မျှပေးလိုက်တာမို့ အသုံးချ အဆင်ပြေကြပါစေ။

Credit: မာလာခင် (စိန်ပန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top